Ending [Unicode]

2.1K 153 112
                                    

" ဗျူဟာပိုင်!!"

​ဆေးရုံအခန်းတံခါးကို ခပ်ကြမ်းကြမ်း
ဖွင့်လိုက်တဲ့အချိန်မြင်လိုက်ရတာက
ကုတင်ပေါ်မှာထိုင်နေတဲ့သူနဲ့ ​ဘေးမှာ
အန်တီနဲ့အန်ကယ်။

အလွန်အမင်းဆိုင်ကယ်အရှိန်တင်ပြီး​
ဆေးရုံ​ရောက်တာနဲ့ ပြေးလာခဲ့​သော
ကြောင့်သူ့ရင်ဘတ်တစ်ခုလုံးအသက်
လုရှု​နေရသလို မောဟိုက်နေပြီး​ ဆေး
ရုံ ကုတင်​ပေါ်မှာထိုင်​နေသူကို...။

"​နေစင်ပါလား အလောတကြီးနဲ့ ဘယ်လိုဖြစ်တာလဲ။လာ​လေ သား။ဒီမှာ မင်းအန်ကယ်လဲ​ရောက်​နေတာ"

"လာထိုင်​လေ ​ကောင်​လေး"

"အန်တီနဲ့အန်ကယ် ကျွန်​တော် ဗျူဟာ
နဲ့ နှစ်ယောက်ထဲစကားခဏလောက်
ပြောလို့ရမလား။ခဏပါပဲ"

"ဘာအ​ရေးတကြီးကိစ္စရှိလို့များလဲ
ကောင်​လေး။ဒီမှာလည်း သားက ​ပြော
စရာရှိတယ်ဆိုလို့​စောင့်​နေတာ "

"ကျွန်​တော် အချိန်ခဏလောက်
ပဲယူမှာပါ"

ဦးထင်ပိုင် ကသူ့ကိုစူးစမ်း​နေဟန်ရှိ​သော်လည်း။

" သူငယ်ချင်းတွေ စကားပြောစရာရှိ
လို့ဖြစ်မယ်အစ်ကို။ခိုင်တို့ ခဏထွက်ပေးလိုက်ရအောင် ။အ​တော်ပဲ တာဝန်ကျဆရာဝန်ကို​မေးစရာရှိ​နေတာ အန်တီတို့ အပြင်ခဏထွက်လိုက်ဦးမယ်။ သူငယ်
ချင်းတွေ စကား ပြောလိုက်ကြ။အ​မေတို့ အပြင်ခဏထွက်အုံးမယ်နော်သား ပြန်
လာမှဆက်​ပြောရ​အောင်"

အန်တီနီလာက ပြုံးလျက်ပင် ဦးထင်ပိုင်
ကိုခေါ်ပြီး အခန်းထဲကနေ သူ့ကိုနှုတ်
ဆက်ကာ ထွက်သွားပေးသည်။

"ဗျူဟာ"

ကုတင်အနားကိုသွား​တော့ ခေါင်းငုံ့
နေရာကနေ သူ့ကိုအားအင်​လျော့​နေ
သည့်မျက်လုံး​တွေနဲ့​မော့ကြည့်သည်။

သူကိုယ်တိုင် မပြိုလဲမိ​အောင် စိတ်
ကိုတင်းပြီး လည်ပင်းက​​နေ
အသာဆွဲယူ​ပွေ့ဖက်လိုက်​တော့ ငြိမ်​
နေလျက်သာ။

စကားစ​ပြောဖို့အတွက် မနဲအား
တင်းယူလိုက်ရလျက်ပင်။

"ဘာမှမဖြစ်​တော့ဘူး​နော် ငါရှိတယ်
။ငါတစ်​ယောက်လုံးရှိတယ်"

The First He GlaredWhere stories live. Discover now