Chapter 16

2.8K 386 0
                                    

အပိုင်း - ၁၆

လင်းယွိနမ်းပစ်လိုက်သည်နှင့် ယန့်ကျီဟန်သူ့ကို ကုတင်ပေါ်ကနေ ကန်ချပစ်မလားဆိုတာကို တွေးပြီး ကြောက်ရွံ့စွာ မျက်လုံးကိုသာ မှိတ်ထားလိုက်တော့သည်။

ပြောရမယ်ဆိုရင် ယန့်ကျီဟန်ဘက်ကစပြီး သူ့ကိုနမ်းချင်ပါတယ်ဆိုပြီး စပြောခဲ့တာလည်းမဟုတ်ပေ။ သူတကယ်ကို နမော်နမဲ့နိုင်သွားခဲ့တာပဲ။

သို့သော် ယန့်ကျီဟန်သူကို ကန်တော့ချမလာခဲ့ပေ။

ယန့်ကျီဟန်လှုပ်ကို လှုပ်မလာတော့တာပင် ဖြစ်လေသည်။

လင်းယွိသူ့လျှာကို အနည်းငယ်ထုတ်ကြည့်လိုက်သည်နှင့် ယန့်ကျီဟန်ဘက်က ပါးစပ်ကိုအသာတကြည်ဖွင့်ပေးလာပြီး သူ့တစ်ကိုယ်လုံးက အနည်းငယ်တုန်ရီနေလျက် တစ်ချက်ငြီးလာလေသည်။ ပြီးနောက် သူ့ကိုဖက်လာကာ တပ်မက်စွာ ပြန်နမ်းလာတော့သည်။

လင်းယွိစိတ်ထဲ အခုမှအဆင်ပြေသွားတော့သည်။
အစက ယန့်ကျီဟန်ဘက်က သူ့ကိုတင်းကျပ်စွာ ဖက်ထားချင်သည့်ပုံရှိသော်လည်း ယန့်ကျီဟန်၏ နမ်းသည့်စကေးက အလွန်ညံ့လှရာ လင်းယွိသူ့နှုတ်ခမ်းတွေ အကိုက်ခံရတော့မည်ကို တွေးပြီး၊ သူ့ဘက်က အားပိုသုံးလိုက်ကာ ပိုတက်ကြွစွာ နမ်းပေးလိုက်ပြီး ဘယ်လိုနမ်းရမလဲပဲ လမ်းပြပေးနေလိုက်တော့သည်။

ယန့်ကျီဟန်က လျင်မြန်စွာပြန်နမ်းလာသည်။ အရိုးမရှိသည့် ကြောင်ကြီးတစ်ကောင်က သူ့လက်သည်းတွေကို နာခံစွာနှင့်ဖွက်ထားလိုက်ကာ သူ့ဗိုက်အိအိလေးကို ပွတ်ပေးပါဆိုပြီး ပြောလာသလိုပင်။

လင်းယွိ ယန့်ကျီဟန်ပါးစပ်၏ ထိပ်နားလေးကို လျာနှင့်ပွတ်လိုက်မိတိုင်း ချိုမြသည့်အရသာလေးကို ရတတ်ပြီး ယန့်ကျီဟန်ကလည်း တုန်ရီလာကာ မသိလိုက်ပဲနဲ့ အသံတွေထွက်လာတတ်သည်။

လင်းယွိ ဇက်တွေ၏ ပါးစပ်ထဲမှာ ဖယ်ရိုမုန်းစုထားသည့်အိတ်ရှိမှန်း မသိခဲ့ပေ။ သို့သော် ယန့်ကျီဟန်အပြုအမူတွေအရ သူထိုနေရာလေးကိုသာ ဖိနမ်းနေလိုက်တော့သည်။

ပိုသေချာသွားသည်က ယန့်ကျီဟန်အသက်ရှူသံတွေက လျင်မြန်စွာပုံမှန်မဟုတ်တော့ပဲ နှလုံးကပါ အခုန်မြန်လာကာ မျက်နှာကလည်း နီရဲတွတ်နေတော့သည်။ သူ့ကိုယ်ကိုကိုင်းလာကာ အသံတွေပါထွက်လာပြီး တစ်ဆက်တည်း လင်းယွိကိုတင်းကျပ်စွာ ဖက်ထားချင်သလိုလို၊ သူ့တင်းမခံထားနိုင်တော့၍ လင်းယွိကို ဆွဲဖယ်လိုက်ချင်သလိုမျိုး လုပ်လာသော်လည်း သူ့လက်တွေကတော့ အားတစ်စက်မှ မရှိတော့ကာ လှုပ်ပင်မလှုပ်လာနိုင်ကြချေ။

