Chapter 15

2.9K 389 2
                                    

အပိုင်း ၁၅

ဇက်သွေးပါသည့်လူသစ်တွေအားလုံးနီးပါး လင်းယွိတိုက်ရိုက်ထုတ်လွှင့်မှုကို လာကြည့်ကြလေ၏။

သူတို့ လင်းယွိ၏ ဗီဒီယိုကို မတော်တဆတွေ့ကြတာ ဒါမှမဟုတ် သူငယ်ချင်းတွေက ပြောလို့ကြည့်မိကြတဲ့ သူများရှိကြသည်။ ပြောရမယ်ဆိုရင်တော့ လင်းယွိမျက်နှာကို သူတို့မြင်နေသရွေ့ ဒီမျိုးစပ်တွေက သေချာပေါက်ကို ထန်လာကြတော့မည်ဆိုတာပင်။

လင်းယွိ လိုင်းမသုံးသည်မှာ ပထမတစ်ခါပြီးကတည်းက ကြာလှပြီဖြစ်ရာ သူတို့တွေ သူလိုင်းတက်လာမည့်အချိန်ကို ဂိတ်စောင့်နေကြသည်မှာ ရက်အတော်ကြာပြီ ဖြစ်လေသည်။

နောက်ဆုံးတော့ သူတို့ထိုလူကိုမြင်လိုက်ရတော့သည်။ အင်တာနက်ပေါ်က သူတွေအကုန်လုံး လင်းယွိကို နောက်တစ်ခေါက် စိတ်စွမ်းအင်စမ်းသပ်ခြင်းကို ဆက်လုပ်စေချင်သော်လည်း လင်းယွိကတော့ သူဦးနှောက်အသေးလေးကို ဖွင့်လိုက်ပြီဆိုတာနှင့် ဗီဒီယိုပရိုဂရမ်တွေကနေတစ်ဆင့် စကားပြောပုံပြောနည်းကိုသာ ကြိုးကြိုးစားစားလေ့လာနေပြီး ဟိုဘက်ကို ယောင်လို့တောင်မလှည့်ချေ။

ဇက်သွေးပါသည့်သူတွေဆိုတာကလည်း ဒီနေရာမှာ အလျင်လိုမနေကြပေ။ သူတို့အတွက်က လင်းယွိမျက်နှာကို ကြည့်နေရရင် အဆင်ပြေသည်လေ။ တိုက်ရိုက်ထုတ်လွှင့်မှုကနေတစ်ဆင့် စကားပြောကိုလေ့လာနေတာပါမက တစ်နေကုန် လင်းယွိ ထိုနေရာတွင်သာ ထိုင်နေဦးတော့ သူတို့တစ်သက်လုံး ထိုင်ကြည့်နေနိုင်ကြဦးမည်ပင်။

သို့သော်လည်း လင်းယွိဗီဒီယိုတွေက တခြားသာမန်လူတွေကိုလည်း ဆွဲဆောင်နိုင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ S အဆင့်ကို ရောက်နိုင်မလားဆိုတာကို သိချင်နေကြသောကြောင့်ပင် ဖြစ်ကြသည်။

ထိုလူတွေက အမြဲလိုလို ပြန်လာကြည့်ကြသည်။ သူတို့ အချိန်အကြာကြီးကို စောင့်ကြည့်နေရသည်ကို စိတ်မရှည်တော့ပေမယ့် စောင့်နေကြတုန်းပင်။

“ငါပြောမယ်။ သူ့ဗီဒီယိုက တစ်ခုခုတော့ မှားနေသလားလို့! သူက တမင် သူ့စိတ်စွမ်းအားထက်ကြောင်းကို ပြချင်နေတာနဲ့ မတူဘူးလား။ ဒါနောက်ကွယ်က ရည်ရွယ်ချက်ကို ဘယ်သူသိမှာတုန်း။”

