Chapter 3

5K 499 0
                                    

အပိုင်း ၃ - Artificial Males

ဤအာကာသယာဉ်တွေ ခရီးသွားပုံက ချောမွေ့ကာ လင်းယွိမည်သည့် အနှောင့်အယှက်မှကို မတွေ့ခဲ့ပေ။ သူနေရသည့် အခန်းက ကြည့်ရတာ အမှိုက်တွေပစ်သည့်အခန်း ဖြစ်ပုံရကာ အခုထိ ဘယ်သူမှကို ဝင်မလာကြသေးပေ။

မနေ့ကတည်းက သူ့ခမျာ အသင့်အနေအထားနှင့် နေထားရသည့်အပြင် ဤအခန်းထဲက အလင်းရောင်ကလည်း မှိန်နေသဖြင့် နံရံကိုမှီလိုက်ကာ တရေးအိပ်လိုက်တော့သည်။

ဒါပေမယ့် သူနှစ်နှစ်ခြိုက်ခြိုက်အိပ်မနေခဲ့သဖြင့် တစ်စုံတစ်ယောက်က သူ့ရှေ့ကအခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် နိုးလာတော့သည်။

သူ့ရှေ့ကို ရောက်နေသည့်သူက အပြာရောင်အသားအရေနှင့် လူဖြစ်ကာ လင်းယွိကို ပြုံးပြလိုက်ပြီး အပြင်ထွက်ရန် ခေါ်လိုက်လေသည်။

လင်းယွိ မျက်လုံးတွေက ထိုလူ့နောက်ကို ရောက်သွားကာ ပတ်ပတ်လည်ကို ကြည့်နေလိုက်သည်။

သူ့အနေနှင့် အာကာသယာဉ်၏ ထောင့်နား ယာဉ်အသေးစားလေးတွေထားသည့် နေရာသာမြင်နိုင်သော်လည်း လင်းယွိ အခုသူရောက်နေသည်မှာ အရင်ယာဉ်ထက် ပိုအဆင့်မြင့်ကာ ကြီးသည့်ယာဉ်တစ်ခုပေါ် ရောက်နေပြီမှန်း သူသိလိုက်လေသည်။

ပြီးတော့ ထိုအာကာသယာဉ်၏ ပိုင်ရှင်သည်လည်း ယန့်ကျီဟန်ကလွဲ၍ တခြားလူရှိမနေပေ။

လင်းယွိ ယာဉ်ပေါ်ကနေ သူ့ဟာသူထွက်ဖို့လုပ်လိုက်သော်ငြား အပြာရောင်လူကြီးက သူ့ထက်အရပ်ကရှည်နေပြီး တံခါးကိုပိတ်ထားသလို ဖြစ်နေသော်ကြောင့် အချိန်အတော်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်မှာတော့ သူ့အပြင်ရောက်သွားလေတော့သည်။

ယာဉ်ပေါ်ကနေ ဆင်းဆင်းချင်း လင်းယွိ မသိစိတ်က ယန့်ကျီဟန်ကို ကျယ်ပြန့်သည့် နေရာတွေထဲ ရှာကြည့်လိုက်ရာ ချက်ချင်းပင်ရှာတွေ့သွားတော့သည်။

ယန့်ကျီဟန်ကို ဤတစ်ကြိမ်တွင် လူတွေက ပတ်လည်တွင် ပိုဝန်းရံနေကြကာ သူအာကာသယာဉ်ထဲသို့ ဝင်သွားလေတော့သည်။ လူတိုင်းက ခေါင်းငုံ့ကာ အလေးပြုကြပြီး သူဖြတ်သွားသည့် တံခါးမှာပင် လူတန်းကြီးက ဒူးထောက်ကာ နေကြလေသည်။

စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်းပင် ဤအာကာသယာဉ်ကြီးသည် ယန့်ကျီဟန်၏ မရေတွက်နိုင်သော ထိပ်တန်းစစ်သင်္ဘောကြီးထဲက တစ်ခုဖြစ်လေ၏။ သူ့တွင် မမှန်းဆနိုင်သည့် စစ်တပ်ကြီးသာမက ရင်းမြစ်တွေကြွယ်ဝသည့် မရေတွက်နိုင်သော ကြယ်တွေကိုပါ ပိုင်ဆိုင်သေးသည်။