လင်းယွိ ယန့်ကျီဟန်၏ သိသာသည့်အပြုအမူတွေကို ရိပ်မိသော်လည်း အနည်းငယ် စိတ်ရှုပ်နေသေးသည်။

စာအုပ်ထဲမှာ သေချာပြောထားတာက ယန့်ကျီဟန်လိုလူမျိုးက တခြားလူကို နာခံရတာမျိုးမကြိုက်ဘူးဆိုပြီး ပြောထားတာဖြစ်ရာ လင်းယွိသူ့ကို ယန့်ကျီဟန်သဘောကျနေသည်ဟုပင် မခံစားရပေ။

ဒါက ယန့်ကျီဟန်က သူ့ဇက်ဖယ်ရိုမုန်းကိုသာ ကြိုက်နေတာပဲဟုသာ သူခံစားနေရသည်။

လင်းယွိ သူဆက်မဆုံးဖြတ်တတ်တော့ပေ။

အဲ့တော့ အခုသူဘာဆက်လုပ်ရပါ့။ ငါ….သူ့ကိုလက်နဲ့ဖြစ်ဖြစ် ကူပေးလိုက်တာကောင်းမလား?

ယန့်ကျီဟန် လင်းယွိဘက်က ရပ်သွားသည်ကိုကြည့်ပြီး စိတ်တိုသွားသလိုပင်။ ထိုအစား သူဆက်မစောင့်နိုင်တော့ပဲ မျက်မှောင်ကျုံ့လာကာ သူဘက်ကစပြီး လင်းယွိအပေါ်တက်လာလေသည်၊ သူ့မျက်နှာကို လင်းယွိနှင့်ပွတ်လာပြီး စူးရှသည့်မျက်ဆံတွေကပါ လုံးဝိုင်းနေကြပုံမှာ ကျားကြီးတစ်ကောင်က လာမြူစွယ်နေသလိုပင်။

လင်းယွိ ထိန်းမထားနိုင်တော့ပဲ အနည်းငယ်ပြုံးလိုက်ကာ ရှေ့မှီပြီးဆက်နမ်းရန်လုပ်ရင်း မသိလိုက်ပဲ ကြယ်အစုအဝေးသုံးဘာသာစကားတစ်ခုကို ပြောမိသွားတော့သည်။

သူ့ချက်ချင်း ရင်တုန်သွားတော့သည်။

အသေအချာကို နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင် ယန့်ကျီဟန်မျက်လုံးတွေက ပြူးကျယ်လာကာ သူ့ကိုအဝေးသို့ ကြမ်းတမ်းစွာတွန်းပစ်လိုက်ပြီး ဒေါသထွက်နေတော့သည်။

“ချီးပဲ! ပြန်ပြောစမ်း!”

“မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး….”
လင်းယွိသူဘာပြောလိုက်လဲကိုတောင် သူမသိလိုက်ပေ။ ကြည့်ရတာ ယန့်ကျီဟန်က သူ့ကိုတစ်ခုခုခေါ်ဖို့ပြောလိုက်ပုံရကာ သူ့ဘက်ကတော့ နောက်ဆုံးစကားလုံးကို သေချာမကြားဖူးသည့် စကားဖြစ်နေခဲ့လေသည်။

လင်းယွိ သေချာရှင်းမပြနိုင်ပေ။ ထို့ကြောင့် ကြောက်ကြောက်နှင့်သူ့ဘက်ကနေ လက်ကိုဆန့်ထုတ်လိုက်ကာ ယန့်ကျီဟန်ကို နှစ်သိမ့်ပေးချင်သော်လည်း၊ ယန့်ကျီဟန်ကြည့်ရတာ ဒီတစ်ခေါက်တော်တော်ကို စိတ်တိုသွားသည့်ပုံပင်။
“ထွက်သွား! ငါ့ကိုလာမထိနဲ့။”

