" မတွေ့ရတာတောင် ရက်ကြာပြီနော် မသော်၊ကိုဂျွန်။ ကျွန်တော်တို့ ရောက်
လာပါပြီခင်ဗျ ""ဟမ် အင်း...လာ လာကြလေ
ကောင်လေးတွေ"သူတို့အခန်းထဲအရောက်
ဆန်းဆက် နှုတ်ဆက်လိုက်တာက
ကိုဂျွန်ကိုဖြစ်သော်လည်း ပြန်စကားပြောသည်က မျက်နှာ
အပျက်ပျက်နှင့် မသော်ပင်။ကိုဂျွန်က မကောင်းတတ်သည့် မျက်နှာနဲ့ ပြုံးသာပြပြီး သူ့ဘေးက ကျောင်းသူ
တွေနဲ့သာ စကားဆက်ပြောလို့နေသည်။နေစင်ဟန် ဆန်းဆက်အနောက်ကို
လိုက်ရင်းသာ ဂီတာကိုယူပြီး သူတို့
ထိုင်နေကြခုံအလွတ်တွေမှာသွား
ထိုင်လိုက်သည်။ဆန်းဆက်ကတော့ အေးအေးဆေး
ဆေးပင် ဂီတာကြိုးကို
ညှိနေပေမယ့်တော်ရုံ ဘယ်သူ
အမြင်ကိုမှ ဂရုမစိုက်တတ်သည့်
သူ့မှာ။ကိုဂျွန်နဲ့မသော်မှာ သိသိသာသာပင်
အရင်ကလိုသူတို့နဲ့ စကားလာဝိုင်း
မဖွဲ့တော့ပဲ တခြားတရင်းတနှီးရှိခဲ့ကြ
တဲ့သူတို့ကိုအားပေးအားမြောက်
လုပ်ခဲ့ကြတဲ့ သင်တန်းသူလေးတွေ
ကလည်း သူနဲ့ မျက်လုံးချင်းစုံချိန်
အကြည့်လွှဲသွားကြရသည်။ သေချာ
ပေါက် သူ့ကို ရှောင်ဖယ်ချင်နေကြတာ
။သူ့ကြောင့်ဆန်းဆက်ကို အနေ
မခက်စေချင်။"ဆန်းဆက် ငါအတန်းပြန်သွား
လိုက်လို့ရမလား ""ဘာဖြစ်လို့လဲ အခုမှ ရောက်တာလေ"
ဂီတာကြိုးကိုညှိနေရင်းသာ ဆန်းဆက်
ကသူ့ကိုမကြည့်လာ။"ရှင်းသန့် ရောက်လာရင်အတန်းမှာ စကားပြောဖော်မရှိဘဲ တစ်ယောက်
တည်းဖြစ်နေမှာစိုးလို့။သိတယ်မ
လား ကလေးလိုဖြစ်နေတဲ့သူ့
ရည်းစားကို ဘုန်းပြည့်ငါ့လက်ထဲ
အပ်ထားတာ""သူများရည်းစားကို မင်းကဘာလို့
လိုက်ပူနေတာလဲ။မင်းအရှေ့မှာ ရှိ
နေတာကမှ"မျက်လုံးချင်း စုံအောင်စိုက်ကြည့်ပြီး
အေးဆေးစွာပင် တုံ့ပြန်သည့် ဆန်း
ဆက်ရဲ့ အပြောတွေအောက်မှာ အကြည့်ချင်းစကားပြောသည်။သူကပဲ သဘောကျနေလို့လား ဆန်း
ဆက်ရဲ့အရှိန်အဝါက သူကြာကြာ
အကြည့်ချင်းမဆုံနိုင်လောက်
အောင် ချောရက်လွန်းတာပင်။
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....