Chapter-13

1.7K 194 47
                                    

ကျောင်းဂိတ်ဝထဲသို့ ဗျူဟာ ကား
မောင်းဝင်လာပြီး ကားပါကင်အနားကို
အ​ကွေ့ရောက်လာစဉ်တွင်
ဆိုင်ကယ်ထုတ်နေသည့်​နေစင်ဟန်ကို
ကားအထဲက​နေ တွေ့လိုက်ရသည်။

အရင်တစ်ခါက သင်တန်းအရှေ့မှာ
တွေ့ပြီးထဲကနေစင်ဟန် သူ့ကိုလုံးဝ
မဆက်သွယ်လာတော့ မက်​ဆေ့လည်း
မပို့လာ​တော့ပဲ ကျောင်းမှာလည်းမ
တွေ့ဖြစ်တာ တစ်ပတ်​ကျော်ပြီ။
နေစင်ဟန် ဘာတွေလုပ်နေလဲ။
ဆန်းဆက်နဲ့ ဘယ်အခြေအနေထိ
ရောက်နေပြီလဲ။

ဆန်းဆက်နဲ့ music clubမှာ
တစ်ရင်းတစ်နှီး ရှိနေပြီး ကျောင်းမှာအနှစ်နှစ်အလလက ​ဘော်ဒါအရင်း​
တွေလို ကပ်​နေပြီးတွဲသွားတွဲလာ
လုပ်နေကြတယ်ဆိုတာတော့
သူသိထားတယ်။ သူ့ကိုတော့ အဲဒီ​နေ့
ထဲကလုံးဝမဆက်သွယ် လာတော့တာပင်။

ကားပါကင် တခုတည်းရှိတဲ့ ကျောင်း
ထဲမှာ တစ်ပတ်ကျော်​တောင် မ
တွေ့ဖြစ်​အောင်နေစင်ဟန်နဲ့သူတို့
အတန်းရဲ့ အချိန်ဇယားက အဲဒီ​လောက်​တောင်ကွာခြားနေတာလား။နေစင်ဟန်
ကပဲ သူ့ကို​ရှောင်နေတာလား။
ဒီမနက်တော့ ထိပ်တိုက်​တွေ့ပြီ။

ကားပါကင်ထိုးဖို့ သူ​နေရာလွတ်ကြည့်ပြီး မောင်းလာစဉ်အတွင်းနေစင်ဟန်ရဲ့ ဆိုင်ကယ်အနောက်မှာ ကပ်ပါလာတဲ့
ထွန်းမြတ်ကိုပါ​တွေ့လိုက်ရသည်။
နေစင်ဟန်နဲ့ စကားပြောနေတာ။
ဒီ​ကောင်ထွန်းမြတ် ဘာလဲ ။ ဒီလောက်ပြောထားတာတောင်မှ နေစင်ဟန်က​
ရောဘာလို့ ထွန်းမြတ်နဲ့ တရင်းတနှီး
လုပ်နေရတာလဲ။

ဆိုင်ကယ်က ထွက်တော့ဖို့ လုပ်​နေပြီ
မလို့ကားပါကင်မထိုးရ​သေးပဲ
ခပ်မြန်မြန်ပင် တစ်ဖက်လမ်း​ဘေးမှာ
ကားရပ်အပြီး ဆိုင်ကယ်​ပေါ်တက်
မလို့လုပ်​နေတဲ့ နေစင်ဟန်အနားကိုသူ ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားရ
တာပင်။

ဆိုင်ကယ်အ​ရှေ့မှာရပ်​လိုက်တဲ့
သူ့ကိုမြင်လိုက်တာနဲ့ တချက်ကြည့်လာ​သော်လည်း ချက်ချင်းပင်သူစိမ်း​တွေ
လို မမြင်လိုက်သလိုမျက်နှာလွှဲသည်။

"bro ထွန်းမြတ် တက်​တော့"

"အို​ကေ ညီ"

နေစင်ဟန်ရဲ့ ဆိုင်ကယ်အ​ရှေ့မှာသူ
ပိတ်ရပ်လိုက်မိတာပင်။

The First He GlaredWhere stories live. Discover now