ယန့်ကျီဟန်ဆိုသည့်လူက ပြည်နယ်စုအဖွဲ့အစည်းက မအုပ်စိုးသည့် ဤဂြိုလ်သားတွေ ကြီးစိုးသည့်နေရာတွင် ပါဝါကပြဿဒ်ထိပ်ဆုံးအလား မြင့်သည့်သူဖြစ်လေသည်။

သူ့ပုံက ငယ်ရွယ်သည်။ သူ့နောက်ထပ် မျိုးဆက်တစ်ဝက်က နဂါးမျိုးရိုးကြောင့်ပေလားမသိ၊ သူကအသက်ကလည်း ရှည်သေးသည်။ ပြောရမည်ဆိုလျှင် ထိုလူက ဤဂြိုလ်သားအဖွဲ့အစည်းအတွင်းတွင် တစ်ဦးတည်းသော ရက်စက်သည့်သူတစ်ယောက်ဖြစ်ကာ ထိုအချက်ကြောင့်ပင် လူတိုင်းကို ကြောက်အောင်လုပ်နိုင်နေခြင်းပင်။

ယန့်ကျီဟန်က သူနှင့်ဝေးသည့် နေရာတွင်ရှိနေမှန်း မြင်လိုက်ရသည့်အခါမှာတော့ လင်းယွိသူ့ကို သတိမထားမိနိုင်မှန်း တွေးမိသွားကာ စိတ်သက်သာရာရသွားပြီး အကြည့်လွှဲလိုက်လေတော့သည်။ သူက ယန့်ကျီဟန်လက်ထဲ၌သာ အသက်ရှင်နေသဖြင့် အနည်းငယ် စိတ်ထိခိုက်လာပြန်တော့သည်။

တစ်ဖက်တွင်တော့ ယန့်ကျီဟန်တစ်ယောက် ဖြတ်သွားရင်း လှည့်ကြည့်လိုက်ရာမှ လင်းယွိတစ်ယောက် ဗိုလ်မှူးအန်းဒါးက ခေါ်ဆောင်လာနေမှန်း မြင်လိုက်လေသည်။

ပိုးကောင်က ဒီတစ်ခါတော့ ရုန်းမနေတော့သည့်အပြင် ပင်ပန်းနေသည့်ပုံပါ ပေါက်နေလေသည်။ ထိုပိုးကောင်က သူ့မျက်လုံးတွေကို နှိမ့်ချကာ အန်းဒါးနောက်ကနေ ရိုရိုသေသေနှင့်ပင် လိုက်သွားနေလေသည်။

ယန့်ကျီဟန်ဘေးက ခေါင်းတွင်ချိုတွေနှင့် အရပ်ရှည်ရှည် တပ်မှူးချုပ်က မာရှယ်၏အကြည့်တွေကို သတိထားမိသွားကာ လေးလေးစားစားနှင့် မေးလာလေသည်၊ “မာရှယ့်မှာ လမ်းညွှန်ပေးစရာတွေရှိသေးသလား မသိဘူး?”
ယန့်ကျီဟန် ရွံရှာဟန် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ၊ “အဲ့တစ်ယောက်ကို တစ်ယောက်တည်းအကျဉ်းခန်းထဲ ထည့်ထားလိုက်။ သူ့ကိုငါ နောက်တစ်ကြိမ် ထပ်မမြင်ရစေနဲ့။”

“ဟုတ်ကဲ့။” တပ်မှူးချုပ် သိပ်တော့နားမလည်ပေ။ မာရှယ်က ထိုကောင်လေးကို မမြင်ချင်ဘူးဆိုရင် ဘာလို့အစထဲက မသတ်ခဲ့ပဲနဲ့ တစ်ခန်းထဲတောင် နေခိုင်းလိုက်သေးတယ်တဲ့။ သို့သော်လည်း သူ့မာရှယ်၏ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ ပြန်မေးခွန်းမထုတ်ရဲပေ။

