Chapter-27

1.3K 157 46
                                    

ဗျူဟာပိုင်အိမ်ရဲ့ ခြံဝင်းထဲကို သူတို့
ကားမောင်းဝင်လာချိန် ခြံထဲမှာ ဦး
ထင်ပိုင်နဲ့သူ့တပည့်တစ်ချို့ ရပ်​နေ
သည်ကို ကားမှန်အထဲကနေမြင်နေရသည်။

ဒရိုင်ဘာက ရှေ့ကမောင်းနေပြီး သူ
နဲ့သူ့အဖေက အနောက်ကထိုင်​နေ
သည်ပင်။ဦး​ကျော်မြင့်သူ ​ဘေးက
သူ့ကို ကြည့်လာချိန်ဆန်းဆက် သတိအနေအထားဖြင့် အသက်ရှူကြပ်သလိုတောင် ဖြစ်သွားရသည်။

"အ​ခြေအ​နေ ဘယ်လိုရှိလဲအစ်ကို
။တရားခံမိပြီလား"

" အဲဒီကောင် ဒီမှာမရှိ​တော့ဘူး​ပြေး​နေပြီ။အခုချိန်​ထိုင်းနယ်စပ်ဘက်ကို​ရောက်ပြီး​အထဲဝင်ဖို့လုပ်နေ​လောက်ပြီ"

"ဒါဆိုရင် အစ်ကိုချက်ချင်းအ​နောက်
ကမလိုက်ဘူးလား ဟိုဘက်​ရောက်
သွားရင်ပြန်မိဖို့လွယ်ပါ့မလား"

ဦးထင်ပိုင် သူ့အဖေနဲ့ရပ်ကာစကား
ပြောနေရင်း အကြည့်တို့ကသူ့ထံ​
ရောက်လာ​ပေမဲ့ ချက်ချင်းပင်ပြန်
သိမ်းသွားသည်။ အပြင်ဘက်က
တည်ငြိမ်နေပေမယ့် ဆန်းဆက်စိတ်ထဲ
ကြောက်ရွံ့မှုတို့က။

" အဲဒီကောင် အကြောက်အလန့်မရှိ
ငါ့ကိုဆက်သွယ်လာတယ်"

"ဘယ်လို"

"မျိုးဦးရဲ့ရုံးနံပါတ်တစ်ခုကိုပို့လာ
တာ။ဒီ​ကောင် အဆက်အသွယ်တွေ
ကအစ သိ​နေတယ်"

"ဘာ..ဘာပို့လာတာလဲ ဦးထင်"

သူ​မေးလိုက်က ဦးထင်ပိုင်ကို ဖြစ်သော်လည်း ဦးထင်ပိုင်အနောက်
က ရပ်နေတဲ့တပည့်ထဲက ကိုမျိုးဦးက​ရှေ့ထွက်လာလျက်။

" ဗျူဟာကို အဲဒီလိုလုပ်ဖို့ ခိုင်းတဲ့လူ
ရှိလို့ သူလုပ်ရတာပါတဲ့။ သူ့ကိုလွှတ်ပေးမယ်ဆိုရင် ခိုင်းတဲ့သူကို​ပြောပြမယ်
ဆိုပြီး ပို့လာတာ"

"ဗျာ"ဆိုတာ သူ့စိတ်ထဲက​နေသာ အကြောက်အကန် ထွက်နိုင်တဲ့အသံပင်။

" ဒီကောင်သူ့ကိုကျွန်​တော်တို့အလွယ်​
လေး​ပြေးဖမ်းနိုင်တယ်ဆိုတာသိ​နေ
တာပဲ။ အစ်ကိုဘယ်လိုဆက်လုပ်မှာလဲ"

"သူအထဲဝင်လို့ရ​အောင် ညာ​နေတယ်
ဆိုရင်​တောင် လောလောဆယ်တော့
လွှတ်ထားပေးလိုက်မယ်။ငါ့သားကို
တစ်ကယ်ပဲအဲ့ဒီ​လောက်ထိညှိုး​နေတဲ့
သူရှိ​နေတာလားဆိုတာ အ​သေချာ
သိရမှဖြစ်မှာ။ဒီ​ကောင်ပြန်ဆက်သွယ်
လာတာကို​စောင့်ရမယ်"

The First He GlaredWhere stories live. Discover now