ဒီလူက သူ့ကိုယ်သူ လူအတော်များများ ပြောချင်တာတွေကို ထုတ်ပြောပေးလိုက်ရသည်ဟု ထင်ထားလိုက်သည့်ပုံပင်။ သို့သော် ဘယ်သူသိမှာတုန်း နောက်ထပ်ဘာဖြစ်လာလဲဆိုတာ? ကောမန့်တွေက သူထင်တားသလိုနှင့် ကွဲပြားနေကြလေသည်။

“ဒီသခင်လေးက ဆက်ဟန်ဆောင်နေဖို့ရော လိုသေးလို့လား? သူ့မှာ စိတ်ဝိညာဉ်စွမ်းအားတွေ မရှိရင်တောင် ဒီကြယ်တစ်ခုလုံးမှာ သူ့ထက်ပိုတော်တဲ့ သူဆိုတာရှိသေးလို့လား? ငါသူဘယ်မှာရှိလဲ ဆိုတာပဲ သိချင်တာပါကွာ။”

“ငွေတွေယူလိုက် ဟုတ်လား? ငါပြောမယ် ငါဒီသခင်လေးကို လက်ဆောင်ပေးဖို့လုပ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် သူသုံးနေတဲ့စနစ်က အဲ့ဒါကို လုပ်မထားဘူးလေ။ အဲ့တော့ စစ်စတမ်က ငါ့ငွေတွေကို ပြန်ပေးပါရော။ ငါသူ့ကို တစ်ကယ်ပိုက်ဆံတွေပေးချင်ပေမဲ့ ပို့လိုမရတာ ဆိုးရွားလိုက်တဲ့ငါ့အဖြစ်!”

“သူက ငါ့ကိုသာ တွေ့ချင်တယ်ဆိုရင်လေ သူငွေတွေ ယူချင်သလောက်ယူကွာ အိုခေ? သူသာတစ်ကယ် အထီးဆိုရင်လေ ငါပိုင်ဆိုင်တာတွေအကုန် သူ့ပေးပစ်လိုက်ဦးမှာ!”

“သူကြည့်ရတာ တူတော့တူတယ်နော်။ သူတစ်ကယ် အထီးထင်တယ်။”

“ငါလည်း အဲ့လိုထင်တာပဲ။ ဒီသခင်လေးက သေချာပေါက် အထီးပဲ။”
ကောမန့်နေရာတစ်ခုလုံး လင်းယွိကို မြှောက်စားနေကြကာ စိတ်ကူးယဉ်နေကြသူတွေနှင့်သာ ပြည့်နေကြတော့သည်။ ထိုလူတွေအကုန်လုံးက သူ့ကို သခင်လေးဟုပင် ခေါ်ကြသေးသည်။

ပြဿနာကို စမီးမွှေးပေးသည့်သူပင် ကြောင်သွားလေသည်။

မဟုတ်သေးပါဘူး။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတဲ့သူအကုန်လုံးက ဘာလို့ထူးဆန်းနေတာလဲ? ဒီအဘိုးတို့ ဘာတွေလာပြောနေကြတာတုန်း?

အထီးဆိုတာကရော ဘာကြီးတုန်းဟ?

သူ့အခုစိတ်အခြေအနေက လွန်ခဲ့သောနှစ် ၂၀၀ ကျော်လောက်က ဖက်ဒရယ်စစ်တပ်က စစ်သားတွေ ဇက်စစ်တပ်နှင့် ပထမဆုံးတွေ့ခဲ့ရသလိုမျိုးပင်။

ဘာလို့ အဲ့ဇက်စစ်တပ်က ဒီလိုစည်းလုံးမှုမျိုး‌တွေ ရှိနေကြတာပါလိမ့်? ဘာလို့ သူတို့စစ်သားတွေက အမိန့်ကိုဆောင်ရွက်နေတုန်း သေကုန်ကြတာပါလိမ့်? ဘာလို့ဇက်အကျဉ်းသားတွေကရော ထောင်ကထွက်မယ့်အစား အသေခံမယ်ဆိုပြီး စစ်ပွဲအပေါ် အဲ့လောက်သစ္စာရှိနေကြတာပါလိမ့်။ သူတို့က ပိုက်ဆံ၊ ဂုဏ်တွေထက် သူတို့ခေါင်းဆောင်က နာမည်တစ်ခါခေါ်လိုက်ရင်ကို မျက်လုံးထဲမှာ “သူရဲကောင်း” ဆိုတဲ့ အရာက ကြယ်တစ်လုံးလို လင်းလက်နေရတာတုန်း??
ဒါကြီးက နတ်ဆိုးအယူ,ယူသည့် ဂိုဏ်းတစ်ခုလို…..ကြောက်ဖို့ကောင်းနေသည်!