လင်းယွိ ယန့်ကျီဟန်ပြောလိုက်သည်ကို သဘောပေါက်လိုက်ကာ အနောက်ကို ခြေနှစ်လှမ်းစာ ဆုတ်လိုက်လေသည်။ သူ သူ့ကိုယ်သူ ယန့်ကျီဟန်ဝေးဝေး၌သာ နေလိုက်သည်။

ယန့်ကျီဟန်အိပ်ရာထဲကနေထကာ ရေချိုးခန်းထဲသို့ မျက်နှာပုပ်သိုးသိုးနှင့် ဝင်သွားတော့သည်။

သူတကယ်ကြီး ဒေါသထွက်သွားတာပဲ။

ဒီတီကောင်က သူ့ကိုဒီလိုမျိူးပြောရဲတယ်ပေါ့။
“မင်းလိုချင်လား? လိုချင်ရင် ငါ့ကိုရှုန်းဇီလို့ခေါ်။”
အဲ့လိုစကားမျိုးကိုမှလေ!

ဒါက အထီးတစ်ကောင်က ကျွန်အမတစ်ကောင်ကို သူလက်ခံလိုကြောင်း ပြောတဲ့အခါပြောတာမျိုးလေ။
ဘာက ကျွန်အမတုန်း?

ဘာရယ်တော့မဟုတ်ပေ! ဇက်တွေတင် ယောက်ျားနှင့်မိန်းမဟူ၍မရှိကြပေ၊ တစ်ကယ်လို့ အမတစ်ကောင်ကို အထီးတစ်ကောင်က မုဒိမ်းကျင့်လိုက်ပြီဆိုတာနှင့်၊ သူကကျွန်အမပင်။ ဖယ်ရိုမုန်းအရည်အသွေးပေါ်မူတည်ပြီး အထီးတစ်ကောင်တွင် ဒါဇင်ထက်ပိုရင်ပို မဟုတ်လျှင် ရာဂဏာန်းခန့်ပင် ရှိတတ်ကြသေးသည်။

ယန့်ကျီဟန်အတွက်တော့ ဒီလိုစကားမျိုးက လာစော်ကားနေသလိုပင်။

ယန့်ကျီဟန်ကို ပိုဒေါသထွက်စေတာက ထိုစကားနှင့်အတူပါလာသည်း လှောင်ရယ်နေသလို စကားကြောင့်မဟုတ်ပေ။

သူ့ကိုပိုစိတ်ဆိုးသွားစေတာက ထိုအချိန်တုန်းက သူတကယ်ကြီးကို လင်းယွိအနမ်းတစ်ခုက သူ့ကိုစိတ်လွတ်သွားစေတာပင်။

သူ့ကို ထိုတီကောင်ဘယ်လို နမ်းခဲ့သလဲသူမသိတော့ပေမဲ့ သူ့ဦးနှောက်ထဲမှာ ထိုချိုမြိန်လှသည့် ဖယ်ရိုမုန်းတွေက ပေါက်ကွဲထွက်သွားသလိုပင်။ ထိုခံစားချက်က သူ့မသိစိတ်ထဲမှာ ဘာမှမခံစားရသလိုနှင့် တစ်ကယ်တော့ ထုံကျဉ်သလို ခံစားချက်ကြီးက ဖြစ်နေသေးသည်။ အခုသူဘာမှကို မတွေးနိုင်တော့ပေ။
အခုလို သူထိုပိုးကောင်ကို ထားပြီးထွက်လာခဲ့တာတောင်မှ ယန့်ကျီဟန်ကိုယ်က အခုထိအဆင်မပြေနိုင်သေးပဲ အရှက်မရှိစွာ ထိုပိုးကောင်၏ အနံ့ကိုလေထဲတွင် လိုက်ရှာနေမိသည်တဲ့။

သူ့အခုရေချိုးဖို့ ရေပန်းကိုဖွင့်ဖို့ လက်လှမ်းလိုက်တာတောင်မှ သူ့လက်တွေပေါ်မှာ တောက်ပနေသည့်ချွဲကျိကျိအရာတွေနဲ့ ရှိနေသည်တဲ့။

