Chapter-26

2.1K 172 35
                                    

"​​နေ​နေ​ အစ်မအခန်းထဲကdryer
ယူသွား​သေးလား"

"မယူဘူး"

"ဘယ်​ရောက်သွားပါလိမ့်"

" ဆံပင်ရေစိုနေလို့လား ခဏ
လေး ရှာပေးမယ်"

"ရှာ​ပေး အမြန် ရေချိုးတုန်းက
အဖျားနား​တွေစိုသွားတာ"

မလတ်ကအမှားခံလို့မရသည်မလို့အမြန်
dryerရှာ​ပေးဖို့လုပ်ရသည်။
ဒီ​နေ့ အ​​မေနဲ့အ​ဖေရယ် မလတ်နဲ့က
အမျိုးနီးကအကြီးတစ်​ယောက်ရဲ့သမီး မင်္ဂလာဆောင်ကိုသွားမလို့သူတို့အိမ်
က ညံ​နေတာပင်။

" ရှင်ဘာထိုင်လုပ်နေတာလဲ အဝတ်
အစားလဲတော့လေ"

"ပူတယ် တစ်ခြား ပေါ့​ပေါ့ပါးပါးမရှိ
ဘူးလား"

"​လဲဖို့ထုတ်ထား​ပေးပါတယ်ဆိုမှ ပူလဲ
ခဏ​တော့သည်းခံလိုက်။ဒါပဲရှိတယ်"

"အ​မေ့အကျီနဲ့ထဘီက အ​ဖေ့ပုဆိုးနဲ့
အ​ရောင်ဆင်တူ​လေ။အဲ့တာ​ကြောင့်
ဝတ်ခိုင်း​နေတာကို အ​ဖေကလည်း"

"ဟုတ်လား"

"နှုတ်ခမ်းနီတွေသိပ်မဆိုး​ပေးနဲ့​
လေ မိသူဇာ အ​မေအရမ်းအလှပြင်
သလိုဖြစ်​နေမယ်"

"​အော် အလှပြင်နေပါတယ်ဆိုမှ
နှုတ်ခမ်းနီမဆိုးနဲ့ဆို​တော့ ဘယ်လို
လုပ်ရမလဲ။ပါးပါး​လေးပဲဟာ"

"သမီးပြင်​ပေးသလိုငြိမ်ခံ​လေ။ လိုက်​နေ
တာပဲ "

" တွေ့လားအဖေတောင်ပြောနေပြီ"

"​နေ​နေ အ​မေပန်ဖို့ပန်းယူခဲ့​ပေး​တော့"

"ကျွန်​တော် သွားယူပေးမယ်မလတ်
ဘယ်နားမှာလဲ"

dryer ရှာနေလို့ သူချက်ချင်းပြန်
ဖြေလို့မအားတုန်း ဗျူဟာပိုင်က ထရပ်သည်။

" အိမ်နောက်ဖေး ရေကန်အပေါ်က
ဖလားထဲမှာအခက်လိုက် ​ရေစိမ်ထားတယ် ဗျူဟာ​ရေ မြန်မြန်လေး"

သူလည်း အိမ်အလယ်က ဗီရိုထဲမှာ
dryer ရှာလို့အ​တွေ့ ဗျူဟာပိုင်က အိမ်နောက်​ဖေးကနေ သစ်ခွပန်းခက်ကြီး
ကိုင်ပြီး အိမ်ရှေ့ပြန်ထွက်လာသည်။

"ဒီပန်း​တွေကဘယ်ကရတာလဲအစ်မ"

"မင်းဦး​လေး မ​နေ့ည​နေထဲကရက်ကွက်
ထဲကပန်းစိုက်တဲ့အိမ်ကဝယ်လာတာ​လေ ။သူ့မိန်းမကသတို့သမီးရဲ့အ​ဒေါ်ဆို​တော့ အမျိုးတွေကြားထဲမှာ မျက်နှာမငယ်ရအောင်တဲ့ "

The First He GlaredWhere stories live. Discover now