အပိုင်း ၂၃
အတောင်ပံနှင့်တစ်ယောက်က ယန့်ကျီဟန်ရှေ့မှာမထိုင်ပဲ လင်းယွိရှေ့ကခုံမှာ ပြုံးဖြီးပြီးထိုင်လိုက်လေသည်။
“ကျွန်တော်ကြားတာတော့ ခင်ဗျားက တရုတ်နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး အရမ်းစိတ်ဝင်စားနေတာဆို။”
လင်းယွိ : “….”
အင်း အဲ့လောက်ကြီးမဟုတ်ပါဘူး သမိုင်းကြောင်းကို စိတ်ဝင်စားတယ်ဆိုတာထက် ငါကိုယ်တိုင်က သမိုင်းကြောင်းလေ……
ဒါနဲ့ ဒီလူကဘယ်လိုလုပ် သိတာပါလိမ့်? ဇာတ်လိုက်မ ပြောတာများလား?
ဖြစ်နိုင်သလိုပဲ။ လင်းယွိကိုယ်တိုင်လည်း ဒီအတောင်ပံတွေနှင့်လူကို အစပိုင်းကတည်းက အာရုံစိုက်မိနေတာဖြစ်သည်။ ကြည့်ရတာတော့ ဒီလူကအဖွဲ့ချုပ်ဘက်က အရာရှိတစ်ဦးဖြစ်နိုင်ကာ ဇာတ်လိုက်မ၏ အလေးပေးခံရသူပါဖြစ်နိုင်လေသည်။ လင်းယွိအနေနှင့်တော့ ဒီလူသူ့အတောင်တွေကို ဒေါင်းအထီးတစ်ကောင်လို တစ်ဖြန့်ဖြန့်မလုပ်ပဲ သိမ်းထားသင့်သည်ဟု ထင်မိသည်။
အဖွဲ့ချုပ်ဘက်က လူတွေကိုလည်း လင်းယွိသတိထားရသေးသည်၊ သူတခြားတစ်ယောက်ကိုကြည့်မိတာနဲ့တင်ကို ယန့်ကျီဟန်ဒေါသထွက်သွားဖူးတာကြောင့် သူ့ခမျာ ယန့်ကျီဟန်ကိုလည်း အရင်လှမ်းလှမ်းကြည့်ရသေးသည်။
အခုက အဖွဲ့ချုပ်နယ်မြေအတွင်းမှာမလို့လား မသိပေမဲ့ ယန့်ကျီဟန် ဘာစကားတစ်ခွန်းမှ ပြောမလာသေးမဲ ဒေါင်းထီးကိုသာ စိုက်ကြည့်နေလေသည်။
အဖွဲ့ချုပ်ဘက်ကဗိုလ်ချုပ်လည်း လင်းယွိသူ့ကို လျစ်လျူရှုထားတာကြောင့် စိတ်အားထက်သန်စွာ ပြောလာလေသည်၊ “ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းကို ကျွန်တော်လည်းလေ့လာဖြစ်လိုက်တော့လေ အဲ့မှာသင်စိတ်ဝင်စားလောက်မယ့် နေရာတစ်ချို့ တွေ့ထားတယ်။ အဲ့နေရာတွေကို တွေ့ဖို့ခေါ်သွားမယ်လေ မကောင်းဘူးလား?”
လင်းယွိ ယန့်ကျီဟန်ကို ပြန်ကြည့်လာကာ ခေါင်းကိုခါပြလာသည်၊ “မလိုပါဘူးဗျ၊ ဒီအတိုင်းခဏ ကြည့်ပြီးတာနဲ့ ပြန်လိုက်တော့မယ်။”
တစ်ဖက်အဖွဲ့က လူတွေကလင်းယွိဘက်က စကားပြန်ပြောလာတာနဲ့ကို စိတ်တွေလှုပ်ရှားလာကြတော့သည်။ ဒါကငြင်းဆိုတဲ့စကားဆိုဦးတော့ သူတို့ဂရုမစိုက်အားပေ၊ မောင်းသူကို သူပြချင်သည့် နေရာတွေပို့ပေးရန် အမိန့်ပင်ပေးလိုက်သေးသည်။
လင်းယွိဘက်က သူတို့ကို အေးစက်စက်ဆက်ဆံရုံသာမက၊ တစ်လျှောက်လုံး လျစ်လျူရှုထားပြီး အလည်လိုက်ဖို့ကိုပင် ငြင်းခဲ့တာဖြစ်ပေမဲ့ သူတို့ကတော့ ဒါနဲ့တင်ကို ပိုပြီးစိတ်အားထက်သန်နေကြလေသည်။
သူ့အနေနှင့်တော့ ဒီရှုန်းဇီမှာ ဒီလိုပြုမူနေတာကိုက ဟုတ်လှပြီလေ။ လင်းယွိသူ့ကို အဖတ်မလုပ်တာလေးကိုက ပြီးပြည့်စုံနေကာ ပိုပိုပြီးသဘောကျလာတော့သည်။
ပြီးတော့ လင်းယွိဖယ်ရိုမုန်းက ထင်ထားတာထက်ကို ပိုချိုမြနေသေးသည်။
သူတို့စီးနေသည့် ကားပျံကကြီးသော်လည်း အခန်းကလုံလေသည်။ အပြင်ဘက်ကလေက လင်းယွိဆံပင်တွေကနေတစ်ဆင့် သူ့လည်ပင်းပေါ် ပါ တိုက်ခတ်နေကြရာ အခန်းတစ်ခုလုံး ဖယ်ရိုမုန်းနံ့တွေနှင့်သာ ပြည့်နေတော့သည်။
