Chapter-12

1.7K 195 31
                                    

ဗျူဟာ ထမင်းစားခန်းထဲဝင်လာ​ချိန် ထမင်းစားပွဲဝိုင်းမှာ အမေတစ်ယောက်
ထဲထိုင်ပြီး မနက်စာစားဖို့ စောင့်နေ
သည်ကို တွေ့လိုက်ရသည်။

ဒေါ်ခိုင်နီလာက ဗျူဟာကိုတွေ့တာနဲ့။

"လာထိုင်သား သင်တန်းမသွားခင်
မနက်စာ ထမင်းစားသွား သားကြိုက်တဲ့ပုစွန်အချိုချက်​လေး အမေချက်ထားတယ်"

" အဖေဘယ်နှစ်ရက်လောက်ကြာ
မှာလဲ အ​မေ"

" တစ်ပတ်လောက်တော့ကြာမယ်
ပြောသွားတာပဲ သူ့မိတ်​​ဆွေ သားရဲ့
မင်္ဂလာပွဲတက်ဖြစ်ရင်​တော့ ရက်ပို
ကြာမယ်တဲ့"

" အမေဘာဖြစ်လို့အတူတူ မလိုက်
သွားတာလဲ"

ဒေါ်ခိုင်နီလာက ဗျူဟာကို ပြုံးပြီး
ကြည့်နေလျက်ပင်။

" မင်းအဖေ အလုပ်ကိစ္စနဲ့ ပြည်ပ
ထွက်တိုင်းသာ အမေလိုက်နေရင်
အိမ်မှာနေချိန်​တောင်ရှိမှာမဟုတ်​
တော့ဘူး။ အစားဂျီးများတဲ့ အမေ့
လက်ရာမှကြိုက်တဲ့အ​မေ့သားကို
ဘယ်သူက ထမင်းဟင်းချက်ကျွေးမလဲ"

ပြုံးနေသည့် အ​မေ့မျက်နှာကိုကြည့်ရင်း ဗျူဟာ သူ့အမေနဲ့ မနက်စာထမင်း
အတူတူစားလိုက်သည်။

ထမင်းဝိုင်းမှာ အမေချက်ထားတဲ့
ဟင်းတွေက အစုံအလင်။ အများစု
က သူ ကြိုက်တာတွေပေမယ့် အဖေ
ကြိုက်တဲ့ဟင်း​တွေကို​တော့အ​မေက
စားမည့်သူမရှိပါဘဲနဲ့ ဘာလို့ချက်
ထားရတာလဲ။ရန်ကုန်က​နေပြန်မလာပဲပြည်ပပါတန်းပြီးခရီးထွက်သွားတဲ့
အ​ဖေ့ကို လွမ်းနေတယ်ဆိုရင်လည်း
အတူတူလိုက်သွားပါလား။

အ​မေက အဖေ့အလုပ်တွေကိုလုံးဝဝင်မစွက်ဖက်ပဲအ​မေ တာဝန်ယူထားသည့်ဟိုတယ်ပိုင်းကိုလည်းဝန်ထမ်း​တွေကို
လစာ​ပေးအပ်မှပင်တစ်လတစ်ခါ
ဟိုတယ်သို့ သွားလေ့ရှိတယ်။

အိမ်မှာအနေများပြီး သူတို့သားအဖ
အတွက် အိမ်ရှင်မတာဝန်ကို အပြည့်အဝယူထားသူ အ​ဖေ့​ဝေယျာဝစ္စနဲ့ ပတ်
သက်လာရင် သူကိုယ်တိုင်လုပ်ပေး
ရမှ ကျေနပ်သူလည်းဖြစ်သည်။

သူ့​ရှေ့မှာအမေကအပြုံးတွေ​ဝေ​နေ​ပေမဲ့
အ​ဖေပြည်ပထွက်တိုင်းစိုးရိမ်​ကြောင့်
ကျ​နေတဲ့ အမေ့အပြုံးတွေက အသက်
မပါဘူးဆိုတာသူကလွဲပြီး ဘယ်သူ
သိနိုင်မှာတဲ့လဲ။

The First He GlaredWhere stories live. Discover now