ယန့်ကျီဟန်စကားပြောပြီးသည်နှင့် လှည့်ထွက်သွားလေတော့သည်။ ထို့နောက် အနောက်က တပ်မှူးချုပ်က အနောက်ကလိုက်လာကာ မာရှယ့်ကို ဒီတစ်ခေါက် ဘယ်သူက အကွက်ဆင်ရဲသလဲဆိုတာ တင်ပြလေသည်။ တစ်ကယ်လို့ အာကာသယာဉ်ကြီးသာ ပေါက်ကွဲသွားစေဦးတော့ တပ်မှူးချုပ်အနေနှင့် သိထားရမည်မှာ မာရှယ်အခုထိ စိတ်ကမတည်ငြိမ်သေးမှန်းနှင့် ထိုလူတွေ၏ ဂြိုလ်တွေကို အပိုင်သိမ်းကာ အကုန်လုံးကိုသတ်ပြီး မိသားစုကို အဆုံးသတ်ပစ်ရမည်ဆိုတာပင်။

သူမှန်းထားသည့်အတိုင်းပင်။ မာရှယ်ပေးလာသည့် အမိန့်ကလည်း သူတွေးထားသည်နှင့် ကွဲပြားမနေပေ။ သို့သော်လည်း ရှေ့မှာလျှောက်နေသည့် မာရှယ်က နောက်ထပ် စကားတစ်ခွန်းထပ်ပေါင်း ပြောလာလေသည်။ “အဲ့တစ်ယောက်ရဲ့ နဂိုမူရင်းကို စုံစမ်းထား။” တပ်မှူးချုပ် မာရှယ်ဘယ်သူ့ကို ပြောနေမှန်း မသိလိုက်ခင် ခဏတွေးလိုက်ကာ၊ “ဟုတ်ကဲ့။”

မာရှယ်က ထိုကောင်လေးနှင့် ပတ်သက်ပြီး စိတ်ဝင်စားနေမှန်း သိလိုက်ရသည့်အခါမှာတော့ သူကထပ်ပြောလိုက်လေသည်; “ကျွန်တော် အခုပဲ သွားလိုက်ပါမယ်။”

အပြာရောင်လူက လင်းယွိကို ကလေးလေးအလား အခုထိသူ့လက်ကို ကိုင်ထားကာ လမ်းလျှောက်လိုက်တိုင်း သူ့မျက်နှာကို ထိလေရာ သူ မသက်မသာဖြစ်လာတော့သည်။

သူ့ခန့်မှန်းကြည့်ရသလောက်‌တော့ ဤကိုယ်သည် အရင်ကအတိုင်းပင်  ၁၈၀စင်တီမီတာကျော်ရှည်သော်လည်း နည်းနည်းပိန်နေသေးသည်။ ပြီးတော့ ပတ်ပတ်လည်က ဂြိုလ်သားတွေဆိုတာက ၂မီတာကျော်ရှည်ကြလေသည်။ ထပ်ပြောရမည်ဆိုလျှင် သူ့ကိုယ်က ချူချာပြီး အစောပိုင်းကရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်အပြီးမှာတော့ သူပင်ပန်းလာတော့သည်။ အခုအချိန်အရတော့ သူနားသာထောင်နိုင်တော့လေသည်။

လင်းယွိကို အန်းဒါးက အာကာသယာဉ်၏ အတွင်းပိုင်းထဲသို့ခေါ်လာကာ နှစ်ယောက်လုံးရပ်လိုက်ကြတော့သည်။

တစ်ဖက်က ယောက်ျားက ပြောလိုက်သည်နှင့် အန်းဒါးရပ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်လေသည်။

ထိုယောက်ျားက အလေးပြုလိုက်ကာ ထွက်သွားလေတော့သည်။ အန်းဒါးလည်း ထောင့်စွန်းကို သွားကာ လင်းယွိကို မတူသည့်ဘက်သို့ ညွှန်ပြလိုက်လေသည်။

လင်းယွိ သူတို့ဘာတွေပြောနေလဲဆိုတာကို နားမလည်သော်လည်း မာရှယ်ကိုရည်ညွှန်းသည့် အသံထွက်ကိုတော့ သူကြားလိုက်သလိုပင်။ သူတန်းသိလိုက်သည်မှာ ထိုအသံထွက်က ယန့်ကျီဟန်ကို ရည်ညွှန်းမှန်း။

အန်းဒါးက သူ့ကိုဖြူစွတ်နေသည့် အခန်းထဲသို့ ထည့်လိုက်ကာ နှေးတိနှေးတုန့်ဖြစ်နေသော်ငြား လင်းယွိ၏ ပထမဆုံးအတွေးက စိတ်ပူလာခြင်းပင်။
ဒါဘယ်နေရာကြီးလဲ?

