Chapter 26

2.7K 305 1
                                    

အပိုင်း ၂၆ - No wonder the marshal likes him

“တံခါးပိတ်ထားခဲ့တယ်မလား?”

ရုံဝမ်မျက်နှာက တော်တော်ဆိုးရွားနေပြီဖြစ်သည်။  အထဲမှာဘာတွေဖြစ်နေလဲ သူမသိပေမဲ့ လင်းယွိဘက်က တစ်ခုခုပြောလိုက်သည်နှင့် မာရှယ်ကသူ့ကို ထွက်သွားဖို့ပြောလိုက်မှန်းတော့ သူရှင်းရှင်းလင်းလင်း ကြားလိုက်သေးသည်။

“ချီးပဲ! ရိုင်းလိုက်တာ။ ဒီလိုခန္ဓာကိုယ်မျိုးရှိတာနဲ့ နည်းနည်းလေး ကြည့်ကောင်းသွားတာက လွဲလို့ဘာရှိသေးလို့လဲ…..ကလေးလေးမွေးလာတာနဲ့ မာရှယ်သူ့ကို ကန်ထုတ်ပစ်လိမ့်မယ်!”

တပ်မှူးကဘေးကနေ ပြောလိုက်ရသည်၊ “မင်းက လေမိုးထန်တာ တွေ့ဖို့ငယ်ပါသေးတယ်ကွာ။ ဒါကအဲ့လောက်မဟုတ်သေးပါဘူး။”

“မာရှယ်က အဲ့လိုပိန်ပိန်သေးသေးကောင်လေးတွေဆို မုန်းတာမဟုတ်ဘူးလား? ကြည့်ရတာ သူပဲမာရှယ့်ကုတင်ပေါ် ဖက်တက်လာပြီး ဗိုက်ကြီးလာလို့ မာရှယ်က သူ့ကိုပြန်ခေါ်ထားတာမလား၊ ဘာလို့ ဒီကောင်လေးကို အဲ့လောက်ဂရုစိုက်နေတာလဲ မသိဘူး။”
တပ်မှူးခမျာ ရုံဝမ်ပွစိပွစိပြောနေတာကြားပြီး ခေါင်းပဲခါနိုင်တော့သည်။
မာရှယ့်လိုလူက သူ မဖြစ်ချင်တဲ့ဟာကို သူလက်သင့်ခံပါမလားလို့? သူကိုယ်တိုင်လည်း ထိုပိုးကောင်ကိုယ်တိုင် မာရှယ့်ကုတင်ပေါ် ဖက်တက်ခဲ့တာလက်ခံပေမဲ့ အဲ့ဒါကလည်း သူ့အကြောင်းနဲ့သူ ပြဿနာတွေရှိခဲ့မှန်း သူသိထားတာမလို့ ဘာမှတော့မပြောတော့ပေ။

တစ်ခုရှိတာက ဘယ်သူကလေးမွေးမယ် ဆိုတဲ့ဟာကတော့ အင်း……

တပ်မှူးကိုယ်တိုင်တောင် ဒီအကြောင်းကို မလည်ဝယ်သေးတော့ သက်ပြင်းချလိုက်ကာ ရုံဝမ်ကိုစကားမပြောတော့ပဲ အဝေးသာလျှောက်ထွက်လာလိုက်တော့သည်။

ရက်အတော်ကြာမှာတော့ အပြစ်ပေးမစ်ရှင်သွားလုပ်ရတော့မည့် ရုံဝမ်တစ်ယောက် အခုထိသူ့တောင်းပန်ရမည့်စကားကို ခုထိစာစီနေလို့ မပြီးသေးပေ။ ဒီနေ့သူခိုးထွက်လာကာ သူ့ကိုမမြင်ပဲထွက်သွားသည့် မာရှယ့်ကိုရှာနေတဲ့ ဗိသုကာပညာရှင်ကိုတားကာ မေးကြည့်လိုက်လေသည်။

ရုံဝမ်တစ်ဖက်လူကို သေချာစူးစမ်းကြည့်လိုက်ရင်း သိချင်လာလို့ မေးကြည့်လိုက်သည်၊ “မင်းအရင်က အဖွဲ့ချုပ်ကြယ်ဘက်ကလားလို့?”