ဒါက တကယ်ကိုမူးရစ်စေတာပဲ။
သူ့အကြည့်ကိုတောင် လင်းယွိဆီကနေ မဖယ်နိုင်တော့ပေ။
တစ်ဖက်က လင်းယွိကတော့ ပြတင်းပေါက်အပြင်ကိုသာ ကြည့်နေလေသည်။
မြင့်မားသော အဆောက်အဦးတွေအများကြီးရှိနေကြကာ ပတ်ပတ်လည်မှာလည်း ကားပျံတွေက ပျံသန်းသွားလာနေကြလေသည်။ ကြည့်ရတာခေတ်မှီကာ အလွန်လှပသော်လည်း မြင်နေသမျှက ထူးဆန်းနေတုန်းပင်။
အောက်မှာလမ်းလျှောက်နေကြတဲ့ လူတွေကလည်း ဂိတ်မှာတွေ့ခဲ့တဲ့လူတွေလိုပင် ဘာမှထူးပြီးကွဲပြားနေကြတာမရှိပေ၊ တစ်ဝက်လောက်ဆို ဂြိုလ်သားတွေနှင့် တစ်ပုံစံထဲနီးပါးပင်။
လင်းယွိကိုယ်တိုင်သာ သူ့ကမ္ဘာကိုလာတာမှန်း မသိထားရင် သူဘယ်ရောက်နေလဲဆိုတာကို ခန့်မှန်းလို့ကို ရမှာမဟုတ်ပေ။
တစ်ဖက်အဖွဲ့ဘက်က ပြချင်သည့်ပြတိုက်တွင်တော့ အရင်ကလူနေ အဆောက်အဦးတွေပုံကို သေချာလုပ်ကာ ပြထားလေသည်။
ပတ်ပတ်လည်က ခေတ်မှီအဆောက်အဦးတွေနှင့် ယှဉ်ရင်တော့ ဘာမှမဆိုင်သလို ဖြစ်နေပေမဲ့ လင်းယွိအတွက်တော့ ၎င်းတို့ကိုခံစားလို့ကိုမရပေ။
ပြတိုက်ကိုလည်း ကားပျံတွေနှင့် လည်ပတ်လို့ရလေသည်။ ပြတိုက်ခန်းတွေက ကားပျံမှန်ဘက်ကို မျက်နှာမူနေကာ တစ်ချို့ဆို ကားမှန်ကနေတစ်ဆင့် ၎င်းတို့အကြောင်း မှတ်သားသင့်သည့်အချက်တွေကိုပါ ပြထားသေးသည်။
ပြတိုက်က အတော်ကြိုးစားဆောင်ရွက်ထားမှန်း သိသာသည်။ ၎င်းတို့ကနေတစ်ဆင့် ကမ္ဘာကြီး ဘယ်လိုဆင့်ကဲပြောင်းလဲလာသလဲဆိုတာကိုပါ လင်းယွိခန့်မှန်းမိနိုင်လာလေသည်။
ကြည့်နေရင်း ၂၁ရာစုနားကပ်လာသည်နှင့် လင်းယွိအတွက်တော့ သူမြင်နေကြဖြစ်သည့် အိမ်အသုံးအဆောင်တွေနှင့် အဝတ်အစားပုံစံမျိုးစုံတို့ကို ခင်းကျင်းထားသည်ကို တွေ့လိုက်ရတော့သည်။
ရင်းနှီးနေသည့် အသုံးအဆောင်တွေဆီမှာ ကုန်လွန်လာခဲ့သည့် အချိန်တွေက ပုံရိပ်ထင်နေကြကာ ဖန်ဗီရိုတွေထဲထည့်ပြီး ဘေးကနေ သူတို့လူနေမှုစရိုက်အကြောင်း အချက်အလက်တွေကိုပါ ဖော်ပြထားကြလေသည်။ သူတို့နားလည်မှုလွဲကာ ဖော်ပြထားသည့်အကြောင်းတွေက လင်းယွိကိုပင် ရှက်လာစေသည်။
ပိုစိတ်ရှုပ်ဖို့ကောင်းတာက ထိုအတောင်ပံနှင့်လူက သူ့ကိုပဲစကားလှိမ့်ပြောနေတာပင်။ ယန့်ကျီဟန်ကြည့်ရတာလည်း အခြေအနေကောင်းမနေပေ။
လင်းယွိဆက်လည်းမကြည့်ချင်တော့ပေ၊ မဟုတ်ရင် ယန့်ကျီဟန်လည်း ဒီအဖွဲ့ချုပ်ဘက်က လူနဲ့ရန်ထဖြစ်တော့မလိုပင်။
လင်းယွိဘက်ကစကာ ယန့်ကျီဟန်လက်ကို ကိုင်လိုက်ပြီး၊ “ဆက်မကြည့်ချင်တော့ဘူး။ ပြန်ရအောင်။”
ယန့်ကျီဟန်က ဘာမှပြန်မပြောလာပေ။ သို့သော် တစ်ဖက်ကလူကတော့ မပြန်စေချင်သေးသည့်ပုံနှင့်၊ “ပြန်တော့မလို့လား?”
“တစ်ခုခုစားဖို့ ခေါ်သွားရင်ရော? မဟုတ်လည်း ကျွန်တော်တို့ တိရိစ္ဆာန်တွေနဲ့အပင်ပြခန်းသွားရင်ရော?” လင်းယွိဘက်က သူ့ကိုပဲဆက်တိုက် လျစ်လျူရှုထားတာကြောင့် စိတ်ညစ်လာတော့သည်။
ယန့်ကျီဟန်က ဒီအထီးကို သူနားကနေမခွာချင်အောင် ဘာနည်းနဲ့လုပ်ထားပါလိမ့်?
