Chapter-9

1.6K 200 37
                                    

" ဘယ်လိုနေသေးလဲ သမီး နေရထိုင်
ရတာ သက်သာလား"

" သက်သာပါတယ် ဒေါက်တာ"

" ချောင်း​ရော ခဏခဏဆိုး​သေးလား"

"နည်းနည်း ဆိုးတယ်"

ဆရာဝန်မကြီးက စိတ်ရှည်စွာနှင့်ပင်
roundလှည့်လာတုန်း ကုတင်ပေါ်မှာ
လှဲနေတဲ့ မလတ်ကို သေသေချာချာ
ကြည့်​ပေး​နေသည်။

ဆရာဝန်မကြီး​ပြောတာကိုလိုက်မှတ်​
နေတဲ့လက်ထောက်ဆရာဝန်တွေနဲ့အတူလူနာကိုကြည့်နေတာမို့ နေစင်ဟန်နဲ့ သူ့အမေကတော့ ကုတင်အောက်ခြေမှာသာ
ရပ်​နေရသည်။

" အားရှိအောင်နေ အဖျားတော့ထပ်
မဝင်​စေနဲ့ ညဘက်​တွေအိပ်ပျော်သွားပြီမလား"

"ဟုတ်ကဲ့"

" အဲဒါဆိုရင် အဖျားပျောက်ဆေး
ဖြုတ်လိုက်မယ်။ အိပ်​ဆေးကတော့
တပတ်​လောက် ဆက်သောက်ထား
မယ်​နော် သမီး ၊ ကျန်တဲ့​ဆေးတွေက
တော့ ပုံမှန်အတိုင်းပဲ"

"ဟုတ်ကဲ့ ​ဒေါက်တာ"

ဆရာဝန်မကြီးက မလတ်ရဲ့ရင်ဘတ်ကိုစမ်းသပ်​နေတဲ့နားကြတ်ကို ဖြုတ်လိုက်ပြီး လည်ပင်းမှာချိတ်ထားလိုက်သည်။

ပြီးတာနဲ့နေစင်ဟန်နဲ့ အမေဘက်ကို
လှည့်လာပြီး။

" အဲဒါဆိုရင် လူနာက ဖျားထားတယ်ဆိုတော့ သူအား ပြည့်တဲ့အထိ​စောင့်ပြီး
ကျွန်မတို့ တစ်ရက် နှစ်ရက်လောက်နေရင် ပြောထားတဲ့အတိုင်းပဲ
အ​မေတို့ကိုခွဲမယ့်dateပြန် အကြောင်း
ကြားပေးမယ်။ကြားထဲမှာ
လူနာကိုအားရှိအောင်ထားပြီး
အဖျားထပ်မဝင်​စေဖို့တော့လိုတယ်
ကျန်တာကတော့အားလုံး အဆင်ပြေပါတယ်"

အ​မေကတော့နဂို​အ​နေ​အေးသူမို့
ဆရာဝန်မကြီးစကားကို ​ခေါင်းငြိမ့်ပြီး နားထောင်နေလျက်ပင်။

" သမီးက စိတ်မာ​တော့  ခဏလေးနဲ့ပဲ ကျော်ဖြတ်နိုင်မှာပါ။ ကိုယ်ကအသက်
ငယ်​သေးတာပဲ စိတ်ကိုအမြင့်ဆုံးမှာ
ထား​နော်သမီး။
အဲဒါဆိုရင်ဆရာမကို ခွင့်ပြုပါအုံး"

မလတ်ကို ​အားပေးစကား ပြောသွား
ပြီးအ​မေနဲ့သူ့ကို နှုတ်ဆက်ကာဆရာ
ဝန်မကြီးက အခန်းထဲက​နေထွက်
သွားသည်။

The First He GlaredWhere stories live. Discover now