ကြည့်၊ ခဏလောက်နမ်းလိုက်တာလေးနဲ့တင်၊ သူ့ ခန္ဓာကိုယ်က ထိုပိုးကောင်ကျူးကျော်လာတာကို မျှော်လင့်နေတုန်းတဲ့၊ ပြီးတော့ သူ့ကိုနောက်တစ်ကြိမ် ထိုပိုးကောင်လာကစားမှာကိုပင် မစောင့်နိုင်တော့ဘူးတဲ့။

မုန်းဖို့ကောင်းလိုက်တာ။

ယန့်ကျီဟန်စိတ်က အခုဆို အတော်လေးကို အထိမခံနိုင်ဖြစ်နေပြီး သူ့ခေါင်းကလည်း အပေါက်ဖောက်ခံထားရသလို နာကျင်နေကာ၊ ခံစားချက်က ဗလာဖြစ်နေပြီး အဆင်မပြေဖြစ်နေလေသည်။

သူ့ကိုယ်သူ အမြဲထင်ခဲ့တာက သူကဖြူစင်ပြီး ဒီလိုအရာတွေကို စိတ်ဝင်စားမှုလုံးဝမရှိဘူးဆိုပြီးတော့ဖြစ်သည်။ သို့သော် သူလင်းယွိကို တွေ့ပြီးကတည်းက သူသဘောပေါက်လာသည်မှာ…..ဒါမဟုတ်နိုင်တော့ဘူး ဆိုတာပင်။
သူအရင်က ဒါမျိုးမခံစားခဲ့ဘူးပေ၊ သူဒီအတိုင်း ယောက်ျားတစ်ယောက်ကို ကြိုက်တယ်ဆိုရင်တောင်မှပေါ့။

သို့သော်လည်း သူ့လိုအပ်ချက်တွေက ယောက်ျားတစ်ယောက် လိုအပ်တာတွေကြီးပဲတော့ မဟုတ်ပေ….

သူက မိန်းမရော ယောက်ျားရော စိတ်မဝင်စားခဲ့ဖူးပေ။ သို့သော် ဒီပိုးကောင်က သူ့ကိုထိတွေ့နေတိုင်း သူ့ ခန္ဓာကိုယ်က တစ်ခုခုဖြစ်လာတော့သည်။

သေချာပေါက် ယန့်ကျီဟန်ပထမညကို ရှင်းရှင်းလင်းလင်းကို မှတ်မိလေသည်၊ တီကောင်က သူ့ကိုပြောခဲ့တာတွေ၊ သူ့ကို သူရဲကောင်းပါဆိုပြီး ပြောခဲ့တာတွေရောပေါ့။

သို့သော်လည်း ထိုအချိန်က လှိုင်းလုံးတစ်ခုလို အနိမ့်အမြင့် အတက်အကျတွေကိုသာ သူ့အာရုံရောက်နေခဲ့သည်၊ အင်း လင်းယွိကိုပါ မငြင်းနိုင်ခဲ့တာရောပေါ့…..

ယန့်ကျီဟန် သူ့ကိုယ်သူလည်း ထိုညက ခဏခဏ ကျယ်ကျယ်လောင်လောင် အော်ညီးနေခဲ့လားပင် မသေချာတော့ချေ။

ဒါမျိုးသူ့ကို လွန်ခဲ့သည့်နှစ်ဝက်လောက်ကများ အင်းစက်တစ်ကောင်ကောင်က သူ့ရှေ့လာပြောရဲလျှင် ယန့်ကျီဟန်ထိုသူကို ချက်ချင်းသတ်ပစ်ခဲ့လိမ့်မည်။

သို့သော်လည်း အမှန်တရားက ဒီတီကောင်ကဒါမျိုးထုတ်ပြောလာသည်သာမက ထိုစကားတွင် ဘေးကင်းလုံခြုံသည့် ခံစားချက်ပါရခဲ့သေးသည်။ သူ့ခေါင်းကို တက်နင်းပြီးတောင်ပြောရဲခဲ့တာတဲ့၊ ထပ်ပြောကြည့်လိုက်စမ်းပါ!

