Chapter 27

3.1K 297 4
                                    

အပိုင်း ၂၇ - His fame has been ruined

မစ်ရှင်အကြောင်းတွေးလိုက်တာနဲ့ကို ရုံဝမ်မျက်နှာက ငိုမဲ့မဲ့ဖြစ်လာတော့သည်၊ “ဟုတ်ကဲ့….”

လင်းယွိ သူနိုင်ဖူးသည်မှာ ရှားလှရာ ရုံဝမ်ထွက်သွားတာက သူ့အတွက်တော့ ဝမ်းနည်းစရာကောင်းနေတော့သည်။ သူတကယ် ထပ်ချချင်သေးတာကို။

ဒါပေမယ့် လင်းယိပတ်ပတ်လည်ကို ပြန်ကြည့်မိလိုက်ရာမှာတော့ သူ့နားကလူတွေအကုန်လုံးလိုလိုက သူဝင်လာစနှင့် လုံးဝကွဲပြားသည့် စိတ်အားထက်သန်သည့် အကြည့်တွေနှင့် ကြည့်နေကြလေတော့သည်။

စစ်သားတစ်ယောက် အရှေ့ထွက်လာကာ မေးလာလေသည်၊ “ကျွန်တော်နဲ့အတူတူ ချပေးလို့ရမလားခင်ဗျ?”

လင်းယွိဘေးက ယန့်ကျီဟန်တစ်ယောက် ရှေ့ထွက်လာသည့် စစ်သားကိုစိုက်ကြည့်လာလေသည်။

ထိုယောက်ျားမှာ ထူထဲလှသော မျက်ခုံးမွေးတွေနှင့် မျက်လုံးကြီးကြီးတစ်စုံရှိပြီး ပြုံးလိုက်တိုင်းဖြူဖွေးနေသော သွားတွေကိုပါ လှစ်ဟပြလာပြီး လင်းယွိကိုလေးစားဟန်အပြည့်နှင့် ကြည့်လာလေ၏။

လင်းယွိပြန်ပြုံးပြလိုက်ကာ လက်ခံပေးတော့မည့်အချိန်မှာပဲ ဘေးက ယန့်ကျီဟန်က ဘာမှမတွေးပဲ ထငြင်းလိုက်လေသည်၊ “မရဘူး။”
လင်းယွိ : “….?”

ဘေးကလင်းယွိသူ့ကို ကြည့်လာသည့်ပုံကြောင့်သာ သူတုံ့ပြန်လိုက်သည့်ပုံက ထူးဆန်းနေမှန်း သတိထားမိသွားကာ နောက်ဆုံးတော့ ဆံပင်ရှည်တွေနှင့် ဖုံးအုပ်ထားသော လူနှင့်ပင်အနည်းငယ်သာ တူသည့်တစ်ယောက်ကို ရွေးလိုက်လေသည်။

“မဟုတ်လည်း….မင်း သူနဲ့ချလိုက်။”

လင်းယွိ : “…”

ဆံပင်ရှည်ရှည်ကြယ်အစုအဝေးကလူကြီး : “…???”QAQ

ယန့်ကျီဟန် ရှာလကာရည်အိုးက ထပ်မှောက်ကျလာမှန်း သိနေတာကြောင့် ဘာပြောရမှန်း မသိတော့ပဲ ခေါင်းသာခါနိုင်တော့သည်၊ “အဆင်ပြေတယ်၊ ငါနောက်ထပ်မချတော့ဘူးနော်။”

စစ်သားခများ တုန်တုန်ရီရီနှင့်‌ နောက်ကိုပြန်ဆုတ်သွားရှာ၏။

အရင်ကတော့ လူတိုင်းကလင်းယွိကို အလှပြကြွေအိုးသာသာသာ ထင်ထားကြသော်လည်း ခုနလေးတင် ချသွားကြသည့် တိုက်ပွဲကြောင့် လင်းယွိ၏သန်မာလှသည့် စိတ်စွမ်းအင်အကြောင်းကိုလည်း သိသွားကြလေပြီဖြစ်ကြသည်။

ပိုဆိုးတာက လင်းယွိတိုက်ခိုက်ပုံတွေကို ယန့်ကျီဟန်ကိုယ်တိုင် လေ့ကျင့်ပေးထားတာကြောင့်ပင်။ ဒီလိုကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခံရဖို့ အခွင့်အရေးက ရှားလှသည်လေ။

ပြောရမယ်ဆိုရင် ဘယ်လိုပုံမှန်အခြေအနေမျိုးမှာမှ မာရှယ့်ရဲ့ လေ့ကျင့်ဖက်ဖြစ်လာဖို့ဆိုတာမျိုးက ဖြစ်မလာနိုင်ပေ။

ဒါပေမယ့် လင်းယွိကြည့်ရတာ စကားပြောလို့အဆင်ပြေသည့်ပုံမလို့ ထိုစစ်သားက ရှေ့ထွက်လာကာ အတူတူတိုက်ဖို့ပြောခဲ့တာဖြစ်လေသည်။