“အင်းလေ၊ အဖွဲ့ချုပ်ဘက်မှာ အရင်က အလုပ်လုပ်ဖူးတယ်။ ပြီးတော့ အဖွဲ့ချုပ်ဘက်က ခေတ်ဟောင်းအဆောက်အဦးတွေအကြောင်းလည်း လေ့လာဖူးတော့ မာရှယ်သဘောကျပါစေပဲ မျှော်လင့်ရတာပဲ။”
ရုံဝမ်မျက်မှောင်ကြုတ်လိုက်မိလေသည်။ မာရှယ်က အဖွဲ့ချုပ်ဆို အရင်ကတည်းက အရမ်းမုန်းတာလေ။ အဲ့ဒါကို အခုလည်းစံအိမ်ကို အဖွဲ့ချုပ်ဘက်က ပုံအတိုင်းပါဆောက်ဦးမယ်ပေါ့။

ရုံဝမ်နဲ့ အိမ်ဒီဇိုင်းဆွဲသည့်သူနှစ်ယောက်လုံး အာကာသဂိတ်က ယန့်ကျီဟန်ဇိမ်ခံခန်းဆီ အတူတူလာကြကာ တံခါးခေါက်လိုက်ကြ၏။

“ဝင်ခဲ့။”

သူတို့ဝင်လာလာချင်း ယန့်ကျီဟန်သွယ်လျသည့် ခန္ဓာကိုယ်က စားပွဲကိုမှီကာ လင်းယွိအဝတ်တွေကို ကြယ်သီးတပ်ပေးနေတာကို မြင်လိုက်ရတော့သည်။

“ဒါနဲ့ရော ပူနေသေးလား?”
မာရှယ်က သူ့ရှေ့ကလူကို ချိုသာနေတဲ့ အသံနဲ့ပြောပြီး နူးနူးညံ့ညံ့လေးပါ လုပ်ပေးနေတာတဲ့။

လင်းယွိသူ့လည်ပင်းတစ်လျှောက် ကာထားသည့်အဝတ်တွေကို ဆွဲဖယ်လိုက်ကာ ခေါင်းကိုခါပြလာသည်: “မပူတောဘူး။ ဒါနဲ့အဆင်ပြေတယ်။”

ယန့်ကျီဟန် လင်းယွိကိုသူ့နား ပြန်ဆွဲလိုက်ကာ၊ “ဒါဆို ဒါကိုသေချာဝတ်နော်။”
သူ့ရှေ့က မိသားစုတစ်ခုလို အခြေအနေနှင့် ထူးဆန်းနေသည့် မြင်ကွင်းကြောင့် ရုံဝမ်ကြောင်သွားတော့သည်။

သူဒီလူကို မသိတော့သလိုပင်။ ဒီတစ်ယောက်က အရင်ကမပြုံးမရယ်၊ ပြတ်သားတိကျပြီး လူတစ်ယောက်အရိုးကို တစ်ချက်ကန်လိုက်တာနဲ့ ကျိုးအောင်လုပ်နိုင်တဲ့ သူသိတဲ့မာရှယ်မှ ဟုတ်ရဲ့လား?

တစ်ဖက်က ယန့်ကျီဟန်နူးညံ့နေသည့် မျက်နှာအမူအရာကို ထပ်မြင်လိုက်ရတာကြောင့် သူပြန်အေးစက်သည့်ပုံဖြစ်လာပြန်သည်။

ရုံဝမ်ချက်ချင်း မတ်မတ်ရပ်လိုက်ကာ၊ “မာရှယ်၊ ကျွန်တော်အရင်က အမှားလုပ်မိပါတယ်! ကျွန်တော်ဒဏ်ကြေးလည်း ဆောင်ပြီးပါပြီ၊ ပြီးတော့ ကျွန်တော်ဒီဇိုင်နာကိုလည်း ခေါ်လာပါတယ်။”