သောက်ကျိုးနည်း။

ယန့်ကျီဟန်မျက်နှာက ရှက်ပြီးနီရဲလာတော့သည်။

လင်းယွိရေချိုးခန်းအပြင်ဘက်တွင် စိတ်ပူပူနှင့်စောင့်နေရင်း၊ ယန့်ကျီဟန် စိတ်လျှော့သွားအောင် ဘယ်လိုရှင်းပြရမယ်ဆိုပြီး ဆက်တိုက်စဉ်းစားနေခဲ့သည်။ ဒါပေမယ့် တစ်ခုသိထားရမှာက သူကအချိန်ကူးပြောင်းလာတဲ့သူလေလို့။

ရေကျနေသည့်အသံက အတွင်းထဲကနေ ဆက်တိုက်ထွက်နေရာ လင်းယွိ ယန့်ကျီဟန်ရေချိုးနေတာပဲဟုသာ တွေးထားလိုက်သည်။

သို့သော်လည်း ယန့်ကျီဟန်ကို အချိန်အတော်ကြာသည်အထိ စောင့်နေသော်လည်း ထွက်မလာသေးပေ။ လင်းယွိ တစ်ခုခုမှားနေပြီ စတင်တွေးမိလာပြီဖြစ်သည်။

သူခဏလောက် ရပ်စောင့်နေလိုက်ပြီး တံခါးကို ခေါက်လိုက်သည်။

လင်းယွိ စကားစမပြောနိုင်ခင်မှာပဲ အထဲက ယန့်ကျီဟန်အသံက ထွက်လာလေ၏။

“ထွက်သွား!”

လင်းယွိ သူ့လက်ကလေး ပြန်ရုတ်လိုက်ကာ အနောက်ကို တစ်လှမ်းဆုတ်လိုက်သည်။

ယန့်ကျီဟန်သူ့ကို အခုတော့ လုံးဝကို မမြင်ချင်တော့ပေ၊ မဟုတ်ရင်လည်း ခဏမေ့ထားလိုက်တာပေါ့။ မနက်ဖြန်ဖြစ်ဖြစ်တော့ သူစိတ်အခြေအနေ ပြန်ကောင်းရင်ကောင်းလာမှာပါ…..

လင်းယွိ ပြန်လှည့်လာတော့သည်။ သို့သော်လည်း အခုထိသူစိတ်ပူပန်နေတုန်းပင်။

မဟုတ်သေးဘူး၊ အခု အခုဖြစ်နေတဲ့ဟာကိုသာ မဖြေရှင်းဘူးဆိုရင် နောက်ဘယ်တော့မှ ဖြေရှင်းနိုင်ဖို့ အခွင့်အရေးက ရှိလာတော့မှာ မဟုတ်တော့ဘူး။
လင်းယွိ ယန့်ကျီဟန်က သူ့ကိုမနက်ဖြန်ဆို ပိုစိတ်ဆိုးလာမယ်ဆိုပြီးသာ ခံစားမိနေလေသည်။ ထို့နောက်မှာတော့ သူ့နှလုံးသားထဲမှာပါ သူ့ကိုနာကြည်းသွားတော့မယ် ဆိုတာပင်။ သူဘယ်အချိန် ရေချိုးခန်းထဲကနေ ထွက်လာမလဲဆိုတာမသိပေ။ ဒါကမမြင်ရတဲ့ မီးတောင်ကြီးလိုပင်။ ဘယ်နေရာကနေ ဘယ်လိုပေါက်ကွဲထွက်လာမလဲမသိနိုင်ပေ။

ဒါက မရှင်းပြနိုင်ပဲသိနေသည့် မသိစိတ်အရပင်ဖြစ်သော်လည်း လင်းယွိခန့်မှန်းချက်တွေက များသော်အားဖြင့် မှန်တတ်သည်လေ။

လင်းယွိအနောက်ကိုဆုတ်လိုက်တာမှန်သော်လည်း အခုတော့ သူ့လက်ကို တံခါးလက်ကိုင်ဘုပေါ်တင်လိုက်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သတ္တိမွေးလိုက်ကာ ရေချိုးခန်းတံခါးကို တိုက်ရိုက်ဖွင့်ချလိုက်တော့သည်။