ဒါပေမယ့် ခက်တာက အဲ့အချိန်မှာပဲ သူတို့မာရှယ်ကြည့်ရတာ ပျော်သည့်ပုံမပေါ်တော့တာပင်။ ထိုအချိန်မှာပဲ လူတိုင်းက လင်းယွိကမာရှယ်ရဲ့ ချွေးမလေးမှန်း ရိပ်မိသွားကြကာ စကားတစ်ခွန်းတစ်လေတောင် မထွက်လာတော့ပေ။

မာရှယ်က ပိုင်ဆိုင်လိုစိတ်ပြင်းလိုက်တာ။

ယန့်ကျီဟန် ခေါင်းငုံ့ထားသော်လည်း သူ့ကြည့်ရတာတော့ စိတ်ရှုပ်နေသလိုပင်၊ လင်းယွိလက်ကို ဆွဲကိုင်လိုက်ကာ ပြောလာလေသည်၊ “ငါမင်းနဲ့ နောက်ကျမှအတူတူ ကျင့်ပေးမယ်လေ၊ အခုတော့ အရင်ဆုံးကျောင်းဘက်ကို သွားကြည့်ကြရအောင်?”

“အိုခေ။”

ဒီနေရာက အရာရာတိုင်းက ယန့်ကျီဟန်နှင့် သက်ဆိုင်နေတဲ့ဟာတွေကြီးပင်။ ကျောင်းကိုဝင်ဖို့တောင်မှ လုပ်ငန်းဆောင်တာများစွာကို လုပ်ရသေးသည်။

ယန့်ကျီဟန် အရင်ဆုံးလင်းယွိကို ရေးဖြေစာမေးပွဲဖြေခိုင်းကာ သူ့စိတ်စွမ်းအားကို သွားစစ်ကြလေသည်။

လင်းယွိ စာမေးပွဲခန်းထဲကို ဝင်လိုက်သည်နှင့် စိတ်ကလှုပ်ရှားနေပေမဲ့ ထွက်လာတော့လည်း အနည်းငယ်တော့ ကြောက်နေသေးသလိုပင်။

“ငါတစ်ချို့ဟာတွေ သိပ်မသိဘူး….”

ယန့်ကျီဟန် သူ့လက်ကိုဖျစ်လိုက်ကာ၊ “ဒီဘာသာစကားကို မင်းလေ့လာတာမှ မကြာသေးတာ၊ အဆင်ပြေပါတယ် မကြာခင် အကုန်လိုက်မှီသွားလိမ့်မယ်။”

ယန့်ကျီဟန်အနေနှင့်လည်း လင်းယွိမှာ ဖြစ်လာနိုင်ခြေတွေ အများကြီးရှိမှန်း သိပြီးသားဖြစ်လေသည်။ စစ်ရုပ်နှင့်ဆိုင်သည့် နည်းပညာဆိုတာမျိုးက ရှုပ်ထွေးလှရာ ငယ်ငယ်ကတည်းက ပညာသင်ယူလာခဲ့တဲ့ ကြယ်အစုအဝေးကသူတွေတောင် စာမေးပွဲကို ကျတတ်ကြသေးသည်။ လင်းယွိ လအနည်းငယ်လောက်ကမှ ကိုယ်တိုင်လေ့လာထားတာဖြစ်ပေမဲ့ မေးခွန်းတွေကို နားလည်နေတာကိုက တော်တော်ကိုတော်တယ်လို့ ပြောလို့ရနေပြီဖြစ်သည်။

စစ်ဘက်ဆိုင်ရာအကယ်ဒမီက ဒီဂြိုလ်၏ အဓိကြယ်ကြီးပေါ်တွင်ရှိကာ ထိုအကယ်ဒမီ၏ ဆရာလည်း လင်းယွိစာဖြေလွှာကို လက်ခံရလိုက်လေသည်။ ယန့်ကျီဟန်လည်း ၎င်းတို့ကို ဗီဒီယိုကောလ်ကနေတစ်ဆင့် ချိတ်ဆက်လိုက်လေသည်။

သူ့အဖြေလွှာအကြောင်းတွေးလိုက်တာနဲ့ကို လင်းယွိကြောက်လာကာ အနောက်တံခါးကနေ ဝင်လာတဲ့လူတစ်ယောက်လို မျက်နှာကိုကာထားလိုက်တော့သည်။

သေချာပေါက်ကို တစ်ဖက်က ဆရာ‌တွေလည်း လင်းယွိလိုပင် ခံစားလာရတော့သည်။

အဖြေလွှာရလဒ်တွေက ပထမဆုံးထွက်လာသည်နှင့် သူတို့ လင်းယွိအဖြေလွှာကိုကြည့်ကာ တွေးမိသည်က ကြောက်ဖို့ကောင်းလိုက်တာဆိုတာပင်။

သူတို့အနေနဲ့လည်း မာရှယ်တစ်ယောက် ဘာလို့ဒီလိုစက်ရုပ်တွေမှာ စိတ်ဝင်စားတဲ့ လူတစ်ယောက်ကို ခေါ်လာမှန်းမသိပေမဲ့ ဒီလူကိုသင်ပေးဖို့ကလည်း သိပ်တော့မဟုတ်သေးသလိုပင်၊ အဘယ့်ကြောင့်ဆိုသော် လင်းယွိရလဒ်တွေအကုန်လုံးက တော်တော်လေးကို ဆိုးရွားနေလို့ပင်။

