Chapter-16

2K 189 79
                                    

"​နေစင် ရောက်လာပြီလား "

ကွန်ဒို အခန်းတံခါးဖွင့်လာချိန်
ဘုန်းပြည့်ရဲ့လှိုက်လှဲစွာကြိုဆိုမှု။

"အားနာလိုက်တာ လမ်းတစ်ဝက်မှာ
လာယူပေးပါမယ်ဆို ဒီအထိလာပေးတယ်  "

" ရတယ် လမ်းကြုံနေတာပဲ အပန်း
မကြီးဘူး ဒီမှာ ရှင်းသန့် ဘုန်းပြည့်
အတွက် ထည့်ပေးခဲ့တာ​တွေ "

လက်ထဲက ထောပတ်ထမင်း
ပါဆယ် နှစ်ထုပ်ကိုဘုန်းပြည့်ဆီ
သူ့ကမ်း​ပေးလိုက်သည်။

ဒီ​နေ့ ရှင်းသန့် အိမ်မှာ အလှူရှိတာ
ဘုန်းပြည့်က သွားလို့မရတော့  နေစင်ဟန် ​ရောက်သွားချိန်ရှင်းသန့်က ဘုန်းပြည့်အတွက်လမ်းကြုံပါဆယ် ဝင်​ပေးခိုင်းခဲ့သည်။

​နောက်ထပ်ပါဆယ် တထုပ်နဲ့ဖာအ​သေး​
လေးက​တော့ ရှင်းသန့်သူ့ကို​ပေးတာမလို့ပြန်ယူသွားဖို့ပြင်ဆင်လျက်။

"​နေစင်​ရော စားခဲ့ပြီးပြီလား"

" အချိုပွဲတွေပဲစားခဲ့တယ် ပါဆယ်​ကမ်း​တော့ ပါဆယ်ပေးတာပဲယူလာခဲ့တာ"

" အဲဒါဆို အထဲကိုဝင် နေစင်။ ဗျူဟာ
လည်းမနက်ထဲကရောက်နေတယ် ​နေစင်ပါဆယ်လာပို့မှာကို​စောင့်​နေတာ အတူ
တူဝိုင်းဖွဲ့လိုက်ကြရအောင် "

" မဝင်​တော့ဘူး အချိန်မရလို့ အလုပ်
တွေရှိသေးတယ်။ သွား​တော့မယ်​နော်
ဘုန်းပြည့်"

" ခဏလောက်တော့ရတယ်မလား
မ ဝင်လို့မရဘူး အတူတူစားရအောင်
အ​အေး​တွေဘာ​တွေ​သောက်သွားဦး
လာဝင်ခဲ့"

"မဟုတ် ဘုန်းပြည့်"

ရှင်းသန့် အဲဒါကြောင့် ဘုန်းပြည့်ကို
ဘာလို့နှစ်ထုပ်​တောင်​ပေးလဲ စဉ်းစား
နေတာ။ ဗျူဟာပိုင်ဆိုတဲ့ နာမည်ကြား
တာနဲ့ ထွက်သွားမည်လုပ်​သော်လည်း
ဘုန်းပြည့်က သူ့ပုခုံးကိုတွန်းပြီး
အတင်းအကြပ်အထဲဝင်စေကာ တံခါးကိုပိတ်လိုက်သည်။ပါဆယ်ယူလာ​ပေးလို့
ဘုန်းပြည့် သူ့ကိုအားနာနေတာ။

သူ့အိမ်လိုပဲ ဧည့်ခန်းကဆိုဖာအရှည်​
ပေါ်မှာ ခြေထောက်တစ်ဖက်တင်ကာကျကျနနနဲ့ tvchannel
တခုကိုဖွင့်ကာ ထိုင်နေသည့်
သူကတော့ ဗျူဟာပိုင်။

The First He GlaredWhere stories live. Discover now