ဆေးရုံကားပါကင်မှာ ဆိုင်ကယ်ရပ်ပြီး ယူလာတဲ့အထုပ်နဲ့ လမ်းလျှောက်
လာတုန်း အန်တီ့ကို အနောက်ကကောင်မလေးတစ်ယောက်နဲ့အတူ
ဆေးရုံမြေညီထပ်ထဲဆင်းလာသည်
ကိုတွေ့လိုက်ရသည်။ကားသမားက အန်တီထွက်လာတာနဲ့
ကားတံခါးဖွင့်ပေးနေပေမယ့် သူ့ကို
မြင်သွားတာနဲ့အန်တီက ဒရိုင်ဘာကို
လက်ပြပြီး စောင့်ထားခိုင်းသည်။သူ့ကိုပြုံးပြပြီးကားဘေးမှာ ရပ်စောင့်
နေတဲ့ ဗျူဟာပိုင်အမေထံ မရဲတရဲနှင့်ပင်လှမ်းလာ၍ သက်ပြင်းတစ်ချက်ခိုးချ
ရတာပင်၊။မတွေ့အောင်အန်တီပြန်မယ့်အချိန်လာပါတယ်ဆိုမှအခုတော့ ထိပ်
တိုက်ပဲ။" ဘာတွေယူလာပေးပြန်ပြီလဲသား။
အခန်းထဲမှာသားဘုန်းရောက်နေလို့
အန်တီကအခုအိမ်ခဏပြန်မလို့""ဘာမှ အထွေအထူးမဟုတ်ပါဘူး။
အသီးနည်းနည်းပါပဲ"လက်ထဲကအိတ်ကိုအနောက်ပစ်လိုက်
သည့်တိုင် အန်တီကလိုက်ကြည့်ပြီး ပြုံးနေလျက်ပင်။"နေစင်ဟန်နော် သားနာမည်က"
" ဟုတ်ပါတယ်အန်တီ"
"အန်တီ စိတ်နဲ့ကိုယ်မကပ်နေတာနဲ့ပဲ ဒီရက်ပိုင်း စကားတောင်သေချာမပြော
ဖြစ်ရဘူးကွယ်။သားလည်း ဒီရက်ပိုင်းကျောင်းတွေပျက်နေရမှာပဲ။
အခုထိ အိမ်မှာကောင်းကောင်းလည်း
ပြန်မနားရသေးဘူးမလား။ တစ်ချိန်လုံးဆေးရုံမှာပဲရှိနေတာ။ဒီနေ့ခဏဝင်
ကြည့်ပြီး အိမ်ပြန်နားရင်နားလိုက်
ပင်ပန်းနေမှာပေါ့။သား သူငယ်ချင်း အခြေအနေက စိတ်ချနေရပြီပဲ"အံ့ဩစွာနှင့်ပင်ဖြစ်ရသည်။အန်တီက ဗျူဟာသတိမရလာထဲကနေ့တိုင်း
ဆေးရုံခန်းထဲမှာပဲသူ့သားကို စောင့်
ကြည့်နေတာမလား။သူ အိမ်မပြန်
တာကိုဘယ်လိုသိတာလဲ။ဗျူဟာ ဆေးရုံရောက်လာတဲ့အချိန်
ထဲက အကုန်လုံးရှုပ်နေကြသည်မို့
အန်တီနဲ့ စကားသေချာမပြောဖြစ်သေး။ ဗျူဟာသူ့ကြောင့် မကျေနပ်ချက်နဲ့
ဓါးထိုးခံလိုက်ရသည်ကိုဘုန်းပြည့်
က ကြားထဲကနေထိန်ချန်၍
ဗျူဟာနဲ့ထွန်းမြတ် ကျောင်းမှာ
ကိစ္စလေးရှိလို့ စကားများဖူးတယ်
လို့သာ လူကြီးတွေကို ထွက်ဆိုထား၍
သူအခုချိန်အန်တီ့အရှေ့မှာမျက်နှာ
ပြရပ်နေရဲတာဖြစ်သည်။
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....