ဒီလိုပုံမျိုးနဲ့ကိုမှ စစ်ဘက်ဆိုင်ရာအကယ်ဒမီကို ဝင်ချင်တယ်ဆိုမှတော့ သူ့မှာလည်း သိပ်ကောင်းတဲ့ကိုယ်ကျင့်တရားရှိမယ့်ပုံတော့ မပေါ်ပေ! ဒါပေမယ့် ကြည့်ရတာတော့ ဒီကောင်လေးကို မာရှယ်ကတော်တော်အလိုလိုက်ထားသည့်ပုံပင်။ အနာဂတ်မှာသာ ကြားထဲအငြင်းပွားစရာတစ်ခုခု ရှိလာရင်တောင် မာရှယ်ကအပြစ်လာတင်မယ့်ပုံပင်။

ရှုပ်လိုက်တာ။
ဆရာသုံးယောက်သား မျက်နှာမှာစိတ်ပျက်နေမှုက အထင်းသားပင်။ ဒါပေမယ့် တစ်ဖက်ကဗီဒီယိုစခရင်ပွင့်လာတာနဲ့ ချက်ချင်းကိုသူတို့အတွေးတွေကို ဖုံးဖိထားလိုက်ကြတော့သည်။

စခရင်တစ်ဖက်ခြမ်းမှာတော့ ယန့်ကျီဟန်နှင့် သူ့ဘေးမှာ တကယ်ကြီးကို ကြည့်ကောင်းတဲ့ယောက်ျားတစ်ယောက်က ထိုင်နေလေသည်။

ကျွတ် ကျွတ် တကယ်ကိုဆိုးဆိုးရွားရွားပါလား။

ယန့်ကျီဟန် သူတို့ကိုတစ်ချက်ကြည့်လာကာ၊ “ဆရာတို့၊ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ။”

ဒီဆရာတွေဆိုတာက စက်ရုပ်တွေနှင့်ဆိုင်သည့်နယ်ပယ်မှာဆိုရင် လူတိုင်းကသူတို့ဆီကနေ သင်ယူနိုင်ကြဖို့ကို အကောင်းဆုံးကြိုးစားနေကြရသော်လည်း အခုမာရှယ့်ရှေ့မှာတော့ သူတို့ခမျာဈေးက သစ်သီးတွေလိုမျိုး လင်းယွိရွေးမှာကို ထိုင်စောင့်နေကြရရှာလေသည်။

သူတို့စိတ်ထဲကနေသာ သက်ပြင်းချလိုက်သော်လည်း အပြင်မှာတော့ စိတ်မပါသည့်ပုံကိုတောင် မပေါ်လာအောင် ရိုရိုသေသေမိတ်ဆက်လိုက်ကြရလေသည်။

သေချာပေါက် မာရှယ့်ကိုတော့ သူတို့အာမခံရဲဘူးလေလို့။

ဆရာတွေအားလုံး ကိုယ့်ကိုယ်ကို မိတ်ဆက်လို့ပြီးတာနှင့် ယန့်ကျီဟန် လင်းယွိကိုကြည့်လိုက်ကာ၊ “မင်းဘယ်သူနဲ့ သင်ချင်လဲ?”
လင်းယွိ ဆရာတွေရှေ့မှာချထားတဲ့ သူအဖြေလွှာကိုမြင်လိုက်ကတည်းက တော်တော်လေးကိုရှက်နေခဲ့တာဖြစ်သည်၊ "ပြန်သင်ယူချင်လဲ၊ ဘယ်သူလက်ခံမလဲ ပြော….”

လေထုထဲ တိတ်ဆိတ်နေသွားတော့သည်။ ဆရာသုံးယောက်သား မာရှယ်ဘာမှတုန့်ပြန်မလာတာကြောင့် ခေါင်းဆောင်လျို့က သတိကြီးကြီးထားကာ ပြောလာရှာသည်။
“လင်းလူကြီးမင်းက မာရှယ့်ကိုယ်တိုင် ညွှန်းထားတဲ့လူပဲ၊ သေချာပေါက် ကျွန်တော်တို့သင်ပေးချင်တာပေါ့။”

“ပြီးတော့ လင်းလူကြီးမင်းသာ သင်ယူချင်တယ်ဆိုရင် ဒီလူတွေထဲကနေ အသင့်တော်ဆုံးလူကို ရွေးရမယ်ထင်တာပဲ။ အဲ့တော့…..ဒီမှာဆို ကျိုးလူကြီးမင်းက အတွေ့အကြုံအရှိဆုံးပဲလေ!”

