Chapter-15

2K 179 111
                                    

" သဘက်ခါ ရှင့်အစ်ကိုသြဇီက​နေပြန်ရောက်ပြီမလား ကို​ကျော်မြင့်သူ"

"ဟုတ်တယ်"

" အဘိုးကြီးက အဲဒါကြောင့်ပေါ့ ထုံးစံအတိုင်း ရှင့်ကိုနေရာမ​ပေးချင်လို့
ရုံးချုပ်မှာ ရှယ်ယာရှင်အစည်းအဝေး
ရှိတိုင်းတစ်​နေရာကို ပထုတ်ပြန်ပြီ။အဲ့ဒီ​
ကွက်သစ်​တွေအ​ရောင်းအဝယ်ဖြစ်ဖို့ လောက်ကတော့ ရှင့်လက်​အောက်က
လူကို လွှတ်လိုက်လည်းရတယ်။
ဉာဏ်များလိုက်တဲ့ မျက်နှာနှစ်ဖက်နဲ့
အဘိုးကြီး ကျွန်မဒီတစ်သက်မ​ကျေဘူး
အမေလည်း အရမ်းဒေါသထွက်နေတယ်"

ဆန်းဆက် ဧည့်ခန်းထဲဝင်လာတဲ့
အချိန် ဦး​ကျော်မြင့်သူက သူ့သားကို
ကြည့်ပြီး မျက်နှာပျက်လျက်
ဒေါ်စိုးယု​မော်က​တော့ ​ဒေါသဖြစ်​​နေသည်မှာအသိသာ။

ဆနိးဆက် ဒေါ်စိုးယု​မော်​ဘေးမှာ
ဝင်ထိုင်လိုက်သည်။

"အ​ဖေနဲ့အစ်ကိုက သူတို့အလုပ်သူ
တို့လုပ်နေကြတာ သူတို့​ခိုင်းတဲ့အတိုင်း
တစ်​သွေမတိုင်း လိုက်နာရမှာကငါ့တာဝန်ပဲ"

" ရှင့်ကိုအဲ့လိုမျိုး ခိုင်းလို့ကောင်း​နေ
လို့ ကိုခိုင်းဖက်လိုလုပ်​နေကြတာ။​
အောက်​ခြေသိမ်းက​နေအစစအရာရာ
လိုက်လုပ်​ပေးရတာကရှင် အပေါ်စီး
ကနေ နေရာယူ​နေကြတာက သူတို့။
ဒါလား အဘိုးကြီး​ပြော​နေကြ မင်းက
ငါ့ရဲ့ သားအရင်းလိုပါပဲဆိုတဲ့စကား။
ရှင့်ကိုမွေးစားသားအမည်​ပေးပြီး
ပျိုး​ထောင်ခဲ့တာကလည်း သူ့သား
အတွက် ဒိုင်းကာလုပ်မလို့"

"သား​ရှေ့မှာ စကားကိုဆင်ခြင်ပြော
ကိုယ့်အဘိုးကိုယ်ပြန်မုန်းရ​အောင်
မလုပ်နဲ့လို့ ငါဘယ်နှခါပြောရမလဲယု​မော်"

" တကယ်ဆိုရှင်က သူ့အစ်မရဲ့သား
သူ့အစ်မသာ မဆုံးပါးသွားပဲ မျိုးရိုး
စဥ်ဆက်အ​မွေ​တွေသာသူ တယောက်
တည်းအပိုင်စီးမရခဲ့ရင် အဘိုးကြီး ဒီလောက်အထိ ကြီးပွားလာစရာ အ
ကြောင်းကိုမရှိဘူး။ ရှင့်ကိုစောင့်ရှောက်
ခဲ့ရသလိုနဲ့ တကယ်တော့ ရှင်ရသင့်ရ
ထိုက်တာ​တွေကိုအဘိုးကြီးကသူ့သားအတွက် လက်ဝါးကြီးအုပ်ခဲ့တာ"

The First He GlaredWhere stories live. Discover now