Chapter-5

1.8K 190 16
                                    

ကျောင်းယူနီဖောင်း အပြည့်အစုံနဲ့ ဗျူဟာ အိမ်အ​ပေါ်ထပ်သူ့အခန်းထဲကနေ
ထွက်လာပြီး ​လှေကားကနေဆင်းလာခဲ့သည်။​ အိမ်​အောက်ထပ်ကို ရောက်​တော့ ထမင်းစားခန်းထဲကိုဝင်လာလျက်။

ထမင်းဝိုင်းမှာ ဗျူဟာအဖေနဲ့ အ​မေက ရောက်နေကြပြီ။

"သား လာထိုင် ကျောင်းမသွားခင်
မနက်စာစားသွားမယ်မလား"

" စားသွားမယ် အမေ"

" ဘာစားမလဲ ထမင်းစားမလား
ကော်ဖီနဲ့မုန့်သောက်မလား"

" ကော်ဖီပဲ ​သောက်သွားတော့မယ်'"

"ဟုတ်ပြီ မ​နွယ်​ရေ သားအတွက်
ကော်ဖီ​ဖျော်ခဲ့ ​အပူချိန်ခပ်​နွေး​နွေး​လေးပဲ"

" ဟုတ်ကဲ့ အန်တီ"

" ​ဒီကျောင်းယူနီဖောင်းလေးနဲ့လိုက်​
နေ​ရော ။အ​မေ့သားက တနေ့တခြား
ပိုပိုပြီးချောတလာတယ်လို့​တောင်
ထင်ရတယ် "

ဗျူဟာ သူအမေ့ကိုပြုံးပြလျက်
ထမင်းဝိုင်းထိပ်မှာထိုင်နေတဲ့သူ့
အ​ဖေကိုကြည့်ရင်း

" အဖေတူလို့ ဖြစ်မှာပေါ့ ဟုတ်တယ်
ဟုတ် အ​ဖေ"

" အမေကလည်း ​​မြှောက် သားလုပ်တဲ့
သူကလည်း အမြှောက်ကြိုက်"

"ကိုယ့်သားက​ချောလို့ မှန်တာပြောတာပဲလေ အစ်ကိုကလည်း"

"ဟုတ်ပါပြီခိုင်ရယ် အကိုမငြင်းပါဘူး "

ဦးထင်ပိုင်စကားကို ဒေါ်ခိုင်နီလာက
သူ့​ဘေးမှာ ထိုင်နေတဲ့ဗျူဟာကိုကြည့်ပြီး
သ​ဘောတကျ ပြုံးလျက်။

" ဗျူဟာ"

"ဗျာ အဖေ"

" ကျောင်းမှာ ဆန်းဆက်နဲ့ အဆင်
ပြေကြတယ်မလား။ မင်းတို့နှစ်​ယောက်
ကို ကြီးလာမှအ​ဖေကြည့်ရတာ အခေါ်အပြော​တောင် သိပ်မရှိ​တော့
သလိုပဲ။ငယ်ငယ်တုန်းက​တောင်မှ
အဘိုးအိမ်မှာ​တွေ့ရင်အတူ​ဆော့ကြ​
သေးတယ်"

ထမင်းဝိုင်းမှာ ဆန်းဆက်အကြောင်း
ပါလာသဖြင့် ​ဒေါ်ခိုင်နီလာ​​ရော
ဗျူဟာပါအပြုံး​တွေပြယ်သွားရသည်။

ဆန်းဆက်ကို တူအရင်းတယောက်လို
ချစ်တဲ့ ဦးထင်ပိုင်။

"ငယ်ငယ်တုန်းက​တော့က​လေးသဘာဝ
အ​ဖော်မက်တာ​ပေါ့ ကျွန်တော် မ
မှတ်မိတော့ဘူးအ​ဖေ။
ကြီးလာ​တော့ ဒီလိုပါပဲ သိတတ်လာ​
တော့ သူ့အ​ခြေအ​နေနဲ့သူ စိမ်းသွားတာ​ပေါ့"

The First He GlaredWhere stories live. Discover now