ကျိုးလူကြီးမင်း အဖြူရောင်မုတ်ဆိတ်မွေးတွေက တွန့်သွားကြတော့သည်။
“အဟွတ် အဟွတ်၊ ကျွန်တော်က လူအိုကြီးတစ်ယောက်ပါ၊ ပြီးတော့ တစ်သမတ်တည်းသမားလေ၊ တစ်ချို့တပည့်တွေဆို ကျွန်တော့အတန်းကို ပျင်းဖို့ကောင်းလို့ဆိုတာကြီးပဲ! အာ….ဒါနဲ့ရှောင်ကျောက်ကတော့ တပည့်တွေကြားထဲ နာမည်ကြီးတယ်နော်။”

အသက်သုံးဆယ်နားကပ်နေတဲ့ ဆရာကျောက်ခမျာ ခပ်တောင့်တောင့်ကြီး ပြုံးပြရှာလာသည်။
“မြှောက်ပင့်လွန်းနေပါပြီ၊ ကျွန်တော်နဲ့သင်မယ်ဆိုလည်း ကျွန်တော်ကတော့ ကြိုဆိုပါတယ်၊ ဒါပေမယ့် ဆရာလျို့လောက် မကောင်းမှာစိုးပါတယ်…”

ကျောင်းအုပ်လျို့ တုန်လှုပ်လာသလိုပင်၊ “မဟုတ် မဟုတ်ရပါဘူးဗျာ….”
သူစကားပြောမပြီးခင်လေးမှာပဲ လင်းယွိစိတ်စွမ်းအင်စစ်ဆေးထားသည့် ရလဒ်ကစက်ထဲကနေ ထွက်လာလေ၏။

ဆရာသုံးယောက်သား ဒီတစ်ယောက်ရဲ့ စိတ်စွမ်းအင်ကလည်း စက်ရုပ်တွေလေ့လာဖို့ တော်တော်နိမ့်နေပါစေလို့ ဆုတောင်းရင်းအဖြေလွှာကို ငုံ့ကြည်လိုက်ကြသည်။

မထင်မှတ်ထားပဲ၊ ရလဒ်က အဖြူအနက်တွဲလျက်ရေးထားသည်က ပေါ်လာလေသည်။
စိတ်စွမ်းအင်စစ်ဆေးမှုရလဒ် : Sအဆင့်။
ဖြစ်နိုင်ချေ : အဆင့်၁၀

ဆရာသုံးယောက်မျက်လုံးတွေ ပြူးနေကြကာ အကြည့်တွေက စာရွက်ပေါ်မှာပဲ ကပ်နေကြတော့သည်။
S အဆင့်ဆိုတာမျိုးက Aအဆင့်အထက်ကဟာဆိုပြီး ပြောထားတာဖြစ်ပြီး အဆင့် ၁၀ ဆိုတာကလည်း ကုန်ကုန်ပြောရရင် ဒီနယ်ပယ်ရဲ့ သတ်မှတ်ချက်ကို ကျော်လွန်နေတယ်လို့တောင် ပြောလို့ရသည်။
ဒါကြောင့်လည်း စက်ကရလဒ်ကို ထုတ်ပေးဖို့ကြာနေတာကိုး။ လင်းယွိစိတ်စွမ်းအားက အားနည်းလွန်းနေတာမဟုတ်ပဲ အားကြီးလွန်းနေခဲ့ခြင်းပင်။
ဘယ်လိုတောင် ရှားပါးပြီးပြိုင်ဖက်ကင်း စွမ်းရည်မျိုးပါလိမ့်?!

သူတို့လုံးလုံး လျှော့တွက်ခဲ့တဲ့ပုံပင်။ မာရှယ်က တော်တဲ့လူကိုပဲ ပို့လာတာပဲ! အရူးပဲ ဒါကိုလက်မခံမယ်!

ကျောင်းအုပ်လျို့ပြောလက်စ စကားပြောသံကိုပြောင်းလာကာ၊ “မှန်ပါတယ်။ ကျွန်တော်လင်းလူကြီးမင်းကို အကောင်းဆုံးသင်ကြားပေးချင်ပါတယ်။”

ဆရာကျိုး သူ့မုတ်ဆိတ်မွေးတွေကို လေနဲ့မှုတ်လာကာ၊ "တကယ်လို့ လင်းလူကြီးမင်းသာ သင်ယူချင်တယ်ဆိုရင်တော့ ကျွန်တော့်လိုမျိုး အနှစ် ၄၀ စာစာသင်အတွေ့အကြုံရှိတဲ့သူက အရည်အချင်းအရပါ အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်တာပဲ….”

ဆရာကျောက်ကပါ အမြန်လိုက်ပြောလာ၏။
“လေးစားသမှုနဲ့ ပြောပါရစေ၊ ကျွန်တော့်အနေနဲ့တော့ ဆရာသင်နေသမျှက တော်တော်ခေတ်နောက်ကျနေပြီလို့ ထင်တာပဲဗျ။ သေချာကြည့်မယ်ဆို ကျွန်တော်နဲ့ လင်းလူကြီးမင်းကြား မထင်ထားလောက်အောင် အဆင်ပြေနေသလိုပဲလားလို့။”

ဆရာသုံးယောက်ခမျာ ပြောရင်းပြောရင်း ပိုစိတ်လှုပ်ရှားလာကြကာ အတွင်းကစက်ရုပ်တွေဆီပါ ကင်မရာနှင့်ပြလာကြတော့သည်။ သူတို့ပြုစုထိန်းသိမ်းရှာဖွေထားတာတွေကို လင်းယွိကိုပြဖို့တောင် မစောင့်နိုင်ကြတော့ပေ။