လင်းယွိကအခု ယန့်ကျီဟန်ကို သေချာကြည့်နေနိုင်အောင် တစ်ချိန်လုံး ယန့်ကျီဟန်နဲ့ကပ်ပြီးထိုင်နေကာ ယန့်ကျီဟန်တစ်ယောက်တည်းကိုပဲ စကားပြောနေတာဖြစ်လေသည်။
ဒါကို တစ်ဖက်ကလူကသဝန်တိုလာကာ နောက်ဆုံးတော့ မထိန်းထားတော့ပဲ လင်းယွိနားကပ်လိုက်ကာ၊ “မင်းအနံ့လေးက အရသာရှိလိုက်တာ….”
ယန့်ကျီဟန် ဒီလူဖြစ်နေတာကို တစ်ချိန်လုံး ဘာမှမပြောပဲ စိုက်ကြည့်နေခဲ့တာဖြစ်သော်လည်း အခုဟိုဘက်က ပြောလာသည်နှင့် မတ်တပ်ရပ်ကာ ဆောင့်ကန်လိုက်လေသည်။ တစ်ဖက်ကလူကလည်း ခေလှသည်မဟုတ်ရာ ချက်ချင်းရှောင်နိုင်လိုက်၏။
နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်မရတာ ကြာနေပြီဖြစ်ရာ အကုန်ပေါက်ကွဲထွက်လာကြတော့သည်။
နှစ်ယောက်လုံးထသတ်တော့မလို ဖြစ်နေကြတာကြောင့် တစ်ခုခုမှားနေပြီမှန်း လင်းယွိနားလည်လိုက်က ထရပ်ပြီးတားလိုက်ရတော့သည်၊ “ရန်မဖြစ်ကြနဲ့။”
ထသတ်လုနီးနီးလူနှစ်ယောက် ရပ်လိုက်ကြကာ လင်းယွိကိုကြည့်လာလေသည်။
လင်းယွိလည်း စိတ်ငြိမ်အောင် ယန့်ကျီဟန်ကို ပြန်ဆွဲထားလိုက်ကာ တစ်ဖက်ကဗိုလ်ချုပ်ကိုပြောလိုက်သည်၊ “ကျွန်တော်ပြောလိုက်သလိုပါပဲ ကျွန်တော်တို့ပြန်လိုက်ပါတော့မယ်! အဖွဲ့ချုပ်ဘက်က ဧည့်သည်တွေကို ဒီလိုမျိုးပဲ ဆက်ဆံတော့မှာလား?”
ဗိုလ်ချုပ် လင်းယွိကို အံ့ဩသွားသည့်အကြည့်နှင့် ကြည့်လာလေသည်။
သူကမထင်မှတ်ထားပဲ လင်းယွိ၏ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုကို တွေ့ခဲ့ရာမှ စိတ်ဝင်စားခဲ့တာဖြစ်သည်။ သို့သော် ထိုစိတ်ဝင်စားမှုက လင်းယွိကိုလူကိုယ်တိုင်မြင်လိုက်ရကတည်းက ပိုဆိုးလာတော့သည်။
သူတစ်ချိန်လုံးတွေးနေခဲ့တာက လင်းယွိကို ယန့်ကျီဟန်ဆီကနေ ဘယ်လိုခိုးပြေးရမလဲသာဖြစ်ရာ တစ်ခါမှ လင်းယွိကိုယ်တိုင် ဘယ်လိုတွေးနေမလဲကို မတွေးခဲ့ဖူးပေ။
ပြောရမယ်ဆိုရင် လင်းယွိက လှပကာ သွယ်လျနုနယ်သည့်အပြင်ကို ထိပ်တန်းအဆင့် ဖယ်ရိုမုန်းလည်းရှိသေးသည်လေ၊ ထို့ကြောင့် သူလိုလူမျိုးဆိုတာ ရွှေလှောင်ချိုင့်ထဲထည့်ကာ အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်လို ကောင်းကောင်းပြုစုပေးဖို့ ထိုက်တန်သည်လေ။
ဒါပေမယ့် အခုအခါမှာတော့ လင်းယွိတောက်ပနေသည့် ရွှေရောင်မျက်လုံးတစ်စုံဆီကနေ ဦးရေပြားတွေကျဉ်မတတ် ဦးနှောက်ပင်တုန်ခါသွားသလို ခံစားလာရကာစိတ်ထိခိုက်မှုကြောင့် ချက်ချင်းမူးဝေလာသလိုပင်။
သူတခြားဘာမှမတွေးနိုင်တော့ပေ၊ အခုအချိန်မှာ သူ့ကိုယ်သူသာ အပြစ်တင်စိတ်က ကြီးထွားလာပြီး အဆင်မပြေဖြစ်လာသလိုပင်၊ သူ့ဘက်ကဒူးထောက်လိုက်ကာ တောင်းပန်လိုက်ချင်သည်အထိ။
“ကျွန်တော့်ဘက်က တောင်းပန်ပါတယ်၊ ဟို ကျွန်တော် ကျွန်တော့် စိတ်ရှုပ်အောင်လုပ်မိလိုက်တယ်မလား?”
