Chapter-19

1.5K 162 76
                                    

" ရက်ကြီးခါကြီးလည်းမဟုတ်ပဲ
အမေ့ကို ဘာဖြစ်လို့ ကန်တော့တာလဲသား"

ကြမ်းပြင်မှာ ဦးချ​နေတဲ့ဗျူဟာကို​
ဒေါ်ခိုင်နီလာက တစ်ကြည့်ကြည့်။

" ကိုယ့်အမေကိုယ် ကန်တော့တာပဲ
ရက်​ရွေး​နေရမှာလား​မေ"

"ဟုတ်ပါပြီ ဒီမှာလာထိုင်တော့ အ​မေ့
အနားမှာ"

သူ့အ​မေက ဆိုဖာ​​ပေါ်ကို လာခိုင်းပေမယ့် ဗျူဟာ ဒေါ်ခိုင်နီလာအ​ရှေ့မှာပင်
မျက်နှာမ​မော်ရဲပဲ ဒူး​ထောက်ကာ
ထိုင်ချလိုက်သည်။

" ဗျူဟာပိုင် "

"ဗျာ အ​မေ"

" အေးဆေးပေါ့ အချစ်ဦးနဲ့လွဲပြီး​နောက်ဖူးစာဆိုတဲ့စကားက ဒီအတိုင်းမှ
မဟုတ်တာ။သမီးဝတ်ရည်ကိုချစ်လို့
နှ​မြောမိ​ပေမဲ့ အ​မေက ​အေး​ဆေးပဲ
အရာအားလုံးက တစ်​ယောက်နဲ့တစ်​
ယောက်သ​ဘောထားချင်းထပ်တူမကျလို့ ဖူးစာမပါလို့ဖြစ်ရတာပဲ။တစ်ဖက်ကလည်း
တစ်ခြားသူမှမဟုတ်တာ သူတို့ချင်း
အဆင်​ပြေပါ​စေပဲ ​ပြော​ပေးလိုက်။
အ​မေ့သားက ဒီ​လောက်စမတ်ကျတာ ပေါ်လာပါလိမ့်မယ်အ​မေ့သားမှအ​မေ့
သားဖြစ်လာမဲ့ ကောင်မလေး။သားနဲ့မတူအောင် ဘာ​တွေဒီ​လောက်မှိုင်​တွေ​နေ
ရတာလဲ"

သူ့အ​မေ မျက်နှာ ကို မကြည့်ရဲပဲ ဗျူဟာ အင်အား​လျော့စွာနဲ့။

" သူ့စိတ်က တစ်ခြားတစ်​ယောက်ဆီမှာ
ရှိ​နေရင် ကျွန်​တော်ဒီအတိုင်းပဲလက်လွှတ်​ပေးလိုက်သင့်လားအ​မေ"

"အမယ် အ​မေ့သားကကဗျာ ဆန်ဆန်​
တွေပြောလို့။ အဲ့တာ လက်လွှတ်လိုက်
ရတာ မဟုတ်ဘူးသားရဲ့။အ​မေ့သားက
အပိုင်ရသွားတာ"

သူ့လက်တစ်ဖက်ကိုဆွဲယူကာ
အ​မေက ကိုင်လိုက်သည်။

"​​ကိုယ့်စိတ်ကိုယ် အပိုင်ရသွားတာလေ"

အ​မေ့ဆီက ခပ်ဖွဖွရယ်သံတစ်ချို့။

" သေချာ​ပေါက် လက်လွှတ်ပေးရမှာ
ပေါ့သားရဲ့ သားဆီမှာရှိ​နေပြီး သူ
မပျော်ရင် အ​မေ့သားက​ရော ဘယ်လို
လုပ်ပြီး အေးချမ်းနိုင်မှာလဲ။သားက
သမီးဝတ်ရည်ကိုတစ်ကယ်ချစ်​နေတာပဲဖြစ်ဖြစ်စိတ်ကစားတာပဲဖြစ်ဖြစ် သူ
သွားချင်တဲ့ နေရာသာ​ပေးသွားလိုက်
သားကလည်း ​အေး​အေးချမ်းချမ်းနဲ့
သူ့အ​ပေါ်ထားတဲ့ကိုယ့်စိတ်ကိုယ်
အပိုင်ရပြီး ကျန်ခဲ့လ်ိမ့်မယ်။
သူသွားချင်တဲ့​နေရာကိုသွားပါ​စေ။
အဓိကက သူ့အ​ပေါ်ထားတဲ့​မေတ္တာ​လေး
သာ ကိုယ့်ဆီမှာရှိနေရင် သူနဲ့ပတ်သက်
တဲ့အရာအားလုံးကိုကိုယ်က အပိုင်ရ
ထားတာပဲပေါ့သားရဲ့"

The First He GlaredWhere stories live. Discover now