စက်ရုပ်တွေက အခုလောလောဆယ်တော့ အာကာသယာဉ်တစ်ခုပုံစံအလား ဖြစ်နေပေမဲ့ ချကြမယ့်အခါမျိုးမှာတော့ ပုံကိုပြောင်းနိုင်ကြလေသည်။ ဒီဇိုင်းက လုံးဝပြီးပြည့်စုံလှကာ ရှုပ်ထွေးဆန်းကြယ်လှပေသည်။

ယန့်ကျီဟန် လင်းယွိမျက်နှာကို သေချာကြည့်နေလိုက်သည်။
လင်းယွိဘက်က သေချာနားထောင်နေလေသည်။
ဆရာကျောက်က ပြောလာလေသည်။
“ကျွန်တော်ကတော့ အခုစက်ရုပ်BODYပေါ်က အလေးချိန်ကို လျှော့ချပြီး ဘေးကင်းလုံခြုံမှုကို ပိုကောင်းအောင်လုပ်မလားလို့…..”

လင်းယွိပိုစိတ်ဝင်စားလာတော့သည်၊ “ဟုတ်ကဲ့။”

“သေချာပေါက်ပဲ ပြောရမယ်ဆိုရင် ကျွန်တော့်မျိုးနွယ်ရဲ့ သန်မာမှုက အဲ့လောက်မကောင်းပေမဲ့ စိတ်စွမ်းအင်ကတော့ ကောင်းတယ်လေ။ အဲ့တော့ ကျွန်တော်သာ စက်ရုပ်ရဲ့ကိုယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လျှော့ချလိုက်နိုင်မယ်ဆိုရင် စက်ရုပ်ဖိုက်တာတွေကို ပိုအားကောင်းလာစေမလားလို့….”

ယန့်ကျီဟန် လင်းယွိ စိတ်ဝင်တစားနားထောင်နေသည့် ဘေးတိုက်ပုံလေးကိုကြည့်လိုက် တစ်ဖက်က ငယ်ငယ်ချောချောဆရာကျောက်ကိုကြည့်လိုက်နှင့် သူတို့ပြောသမျှနားထောင်ကာ စိတ်ရှုပ်ရှုပ်နှင့် စားပွဲကိုလက်နှင့် တစ်တောက်တောက်လုပ်နေတော့သည်။

နှစ်ယောက်သား အဆုံးမရှိစကားများနေကြတာကို ကြည့်နေရင်း ရုတ်တရက်စားပွဲပေါ်ကို သူ့လက်ဆစ်တွေနှင့် ထုချလိုက်တော့သည်။
လင်းယွိ : “?”

ယန့်ကျီဟန် စခရင်ကိုကြည့်လိုက်ကာ၊ “ဒီနေ့ဒီလောက်ပဲ။ ကြည့်ရတာတော့ အကုန်လုံးက သူ့ကိုအထူးပို့ချမှုတွေပေးနေကြတော့ အရင်ဆုံးသူ့ကိုယ်ရေးအကျဉ်း ဖြည့်ခိုင်းလိုက်ရအောင်။”

“ဟုတ်ကဲ့။"

ဆက်သွယ်မှု ပြတ်တောက်သွားသည်နှင့်၊ ခေါင်းကိုငုံ့ကာ ဘာတွေတွေးနေမှန်းမသိသည့် ယန့်ကျီဟန်ကို ကြည့်နေလိုက်လေသည်။
ဘာဖြစ်သွားတာပါလိမ့်?

ယန့်ကျီဟန်သူ့ကြည့်နေတာကို သတိထားမိတာကြောင့် နောက်ဆုံးတော့ခေါင်းကိုမော့လာကာ၊ “ဗိုက်ဆာပြီလား?”
လင်းယွိခဏလောက်တွေးလိုက်ကာ ခေါင်းညိတ်ပြလာသည်။ “အင်း”

“အရင်ဆုံးစားရအောင်။”
ယန့်ကျီဟန် ရှင်းမပြလာခင် စကားပြောခဏရပ်လိုက်ကာ၊ “အရင်ဆုံး အခြေခံသင်တန်းတွေကို ခဏတက်ထားလိုက်နော်၊ မင်းသင်ပြီးမှ….ဘယ်သူနဲ့ဆက်သင်မလဲ ရွေးပေါ့။”

“အိုခေ။” လင်းယွိပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

လင်းယွိဒီနေ့ ယန့်ကျီဟန်တစ်ယောက် သူ့အပေါ် ကြင်နာနေသလိုပဲလို့ ခံစားနေရလေသည်။ ဒါကလည်း သူ့ကိုပျော်နေစေပေမဲ့ ယန့်ကျီဟန်စိတ်ထဲ တစ်ခုခုရှိနေတဲ့ ပုံကလည်း စိတ်ရှုပ်အောင်လုပ်နေသေးသည်။