ထိုလူတွေနှင့် ယှဉ်ရမည်ဆိုလျှင်တော့ အခုညီညွတ်စွာ စုပေါင်းပြီး မျက်နှာပြင်ကိုလျက်မတတ်ဖြစ်နေကြသော ဇက်မျိုးစပ်တွေက လုံးဝအားနည်းလှကာ သူတို့ကိုယ်သူတို့ “သခင်လေး” ဟု စနောက်ခေါ်နေကြပြီး တစ်ကယ်တော့ ဘာမှမဟုတ်ကြပေ။

“ဟေး၊ တစ်ကယ်ပဲ ဒီသခင်လေး ဘယ်မှရှိနေလဲဆိုတာ သိတဲ့သူမရှိကြဘူးလား?”

“ငါပေါ်တင်ပဲ ပြောလိုက်မယ်။ ငါ ဒီသခင်လေးတည်နေရာကို အကြာကြီးကြိုးစား ရှာကြည့်ခဲ့သေးတယ် ဒါပေမယ့် ရှာလို့မရခဲ့ဘူး။ သူက တစ်ကယ်ကို မြင့်တဲ့ကာကွယ်ရေးစစ်စတမ်တွေ ရှိတဲ့နေရာမှာ နေတာပဲနေမယ်။”

“ဒါဆို ငါတို့ဒီသခင်လေးမှာ သခင်ကြီးရှိပြီးသားများလား?”

လူတိုင်း မယုံဖို့ကိုသာ တင်းခံနေလိုက်ကြသည်။

တကယ်လို့သာ မင်းမှာဒီလို ချောမောတဲ့ဇက်အထီးလေးတစ်ယောက် ရှိနေပါပြီတဲ့ ဘယ်သူက သူ့ကိုဒီလိုတိုက်ရိုက်ထုတ်လွှင့်တာမျိုး လုပ်ခိုင်းမှာတုန်း?
“နေဦး! သူနောက်ဆုံးတော့ ပြန်ဖြေတော့မယ်ကွ။”

လင်းယွိ သူဒီဂိမ်းကို မှတ်မိလေသည်။ ပြီးတော့ နောက်ပိုင်းဂိမ်းတွေက ပထမဟာတွေထက် ပိုပျော်ဖို့ကောင်းသည်ကိုလည်း မှတ်မိလေ၏။ A သူအခုထိ ပြီးအောင်မဆော့ရသေးပေ။

ထို့ကြောင့် လင်းယွိ A အဆင့်ကို နှိပ်လိုက်လေသည်။ ပထမ စိတ်လှုပ်ရှားနေကြသော စခရင်ပေါ်ကအုပ်စု ချက်ချင်းကို လျင်မြန်စွာနှင့် ငြိမ်သက်သွားကြတော့သည်။ လင်းယွိ ထိုအဆင့််ကို ပြီးသွားသည်အထိ လူတွေအကုန် ဘာမှမပြောနိုင်ကြသေးပေ။

“ဘာဖြစ်သွားတာတုန်းဟ? ငါဘာတွေ မြင်လိုက်တာတုန်း!! ငါအခုမေ့လဲသွားပြီးတော့ ထင်ယောင်ထင်မှားဖြစ်နေတာလားဟေ?”

“၁၀မိနစ်! ဒီအဆင့်ကို သူဖြတ်ဖို့ ၁၀ မိနစ်ထဲအချိန်ယူခဲ့တာတဲ့၊ ပြီးတော့ အဲ့ဒါကလည်း အမှတ်က လုံးဝပြီးပြည့်စုံတဲ့ အမှတ်ကြီးနဲ့။ ဒါကြီးက ကြောက်ဖို့ကောင်းလိုက်တာ!”