သူ့မျက်နှာချင်းဆိုင်က လူကချွေးတွေပင်ထွက်လာကာ စကားတစ်နေတာကြည့်ပြီး လင်းယွိအံ့ဩသွားလေသည်။
သူအခုလေးတင် တော်တော်ကိုစိတ်ဆိုးသွားတာဖြစ်သည်၊ ဘာ့ကြောင့်လဲဆိုတော့ သူ့ဘက်က ဒီလောက်အထိငြင်းနေခဲ့တာတောင်မှ တစ်ဖက်လူက သူနဲ့နီးကပ်လာအောင်သာ ကြိုးစားနေခဲ့လို့ဖြစ်သည်။
ငါတော့ ယန့်ကျီဟန်နဲ့ အဖွဲ့ချုပ်ကြား ပြဿနာမတက်တက်အောင် လုပ်မိလိုက်ပြီထင်တယ်။ ငါတော်တော် မကောင်းတာပဲ!
လင်းယွိ သူ့ကိုရွံရှာသလို ကြည့်လာတာကြောင့် ဗိုလ်ချုပ်ခမျာ ချက်ချင်း ဒူးတစ်ဖက်ထောက်ချလိုက်ကာ တိုးလျှိုးစွာတောင်းပန်လာလေသည်။
“ဒါအကုန်ကျွန်တော့်အပြစ်ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…..”
လင်းယွိ ဒီလူလုပ်နေတာတွေက ထူးဆန်းသလိုခံစားရတာကြောင့် နောက်တစ်လှမ်းဆုတ်လိုက်ကာ ယန့်ကျီဟန်လက်ကိုကိုင်လိုက်ပြီး: “နောက်ထပ်ကျွန်တော့်ကို စကားလာမပြောပါနဲ့တော့။ ကျွန်တော် ခင်ဗျားနဲ့စကားမပြောချင်တော့ဘူး။”
သူလင်းယွိကို မော့ကြည့်လိုက်သည်၊ ဒီအထီးကောင်လေးက ထူးခြားတယ်၊ ပြီးပြည့်စုံတယ်၊ သူစိမ်းဆန်တယ်၊ ပြီးတော့ နတ်ဘုရားတစ်ပါးလို သောက်ရမ်းချောတယ်။
သူကဒီလို မျိုးရိုးမြင့် အထီးတစ်ယောက်ဆီကနေ မုန်းတာကိုခံလိုက်ရတာတဲ့။ ဒီကမ္ဘာပေါ်မှာ ဒီ့ထက်နာကျင်ဖို့ကောင်းတဲ့ အပြစ်ပေးမှုဆိုတာမျိုး မရှိနိုင်ပေမဲ့ သူဒီအထီးကို တပ်မက်လိုချင်စိတ်ကလည်း တစ်ချိန်တည်းမှာပဲ ပိုပြင်းပြလာတော့သည်။
ဖော်ပြလို့တောင် မရနိုင်တဲ့ တပ်မက်စိတ်တွေက သူ့ကိုယ်ထဲပိုပေါက်ဖွားလာလေသည်။ သူ့ကိုသာ ဒီကောင်လေးက ဖိနပ်နှင့်ဖိနင်းထားရင်တောင်မှ ဖိနပ်ကိုနမ်းပြီး အကောင်းဆုံးပြုစုပေးလိုက်ချင်သေးသည်။
“ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးလေး တစ်ခုလောက်ပေးပေးပါ၊ တစ်ခုခုတော့ကျွန်တော့ဘက်က ပြန်လုပ်ပေးပါရစေ၊ ကျွန်တော် ဘာမဆိုလုပ်ပေးပါ့မယ်…”
ဒီလူက တော်တော်ကိုထူးဆန်းနေမှန်း လင်းယွိခံစားလာရသလိုပင်။ သူ့ဘက်က စကားကြမ်းကြမ်းတွေပြောခဲ့တာတောင်မှ ဒီလူကရှက်သွေးဖြာကာ သူ့ကို သည်းသည်းလှုပ်နေလိုက်သေးသည်တဲ့။
“ဒါဆို အခုချက်ချင်း ကားကိုလှည့်ပေးပါ။”
တစ်ဖက်ကလူက ပြန်မပို့ချင်သေးသော်လည်း သဘောမတူလို့လည်းမရပေ၊ ကားကိုပြန်လှည့်ခိုင်းလိုက်ကာ ယန့်ကျီဟန်ကို ကြည့်မရသည့်အကြည့်နှင့် ကြည့်လာပြန်လေသည်။
လင်းယွိလည်း ယန့်ကျီဟန်ကိုသာ စိတ်လျှော့အောင် အသံတိုးတိုးလေးနှင့် ချော့နေလိုက်ရသည်၊ “စိတ်မတိုနဲ့နော်၊ သူနဲ့ ဖက်ရန်ဖြစ်မနေနဲ့။ ငါတို့ဒီနေရာကနေ မြန်မြန်ပြန်ကြမယ်နော် ဟုတ်ပြီလား။”
ယန့်ကျီဟန်သူ့ကို ပြန်ကြည့်လာကာ တံတွေးမျိုချလိုက်ပြီး အသံဩဩနှင့် ပြန်ဖြေလာသည်: “အိုခေ….”
ထိုအခါမှ လင်းယွိလည်း ယန့်ကျီဟန်ပါ ရှက်နေကာမျက်နှာနီနေမှန်း သတိထားမိလိုက်တော့သည်။
“တစ်ခုခုမှားနေလို့လား?” ယန့်ကျီဟန် နဖူးပေါ် လက်တင်ကာမေးလိုက်လေသည်၊ “အဖျားများလား?”
“မဟုတ်ဘူး။” ယန့်ကျီဟန်သူ့လက်ကို ပြန်ကိုင်လာကာ မျက်နှာပေါ် ဖိထားလိုက်ရင်း ပြုံးပြလာသည်။
“ဘာလို့ အဲ့လောက်ပျော်နေတာတုန်း?”