နှစ်ယောက်သား ထိပ်ဆုံးထပ်က ယန့်ကျီဟန် ဇိမ်ခံခန်းထဲသို့ ပြန်ဝင်လာကြလေသည်။
အဖွဲ့ချုပ်ဘက်က ဟင်းချက်နည်းကိုရကတည်းက လင်းယွိ သူစိတ်တိုင်းကျ ထမင်းဟင်းများကို စားနိုင်ခဲ့လေသည်။ တကယ်ကို သူ့အကြိုက်ပင်။
ယန့်ကျီဟန် စားနေရင်းသူ့ကို စားစရာတွေရှေ့ချပေးလိုက်၊ အခင်းခင်းပေးလိုက် လုပ်ပေးနေရင်း ထကာအနောက်ဘက်အခန်းထဲသို့ ဝင်သွားတော့သည်။
လင်းယွိကတော့ ဂရုမစိုက်ပဲ စားစရာရှိတာသာ ဆက်စားနေလိုက်သည်။

သူစားပြီးကာနီးမှ လင်းယွိတစ်ယောက် ယန့်ကျီဟန်ရေချိုးဖို့ ထွက်သွားမှန်းသိလိုက်ရလေသည်။
ဆံပင်ဆီကနေရေက အညိုရောင်အသားအရေတစ်လျှောက်နှင့် အရပ်ရှည်ရှည် BODY တစ်လျှောက် စီးကျနေလေသည်။

လင်းယွိမသိလိုက်ပဲ ငေးကြည့်နေလေတော့သည်။
ရေတွေလာလို့ ထချိုးနေတာလဲဟင်? ပြီးတော့ အခုလည်းရေချိုးခန်းထဲကနေ သဘက်ပိုင်းလေးပဲ ပတ်ပြီးပါထွက်လာလိုက်သေးတယ်ပေါ့။

ယန့်ကျီဟန်သူ့ကို ပြန်ကြည့်လာကာ အကြည့်လွှဲလိုက်ပြီး သူ့ဆီလျှောက်လာလေ၏။
လင်းယွိ : “?”
အရပ်ရှည်ရှည်အသွင်အပြင်တစ်ခုက သူ့ရှေ့ရပ်နေကာ ခေါင်းကိုငုံ့လိုက်ပြီး သံလိုက်အလား ဆွဲဆောင်မှုအပြည့်ရှိသည့် အသံနှင့်မေးလာလေသည်၊ “ဝပြီလား?”

ပြောနေရင်း သဘက်ကကြမ်းပြင်ပေါ် ကျသွားတာကြောင့် လင်းယွိလက်ထဲက ဇွန်းပါပြုတ်ကျသွားတော့မလိုပင်။
ယန့်ကျီဟန်နားရွက်တွေက အနည်းငယ်နီရဲနေကြပေမဲ့ လင်းယွိကို ဘာမှမဖြစ်သလို စိုက်ကြည့်နေလေသည်။

လင်းယွိအကြည့်ကိုတောင် မလွှဲနိုင်တော့ပဲ တံတွေးသာမျိုချလိုက်ကာ ဒီတစ်ခါလည်း ယန့်ကျီဟန်သူ့ကို ထပ်ကူပေးစေချင်နေတာဟု ထင်လိုက်ကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာပြီး၊ “ငါလည်းရေသွားချိုးလိုက်ဦးမယ်။”

ယန့်ကျီဟန် သူ့ကိုတားလိုက်ပြီး၊ “မလိုဘူး….”

ယန့်ကျီဟန်တစ်ယောက် စကားပြောပြီးတာနဲ့ ရှေ့တစ်လှမ်းတိုးကာ စားပွဲကိုမှီလိုက်ပြီး လင်းယွိကိုနမ်းလိုက်တော့သည်။
လင်းယွိမျက်လုံးတွေကိုမှိတ်လိုက်ကာ အခုဆိုကိုယ့်ကိုယ်ကို စားသုံးသူတစ်ယောက်လိုသဘောထားပြီး သူ့ရှေ့ကအချိုပွဲကို မြိန်ရေရှက်ရေသုံးဆောင်ဖို့သာ အာရုံစိုက်ထားလိုက်ပြီး အောက်ကိုဆက်သွားတော့မယ်ကြံနေတုန်းမှာပင် ယန့်ကျီဟန်အသံဩဩက နားထဲဝင်လာကာ၊ “ငါနဲ့အရင်တစ်ခါတုန်းက လုပ်တာအဆင်ပြေလား?”

လင်းယွိကြောင်သွားတော့သည်။
အဲ့ညကပြောရမယ်ဆိုရင် သူအရမ်းကြောက်နေတာကြောင့် သေသေချာချာတောင် မစီးမျောလိုက်ရသလိုပင်၊ ဒါပေမယ့် တကယ်လို့သာ ပုံမှန်အခြေအနေတစ်ရပ်မှာလို့သာ တွေးကြည့်ရင်တော့….
“အဆင်ပြေတယ်…”

ယန့်ကျီဟန်ရှက်သွားကာ နောက်တစ်ကြိမ်အသံတိုးတိုးနှင့် ပြောလာလေသည်၊ “ဒါဆိုဒီတစ်ခေါက် ငါနဲ့အိပ်ရအောင်။”

လင်းယွိကြောင်သွားကာ အချိန်အတန်ကြာ တွန့်ဆုတ်ဆုတ်လုပ်နေလိုက်ပြီး၊ “ငါ့လက်နဲ့ကူပေးရင်ရော အဆင်ပြေလား….”