သူ့ကို ဒီနေရာခေါ်လာဖို့က ယန့်ကျီဟန်အမိန့်သာ ဖြစ်နိုင်သည်။

ဒါက နည်းပညာမြင့် သေကြောင်းကြံပေးမယ့် နည်းစနစ်ကြီး‌တော့ မဟုတ်လောက်ပါဘူးနော်?

အခန်း၏ နံရံသုံးခုက အဖြူရောင်ဖြစ်ပြီး လျှောက်လမ်းဘက်ကို မျက်နှာမူထားသည့် တစ်ခုကိုသာ မှန်ဖြင့်ပြုလုပ်ထားပြီး သင်ဘယ်လောက်ကြည့်ကြည့် ထိုအရာကလည်း မူမှန်သည့်ပုံပေါ်မနေပေ။

လင်းယွိ အပြာရောင်လူက သူ့ကိုဆက်ဆံပုံကြည့်ပြီး ပိုကြောက်လာကာ နောက်ကလိုက်နေရင်း ထွက်ပြေးချင်လာတော့သည်။

လင်းယွိ သူ့နောက်ကို လိုက်လာသည်ကို ကြည့်ပြီး လင်းယွိကသူနှင့် ရင်းနှီးချင်လို့လိုက်လာသည်ထင်ကာ အန်းဒါးအတန်ငယ် အံ့ဩသွားတော့သည်။

“ဟေး ငါမင်းကိုအဝေးခေါ်သွားလို့မရတာ ဝမ်းနည်းစရာပဲ။” ဘယ်သူမှ မာရှယ့်ရဲ့ အမိန့်ကို မလွန်ဆန်ရဲကြဘူးလေ။
အန်းဒါး လင်းယွိလက်ကို ဆွဲကာ ခပ်မြန်မြန်ပင် အခန်း၏အလယ်နေရာသို့ ခေါ်လာလေတော့သည်။

သူနံရံကို ဖိလိုက်ရာ အိပ်ရာပါးပါးတစ်ခုက ပေါ်လာပြီး သူနံရံ၏ နေရာလေးတစ်ခုကို ဖိလိုက်သည့်အခါမှာတော့ ဖန်သားပြင်တစ်ခုကပေါ်လာလေသည်။

သူ့လက်ကောက်ဝတ်က တာမီနယ်ကိုကြည့်လိုက်ကာ လမ်းကြောင်းအသေးလေးတစ်ခုကနေ အလင်းတစ်ချက်လက်လာပြီး ချက်ချင်း စားစရာတွေထည့်ထားသည့် ပန်းကန်တစ်ချက်က ပေါ်လာလေသည်။

လင်းယွိ ထိုအခြင်းအရာများကို မြင်လိုက်သည်နှင့် သူရောက်နေသည့်နေရာက အကျဉ်းထောင်တစ်ခုမှန်း သတိထားမိသွားလေတော့သည်။

စိတ်ကိုလျော့လိုက်ကာ အိပ်ရာပေါ်ထိုင်ချလိုက်လေတော့သည်။

မင်းအသက်ရှင်နေသေးသရွေ့ နည်းလမ်းဆိုတာ ရှာလို့ရနေဦးမှာပဲလေ။ ရိုးရိုးသားသားဝန်ခံရမည်ဆိုရင် ကြယ်အစုအဝေးက အကျဉ်းထောင်က ထင်ထားသလောက်လည်း ဆိုးမနေပေ။

အန်းဒါး အစားအစာခွက်ကိုယူလာကာ လင်းယွိဘေးကိုချပေးလိုက်သည်။ လင်းယွိကတော့ ပတ်ပတ်လည်ကို စူးစမ်းလေ့လာနေတုန်းပင်။

အာကာသယာဉ်ပေါ်က အစားအစာတွေသည် အရောင်အသွေးမတူညီသည့် ကုဗတုံးလေးတွေနှင့်တူကာ သူတို့ကို ထောင့်မှန်စတုဂံပုံ ပန်ကန်ပြားထဲတွင် ထည့်ထားလေသည်။ လင်းယွိဘက်ကအမြင်နှင့်ဆိုလျှင် ထိုအရာများက ထူးဆန်းနေသည့်အပြင် စားလို့ရသည့်ပုံလည်း ရှိမနေပေ။