အတွင်းတွင် ရေငွေ့တွေရှိနေသော်လည်း မှန်တွေပေါ်တွင်တော့ ရေမှုန်တွေကပ်နေတာမျိုးမရှိချေ။

ပြီးတော့ ထိုရေငွေ့တွေက အေးစက်နေလေသည်။

လင်းယွိခဏလောက် ကြောင်သွားတော့သည်။ ယန့်ကျီဟန်ရေအေးတွေကို ချိုးနေတာပဲ။
သူဝင်လာသည်ကို သိသွားသည်နှင့် ယန့်ကျီဟန်မျက်လုံးကို ချက်ချင်းဖွင့်လာကာ သူ့ကိုစိုက်ကြည့်လာပြီး
“မင်းကိုထွက်သွားလို့ မပြောဘူးလား၊ ဒါလေးတောင် နားမလည်ဘူးလား?” ဒေါသထွက်နေသည့် ယန့်ကျီဟန်က အလွန်ကိုကြောက်ဖို့ကောင်းနေတုန်းပင်။

သို့သော်လည်း အခုသူကြမ်းပြင်ပေါ် ငုတ်တိုက်ထိုင်နေကာ ရေတွေကစီးကျနေသည်ပုံလေးက လင်းယွိကို ကြောက်ဖို့ထက် သနားစိတ်ဝင်သွားစေသည် ….. ကြောက်တတ်သည့်ဒီဂရီတွေက အခုလေးတင် လျော့ကျသွားသလို့ပင်။

လင်းယွိသူ့နှုတ်ခမ်းတွေကို စိထားလျက် ရှေ့သို့တစ်လှမ်းထပ်တိုးလိုက်ကာ
“တောင်းပန်ပါတယ်…ကျနော်”

ယန့်ကျီဟန်သူ့ကို ပြန်စိုက်ကြည့်လာလေသည်။ “မင်းတမင်လုပ်တာမလား?”

လင်းယွိခဏလောက် ကြောင်သွားပြီး
“မဟုတ်ပါဘူး….”

“ဇက်အင်ပါယာက ပျက်သုဉ်းသွားတာ ကြာခဲ့ပြီပဲပြောပြော မင်းငါ့ကို တစ်ခါလောက်လုပ်ဖူးတယ်ဆိုတာနဲ့ပဲ ငါမင်းကိုနောက်ဆို မငြင်းနိုင်လောက်တော့ဘူးလို့ ထင်နေတာလား?”
“????” ဘာတွေပြောနေတာလဲ? မှားနေပြီလေ!

ယန့်ကျီဟန် မတ်တပ်ရပ်လိုက်ကာ စိတ်တိုနေသည့်ပုံနှင့် ထွက်လာရင်း
“မင်းကိုငါမသတ်ရဲဘူးထင်နေတာလား? မင်းကိုငါဘာမှ မလုပ်ဘူးလို့ ထင်နေတာထင်တယ်! အဲ့ဒါနဲ့ပဲ မင်းကမင်းလုပ်ချင်ရာလုပ်လို့ရတယ်ပေါ့ အဲ့လိုလား!”

လင်းယွိ သူ့မျက်လုံးထဲက ဒေါသတွေကိုမြင်နေရကာ သူဝင်လာမိသည်ကိုပဲ နောင်တရနေတော့သည်။

သူဒီကြယ်အစုအဝေးသုံးဘာသာစကားကို ရှင်းလင်းစွာ မပြောတတ်သေးတာထားဦး။ ယန့်ကျီဟန်က အခုဆိုသူပြောတာကို လုံးဝနားထောင်မပေးလာပေ။

“ကျနော်မလုပ်ဘူး။”
လင်းယွိဆက်တိုက် တောင်းပန်နေရုံကလွဲပြီး မလုပ်တတ်ပေ။ ပြီးနောက် ယန့်ကျီဟန်လက်ထဲ သူ့လက်ကောက်ဝတ်ကို ထည့်ပေးလိုက်လေသည်။

ယန့်ကျီဟန်သူ့လက်ကို ချက်ချင်းလွှတ်ချကာ
“ငါမင်းကိုပြောထားတယ်နော်၊ ငါ့ကိုမထိနဲ့လို့။”