ယန့်ကျီဟန် အပြုံးရေးရေးလေး ပြုံးပြလာသည်။ “မင်းသူ့ကို ပစ်ထားလိုက်တာပဲ။”
လင်းယွိ မျက်မှောင်ကျုံ့လိုက်ကာ၊ “သူမင်းကို ရန်လာပြုတယ်ထင်လို့လေ။”
ယန့်ကျီဟန် လင်းယွိအတွေးလွန်နေမှန်း သတိထားမိလေသည်၊ ဒါပေမယ့် သူသာထိုအတောင်ပံနှင့်ကောင်ကို ရိုက်သတ်လိုက်ဦးတော့ အဖွဲ့ချုပ်ဘက်က သူ့ကိုဘာမှလာလုပ်ရဲမှာ မဟုတ်ပေ။
ပြီးတော့ ဒီကောင်ကသူ့ပြိုင်ဖက်အနေအထားတောင် မဟုတ်သေးပေ၊ လင်းယွိသာ သူ့ကိုလာမတားရင် သူဒီကောင်ကို မြေပေါ်ကျအောင် ရိုက်သတ်ပြီးနေလောက်ပြီဖြစ်သည်။
ဒါပေမယ့် ထိုအကြောင်းကိုတော့ မပြောဖြစ်လိုက်ပေ။ ဘာကြောင့်လဲဆိုတော့ လင်းယွိဂရုစိုက်ခံနေရတာက ကောင်းတယ်လေ။ တဖြည်းဖြည်း သူထူးဆန်းလာမှန်း သတိထားမိသော်လည်း ပြုံးနေတာကိုတောင် မရပ်နိုင်ပေ၊ နှလုံးတောင် အမြန်ခုန်နေကာ လက်တွေပါတုန်လာသည်အထိ။
ယန့်ကျီဟန်က သူ့ကိုမှီလာကာ အကြည့်တွေက နှုတ်ခမ်းတွေပေါ်မှာသာ ရစ်ဝဲနေပြီး သေချာပေါက်ထိုအကြည့်တွေက တစ်ခုခုကိုပါ မျှော်လင့်နေသလိုပင်။
လင်းယွိအနားတိုးလိုက်ကာ သူ့လည်ပင်းကိုပွတ်ပေးလိုက်သည်နှင့် ယန့်ကျီဟန်တစ်ကိုယ်လုံးက စကားနားထောင်သည့်သားရဲကောင်ကြီးလို သူ့အပေါ်ပြိုကျလာတော့သည်။ လင်းယွိသူ့ကို အတန်ကြာနမ်းလိုက်ကာ ခွဲလိုက်ကြသည်။
ယန့်ကျီဟန်က သူ့နှုတ်ခမ်းနောက်ကို ထပ်လိုက်နေတာကြောင့် လင်းယွိတိုးတိုးလေး ပြောလိုက်ရသည်၊ “ပြန်ရောက်မှ ထပ်နမ်းကြမယ်လေ။” ဒီနေရာမှာ တစ်ခြားသူတွေလည်း ရှိသေးတာကို။
“အွန်း…”
လင်းယွိ အခုဆို ဒီကမ္ဘာမြေပေါ်နေချင်စိတ် တစ်စက်တောင်မရှိတော့ပေ။ အခုထွက်လာသည့် ပြတိုက်မှာကတည်းက သူမြင်သလောက်တော့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုလမ်းကြောင်းက သူရင်းနှီးသည့်နေရာနှင့် တစ်ပုံစံတည်းပင်၊ မတူညီသည့် သမိုင်းကြောင်းနှင့် အပြိုင်စကြဝဠာ တစ်ခုလိုပင်။
သူနေရာရွှေ့ပြောင်းခံလိုက်ရကတည်းက အတိတ်ကိုမပြန်တော့ဖို့ ကံပါခဲ့ပုံပင်။ ကမ္ဘာမြေကိုက သူ့အိမ်မဟုတ်တော့သလိုပင်။
အခုအလည်အပတ်ခရီးကြောင့်လည်း နောက်ဆုံးတော့ လင်းယွိသူ့ကိုယ်သူပြန်ဖြေသိမ့်ပေးနိုင်ခဲပြီး အတိတ်ကိုလည်း နှုတ်ဆက်နိုင်ခဲ့လေသည်။
ကားပျံက ကူးပြောင်းပေးသည့်ဂိတ်ကို လျင်မြန်စွာပျံသန်းနေကာ တစ်ဖက်ကအဖွဲ့ကလူတွေကလည်း လင်းယွိနောက်ကို ဆက်လိုက်ချင်နေသေးသည့်ပုံပင်။
ဗိုလ်ချုပ်က လင်းယွိကိုသာ တစ်ချိန်လုံးကြည့်နေခဲ့သော်လည်း ယန့်ကျီဟန်က ထိုလူ့ရှေ့ကနေ တစ်လျှောက်လုံးကာနေခဲ့လေသည်။ ကားအဖုံးကိုပိတ်လိုက်သည်နှင့် ထိုဒေါင်းထီးကောင်ကို လျှောက်လမ်းဘေး ကန်ချပစ်လိုက်တော့သည်။