ပြီးတော့ ပိုပြီးကြည့်ရဆိုးနေသေးသည်။ တစ်ဖက်က အန်းဒါးကတော့ ပန်းကန်ကိုင်ပြီး ဒူးထောက်ချလိုက်ကာ သူ့ကိုစခွံကျွေးဖို့ ပြင်နေလေတော့သည်။

လင်းယွိအနောက်ကို ဆုတ်လိုက်ကာ ခေါင်းကိုခါပြလိုက်သည်။ သို့သော်လည်း အန်းဒါးကတော့ ဇွန်းနှင့်ခွံ့ကျွေးရန်ပါ လုပ်လာလေတော့သည်။

လင်းယွိ ကြောင်သွားတော့သည်၊ နေပါဦး ငါက ကလေးနဲ့တူနေလို့လား?

နောက်ဆုံးမှာတော့ လင်းယွိပန်းကန်ကို ယူလိုက်ကာ တစ်ချက်အမြန်ကိုက်ကြည့်လိုက်လေသည်။ အန်းဒါးကတော့ အနည်းငယ် စိတ်ပျက်သွားသည့်ပုံဖြစ်သွားတော့သည်။
လင်းယွိ အနည်းငယ်ပင် အံ့ဩသွားတော့သည်။ သူကိုက်ကြည့်လိုက်သည်မှာ ဤကုဗတုံးတွေ၏ တစ်ကယ့်အရသာကို သိလိုသောကြောင့်သာ။ သို့သော် တစ်ချို့ ကုဗတုံးတွေက အသားအရသာ တစ်ချို့က အသီးအရွက်အရသာရှိနေကာ အကုန်လုံးက အရသာပင်နှပ်ထားပြီးသားပင် ဖြစ်နေသေးသည်။

လင်းယွိ ဗိုက်တွေဆာလာကာ စတင်စားသောက်တော့သည်။

အန်းဒါး လင်းယွိကို ကြည့်နေရင်း တစ်ဖြည်းဖြည်းခံစားလာရသည်မှာ လင်းယွိကိုယ်က အနံ့က သူ့ကိုမှော်အလား ညှို့ယူလာချင်းပင်။

ပိုပြီးနီးကပ်ကာ ရှူလိုက်လေ ထိုအနံ့က သူ့နှလုံးသားထဲမှာပါ စိတ်ကျေနပ်သွားသကဲ့သို့ပင်။

သူ့ရှေ့က သူသည်အရပ်လည်းပုမနေပေ။ ဒါပေမယ့် သူ့လက်ကောက်ဝတ်လေးက သေးကာ တစ်ချက်အဝှေ့တွင် ကျိုးကျသွားတော့မည်အလား။ လှပလှသည့် လက်ကလေးက အနုပညာတစ်ရပ်လိုပင်။ ထိုသူ၏မျက်နှာတွင် အပြာရောင်သန်းနေသည့် အရာတစ်ခုရှိကာ ကြည့်ရတာ အလွန်မနှစ်မြို့စရာကောင်းနေလေသည်။

အန်းဒါးက ပုံမှန်ဆို သဘောကောင်းသည့်သူတစ်ယောက် မဟုတ်သော်ငြား ဒီကောင်လေးကို မြင်လိုက်သည်နှင့် ဘာကြောင့်မှန်းမသိ ဂရုစိုက်ချင်လာတော့သည်။

မသိစိတ်ကကို တစ်ဖက်လူအကြောင်းကို တွေးနေမိသည်အထိ။

ထို့ကြောင့် လင်းယွိက သူနှင့် မရင်းနှီးချင်မှန်း အန်းဒါးသိသွားသည့်အခါ သူမထွက်ချင်ထွက်ချင်နှင့် ထွက်လာလိုက်တော့သည်။

အန်းဒါး ထွက်သွားသည်နှင့် လင်းယွိစိတ်လျော့လိုက်ကာ အခန်းပတ်ပတ်လည်ကို စတင်လေ့လာလေတော့သည်။

မှန်ရှိနေသည့်ဘက်ခြမ်းက အဖြူရောင်အလင်းတွေနှင့် တောက်ပနေပြီး တံခါးလည်းရှိမနေပေ။ အန်းဒါးက တိုက်ရိုက်ထွက်သွားလို့်ရသော်ငြား သူကတော့ မရပေ။ ဒါက ဘာနည်းပညာကြီးမှန်း သူလည်းသိမနေပေ။

