Chapter-18

1.7K 173 49
                                    

​ကျောင်းဂိတ်ဝထဲကို အရှိန်မ​လျှော့ပဲ
မောင်း ဝင်လာတဲ့ဗျူဟာကားက ကားပါကင်မှာ အမြန်ပင် ​နေရာယူလိုက်ချိန် အနီးအနားက တစ်ချို့ပါလှမ်းကြည့်
သွားတဲ့အထိ။

ကားပေါ်က ဆင်းကာ ဗျူဟာ
သူ့ကားကိုမှီပြီး ရပ်နေတဲ့ဘုန်းပြည့်ဆီ ခြေလှမ်းကြဲတွေနဲ့​လျှောက်ကာ
သွားလျက်။

"နေစင်ဟန် အခုဘယ်မှာလဲ"

"သူတို့အခန်းထဲမှာ ဆရာဝင်​နေလို့
အတန်းတက်​နေတယ်တဲ့ ရှင်းသန့်​
ပြောတာ​တော့"

အတန်းတက်နေတယ်။တစ်ကယ်ပဲလား
သူဘာမှမဖြစ်သလို အတန်းတက်နိုင်​သေးတာလား။

"ဘယ်လိုတွေဖြစ်ကြတယ်ဆိုတာ ငါ့ကို
ရှင်းပြအုံး​ဟေ့​ရောင် ဆန်းဆက်နဲ့
ဝတ်ရည်က ချစ်သူ​တွေ ဖြစ်နေကြတာ
ကြာပြီဆိုတာသတင်း​တွေထွက်လာမှ
ငါကအခုမှသိရတယ်။ မျက်စိပိတ်နား
ပိတ်​နေတဲ့ငါ့ကိုလည်း သူငယ်ချင်း​
နေရာသွင်းပြီး မင်းတို့အဖက်လုပ်ပြီး
ပြောပြကြပါဦး"

ဘုန်းပြည့်ရဲ့ ​အော်သံကျယ်ကို ဂရု
မထားနိုင်ပဲ ဖုန်းကိုသူ နောက်တစ်ခါ
ပြန်ဖွင့်လိုက်ရသည်။

လိုင်းဖွင့်လိုက်ပြီးမနေ့ညထဲက အခါခါ
ကြည့်ထားတဲ့ပိုစ့်က ဖျက်သွားပြီ
လားလို့ကြည့်လိုက်​ပေမဲ့ စာမျက်နှာ​
ပေါ်မှာ ရှိနေဆဲ။ဆန်းဆက်မှူး
အကောင့်က​နေတင်ထားတဲ့
"1 year annniversary က​နေ​
နှစ်​​တွေအဆုံးအထိ ချစ်သူမင်းနဲ့"ဆိုတဲ့captionနဲ့အတူ ဝတ်ရည်နဲ့ဆန်း
ဆက်မှူး စား​သောက်ဆိုင်တစ်ခုမှာanni day​တုန်းကရိုက်ထားတဲ့ပန်းစည်းကိုင်
ထားတဲ့ဝတ်ရည်​ကိုဖက်ထားတဲ့
ဆန်းဆက်မှူးနဲ့ပုံ​တွေ။
​ပွဲစည်​နေတဲ့အောက်ကမန့်​တွေမှာ​တော့ ကျောင်းကကောင်မ​လေးတွေ
အများစုဖြစ်ပြီး အကုန်လုံးက

"တစ်နှစ်​တောင်ရှိသွားပြီ ဘယ်လိုများ
လျိုထားကြတာလဲ။ဘာပဲဖြစ်ဖြစ်congrazပါ"

"နှစ်​ယောက်လုံးက လိုက်ဖက်လိုက်ကြ
ပါ​ပေတယ်။seriesထဲကfan service​
တွေ​ကိုကြောက်​​နေရင်းနဲ့ပဲ​အပြင်လက်
​တွေ့ကကောင်​လေးနှစ်​ယောက်
အတူရှိ​နေတာမြင်ရုံနဲ့သ​ဘောကျခဲ့မိပါတယ်။ငါတို့ကိုအချို​တွေ​ကျွေးသွားတာလားbro မ​နေနိုင်လို့မန့်လိုက်မိပြီ "

The First He GlaredWhere stories live. Discover now