"Room service"
" ဒီအခန်းက မခေါ်ထား"
အခန်းတံခါး ပွင့်လာတာနဲ့ တစ်ပြိုင်နက် ထွန်းမြတ်က သူတို့ကိုတွေ့တာနဲ့ တံခါးကိုချက်ချင်း ပြန်ပိတ်မည်အလုပ် ဗျူဟာ
လက်နဲ့ ပြန်တွန်းထုတ်လိုက်သည်။အပြင်မှာရပ်နေတဲ့
မိုတယ်က မန်နေဂျာနဲ့ ဝန်ထမ်း နှစ်
ယောက်ကို အထဲပေးမဝင်ပဲ ဘုန်းပြည့် တံခါးပိတ်ချလိုက်သည်။အခန်းထဲကိုဘုန်းပြည့်နဲ့သူ ဝင်ရောက်ချိန် ထွန်းမြတ်က မျက်နှာအပျက်ပျက်နဲ့ ခြေလှမ်းတွေနောက်ဆုတ်သွားလျက်။
ဗျူဟာ စိတ်လောစွာ
အခန်းထဲမှာ ပထမဦးဆုံး မျက်လုံးတွေ
ကို အလုပ်ပေးပြီး ရှာလိုက်မိတာကနေစင်ဟန်။ကုတင်ပေါ်မှာ မျက်လုံးတွေမှိတ်ထားပြီး ပက်လက်လှဲနေလျက်ရှိတဲ့ နေစင်ဟန်။ ကျောင်းကနေထွက်သွားတဲ့အတိုင်း
အပေါ်ရောအောက်ရော အဝတ်အစား
တွေ မပျက်ယွင်းပဲ ကိုယ်ပေါ်မှာ ဒီအ
တိုင်းရှိနေတာကိုမြင်မှ သူစိတ်အေး
သွားရတာက အတိုင်းထက်အလွန်။"နေစင်ဟန် "
ဘုန်းပြည့်က ကုတင်ပေါ်တက်သွားပြီး
ပုခုံးကိုကိုင်ကာ နှိုးနေပေမဲ့နေစင်ဟန်က မျက်လုံးတွေလုံးဝမပွင့်လာ။ပကတိ အိပ်ပျော်နေတဲ့သူလို။နေစင်ဟန်
ဒီကောင်ဆီက တစ်ခုခုတော့ထိသွား
ပြီဆိုတာ သူသိလိုက်ပြီ။"သူကိုယ်တိုင်သဘောတူပြီး လိုက်လာတာ မင်းတို့အထင်မလွဲနဲ့ "
" မင်းသူ့ကိုဘာလုပ်ထားတာလဲ ခေါ်လို့မရဘူး "
မျက်နှာ အပျက်ပျက်နဲ့ ထွန်းမြတ်ကို
ဘုန်းပြည့် ကုတင်ပေါ်ကနေ လှမ်းအော်သည်။"သူ ခေါင်းနည်းနည်းမူးနေလို့အိပ်ပျော်
သွားတာဖြစ်မယ် အဲဒါကြောင့်ငါထိုင်
စောင့်ပေးနေတာ မကြာခင် ပြန်နိုးလာ
လိမ့်မယ်။မင်းတို့ရောက်လာပြီဆို
တော့ ငါ ငါသွားတော့မယ်"ကျက်သရေမရှိတဲ့ ကောင်က ကုတင်
ဘေးစားပွဲပေါ်က ဖုန်းကိုယူ သူ့အိတ်
ကိုယူပြီး ကမန်းကတမ်းထွက်သွားဖို့
လုပ်နေချိန်ဗျူဟာ သူပိတ်ရပ်ထားတဲ့ အခန်းအဝင်ဝနားကနေ ထွန်းမြတ်ဖြတ်လာတာနဲ့ ခြေထောက်ကိုခံလိုက်တော့
ကြမ်းပြင်ပေါ် ကျသည်။
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....