“လိ ငါ့လက်တွေ အခုထိ တုန်နေတုန်းပဲ။”
“အားးးးးး၊ သခင်လေးခင်ဗျား၊ မဟုတ်သေးဘူး! ဒယ်ဒီရေ အရမ်းကြည့်ကောင်းတာပဲ! ကျနော့်ကို ကြမ်းကြမ်းလေး အပြစ်ပေးပစ်လိုက်စမ်းပါ! ကျနော့်ကို မသနားပါနဲ့၊ နူးညံ့လှပတဲ့ ပန်းကလေးရယ်!!”

“ဒီစခရင်ကဟာတွေ အကုန်လုံးညစ်ပတ်လိုက်ကြတာများ၊ ကျွန်တော်ကတော့ ဒူးထောက်ပြီး ကျွန်တော့်သခင်ကိုပဲ လျက်နေလိုက်ချင်တော့တယ်၊ မတားကြနဲ့တော့!!”

“သူ သူ S အဆင့်ကို ပွင့်သွားပြီဟ!!”

လင်းယွိလည်း မြင်ချေသည်။

သူဂိမ်းကို ပြီးအောင်ရှင်းနိုင်လိုက်ကာ နောက်ထပ်အဆင့်အသစ်တွေက ပေါ်လာလေသည်။ သူတွေးမနေပဲ နှိပ်လိုက်လေသည်။

သူအတန်ကြာဆော့နေရင်း ဒီအဆင့်က အတော်လေးစိတ်ဝင်စားစရာကောင်းမှန်း သိသွားလေသည်။ ဤဂိမ်း၏ ခက်ခဲပုံက တခြားဂိမ်းတွေလို ပုံသေမဟုတ်ပဲ၊ ပိုပိုခက်လာကာ အဆုံးသတ်မရှိတော့သလိုပင်။
လင်းယွိ အမြန်နှုန်းနှင့် ခွန်အားက ဤစမ်းသပ်မှုခက်ခဲသည့်အဆင့် များလာသည်နှင့်အတူ မြင့်လာသည်မှာ အဆုံးမရှိသည့် ကျင်းတစ်ခုလိုပင်။ ကောမန့်ကသူတွေ အကုန်လုံး ပြောစရာစကားပျောက်ကုန်ကြသည်။

“ငါတစ်ခါမှ S အဆင့်စမ်းသပ်မှုကို မမြင်ဖူးဘူး။ အဲ့ဒီ့ ကမ္ဘာက အဲ့လောက်တောင် အင်အားကြီးတာလား?”

“ဒီလောက် ကြောက်ဖို့ကောင်းတဲ့ဂိမ်းမျိုးကို လူတွေအတွက် လုပ်ထားတာမဟုတ်လောက်ဘူး။ ဒါကြီးက   S အဆင့်ပဲရှိတဲ့သူတွေပဲ စိန်ခေါ်လို့ရအောင် လုပ်ထားတဲ့ဟာကြီးပဲ။”

“တကယ်လို့ ဒီအတိုင်းသာဆက်သွားနေရင် သခင်လေးကတော့ စမ်းသပ်မှုစင်တာ ထိန်းချုပ်ရေးကို အသာလေးဖျက်ဆီးပစ်နိုင်မလားပဲ။”

“မင်းတို့ကောင်တွေ အဲ့ဒါတွေတွေးနိုင်သေးတယ်ပေါ့!! ငါကတော့ အခုလေးတင် ဒီသခင်လေးရဲ့ စိတ်စွမ်းအင်က ဘယ်လောက်စွမ်းလဲတွေးကြည့်ပြီး ငါ့တစ်ကိုယ်လုံး မသယ်နိုင်တော့ဘူး။”

“အမှန်အတိုင်းပြောမယ်နော်! အေး ဒီအရည်အချင်းမြင့် ကွာလတီနဲ့အထီးကောင်လေးက ဘယ်မှာတုန်းဟ! ငါသူ့အနံ့ကို မရဘူးသေးဘူး၊ ငါစိတ်တွေရှုပ်လာပြီနော်။”
“ငါသူ့ကိုမြင်လိုက်ရရင်ပဲ သေပျော်ပါပြီကွာ။”