လမ်းတစ်လျှောက်တွင်လည်း ဘာကိုမှမတွေ့ရသလို ပတ်ဝန်းကျင်က အခန်းတွေကလည်း ဗလာတွေဖြစ်ဟန်တူပေသည်။

လင်းယွိ အခန်းထဲကနံရံကို ကိုင်လိုက်ကာ အခန်းထဲ အနည်းငယ်လမ်းလျှောက်လိုက်ကာ ရုတ်ခြည်း ဗိုက်ကအောင့်လာလေတော့သည်။

လင်းယွိ မျက်မှောင်ကြုံ့လိုက်ကာ သူ့အဝတ်တွေကို မ,ကြည့်လိုက်သည့်အခါမှာတော့ ဗိုက်နားတစ်ဝိုက်က အပြာရောင်သန်းနေကာ ကြည့်ရသည်မှာ အလွန်ပင်ကြောက်စရာကောင်းနေလေသည်။

လင်းယွိ စိတ်ရှုပ်လာ၏။

ဒါက ယန့်ကျီဟန် ကန်လိုက်လို့များလား။ အဲလောက်တောင် ဆိုးတာလား?

တပ်မှူးလည်း မာရှယ်က တစ်ယောက်ယောက်ကိုရှာပြီး စုံစမ်းခိုင်းသည့်အချိန်အထိ စိတ်မရှည်ဖြစ်နေမှာစိုးနေ၍ သူ့အခန်းထဲသို့ပင် မပြန်တော့ပဲ ချက်ချင်းအလုပ်လုပ်လေတော့သည်။

ယန့်ကျီဟန် ရေချိုးဖို့ထွက်သွားလေသည်။

ပထမဆုံး သူဝတ်ထားသည့် အဝတ်တွေကို လျှော်စက်ထဲသို့ ထည့်လိုက်လေသည်။ သူတစ်ချိန်လုံး ပိုးကောင်နံ့တွေပြည့်နေတဲ့ အဝတ်တွေကိုသာ ဝတ်ထားခဲ့သည်လေ။
ပြီးနောက် သူရေကို တစ်နာရီလောက်ချိုးလိုက်လေသည်။ အချိန်အကြာကြီးချိုးလိုက်သော်လည်း သူအခုထိ ထိုအင်းစက်တွေက သူ့ကိုယ်ပေါ်မှာ လျှောက်သွားနေကြသေးသကဲ့သို့ ခံစားနေရသေးသည်။

ထိုသို့ဆက်တိုက်ချိုးနေသည်မှာ တပ်မှူးရောက်လာပြီး စုံစမ်းထားသည်များ၏ ရလဒ်ကို လာမပြောခင်အထိပင်။ ယန့်ကျီဟန် စိတ်တိုင်းမကျသေးသည့် အမူအရာနှင့်ထွက်လာကာ ဆံပင်တွေဆို ခြောက်သေးသည့်ဟန်ပင် မပေါ်သေးပေ။

တပ်မှူးက ပြောလာသည်၊ “သူကလူလုပ် ဇာက်အထီးတစ်ယောက်ပါ။”

ယန့်ကျီဟန်မျက်နှာက မည်သည့်အမူအရာမျှ ပြမလာသေးပေ၊ တပ်မှူးလည်း မာရှယ်က ဤမျှလောက်တော့ မှန်းဆပြီးသားဖြစ်မည်ဟုလည်း တွေးထားခဲ့လေသည်။

မေးခွန်းက ဒီလောကကြီးမှာ ဘယ်လိုလုပ် လူလုပ်ဇာက်အထီးမျိုးစိတ်တွေက ရှိနေသေးတာလဲဆိုတာပင်?

အချက်ကျကျပြောရမည်ဆိုလျှင် ထိုဇာက်တွေ၏ လူလုပ်ဖယ်ရိုမုန်းတွေက အမြဲလိုလိုပင် စီးပွားရေးအကြီးစားလုပ်ငန်းတစ်ခုဖြစ်နေခဲ့လေသည်။
ဇာတ်ဖယ်ရိုမုန်းတွေကို ပထမဆုံး ဆေးအနေနှင့် တုတ်လုပ်ခဲ့ကြဖူးလေသည်။ အဘယ့်ကြောင့်ဆိုသော် ဇာက်တွေစစ်ရှုံးပြီးနောက်တွင် မွေးစားခံလိုက်ရသော ဇာက်အမတွေတွင် ပြဿနာတွေဖြစ်လာကြ၍ ဖြစ်သည်။

