Chapter-25

1.6K 170 24
                                    

အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်ပြီးတာ
နဲ့ ဆိုင်ကယ်လက်ကိုင်မှာ ချိတ်ထား
တဲ့အထုပ်တွေကိုယူပြီး အိမ်ထဲအမြန်ဝင်ရသည်။ သူတို့အိမ်က တစ်ထပ်တိုက်ပု​
လေး ဖြစ်သည်သာပင်။

အိမ်ရှေ့ကထိုင်ခုံမှာ ဖုန်းပြောနေတဲ့
အဖေ့ကို​တောင် မနက်စာ ဝယ်လာ
တယ်လို့ လှမ်းမ​ပြောနိုင်ဘဲ အိမ်
နောက်​ဖေး မီးဖို​ချောင်ထဲကိုအသွား။

" ထမင်း​ကြော်များများစား​နော်သား
ထပ်ယူအုံးမယ်ဆိုရင်​ပြော။စားလို့​
ကောင်းရဲ့လား"

"အရမ်း​ကောင်းတယ် ​ဒေါ်​လေး"

"မနက်ပိုင်း ​ကော်ဖီ​တွေဘာ​တွေ​ရော​
သောက်တတ်လား​မောင်​လေး။​သောက်တတ်ရင် အစ်မ​ဖျော်​ပေးမယ်"

" မ​​သောက်​တော့ဘူး အစ်မ။ကျွန်​တော်
ဒီထမင်း​ကြော်တစ်ပွဲနဲ့​တောင် ဗိုက်တင်း
နေပြီ။က​လေးကိုပဲ​ဖျော်ပေးလိုက်"

"ပုံပုံ အိုဗာတင်း ​သောက်မှာလား"

"​သောက်မယ် ​ဒေါ်​လေး"

" အစ်မကျ​တော့ဒေါ်လေးတဲ့​ခေါ်တာ ။
သူ့ဦးလေးကိုကျတော့ ​နေ​နေတဲ့ သိလားဗျူဟာ"

အ​မေနဲ့မလတ် ရယ်သံကပြန့်နှံ့သွား
သည်။

ဗျူဟာပိုင်ရဲ့ သ​​ဘောတကျနဲ့အပြုံးကိုလည်း သူပထမဆုံးအကြိမ် မြင်ဖူး
လိုက်တာပင်။

ထမင်းစားပွဲခုံမှာ ဗျူဟာနဲ့ပုံပုံက
တဖက် မလတ်ကတဖက်ထိုင်​နေပြီး
အမေ​ကြော်ပေးတဲ့ ထမင်း​ကြော်
စားနေတာ။ အ​မေက​တော့ မီးဖိုချောင်
အပြင်ဘက် ပန်းကန်ဆေးတဲ့ ​ဘေစင်​
နေရာမှာ မတ်တတ်ရပ်ပြီး ဟင်းချက်ဖို့အရွက်​တွေ​ရေ​ဆေး ပြင်ဆင်​နေသည်။

စောစောစီးစီး ပုံပုံ​ရောက်​နေတာပဲ။
မနိုး​သေးဘူးထင်နေတာ ဗျူဟာ
ကလည်း မနက်စာ​တောင်စားနေပြီ။

ဒီလိုဆိုတော့လည်း ဗျူဟာပိုင်က ​ အလိုက်အထိုက် ပေါင်းသင်းတတ်သားပဲ။

မီးဖိုချောင် အ​ပေါက်ဝမှာရပ်နေရာ
က​နေ သူ့ ခြေလှမ်းတွေက။

"မနက်စာစား​နေပြီလား။ငါသွားဝယ်
တဲ့ဆိုင်က လူများ​နေ
လို့ မှာတာ​တွေအခုမှရတယ်
ခဏစောင့်ပန်းကန်နဲ့ထည့်​ပေးမယ်။
မင်းဘာစားမလဲ "

The First He GlaredWhere stories live. Discover now