ယန့်ကျီဟန်မျက်နှာက ရုတ်ချည်းမည်းသွားတော့သည်၊ “ဘာလဲ၊ မင်းကငါနဲ့ မအိပ်ချင်ဘူးလား?”

လင်းယွိမလုပ်ချင်တာ မဟုတ်ပေမဲ့ ကုန်ကုန်ပြောရရင် သူတွေးတောင်မတွေးဖူးပေ။
အချိန်တိုင်းလိုလို သူ ယန့်ကျီဟန်ကို လက်နဲ့လုပ်ပေးတိုင်း သူ့တုန့်ပြန်တာက ကောင်းနေတော့…..

ဒါပေမယ့် ကြည့်ရတာဒီတစ်ခေါက် ယန့်ကျီဟန်အခြေအနေက သူတကယ်လိုချင်နေတာမဟုတ်ပဲ ဟော်မုန်းတွေလွှမ်းမိုးတာ ခံထားရသလိုပင်။
ဒီလိုအခြေအနေမျိုးမှာ လုပ်ရမယ်ဆိုရင် ဒါလင်းယွိအတွက်တော့ အခွင့်အရေးယူလိုက်သလိုပင် ခံစားနေရလေသည်။ သူအဆုံးထိမလုပ်ခဲ့ဘူးဆိုရင်တောင်မှ သူ့မှာအခုထိ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုက ခံနေသေးသည်။

အမှန်အတိုင်းဆိုရလျှင် ကိုယ်ဝန်ဆောင်ချိန်ဟော်မုန်းလွှမ်းမိုးနေမှုက တော်တော်ကိုစွမ်းအားကြီးလှသည်။
ဟော်မုန်းတွေကြောင့် ယန့်ကျီဟန်ကြည့်ရတာ တခြားလူတစ်ယောက်လိုပင်။ မျက်လုံးတွေကအခုဆို ရွှေရောင်နီးပါးကို ပြောင်းနေကြကာ သူ့ကိုစူးစိုက်ကြည့်နေကြလေသည်။ သူ့နာမည်ကို ရံဖန်ရံခါခေါ်လာကာ လက်ချောင်းတွေကို ယှက်နွယ်ထားပြီး ဖက်လိုက်၊ ကိုက်လိုက်နှင့် တက်ကြွစွာပင် နမ်းလာသေးသည်။

အတောင်ပံတွေပါ ထွက်လာကြကာ ၎င်းတို့ကလည်း လှိုင်းဒဏ်ကိုမခံနိုင်သော်လည်း မရုန်းထွက်ချင်သည့် ငှက်တစ်ကောင်အလား တုန်ရီနေကြလေသည်။

သူ့ကိုဒီလိုပုံစံနဲ့မြင်နေရတာက လင်းယွိအတွက်တော့ သူဘယ်လောက်ပဲတင်းထားထား သေသွားတော့မလိုပင်။

ယန့်ကျီဟန်တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားလိုက်ပြီး လက်နဲ့ဖြေရှင်းပေးနေလိုက်ကာ စိတ်ထဲကိုယ့်ကိုယ်ကို ယန့်ကျီဟန်ကို ကူညီပေးနေတာသာဖြစ်ကြောင်း အခွင့်အရေးယူနေတာမဟုတ်ဘူးဟုသာ ပြောနေလိုက်လေသည်။

….ဘယ်သူထင်မှာလဲ ဒီနေ့ကျမှ ယန့်ကျီဟန်ကဒီလိုမျိုး မေးလာလိမ့်မယ်လို့။
လင်းယွိပြန်ဖြေဖို့ တွန့်ဆုတ်နေတာကြည့်ပြီး ယန့်ကျီဟန်စိတ်တိုလာတော့သည်၊ “မင်းကငါနဲ့ မအိပ်ချင်ဘူးပေါ့ အဲ့လိုဆို ဘယ်သူနဲ့သွားအိပ်ချင်နေတာတုန်း?"

လင်းယွိပြန်ဖြေရှင်းပြလိုက်ရသည်၊ “မဟုတ်ဘူး၊ ဘယ်သူမှမရှိဘူး။"

ယန့်ကျီဟန်မကျေနပ်သေးသည့်ပုံကိုကြည့်ကာ လင်းယွိတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ ဆက်ပြောလာရလေသည်၊ “ငါ၊ ငါခင်ဗျားနဲ့ အိပ်ချင်ပါတယ်…..တွေးကြည့်လိုက်တာတော့။”

ယန့်ကျီဟန် နှုတ်ခမ်းတွေကို တင်းနေအောင်စိထားလိုက်ကာ သူ့ကိုကော်လံကနေဆွဲလိုက်ပြီး အနီးသို့ဆွဲခေါ်လိုက်လေသည်၊ “မင်းငါနဲ့ပဲအိပ်ရမယ်နော်။”

