Chapter-4

2K 195 26
                                    

ခြံတံခါး​ရှေ့မှာ ဆိုက်ရောက်လာတဲ့
ဗျူဟာရဲ့ကားကို မြင်တာနဲ့ အလုပ်
သမားက ခြံတံခါးဖွင့်ပေးပြီး ဗျူဟာ
ခြံထဲကို​ကားမောင်း ဝင်လာခဲ့သည်။

ခြံထဲမှာ ရပ်ထားတဲ့သူ့အ​ဖေရဲ့ကားကို​
တွေ့​တော့
အ​ဖေနဲ့အ​မေ ရောက်နှင့်ပြီဖြစ်ကြောင်း
သိလိုက်သည်။

အိမ်​ရှေ့ဆင်ဝင်​အောက်မှာရပ်လိုက်
တာနဲ့ဗျူဟာ ကိုကား တံခါးဖွင့်ပေး
သည့်​ဒေါ်​လေးမြိုင်

" သူဌေးနဲ့ သူဌေးကတော် ရောက်
နေပါပြီ ။ ဥက္ကဋ္ဌကလည်း ထမင်း
စားဖို့ စောင့်နေပါတယ် "

အလုပ်သမား​တွေထဲမှာလုပ်သက်
အကြာဆ​ုံးဖြစ်ပြီးအသက်အကြီးဆုံးမို့

အိမ်တော်ထိန်းလိုဖြစ်​နေတဲ့ ​ဒေါ်​လေး
မြိုင်က ဗျူဟာကို တရိုတသေနဲ့​ပြောရင်း

" ဘာဖြစ်လို့ နောက်ကျ​နေတာပါလဲ
သခင်​လေး ဟိုဘက်က သူ​​တွေက
အရင်​ရောက်နေနှင့်ကြတယ်။​​ဒေါ်စိုး
ယုမော်ရဲ့သားနဲ့စကား​တွေပြောရင်း
ဥက္ကဋ္ဌက သဘောတွေကျ​နေတယ်"

ဒီဘက်​ခေတ်အ​ခေါ်​နှင့်မအပ်စပ်တာမို့
မ​ခေါ်နဲ့လို့​တား၍လည်းမရ။
ဗျူဟာကိုငယ်ငယ်​လေးထဲက
သခင်​လေးလို့​ခေါ်ခဲ့သူ​ဒေါ်​လေးမြိုင်။

" တမင်သက်သက် နောက်ကျမှ
လာတာ။ သူတို့​နော်က်ကျရင် စောင့်စရာ
မလို​ပေမဲ့ ကျွန်​တော်တို့ နောက်ကျရင်
တော့ ​​စောင့်​နေရတဲ့ သူတို့အ​ခြေအ​နေ
သူတို့သိအောင်"

​​ဒေါ်​လေးမြိုင်က ဥက္ကဋ္ဌကြီးရဲ့အိမ်က
လူယုံ အိမ်တော်ထိန်း ဖြစ်ပေမယ့်လည်း ဗျူဟာအ​မေ​ဒေါ် ခိုင်နီလာရဲ့အမိန့်ကို
နာခံသူလည်းဖြစ်ပြီးငယ်ငယ်​လေးထဲက ဗျူဟာကိုထိန်းခဲ့သူလည်းဖြစ်သည်။
ဥက္ကဋ္ဌကြီးရဲ့ ဧကရီအသစ်ကိုလည်း
မနှစ်သက်သူမို့ဗျူဟာကိုပဲ
ဥက္ကဌကြီးရဲ့ တဦးတည်းသော ​မြေး
အဖြစ်မြင်သူဖြစ်သည်။

တစ်နည်းအားဖြင့်ပြောရရင် ဗျူဟာ
အ​မေရဲ့ဘက်​တော်သား

ခြံထဲမှာ​ဒီအိမ်ကအလုပ်သမား​တွေနဲ့
ပုံမှန်ပဲဝတ်ထား​ပေမဲ့အိမ်ကို
ကြည့်ရှု​​ပေး​နေသည့်ဦးပိုင်ဦးရဲ့​
ဘော်ဒီဂတ်​တွေပါရှိသည်။

The First He GlaredWhere stories live. Discover now