လင်းယွိ S အဆင့်ကို မိနစ်၂၀ကျော်ခန့် ဆော့ပြီးနောက်တော့ ရှုံးသွားလေသည်။ ဂိမ်းက ပိုပိုခက်လာရာ လင်းယွိလည်းအခုဆို စတင်စိတ်ဝင်စားလာပြီး နောက်တစ်ခေါက်ထပ်ဆော့မယ် လုပ်နေတုန်း အပြင်ကနေ သူရင်းနှီးသည့် ခြေသံတွေကို ကြားလိုက်ရသည်။

လင်းယွိ ချက်ချင်းရပ်လိုက်ကာ တံခါးကိုသာ အာရုံစိုက်ပြီး ကြည့်နေလေတော့သည်။

“ပြီးပြီပဲ။ ငါတော့ သခင်လေးက ဒီတစ်ခါတိုက်ရိုက်ထုတ်လွှင့်မှုကို ရုတ်တရက်ဒေါင်းလုတ်ဆွဲထားမယ်လို့ ထင်နေသလိုပဲ။”

“သူ့မှာ သခင်တော့ မရှိလောက်ပါဘူးနော်?”

ကောမန့်ကသူတွေခမျာ ထိုစကားလေးနှစ်ခွန်းသာ ပြောလိုက်နိုင်ကာ လင်းယွိဦးနှောက်အသေးလေးကို ပိတ်လိုက်ပြီးနောက် ဟောခန်းထဲသို့ ပြေးထွက်သွားတော့သည်။

ထို့နောက် ယန့်ကျီဟန်က တံခါးကိုဖွင့်ကာ ဝင်လာလေသည်။
သူ ယန့်ကျီဟန်ကိုမမြင်ရတာ နောက်ထပ်တစ်ပတ်လောက်ပင် ရှိနေပြီဖြစ်သည်။ ဒီတစ်ခေါက်တော့ ယန့်ကျီဟန်ကိုယ်ပေါ်တွင် သွေးတွေပေမနေတော့ပေမဲ့ သူ့အသားအရေကတော့ အရင်တစ်ခါထက် ပိုဆိုးလာလေသည်။ သူ လင်းယွိပုံလေးကို ဝင်လာသည်နှင့် မြင်ချင်လွန်း၍ရှာနေခဲ့ရာ သူ့ကိုမြင်သည်နှင့် တည့်တည့်စိုက်ကြည်လာတော့သည်။

လင်းယွိ နေရာမှာ ခဏလောက်‌တောင့်သွားလေသည်။

ယန့်ကျီဟန်မျက်လုံးတွေကြည့်ရတာ ကြောက်ဖို့ကောင်းနေသလိုပဲ…..ဆာလောင်နေတဲ့ မြေခွေးတစ်ကောင်နဲ့ပင် တူနေသေးသည်။

လင်းယွိ ခဏလောက်တန့်နေလိုက်ကာ မကြာခင် ယန့်ကျီဟန်ကို ပြုံးပြလိုက်ပြီး သူ့ဆီသို့လမ်းလျှောက်သွားလိုက်၏။

သူ့လက်ကိုဆန့်တန်းလာကာ လင်းယွိကို ဖက်ချင်သည့်ပုံပြလာသော်လည်း အနည်းငယ်နေရခက်သဖြင့် လင်းယွိပုခုံးကိုသာ တစ်ဝက်တစ်ပျက်နှင့် ကိုင်ထားလိုက်လေသည်။

ယန့်ကျီဟန်လက်တွေက သံနှင့်လုပ်ထားသည့် ပလာယာတစ်ခုလို့ လင်းယွိကို တင်းကျပ်စွာကိုင်ထားလေရာ သူလည်းမလှုပ်ရဲတော့ပဲ စိုက်သာကြည့်နေနိုင်တော့သည်။
ယန့်ကျီဟန်လည်း ခဏလောက်ထိုအတိုင်း ကြောင်ကာနေနေလိုက်ပြီး သူနောက်ထပ်ဘာဆက်လုပ်ရမည်ကို မသိတော့သလိုနှင့် မျက်မှောင်ကြီးကျုံ့ကာ သူ့ခေါင်းကိုဖြည်းဖြည်းချင်းငုံ့လာပြီး ပခုံးပေါ်မှီလာလေသည်။