လင်းယွိအံကြိတ်လိုက်ကာ, ယန့်ကျီဟန်လက်ကို ပြန်ရအောင်လိုက်ဆွဲနေသည်။
“ထွက်သွား။”
ယန့်ကျီဟန် မျက်နှာအမူအရာက သူလူတွေကိုဝါးစားတော့မတတ် ဖြစ်နေသော်လည်း လင်းယွိကို အဝေးသို့တွန်းမထုတ်ပဲ နေရာမှာသာ တောင့်တောင့်ကြီးရပ်နေလေသည်။

လင်းယွိ သူ ယန့်ကျီဟန်လက်ကို အောင်အောင်မြင်မြင်ဆွဲနိုင်ခဲ့လိမ့်မယ်ဟု ထင်တောင်ထင်မထားခဲ့ပေ။

ခဏလောက်တန့်နေရာမှ လင်းယွိသူ့လက်ကောက်ဝတ်ကို ယန့်ကျီဟန်လက်ဖဝါးပေါ် တင်ပေးလိုက်ကာ သူ့လက်ချောင်းတွေကနေတစ်ဆင့် တစ်ခုခုကိုထိခိုင်းလိုက်လေသည်။

ယန့်ကျီဟန် ခဏလောက်ငြိမ်သွားပြီး ငုံ့ကြည့်လာကာ လင်းယွိလက်ကောက်ဝတ်ကို ဂရုတစိုက်နှင့် ထိကြည့်လိုက်ပြီး ချက်ချင်းမျက်မှောင်က ကျုံ့သွားလေသည်။

လင်းယွိလက်ကောက်ဝတ်ကို ရေပူအောက်တွင် ရေနှင့်ဆေးကြည့်လိုက်ရာ ဘားကုတ်နှင့်တူသည့် အနီရောင်ဖျော့ဖျော့အရာက ပေါ်လာပြီး ထိုအပေါ်တွင် နေ့စွဲလိုမျိုးတစ်ခုခုကိုပါ ရေးထားသေးသည်။

ရက်စွဲက ယန့်ကျီဟန် လင်းယွိကိုမတွေ့ခင်ရှေ့တစ်ရက်ကဖြစ်ပြီး ၎င်းကိုဘားကုတ်အောက်ခြေတွင် ရေးထိုးထားရာ ဆိုလိုသည်မှာ ဒါကလင်းယွိကို စက်ရုံကထုတ်လုပ်သည့် ရက်စွဲကိုရည်ညွှန်းထားခြင်း ဖြစ်နိုင်လေသည်။
အင်း၊ ထုတ်လုပ်သည့်ရက်စွဲပင်။

လင်းယွိသူ့ကို ပြုံးပြလာကာ သူ့ဦးနှောက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူဆိုလိုချင်သည်မှာ ထိုစကားတွေက သူပြောချင်လို့ပြောလိုက်သည့် စကားတွေမဟုတ်ကြောင်း ရှင်းပြလာသလိုပင်။

သို့သော်လည်း ယန့်ကျီဟန်ကတော့ စိတ်ညစ်သွားတော့သည်။

သူအခုမှ တစ်ခုခုကို သတိရသွားလေသည်။

လင်းယွိက တစ်ကယ်တော့ လူဖန်တီးထားတဲ့လူပုံတူတစ်ခုပဲ။

သူကတစ်ကယ် ဇက်အထီးတစ်ကောင်လည်းမဟုတ်ပေ။ သူက ဒီအတိုင်း စက်ရုံထုတ်ကုန်တစ်ခု၊ လုံးဝဈေးအမြင့်ဆုံး အရုပ်တစ်ရုပ်ဖြစ်ကာ X-အရုပ်တစ်ခု ဖြစ်သည်ဆိုတာပင်။

သူထိုစကားတွေကို‌ ပြောခဲ့သည်ဆိုတာကလည်း သူ့ဦးနှောက်ထဲထည့်ထားသည့် ချစ်ပ်ပြားလေးထဲက အချစ်စကားတွေကို ပြန်ပြောရုံသာပင်။
တစ်ကယ်လို့ လင်းယွိဘက်ကနေ စချဉ်းကပ်ဖို့ စိတ်ကူးရှိတယ်ဆိုဦးတော့ သူ့ကိုပြုံးပြကာ ထိုကဲ့သို့အရာမျိုးကို လုပ်မယ်ဆိုရင်တောင် ဒါတွေက သူ့ဒီဇိုင်းကြောင့်သာ ဖြစ်လေသည်။