ယန့်ကျီဟန်ဆိုတာက အရင်ကတည်းက အလွန်ကိုဆွဲဆောင်မှုရှိတဲ့သူဖြစ်လေသည်၊ လင်းယွိအမြဲတွေးဖြစ်သည်၊ သူကအရမ်းကို ဆွဲဆောင်မှုရှိတာပဲလို့။ အရမ်းလည်းစွမ်းအားကြီးပြီး အရမ်းကိုလည်း အန္တရာယ်ရှိသေးသည်။ ဒါပေမယ့် တခါတလေတော့ တည့်တိုးဆန်လှကာ ထိခိုက်လွယ်သလိုပင်။
ဥပမာဆိုရလျှင် အခုပဲကြည့်၊ မရေတွက်နိုင်တဲ့ လူတွေကိုလက်ချောင်းလေးလှုပ်ရုံလောက်နဲ့ သတ်ပစ်နိုင်လောက်တဲ့အထိ စွမ်းအားကြီးလွန်းတဲ့ သူ့လိုလူတစ်ယောက်က ကိုယ်ဝန်ပါလွယ်ထားရပြီးတော့ သူ့ဘက်ကစပြီး လက်တွေကိုပါ လင်းယွိနားပတ်ထားလိုက်သေးတယ်တဲ့။

ယန့်ကျီဟန်ဘက်က စပြီးနီးကပ်လာလေလေ လင်းယွိ ခန္ဓာကိုယ်က သူတွေးပူနေတာမှန်သမျှကို သစ္စာဖောက်လာလေပင်။
မထင်မှတ်ထားပဲ လင်းယွိဘက်ကစကာ တံခါးကိုဖွင့်မယ်ကြံလိုက်ရော ယန့်ကျီဟန်လက်တွေကိုဆန့်တန်းလာကာ တားလာလေပြီး တုန်လှုပ်နေသည့်ပုံနှင့် ပြောလာလေသည်၊ “နေဦး…..”

အကုန်လုံးအေးဆေးဖြစ်နေတာမလို့ လင်းယွိလည်းမရပ်တော့ပဲ အသင့်အနေအထားနှင့်သာ ကြိုဆိုလိုက်လေတော့သည်။
သို့သော်ခဏအကြာမှာပင် ယန့်ကျီဟန်အတောင်ပံတွေက သူ့မျက်နှာကို လာရိုက်ကြတော့သည်။
လင်းယွိစိတ်တိုသွားကာ တိုးတိုးလေးပြန်ပြောလာလေသည်၊ “ငါ့ကိုကြိုပြောထားလို့ မရဘူးလားကွာ။”

ယန့်ကျီဟန် စားပွဲပေါ်မှာ တုန်ရီနေကာ ဘာမှပြန်ပြောမလာပေ။ အရည်တစ်ချို့က စားပွဲပေါ်ပေကျံနေကာ ထောင့်စွန်းကနေပင် စီးကျနေကြတော့သည်။

ခွေးကောင်၊ ငါကရောဒီလိုမျိုး ရှက်ဖို့ကောင်းနေမယ် မထင်ထားဘူးလေ? သူ့ကိုတားလိုက်တာကလည်း ဒါကတော်တော်ကို ဆိုးမယ်ထင်ထားလို့လေ!

ယန့်ကျီဟန် အံကြိတ်လိုက်ကာ ခေါင်းမူးနေတာကနေ သက်သာအောင်ခဏနေလိုက်ပြီး တစ်ခုခုပြန်ပြောလိုက်ချင်ပေမဲ့ ပြောမယ်ကြံနေတုန်းမှာပင် စားပွဲကလှုပ်လာတော့သည်။

သူမပြောလိုက်ပေမဲ့ ရုတ်တရက်ကြီး နောက်ထပ်အသံတစ်ခုကထွက်လာတော့သည်။ သူ့မျက်နှာတစ်ခုလုံး အခုဆိုပေါက်ကွဲတော့မတတ်နီရဲနေကာ နှုတ်ခမ်းတွေကိုသာ ပြတ်မတတ်ကိုက်ထားလိုက်တော့သည်။

ချီး၊ ငါအဲ့လိုအသံလည်း လုပ်တတ်တယ်ပေါ့?
ယန့်ကျီဟန် နောင်တရလာသလိုပင်။ ဒီပိုးကောင်က သူ့အတွက်တော့ အဖျက်ပိုးကောင်ပင်။

သူစိတ်ကျေနပ်သွားအောင် လုပ်မပေးခဲ့သင့်ပေ။ သူ့ကိုမမြင်ရတဲ့ကြိုးတွေနဲ့သာ ချည်ထားလိုက်ချင်တော့သည်။

အခုတော့ သူ့ဘဝရဲ့ ကျော်ကြားမှုတွေကတော့ ရေစုန်မျောပါပြီ။
ဒါပေမယ့် မကြာခင်မှာတော့ သူဘာမှမတွေးနိုင်တော့ပေ။
လင်းယွိလုပ်နေတာ တော်တော်‌ကောင်းသလိုပင်….. သူတောင် ကြိုက်လာသလိုပဲ…..

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now