လင်းယွိ : “….”
အင်း။ အခုတော့ အခုဖြစ်နေတဲ့ပုံက နည်းနည်းတော့ ထူးဆန်းလာပြီထင်တယ်။

လင်းယွိ သူ့ကြောင့်ပျော်နေကာ သူ့ဘက်ကစပြီး ယန့်ကျီဟန်ကို ဖက်လိုက်လေသည်။

နှစ်ယောက်ကနီးကပ်သွားသည်နှင့် လင်းယွိ ယန့်ကျီဟန်နှလုံးက အဆက်မပြတ်ခုန်နေမှန်းကို သတိထားမိသွားတော့သည်။ မသိလိုက်ပဲ သူ့လက်ကိုဆန့်လိုက်ကာ ယန့်ကျီဟန်ကျောကို ပုတ်ပေးနေလိုက်လေသည်။

ယန့်ကျီဟန်သူ့မျက်လုံးတွေကို မှိတ်လိုက်ကာ သက်ပြင်းငြင်သာစွာချလိုက်ပြီး နောက်ဆုံးတော့သူ့ကို ပြန်ဖက်လာလေတော့၏။

သူလင်းယွိလက်မောင်းတွေကြားထဲမှာ နေနေကာ လင်းယွိကို ပိုတင်းတင်းကျပ်ကျပ်ဖက်လာပြီး သူ့မျက်နှာကို ပုခုံးပေါ်မှီထားကာ အသက်ပြင်းပြင်းတစ်ချက်ရှူလာလေသည်။
လင်းယွိသူ့ကို ဘေးတိုက်ကနေသာ မြင်နေရသောကြောင့် သူ့မျက်နှာအမူအရာကို သေချာမမြင်နိုင်ပေ။

နှစ်ယောက်သား ဆေးကုသရေး သေတ္တာလေးထဲမှာ အတူလှဲနေတုန်းကလည်း ယန့်ကျီဟန်အခုလို သူ့ရနံ့ကို အခုလိုတစ်ပုံစံတည်း ရှူခဲ့ဖူးလေသည်……

လင်းယွိ သူ့ကို ငြင်သာစွာမေးလိုက်သည်။
“ခင်ဗျား….ဘာဖြစ်လာတာလဲ?”

ယန့်ကျီဟန် ပြန်မဖြေလာပေ။ နှစ်ယောက်သား အတန်ကြာဖက်ပြီးသည့်အခါမှာတော့ ထိုလူ့ကြည့်ရတာ အနည်းငယ်စိတ်တိုသွားသည့်ပုံ ထပ်ပေါ်လာပြီး လင်းယွိကို နောက်တစ်ကြိမ်ထပ်ဖက်လာပြန်တော့သည်။

လင်းယွိ : ??

ယန့်ကျီဟန် သူ့ကို ထိုအတိုင်း လင်းယွိအခန်းထဲကို သယ်လာကာ အိပ်ရာပေါ် တင်ပေးလိုက်လေသည်။

လင်းယွိ ခြေကျင်းဝတ်ကိုကိုင်ကာ လင်းယွိကို အိပ်ရာအလည်တည့်တည့်ကို ပို့လိုက်ပြီး ခေါင်းအုံးတွေကို ထပ်လိုက်ကာ အဝတ်တွေကို လင်းယွိဘေးမှာ ထားလိုက်လေသည်။
နောက်ဆုံးမှာတော့ ယန့်ကျီဟန် သူ့ရှူးဖိနပ်တွေကို ကန်ထုတ်လိုက်ကာ ကုတင်ပေါ်တွားသွားတက်လာပြီး လင်းယွိကို ဖက်ထားလိုက်ပြန်တော့သည်။ သူ လင်းယွိစောင်ကိုလည်း ဆွဲယူလိုက်ကာ နှစ်ယောက်လုံးအပေါ်ကပင် ဖုံးထားလိုက်သေးသည်။

လင်းယွိ : ……

ပူ…..ပူလိုက်တာ? ?