ယန့်ကျီဟန် မျက်ခုံးပင့်လိုက်ကာ ဘေးကလက်ထောက်ကို အေးစက်စက်နှင့် လှမ်းကြည့်ပြီးပြောလာသည်၊ “သွားမယ်။”
လက်ထောက်ခမျာ ကျောဘက်ကနေ ချက်ချင်းကြက်သီးတွေထလာသလို ခံစားလိုက်ရတော့သည်၊ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခေါင်းကိုချက်ချင်း ညိတ်ပြလာလေသည်။ သူနောက်တစ်ကြိမ် အာကာသယာဉ်ခန်းထဲရောက်သည်အထိ လင်းယွိကို ကြည့်တောင်မကြည့်ရဲတော့ပေ။
မကြာခင်မှာပဲ သူတို့အကုန် ဂိတ်သို့ရောက်လာကြတောသည်။ ယန့်ကျီဟန် စိတ်မရှည်သည့်ပုံနှင့် အကုန်လုံးကိုဖယ်ကာ သူ့အာကာသယာဉ်ပေါ် တက်သွားတော့သည်။
သူတို့တွေက အခုလေးတင်အဖွဲ့ချုပ်၏ ဂြိုလ်ကနေ ပြန်လာကြတာဖြစ်ရာ သူတို့ကိုယ်ပေါ် တခြားဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဒါမှမဟုတ် တရားမဝင်သည့်အကောင်တွေ ကပ်ပါလာတာမျိုး မရှိတာသေချာအောင် အာကာသယာဉ်ပေါ်ရောက်သည်နှင့် ပိုးသတ်သည့်အခန်းထဲဝင်ကာ စစ်ဆေးမှုခံကြရသည်။
လင်းယွိ စခရင်ပေါ်မှာ ခန္ဓာကိုယ်စစ်ဆေးပေးသည့် လုပ်ငန်းစဉ်ကိုပါ မြင်လိုက်သည်နှင့် ယန့်ကျီဟန်အတွက် အိုင်ကွန်လေးကို နှိပ်ပေးလိုက်လေသည်။
“ခင်ဗျား ဖျားနေတယ်ထင်တယ်။”
ယန့်ကျီဟန် လင်းယွိထိုအချက်တွေကို ရွေးတာမြင်လိုက်ကတည်းက မျက်မှောင်ကြုံ့လိုက်သော်လည်း ဘာမှတော့မပြောလာပေ။
ယန့်ကျီဟန်ကိုယ်တိုင်လည်း တစ်ခုခုမှားနေမှန်းတော့ ထင်နေပေမဲ့ စစ်ဆေးမကြည့်မိခဲ့ပေ။ ဘာကြောင့်လဲဆိုတော့ ထိုစက်ကနေ သူလင်းယွိဖယ်ရိုမုန်းကို အစွဲလမ်းလွန်နေတာပါဆိုပြီး ထွက်လာမယ်မှန်း သူသိသည်လေ။
ဒါကြီးက ကြားရတာတော့ သိပ်မကောင်းဘူးလေ။
စစ်ဆေးသည့်လုပ်ငန်းစဉ်က မြန်ဆန်လှသည်။ နှစ်ယောက်သား အပြာရောင်အလင်းနှင့် အပူငွေ့တွေ ထွက်နေသည့် အခန်းထဲဝင်လိုက်ကာ ဘက်ပေါင်းစုံစစ်ဆေးခံဖို့ကို စောင့်နေလိုက်ကြသည်။
နှစ်ယောက်ကအခု အလွန်နီးကပ်စွာ ထိုင်နေကြတာဖြစ်ရာ လင်းယွိဘက်ကနေ ယန့်ကျီဟန်သူ့ကိုပဲ ကြည့်နေတာဟုခံစားမိလာတာကြောင့် သူ့ဘက်ကြည့်လိုက်တာနှင့် ယန့်ကျီဟန်သူ့နားကပ်လာကာ နမ်းလာတော့သည်။
လင်းယွိ ရီလိုက်မိသည်။ ဘာလို့ဒီလောက်တောင် ပွတ်သီးပွတ်သပ်နေတတ်တာလဲကွာ။
“သူပြန်လာပြီ။” ယန့်ကျီဟန်က ပြောလိုက်၏။
ဟုတ်သားပဲ။
အခန်းထဲက အလင်းမှိန်မှိန်ကလင်းလာကာ၊ “ကျေးဇူးပြုပြီး သတ်မှတ်ထားတဲ့ နေရာမှာပဲ ရပ်ပေးပါ၊ ပြီးတော့ မလှုပ်ရှားကြပါနဲ့။”
လင်းယွိဘက်က သူ့ကိုတွန်းလိုက်ပေမဲ့ အခုထိကို မရွေ့သွားသေးပေ။ ယန့်ကျီဟန် တစ်တီတီမြည်နေသည့် အသံကို မကြားချင်ယောင်ဆောင်ထားက တစ်ဖက်ကို မသွားခင်လေးကိုတောင် သူ့အနားမှာကပ်ကာ ခဏလောက်ပွစိပွစိ လုပ်နေလိုက်သေးသည်။
