Chapter-10

1.9K 198 71
                                    

" သင်တန်းသား အသစ်လေးလာပြီ​"

​နေစင်ဟန် music club အခန်းထဲ
ဝင်လိုက်ချင်းပင် ကြိုဆိုမှုပြုတဲ့ အစ်မ​သော်တာ။ မနေ့ထဲကcbမှာ ပြောထား
သဖြင့် သူ့ကိုသိနေခြင်းပင်။

" ဒီနေ့လာမယ်ပြောတဲ့
အသစ်လေးလား​သော်တာ "

"ဟုတ်တယ်"

"နာမည် ဘယ်လိုခေါ်လဲ​မောင်​လေး"

"​နေစင်ဟန်ပါ"

"ဟယ် နာမည်လေးက
ဆင်လိုက်တာ"

အစ်မသော်တာ​ဘေးက music club
ကနာမည်ကြီးကိုဂျွန်ဆိုသူကိုသူ ပြုံး
သာပြလိုက်တယ်။

ကိုဂျွန်က come out လုပ်ထားတဲ့
gay တစ်ယောက်ဆိုတာ ဒီကျောင်းမှာ
မသိတဲ့သူ မရှိသလောက်
ပါပဲ။

"နင် လုပ်စရာရှိတာသွားလုပ်ဂျွန်
ကိုယ့်က​လေး​တွေကိုယ်သွားကြည့် "

ကိုဂျွန်က သူ့ကိုလက်​လေးလှုပ်ပြ
သွားပြီး မျက်လုံးတစ်ဖက် မှိတ်ပြ
သွားသည်။

" အစ်မတို့clubထဲအဖွဲ့ဝင်မယ်ဆိုရင်
​ဖောင်အရင်​ဖြည့်ရမယ် ​နော် မောင်လေး"

" ဟုတ်ကဲ့ အစ်မ"

အစ်မ​သော်တာ လာပေးတဲ့​ စာရွက်မှာ
သူလိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပေးလိုက်ပြီး အစ်မ​သော်တာကို ပြန်ပေးလိုက်သည်။

" အကူအညီလိုရင် ဒီမှာအဆင်သင့်
ပဲ​နော်"

ကိုဂျွန် လှမ်း​ပြော​တော့သူပြုံး​​နေမိ
လျက်ပင်။

"ကျွန်​တော် ဖြည့်ပြီးပြီအစ်မ ဒီမှာ
သင်တန်းကြေး "

"သင်တန်း​ကြေး​ကမလို​တော့ဘူး
မျက်နှာလေးနဲ့တင်freeရှင်း ဖြစ်
သားဖြစ်သွားပြီ"

"မိဂျွန် နင်​တော့​နော်"

"ဟဲ့ ငါ့ကို လူရှေ့သူရှေ့ အဲ့လိုမခေါ်နဲ့
လို့ ပြောထားတယ်မလား"

အရပ်အမြင့်ကြီးနဲ့လူ​ကောင်ကြီးတဲ့
ကိုဂျွန်က စကားပြောမှပင်နည်းနည်း
နွဲ့​သလိုဖြစ်​နေတာကိုသိနိုင်မည်။

" ဟုတ်ပြီ ​နေစင်ဟန် မောင်လေး ​လောလောဆယ်တော့အစ်မတို့က
guitarအ​ခြေခံကစပြီးအသစ်​တွေကို သင်တန်းပေးနေတာ ​တော်​တော်​လေး
ခရီးရောက်နေပြီ။ မောင်လေးက ခုမှ
အသစ်လာတယ် ဂီတာအခြေခံလည်း
မရှိဘူး ဆို​တော့ အစကနေ ပြန်သင်
မှရမယ်။​ကိုမိုးကသင်ကြား​ရေးပိုင်း
မအား​တော့ဘူး အခုအစ်မနဲ့ ကိုဂျွန်
ကပဲ အသစ်လေးတွေကို ဆက်သင်
ပေးနေတယ်။မောင်လေး ဘယ်သူနဲ့
သင်ချင်လဲ"

The First He GlaredOn viuen les histories. Descobreix ara