သူတို့နှစ်ယောက်ကြားထဲ တစ်ကယ်လို့တစ်ယောက်ကသာ တစ်ခြားတစ်ယောက်ရဲ့ လိုချင်တပ်မက်မှုတွေကို ဖြေရှင်းပေးဖို့ ကျွန်တစ်ယောက်လို မွေးဖွားလာတယ်ဆိုဦးတော့ ထိုသူက သူမဟုတ်ပဲ လင်းယွိသာဖြစ်လေသည်။

ယန့်ကျီဟန်ဒေါသတွေက ချက်ချင်းပျောက်ကုန်ကြသော်လည်း သူ့နှလုံးသားကတော့ တစ်ခုခုနှင့် ပိတ်ဆို့ထားသလို့မျိုး ဆက်မခုန်နိုင်ကြတော့ပေ။

တစ်ကယ်တော့ တပ်မှူးက သူ့ကိုလင်းယွိအကြောင်းပြောထားပြီးသားပင်။ ပြီးတော့ သူကနည်းပညာမမြင့်ပဲ ဉာဏ်ပညာပိုင်းအားနည်းနေသေးသည့် လူလုပ်အရုပ်တစ်ခုဆိုတာပါ ပြောခဲ့လေသည်။

သို့သော်လည်း ယန့်ကျီဟန်ဒါတွေကို သူကိုယ်တိုင်ပင် မသိလိုက်ပဲ မေ့နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ လင်းယွိနဲ့ရင်းနှီးလာလေ‌လေ လင်းယွိက လူလုပ်အရုပ်တစ်ခုလို့ကို မခံစားရတော့တာကြောင့်ဖြစ်လေသည်။
အစကတည်းက ထိုတီကောင်သူ့ခြေထောက်ကို ကြမ်းပြင်ပေါ်ကနေ ဖက်ပြီးပြုံးပြလာကတည်းက သူ့ရင်တွေခုန်နေခဲ့တာဖြစ်သည်….

ထိုညက အရှက်မရှိ စိတ်ကိုမထိန်းချုပ်နိုင်ခဲ့သည်အထိ ဖြစ်ခဲ့သည့်အဖြစ်အပျက်တွေကို သူပြန်တွေးလိုက်သည်နှင့် သူဦးရေပြားကို ကျဉ်တက်သွားစေသည်အထိပင်။ နောက်ပိုင်းရင်းနှီးလာတိုင်း လင်းယွိသူ့စိတ်ထဲကိုပါ ရှင်းမပြနိုင်အောင် ရောက်နိုင်ခဲ့သည်တဲ့။

သူအမြဲတမ်းလိုလို တစ်ကယ့်လူအစစ်နဲ့သာ ရှိနေရသလိုမျိုး ခံစားခဲ့ရလေသည်။

လင်းယွိက သူ့ကိုအရင်ကသူနဲ့မတူအောင် ပြောင်းလဲပေးနိုင်ခဲ့ပြီး အမြဲတမ်းလိုလို သနားကြင်နာမှုတွေကိုသာ ပြနေခဲ့ကာ ချစ်တတ်ဖို့၊ ဂရုစိုက်တတ်ဖို့ကိုပါ သင်ပေးခဲ့သည်အထိပင်။

အဆုံးမှာတော့ အမှန်တရားက…..

သူက လူလုပ်အရုပ်တစ်ရုပ်ရဲ့  အထိအတွေ့ကနေ ပျော်လာတတ်ပြီးတော့ အနမ်းတစ်စုံကြောင့် နစ်မျောသွားတတ်သေးကာ သူဘာမှန်းမသိပဲ ပြောလိုက်သည့်စကားကြောင့် စိတ်ပါကောက်လိုက်သေးတယ်တဲ့!
ယန့်ကျီဟန်နေရာမှာပင် ကြောင်နေကာ သူ့ကိုယ်သူလည်း မယုံနိုင်သေးပေ။

သူဘာတွေဖြစ်သွားတာတုန်း!

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now