အမျိုးသမီးတွေ၏ ခန္ဓာဗေဒသည် ဟော်မုန်းတွေညီတူမျှတူရှိနေမှုနှင့် အမျိုးသားတွေ၏ ဖယ်ရိုမုန်းပေါ် မူတည်နေကြကာ ထိုအမျိုးသား‌တွေကတော့ မရှိကြတော့ပေ။

ထို့ကြောင့် သူတို့ကို အလွန်အမင်းနာကျင်စေကာ တစ်ချို့ဆိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်ကုန်ကြကာ တစ်ချို့ဆို အရက်၊ ဆေးစွဲကုန်ကြတောသည်။ ဤအဖြစ်အပျက်သည် ထိုခေတ်အတွက်တော့ အဖြစ်အပျက်ဆိုးကြီးပင်။

တပ်မှူးသည်လည်း အများကြီးမပြောရဲပေ၊ မာရှယ်၏ မျိုးရိုးဆိုတာ အမြဲလိုလို ကံဆိုးစေသည့်အဆောင်လိုပင်။ တပ်ထဲက လူအနည်းငယ်သာသိကြရာ သူကထိုအနည်းငယ်ထဲက တစ်ယောက်ဖြစ်လေသည်။ ပြီးတော့ သူထပ်သိထားသည်မှာ မာရှယ့်အမေက ဆေးစွဲကာဆေးလွန်ပြီး သေသွားရသည်ဆိုတာပင်။

ကံကောင်းစွာနှင့် ထိုပြဿနာက နောက်ထပ်ဒုတိယမြောက်မျိူးနွယ်စပ်တွေ၏ မျိုးဆက်တွင်တော့ ပျောက်ကွယ်သွားခဲ့လေသည်။

ကြယ်တာရာစစ်ပွဲ ပြီးသွားသည်မှာ နှစ် ၁၀၀ ထက် ကြာပြီဖြစ်ပြီး ဇာက်မျိုးနွယ်စပ်တွေဆိုတာကလည်း ရှားသထက်ရှားလာကြကာ ဇက်ဖယ်ရိုမုန်းဆိုသည်မှာလည်း ဆက်အသုံးမဝင်တော့ပေ။ သို့သော်လည်း အခုထိအားကောင်းသည့် လှုံ့ဆော်မှုတစ်ခုတော့ ဖြစ်နေသေးသည်။

ပြောလေ့ရှိကြသည်မှာ မင်းမှာဇက်မျိုးနွယ်သွေးရှိတာရင် ဖယ်ရိုမုန်းကို စမ်းကြည့်ပြီးတာနဲ့ မင်းရဲ့အရင်အချိန်တွေကို ပြန်ရတော့မှာမဟုတ်တော့ဘူး ဟူ၍…..

တပ်မှူးက မာရှယ့်မျက်နှာကို တစ်ချက်ကြည့်လိုက်လေသည် ဒါပေါ့ သူဘာမှတော့ မပြောရဲပေမယ့်ပေါ့။

“ဇက်ဖယ်ရိုးမုန်းတွေထုတ်တဲ့ ဓာတ်ခွဲခန်းတွေကလည်း အစောပိုင်းကတည်းက ကြီးတဲ့XXXအချစ်အရုပ်တွေကို ထုတ်ပြီး‌တော့ ရောင်းခဲ့ကြသေးတယ်။ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ အရုပ်ဆိုဇာက်တွေရဲ့ အကြိုက်ခန္ဓာကိုယ်နဲ့ ထုတ်ခဲ့ကြပြီးတော့ အရုပ်တွေရဲ့ ကိုယ်ထဲမှာ ဖယ်ရိုမုန်းတွေကို မြုပ်ထားပြီးတော့ ဖြည်းဖြည်းချင်းထွက်တဲ့နည်းစနစ်နဲ့ ထုတ်ခဲ့ကြတယ်။”