စကန်ဖတ်တာပြီးသွားသည်နှင့်တစ်ပြိုင်နက် လင်းယွိကို အခန်းထဲခေါ်လာတော့သည်။
ဒီနေ့လင်းယွိက ခဏခဏကို သူ့ကိုလိုချင်စိတ်ပေါက်အောင် လုပ်နေခဲ့တာဖြစ်သည်၊ တစ်ဖက်တွင်လည်း သူတစ်ဦးတည်းသာ လင်းယွိကိုထိလို့ရအောင်၊ ဘယ်သူမှမတွေ့ရအောင် ဝှက်ထားချင်စိတ်တဖွားဖွားပေါက်အောင် လုပ်နေခဲ့လေသည်။
ယန့်ကျီဟန် အခုချက်ချင်းကို လင်းယွိကိုထိကာ သူ့နာမည်ကို လင်းယွိတစ်ကိုယ်လုံးပေါ် တံဆိပ်နှိပ်ပစ်ချင်စိတ်က တားမရဆီးမရပင်။
ပြောရမယ်ဆိုရင် ပွတ်သီးပွတ်သပ်နေရတာကြိုက်တဲ့ ကျားကြီးက ဒီနေ့စိတ်အားအရမ်း ထက်သန်နေပြီဆိုတာပင်။ လင်းယွိပါ သူ့ကြောင့် စိတ်လှုပ်ရှားလာသလိုပင်။
ဒါပေမယ့် လင်းယွိမမျှော်လင့်ထားတာက ယန့်ကျီဟန်သူ့အပေါ်အဝတ်တွေကို ချွတ်ပစ်လိုက်မယ်ဆိုတာပင်။
“ဒီမှာ။”
လင်းယွိ အခု တကယ်ကို ကြောင်သွားပြီဖြစ်၏။
“မြန်မြန်။” ယန့်ကျီဟန် မျက်နှာကိုလက်တွေနှင့်ကာထားကာ လင်းယွိကိုမကြည့်မိအောင် မျက်လုံးတွေကို တင်းနေအောင်မှိတ်ထားတော့သည်။
သူလည်း ဒီလိုတောင်းဆိုမှုတွေတော့ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ခုနကလေးတင် လင်းယွိထိတာခံလိုက်ရကတည်းက တစ်ကိုယ်လည်းယားကျိကျိဖြစ်နေသလို ဖြစ်နေတယ်တဲ့လေ။ ဒါတော့သူလည်း မတတ်နိုင်ပေ။
လင်းယွိတံတွေးမျိုချလိုက်ကာ ခေါင်းကိုငုံ့ချလိုက်ပြီး သူ့ရှေ့ကအချိုခဲလေးတွေထဲက တစ်ခုကိုစစားလိုက်တော့သည်။
ကျားကြီးက လူးလှိမ့်နေကာ ခေါင်းကိုခါယမ်းနေပြီး လည်ချောင်းထဲကနေ အသံလေးထွက်လာတာက သူ့အတွက်တော့ ရူးသွပ်သွားမတတ်ပင်။
ယန့်ကျီဟန်က သူ့ကိုသွားတွေသုံးပြီး နှုတ်ခမ်းတွေကိုကိုက်ပေးဖို့ ပြောလာတာကကို သူ့ခေါင်းတွေမူးရစ်သွားစေကာ မကြာခင် သူ့လက်တွေမှာ အားပိုစိုက်လိုက်တော့သည်။
ကြောင်ကြီးခမျာ ခုန်ဆွနေကာ လည်ပင်းကိုမြှင့်လိုက်ပြီး ကျောရိုးက တံတားတစ်ဆင်းအလား အပေါ်မြောက်တက်လာတော့သည်။
လင်းယွိလက်တွေခမျာ အတန်ကြာမှာ စိုစွတ်သွားကြတော့သည်။ အသက်ရှူထုတ်လိုက်ကာ သူ့ကိုယ်သူပြန်အားပေးနေလိုက်သည်။
ယန့်ကျီဟန် မျက်လုံးတွေကို အမြန်ဖွင့်လိုက်ပြီး လင်းယွိလက်ကို မျက်တောင်တဖြတ်ဖြတ်ခတ်လျက် ကြည့်လာလေသည်။
လင်းယွိ ယန့်ကျီဟန်ကိုဆက်နမ်းလိုက်ကာ
“ဘာဖြစ်လို့လဲ….?”
ယန့်ကျီဟန် သူ့နှာခေါင်းကိုပဲ ရွေ့နေလိုက်ကာ ပါးစပ်ထဲက အချိုရေတစ်ချို့ကို မျိုချနေလိုက်သည်။ ပြီးနောက် ဝိုင်းစက်နေသည့် မျက်လုံးတွေနှင့် သူလိုချင်သည့်အရာကို စိုက်ကြည့်နေလိုက်ကာ ရုတ်တရက်ထိုင်ချလိုက်တော့သည်။
လင်းယွိကြောက်လွန်းလို့ နေရာကနေ မရွေ့နိုင်တော့ပေ။
ယန့်ကျီဟန် မျက်မှောင်ကြုံ့ကာ သူ့ရှေ့ကအရာကို ကြည့်နေလေ၏။
“ဆက်မယ်လေ….”
လင်းယွိ : “….”
