Chapter-8

1.6K 174 18
                                    

​နေစင်ဟန် သူတစ်ယောက်ထဲ အတန်း
ထဲမှာထိုင်​နေရင်း အင်ကြင်းညထဲကပို့ထားတဲ့မက်​​ဆေ့​တွေကို ပြန်ဖတ်ကာ ငူငိုင်​နေသလိုနဲ့စိတ်တွေလေးလံနေရသည်။

လုပ်ရက်လိုက်တာလို့လည်း ပြောလို့မရ။

အင်ကြင်းကျောင်းပြောင်းသွား​လေပြီ။

တစ်ယောက်တည်းကျန်ခဲ့တယ် ဆိုတဲ့
စိတ်က အသက်ကမငယ်တော့ပါ​သော်လည်းstage​ကျောင်းသားလည်း မဟုတ်ပဲနဲ့ သူငယ်ချင်းမရှိ​တော့တာကိုဝမ်းနည်း​နေသလိုဖြစ်​နေမိသည်။

​ကောင်း​ရော မိအင်ကြင်း​ရေ။နင်​ခေါ်
လာတဲ့ သူ​ဌေးကျောင်းမှာ ငါတစ်
ယောက်ထဲဘယ်လိုဆက်နေရမလဲ။

သက်ပြင်းချလိုက်မိတုန်းph screen
မှာ  "​မေ​မေ"ဆိုတဲ့contant
ပေါ်လာတာမို့ အမြန်ပင်ကိုင်လိုက်
မိသည်။ သူကျောင်းလာရင် အ​မေ
တခါမှ ဖုန်းမဆက်ဖူးပါဘူး။

"​မေ့ "

"​နေစင် သား"

" အမေဘာဖြစ်လို့လဲ"

" မင်းအစ်မ ​ ဆေးခန်းမှာ ​သွေးစစ်
ထားတာအ​ဖြေလာပြတာ မူး​နေလို့
အမေတယောက်ထဲ ဘာလုပ်ရမှန်း
မသိဘူး သားခဏလောက်လာပေးလို့ရမလား"

အ​မေ့အသံကတုန်ရီ​နေသည်။

" ဘာ​သွေးအဖြေလဲ ဘယ်တုန်းက
သွေးစစ်ထားတာလဲ"

" လွန်ခဲ့တဲ့ တစ်ရက်ကပဲ စစ်ထားတာ
။မင်းအမ ဘယ်လိုမှမဟန် တာနဲ့
အ​မေတို့​ဆေးခန်းပြ​တော့ ဆရာဝန်
က အ​ရေးတကြီးစစ်ခိုင်းလို့ သွားစစ်
ထားတာ အခုဆရာဝန်ကအရင်ကြည့်​
နေတယ် အ​မေတို့အလှည့်​ရောက်ရင်
လူနာရှင်ပဲ အထဲကိုဝင်ခဲ့ပါတဲ့ ။ဆရာ
မကအ​မေ့ကို​ရောဂါကြီး နိုင်တယ်လို့ပြောထားတယ် အခုအ​ဖြေသိရ​တော့မယ် သား အ​မေဘယ်လိုလုပ်ရမလဲ"

" ဘယ်​ဆေးခန်းလဲ ကျွန်တော်အခု
လာခဲ့မယ် မလတ်ကိုကြည့်ထား
အ​မေ သားအခုလာခဲ့မယ်"

ဖုန်းကိုချပြီး အလျှင်အမြန်ပင်
စာအုပ်တွေကိုသိမ်းကာဆရာမလာခင် အခန်းထဲကထွက်ရသည်။

အခန်းဝမှာ​တွေ့လို့လက်ပြလာတဲ့
ရှင်းသန့်ကိုလည်း မနှုတ်ဆက်နိုင်။

The First He GlaredWhere stories live. Discover now