Chapter-3

2.3K 240 39
                                    

" ဟုတ်ပါတယ် ကျွန်​တော် ဒီကျောင်း
ကပဲ အဲဒါကြောင့် ကျောင်းအပြင်
ထွက်ယူစရာမလိုဘူး ကျွန်​တော်
ကားပါကင်ကို ရောက်နေပြီ။အဲဒီ
ဘက်ကအစ်ကိုက လာယူပေးလို့ရမလား "

လက်ထဲမှာကိတ်မုန့်ဖာနဲ့ ဖုန်းပြော
နေရင်း တဖက်ကပြန်ပြောသည်စကားကြောင့်။

"ဗျာ ​"

" ညီလေးကဘယ် အထပ်ကလည်း
တတိယထပ် ကိုတက်ခဲ့​ပေးပါလား
အချိန်ရမယ်ဆိုရင် ။တက်ခဲ့ပေး
လို့ရမလား အစ်ကို ဆင်းယူဖို့မအားလို့ "

အထပ်တူတာပဲမို့
နေစင် ​​အေး​ဆေးသွားရသည်။

"ဟုတ်ကဲ့ ကျွန်​တော် ယူလာခဲ့
ပေးမယ်"

ဘယ်နှစ်မှန်းမသိလို့အစ်ကိုနဲ့​ပြော​
နေတာ တတိယထပ်ဆို​တော့ foundationတန်း​တွေထားတဲ့
အထပ်ပဲ အရွယ်တူတွေပဲပေါ့။

​ကျောင်းမလာခင် ​ေနစင်ကို
ဖုန်းဆက်ပြီးoderမှာတာ တိုက်တိုက်
ဆိုင်ဆိုင်ပါရမီကဆို​တော့ ကျောင်း
ကကန်တင်းမှာမဝယ်ပဲ အပြင်က
ဆိုင်မှာ ဝယ်ခိုင်းတော့ အံ့ဩ​နေ
တုန်းရှိ​သေး ဘယ်ဆိုင်ကပဲရရ
ချက်ချင်းကို အလယ်အလတ်
cakeတစ်လုံး ဝယ်လာ​ပေးဖိူ့မှာ​တော့။

​နေစင်က ဆိုင်တချို့နဲ့ချိတ်ထားပြီးorderလိုက်ပို့သလို ဖုန်းကို
ကိုယ်တိုင်ဆက်ပြီးကာစတာမာဘက်က မြို့တွင်းကကြိုက်တဲ့ဆိုင်မှာဝယ်ခိုင်း
လို့ရတဲ့service ph noကိုလည်း
လုပ်ငန်းတူ​ဘော်ဒါ​တွေနဲ့အတူတင်ထားတယ်​လေ။

ကိုယ်တက်နေတဲ့ကျောင်းက​နေorderရ​တော့ နည်းနည်းတော့။

"​နေစင်"

တတိယထပ်ရဲ့​လှေကားထိပ်ကို
ရောက်တော့ အင်ကြင်းနဲ့ သူ့သူငယ်ချင်း တခြားကောင်မလေးတွေ ရပ်ပြီး
စကားပြောနေကြတယ်။

အင်ကြင်းကနေစင်ကို​တွေ့တာနဲ့
အနားကိုပြေးလာသည်။

" ငါနင့်အိမ်ကိုသွားခေါ်​​သေးတယ်
မလတ်က နင်​ဆိုင်ကယ်နဲ့ကျောင်း
သွားလိုက်ပြီတဲ့
ကျောင်းရောက်တော့ နင်ကမ
ရောက်​သေးဘူး နင်ဘယ်တွေသွား
နေတာလဲ​နေစင်"

"ဒီမှာ"

လက်ထဲကအထုပ်ကို ​မြောက်ပြ
လိုက်ရသည်။

The First He GlaredWhere stories live. Discover now