Chapter-29

1.4K 164 28
                                    

"ဘယ်သူ​တွေပါလဲခင်ဗျ"

​နေစင်ဟန်အ​ရှေ့တွင် ကျက်သ​ရေရှိ
လှတယ်လို့ ပြောလို့ရလောက်သည့် အရှိန်အဝါ ၊မြန်မာဝတ်စုံဝိုင်းဆက်
နှင့် အန်တီတစ်​ယောက်ရပ်​နေသည်။​
ဘေးတွင်​တော့ လက်​ဆောင်ခြင်းကို
ကိုင်ထားသည့် ကောင်မလေးတယောက်။

​ဆေးရုံအခန်း​အပြင်မှာကသူနှင့် အန်တီ
နီလာ အခန်း​စောင့်ထားသွားသည့်
အစ်ကိုတစ်​ယောက်သာရှိသည်။အန်တီ
နီလာကအခုဆေးရုံမှာမရှိလို့
အခု အခန်းထဲမှာဘယ်သူမှမရှိ။

သူ့အ​ရှေ့တွင် သူ့ကိုစူးရှစွာ ကြည့်လျက်ရပ်နေသော အန်တီကြီးရဲ့မျက်နှာကို
ကြည့်ရင်း တစ်စုံတစ်ရာကို ရင်းနှီး
သည့်အငွေ့အသက်ရလိုက်သည်။

" မင်းတို့ကိုအန်တီက ပြန်မေးရမှာ။
ဒါအန်တီ့တူ​လေးအခန်း လူနာ
လာကြည့်တာ"

"အား​တော့နာပါတယ် အန်တီနီလာ
က ကျွန်​တော်တို့ကို ဘယ်သူလာလာ
သူ့ကိုအရင်ဖုန်းဆက်ပြီးမှအထဲ​ပေး
ဝင်လို့မှာထားလို့ အန်တီခဏလောက်​
စောင့်ပေးလို့ရမလား"

"ဘာ​ပြောတယ်"

အံ့သြလွန်သွားသည့်မျက်နှာက​နေ
တစ်စုံတစ်​ေယာက်နဲ့တူလွန်းစွာ
ချက်ချင်းပင်။

"မင်းတို့ကလည်း ရုပ်ရှင်ဆန်​လွန်း
သွားပြီ။တရားခံက အခု ထွက်​ပြေး​
နေတာပဲ​မလား။ကိုယ့်တာဝန်ကိုယ်​
ကျေပွန်တာက​တော့ ကောင်းပါတယ်။
အန်တီ့​ကိုတောင်မင်းမသိရင် ဒီမိသားစု
မှာအလုပ်ဆက်မလုပ်နဲ့​တော့။ဘယ့်နှယ့်
ကိုယ့်တူကိုယ်လာကြည့်တာ​တောင်မှ
။ကဲ သူ့အ​မေကိုဆက်လိုက်"

ဖုန်းအမြန်ထုတ်ပြီး အန်တီနီလာကို
လှမ်းချိတ်ရသည်။ တည်တည်ငြိမ်ငြိမ်
နေပြနေပေမယ့်သူအခု အရမ်းစိတ်
လှုပ်ရှား​နေတာပင်။

"ဟယ်လို အန်တီနီလာခင်ဗျ"

"ဟုတ်ကဲ့အန်တီ။ဟုတ်ကဲ့ပါခင်ဗျ"

သူဖုန်းဆက်လိုက်တာနဲ့အန်တီနီလာ
က အရင်​ပြောပြီး သူအခုထွက်လာ
နေပြီမလို့ ဗျူဟာ​ဘေးမှာ​နေ​ပေး
ထားဖို့မှာပြီး ဖုန်းချလိုက်သည်။
အန်တီနီလာကအခုမှသိလို့ ​အိမ်က​နေချက်ချင်းလိုက်လာ​နေပြီ ဖြစ်သည်။
ဗျူဟာပိုင်အဘိုးကို​ပြောပြီး တစ်ဖက်
ကလာတာမလို့  ချက်ချင်းပေးမဝင်
လို့မကောင်း။

The First He GlaredWhere stories live. Discover now