“ဘာ့ကြောင့်လဲဆိုတော့ အဲ့အရုပ်တွေက တဖြည်းဖြည်းနာမည်ကြီးလာကြတော့ သူတို့တွေကို ထပ်တီထွင်လိုက်တော့ မကြာခင်နှစ်တွေကပဲ သူတို့ဟာသူတို့တောင် ရွေ့လျားလာနိုင်ကြတော့မယ့်အထိပဲ….” တပ်မှူးက မာရှယ့်မျက်နှာ ပိုဆိုးလာတာကို တွေ့လာရတော့သည်။
“ဒါပေမယ့် နည်းပညာပြောစရာမလိုအောင် ကျရှုံးသွားတယ်ခင်ဗျ။ သူတို့ဖယ်ရိုမုန်းတွေက ကြာကြာမခံနိုင်တဲ့အပြင်ကို သူတို့ဉာဏ်ရည်ကလည်း မေးခွန်းထုတ်စရာဖြစ်နေပြီးတော့ လူတွေကိုတိုက်ခိုက်ရင်တိုက်ခိုက် မဟုတ်ရင်‌ မရပ်မနား အော်နေတတ်ကြတဲ့အထိပဲဗျ။”

“သူမလုပ်ဘူး။” ယန့်ကျီဟန် ထိုစကားကိုပြောပြီးပြီးချင်း မျက်မှောင်ကျုံ့လိုက်ကာ စားပွဲကို လက်နှင့်တောက်ကာ နေလိုက်လေသည်။

သူအဲ့လိုတွေမလုပ်ခဲ့ဘူး အဲ့ဒါဆို သူ တခြားဘာတွေလုပ်ခဲ့တာလဲ။

ယန့်ကျီဟန် နောက်တစ်ကြိမ် ရေသာ ထပ်ချိုးချင်လိုက်တော့သည်။

တပ်မှူးက ခေါင်းငြိမ့်လိုက်ကာ၊ “အဲ့ဒီတစ်ယောက်ကတော့ လုံးဝကိုကွဲပြားတယ်။ ကျွန်တော့် စုံစမ်းထားတာအရဆိုရင် အဲ့ဒီတီထွင်ထားတဲ့ နည်းပညာသုံးသူတွေက အဲ့လောက်လည်းမရင့်ကျက်ကြသေးသလို သူတို့ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေဆိုတာကလည်း ဘယ်အချိန်မဆို ပြိုလဲသွားနိုင်ကြတယ်တဲ့။ ပြောရမယ်ဆိုရင် သူတို့က အာဟာရဖျော်ရည်တွေထဲကနေ ဖယ်လိုက်တာနဲ့ သေသွားတတ်ကြပြီးတော့ အခုထိလည်း ဘယ်သူမှ အသက်ရှင်လာတာ မရှိကြသေးဘူးတဲ့။”

ယန့်ကျီဟန် စားပွဲကို ခေါက်နေသည့် သူလက်ချောင်းတွေကို ရပ်လိုက်လေသည်။

“ဒါအကုန်လုံးက ကျွန်တော် စုံစမ်းရရှိထားသလောက်ပါပဲ။ နောက်ထပ် ညွှန်ကြားစရာ ရှိသေးလား ခင်မျ?”

ယန့်ကျီဟန်ပြုံးလိုက်ကာ၊ “ညွှန်ကြားစရာ? သူကဘယ်လိုဖြစ်ဖြစ်‌ သေမှာပဲလေ။”

ယန့်ကျီဟန် ပြုံးသည်ဆိုတာ များသောအားဖြင့် သူဒေါသထွက်နေသည့် အခါတွင်သာဖြစ်သောကြောင့် သူအပြုံးက ကြောက်စရာကောင်းနေလေသည်။

တပ်မှူး တဖြည်းဖြည်းနှင့် မာရှယ်က ဒီနေ့ စိတ်အခြေအနေကောင်းသည့်ပုံ ပေါ်မနေမှန်းသတိထားမိလာတော့သည်။ သူဆက်မမေးရဲတော့ပဲ ခါးကိုင်းနှုတ်ဆက်ကာ ထွက်လာလိုက်လေတော့သည်။

အခန်းထဲက ယန့်ကျီဟန်ကတော့ စားပွဲကို အတော်ကြာ တောက်နေလိုက်ပြီး မျက်မှောင်ပို,ပိုကြုံ့လာကာ ပြီးနောက် စားပွဲပေါ်က ဦးနှောက်အပေါ့စားလေးကို ဖွင့်လိုက်လေသည်။

ထို့နောက်မှာတော့ ထောင်၏ စောင့်ကြည့်ကင်မရာက ပွင့်လာလေတော့သည်။










Zawgyi

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now