ဒါကရောဘာတုန်း?

ယန့်ကျီဟန် အခြေအနေက သိပ်ကောင်းမနေလို့များလား? ?

ယန့်ကျီဟန် အခြေအနေက ကောင်းမနေပေ။

သူတစ်ပတ်တာက ကြမ်းတမ်းခဲ့လေသည်။ လင်းယွိသူ့ဘေးမှာ ရှိနေတတ်တာကို နေတတ်လာပြီးနောက် သူလင်းယွိအနားကနေကို ခဏလေးတောင် မခွာချင်တော့ပေ။
အရင် ၂ ရက်အလိုတုန်းကဆိုရင် သူအနားမရတဲ့အပြင် ကိုယ်ကပါအတော်လေး အဆင်မပြေဖြစ်နေခဲ့တာဖြစ်သည်။ သူ့ဗိုက်ထဲ တစ်ခုခုဖြစ်နေသလိုလိုနှင့် အနည်းငယ်ပင် နာလာတတ်သေးသည်။

အခု သူ လင်းယွိကို မြင်လိုက်ရတာတောင်မှ သူနေရတာအဆင်မပြေလာသေးချေ။ ဒါကဘာနဲ့တူလဲဆို ဗိုက်အရမ်းဆာနေတဲ့သူတစ်ယောက်က အစားကောင်းတစ်ခုကိုပဲ စားချင်နေသလိုပင်။

လင်းယွိရနံ့လေးက ကောင်းလှသည်။ လင်းယွိ ဆံပင်က ရနံ့လေးတွေရော၊ သူ့အဝတ်တွေက ရနံ့လေးတွေကရော၊ သူ့အိပ်ရာ၏ ရနံ့ကရော ကုန်ကုန် သူ့စောင်၏ရနံ့ကပါ ကောင်းနေလေသည်…..

သို့သော် ဒါနဲ့မလုံလောက်သေးချေ။

သူအကောင်းဆုံးကြိုးစားကာ လေထဲကနေ ထိုချိုသာသည့်အနံ့ကို လိုက်စုဆောင်းကြည့်နေသော်လည်း ဒါသူ့အတွက် မလုံလောက်သေးချေ။

အထီးတွေ၏ အရေပြားကနေ ဖယ်ရိုမုန်းကို အဆက်မပြတ် ထုတ်လွှင့်နေတတ်သော်လည်း သူတို့က အဲ့လောက်မပြင်းပေ။
လေထဲက ချိုအီနေသည့်ရနံ့လေးက ယန့်ကျီဟန်၏ ဆာလောင်နေမှုကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်သည့်အပြင် ပို,ပိုပြီးတပ်မက်မှုတွေကိုသာ ဖြစ်လာစေနေလေ၏။

လင်းယွိ ယန့်ကျီဟန်က သူ့ကိုစောင်အောက် အမှောင်ထဲကနေ တင်းတင်းကျပ်ကျပ် ဖက်ခံထားရတာဖြစ်သည်။ ပထမတော့ အဆင်ပြေနေသော်လည်း တဖြည်းဖြည်းနှင့် သူပူလောင်လာသလိုပင်။

စောင်ထဲက လေထုက ပိုတင်းကျပ်လာကာ ပူနွေးလာပြီး လင်းယွိထို့ကြောင့် သူ့ကိုယ်သူ ချွေးထွက်လာပြီဟု သိလိုက်လေသည်။

သူ သူ့ကိုယ်သူ အနည်းငယ်တော့ မကြိုက်ခဲ့ဖူးသည်။ သို့သော် အခု ယန့်ကျီဟန်ကစပြီး သူ့ကိုချဉ်းကပ်လာမှန်းကိုတော့ ခံစားနေရသည်။ သူ့နှာခေါင်းထိပ်ကလေးနှင့် လင်းယွိဆံပင်ရှိရာ နေရာတစ်လျှောက်က သူ့ချွေးနံ့လေးတွေကို ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းဆီနှင့် အနံ့ခံလာသလိုပင်။