လင်းယွိလည်း ရွေးစရာမရှိတော့ပေ၊ ရှေ့ဆက်မယ်ဆိုမှတော့ ဆက်ကြတာပေါ့။
တစ်ဖက်က ယန့်ကျီဟန်ကတော့ လင်းယွိဆီက ချိုချဉ်က အရမ်းမွှေးနေတာကြောင့် လုံးဝဆွဲဆောင်ခံလိုက်ရပြီး ဖြည်းဖြည်းချင်းရှေ့သို့တိုးသွားကာ မျက်လုံးတွေမှိတ်လိုက်ရင်း မျက်နှာတစ်ခုလုံးကို ထိုအရာထံမြုပ်ထားလိုက်တော့သည်။
အချိုရေတွေက ယန့်ကျီဟန်မျက်နှာပေါ်ပြန့်နေပြီး သူ့မျက်တောင်တွေပေါ်မှာပါ တင်နေကြသည်။ ယန့်ကျီဟန်ကတော့ သူလျှာကိုတောင် အပြင်ထုတ်လိုက်ကာ ပါးစပ်ထောင့်နားလေးကို လှမ်းလျက်လိုက်ပြီး ပါးစပ်ကိုပြန်ပိတ်ထားလိုက်သေးသည်။ အရမ်းချိူလွန်းလို့ထင်သည် နောက်ဆုံးမှာတော့ ပါးစပ်ကိုပြန်ဖွင့်လာလေ၏။
မာနေသည့်ချိုချဉ်ချောင်းက ဖယ်ရိုမုန်းစုထားသည့် အာခေါင်အထိရောက်တာကြောင့် မျက်တောင်တွေပါ တုန်ရီလာကြတော့သည်။
ယန့်ကျီဟန် အမူအရာက ရွံရှာနေသည့်ပုံတောင်မပေါ်ပေ၊ မျက်လုံးတွေကို မှေးထားကာ သူ့တံတွေးတွေက ချိုမြိန်သည့်အရသာနှင့် ပေါင်းစပ်သွားပြီး တစ်ဖက်ကလည်း ဆက်တိုက်စိမ့်ထွက်နေတာကြောင့် ပါးစပ်ထောင့်စွန်းကနေ စီးကျနေတော့သည်။
လင်းယွိ ယန့်ကျီဟန်ကိုသာ ကြည့်နေနိုင်လေသည် …. သူနေရာရွေ့ဖို့ မလွယ်ဘူးလေလို့။
သူ့ခမျာ အပေါ်လည်းမတက် မကျသည့်ပုံဖြင့်သာ ရှိနေလေသည်။
အတန်ကြာမှာတော့ လင်းယွိချွေးတွေရွှဲသွားတော့သည်။ ယန့်ကျီဟန်ဆံပင်တွေကို ဆွဲဖွလိုက်ကာ၊ “အဲ့ဒါဖယ်ရိုမုန်းတွေက အရမ်းပြင်းနေလို့လား…”
ကြည့်ရတာတော့ သူ့ဖယ်ရိုမုန်းတွေကြောင့်ဖြစ်ဖို့များလေသည်။ သူအခုထိ ဒီလိုအရာမျိုးက ယန့်ကျီဟန်နှင့် မလိုက်ဖက်ဟု ထင်နေတုန်းပင်။
လင်းယွိသူ့ကို စကားပြောလာတာကြောင့် နောက်ဆုံးတော့ ခန္ဓာကိုယ် ပြန်မော့ကြည့်လာလေ၏။
ယန့်ကျီဟန်မျက်လုံးတွေ နောက်တစ်ကြိမ် ရွှေရောင်ပြောင်းသွားမှန်း လင်းယွိသတိထားမိလေသည်။ အရင်ညိုပြာရောင်မျက်လုံးအရောင်နှင့် တစ်ဝက်ဆီ ကွဲထွက်နေကြပြီး နဂိုစူးရှပြတ်သားသည့် မျက်ဆံတွေအစား ဝိုင်းစက်နေသည့် အကြည့်နှင့် သူ့ကိုရီဝေဝေ ကြည့်လာလေ၏။
ယန့်ကျီဟန် လင်းယွိကိုကြည့်လာကာ ပြန်အကြည့်လွှဲသွားပြန်သည်။
လင်းယွိဘက်က ဒီလိုကြည့်လာကာမှ သူ့ကိုယ်သူအသိစိတ်ပြန်ဝင်လာပြီး မြန်မြန်လွှတ်ပေးလိုက်တော့သည်။
သူဘာဖြစ်သွားတာပါလိမ့်။ သူကို့တစ်ယောက်ယောက်များ ပြုစားလိုက်တာလား?
ဒါပေမယ့် အခုနောက်ပိုင်း လင်းယွိကို ဒီအတိုင်းနမ်းနေရတာကိုက သူ့အတွက်တော့ မလုံလောက်သေးသလိုပင်၊ ဖယ်ရိုမုန်းတွေကို ထပ်ထပ်ပြီး လိုချင်နေတော့သည်။
ဒါကစိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်သာသာမဟုတ်တော့သလိုပင်၊ ကြည့်ရတာတော့ သူ တကယ်ကြီး လင်းယွိထပ်ပေးလာတာကို လိုချင်နေသလိုပင်။
ယန့်ကျီဟန် သူ့ကိုယ်သူထူးဆန်းလာတယ်ဟု ထင်လာကာ ပါးစပ်ကိုကာပြီး လင်းယွိကိုကြည့်မလာတော့ပေ။
လင်းယွိလည်း ယန့်ကျီဟန်ရှက်နေတာကြောင့်ဟုထင်ကာ အနောက်ကနေ ဖက်ထားလိုက်သည်။
“ငါဆက်မလုပ်တော့ဘူးနော်၊ ဒါဆိုငါတို့ရေအတူတူ ချိုးကြမလား?”
ယန့်ကျီဟန် အတန်ကြာတိတ်နေကာ ပြန်လှည့်ကြည့်လာလေသည်၊ “မင်းပဲချိုး….”
ထိုအချိန်မှာပဲ ယန့်ကျီဟန်တာမီနယ်ဆီက အသံကကြားဖြတ်ထွက်လာလေသည်။
တပ်မှူးအသံက ပေါ်လာကာ၊ “မာရှယ်။”
ယန့်ကျီဟန် ဒေါသထွက်နေပေမဲ့ လင်းယွိကိုတင်းနေအောင် ဖက်ထားလိုက်ပြီး ပြန်ပြောလိုက်သည်။
“ငါမပြောထားဘူးလား ငါ့ကိုမနှောင့်ယှက်နဲ့လို့။”
တစ်ဖက်က ခဏလောက်တိတ်သွားလေသည်။ ဒါပေမယ့် မကြာလိုက်ခင်မှာပဲ၊ “ဒါပေမယ့် ဒါကအရမ်း အရေးကြီးလို့ပါ။ ခန္ဓာကိုယ်စစ်ဆေးချက်ထွက်လာပါပြီ။”
“မာရှယ့်မှာ ကိုယ်ဝန်ရှိနေတာတဲ့။”
![](https://img.wattpad.com/cover/345665170-288-k287544.jpg)