တစ်ခါတစ်ရံ ထိုအရာက သူ့လည်ပင်းတစ်လျှောက်ကို ထိနေသည်မှာ ယန့်ကျီဟန် နှာခေါင်းလား နှုတ်ခမ်းတွေလားပင် မသေချာနိုင်တော့ပေ။

လင်းယွိ အသက်ရှူသံက ရှုပ်ထွေးလာကာ ထိသွားသည့်နေရာက အရေပြားတွေကလည်း ထုံကျဉ်သွားကြသလိုပင်။

ပတ်ပတ်လည်မှာ အောက်ဆီဂျင်မရှိတော့သလိုပင်။

အချိန်ကူးပြောင်းလာပြီးကတည်းက သူ့စိတ်ကတက်ကြွနေကာ သူအသက်ရှင်နေသန်ဖို့တစ်ခုတည်းသာ သူ့စိတ်ထဲရှိလေသည်။ သူ ယန့်ကျီဟန်နား ကပ်နေပါက ယာယီလုံခြုံမှုရှိသည်ဟု ခံစားလိုက်ရကတည်းက ဒီလူကို တစ်ခုခုပူဆာရမယ်ဆိုတာမျိုး မတွေးဖူးပေ။

အရင်ရက်တွေမှာ သူ ယန့်ကျီဟန်ကို သိပ်မကြောက်တော့ရာ ယန့်ကျီဟန် အပြုအမူတွေနောက်က ဆိုလိုရင်းကို သိအောင်ကြိုးစားကြည့်နေခဲ့သည်…..

လင်းယွိ တံတွေးမျိူချလိုက်ကာ ယန့်ကျီဟန်အကြည့်တွေကို ဆုံအောင်ကြည့်လိုက်မိကာမှ သူတို့နှစ်ယောက်အခုဆို နီးကပ်နေတာက အသက်ရှူနေတာပါ ပေါင်းစပ်နေတော့မတတ်ပင်။

ယန့်ကျီဟန် မျက်မှောင်ကျုံ့လိုက်ကာ သူ့ကြည့်ရတာ သိပ်အဆင်မပြေသလို ဖြစ်နေပုံပေါ်နေပြီး နှုတ်ခမ်းတွေက အနည်းငယ်ဟနေကြကာ သူ့ကိုယ်ကလည်း ချွေးတွေစိုနေလျက်နှင့် သူ့ညိုပြာရောင်မျက်လုံးတွေထဲ ရွှေရောင်ကရောင်ပြန်ဟပ်နေလေသည်။

သူလင်းယွိကို ပြန်ကြည့်လာပြီးနောက် သူ့အကြည့်တွေကို နှိမ့်လိုက်လေသည်။ သူ ဂရုကိုမစိုက်ပေ…..သူသဘောတောင်ကျသေးသည်။ လင်းယွိ ရှူထုတ်လိုက်သည့် လေတွေကိုပါ သူပြန်ရှူနေရသည်ကို။

လင်းယွိနှလုံးက အဆမတန်ခုန်နေကာ သူ့ကိုယ်သူပြန်ပြင်လိုက်ပြီး လက်ကစောင်ကိုမရန် ဆန့်ထုတ်လိုက်တော့သည်။

ယန့်ကျီဟန် သူ့လက်ကို သဘောမကျသည့်ပုံနှင့် ပြန်ဆွဲကိုင်လာပြီး အသံဩဩနှင့်ပြန်ပြောလာသည်။
“မလှုပ်နဲ့။”

သို့သော် သူ့စကားမဆုံးခင်မှာပင် လင်းယွိဘက်ကလှုပ်ရှားလိုက်ကာ စနမ်းလိုက်လေတော့သည်။

ဒီလို သူပြုမူနေပုံတွေကို နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် ဒါက ယန့်ကျီဟန် လိုချင်နေမှန်း သူသိသလိုပင်။

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)حيث تعيش القصص. اكتشف الآن