သူပြောချင်တာကို ပြောပြီးတာနှင့် ထောင့်ကိုသွားကာ ရပ်နေလိုက်လေသည်။ ယန့်ကျီဟန်အကြည့်က ချက်ချင်းကိုဒီဇိုင်နာဆီသို့ ရောက်သွားတော့သည်။

ဒီဇိုင်းနာလည်း မတူညီသည့်ပုံအမျိုးမျိုးနှင့် ဆွဲထားသည့်ပုံတွေကို ထုတ်ပြလာကာ မာရှယ့်အကြိုက် ဗိသုကာဒီဇိုင်းတွေကို ကောင်းကောင်းနားလည်လာအောင် လုပ်ထားလိုက်လေသည်။
ယန့်ကျီဟန် လင်းယွိဆီပေးလိုက်ကာ၊ “မင်းကြိုက်တာတစ်ခု ရွေးလိုက်။”
“ငါရွေးရမှာလား?” လင်းယွိအံ့ဩသွားတော့သည်။

ပြီးတော့ အံ့ဩသွားတဲ့သူက သူတစ်ယောက်တည်းမဟုတ်ပေ။ ဒီဇိုင်နာရော ရုံဝမ်ရောကပါ သူ့ဆီအကြည့်တွေပြုံရောက်လာကြမှန်း ခံစားမိလိုက်လေသည်။

ယန့်ကျီဟန် ဘက်ကတော့ သေချာနေပုံပင်၊ “အင်းလေ။”

လင်းယွိ ဖိအားအများကြီးကို တစ်ခါတည်းခံလိုက်ရသလိုပင်။ အိမ်တစ်အိမ်ကဆောက်ပြီးသွားရင် ပြောင်းလဲသွားမှာမဟုတ်ဘူးလေ။ “ဒါပေမယ့် ဒါကခင်ဗျားအိမ်လေ။”

ယန့်ကျီဟန် မျက်မှောင်ကြုံ့လိုက်ကာ၊ “ငါပြောထားတယ်လေ၊ ငါတို့အတူတူနေမယ့် အိမ်လို့။”

“သိတယ်လေ၊ ဒါပေမယ့် ငါလုပ်နိုင်မယ်မထင်ဘူး။” လင်းယွိ ပုံတွေကို ဘေးကိုပို့နေတုန်းပင်။

ယန့်ကျီဟန်မျက်နှာက ပိုဆိုးလာတော့သည်၊ “ရွေးဆိုရွေးလေကွာ။”
လင်းယွိအရင်က ကမ္ဘာကိုရှာချင်ခဲ့တုန်းကတော့ သူ့နဂိုဂြိုလ်ကိုရှာတွေ့ခဲ့ရင် အဲ့မှာပဲအိမ်ဆောက်ကာ ကြယ်တာရာအစုအဝေးထဲ သေချာအခြေချ နေထိုင်တော့မည်ဟူ၍ စဉ်းစားထားခဲ့တာဖြစ်သည်။

ဒီအကြောင်းတွေကြောင့်လည်း ယန့်ကျီဟန် သူ့မူရင်းဂြိုလ်ကို ပြန်လာကာအခြေချနေဖို့ စဉ်းစားခဲ့တာဖြစ်လေသည်။ သူဒီလိုလုပ်လိုက်တာက လင်းယွိပျော်လာလိမ့်မည်ဟု တွေးထားလိုက်တာကြောင့်လည်း ဖြစ်လေသည်။

ဒါပေမယ့် ဒီရက်ပိုင်း လင်းယွိ ကြည့်ရတာ သူ့ပလန်တွေကို တုန့်ပြန်ပုံကထူးဆန်းနေသလိုပင်။

ထိုအခြင်းအရာတွေကိုကြည့်ပြီး ယန့်ကျီဟန်တစ်ယောက် လင်းယွိ ဒါတွေကို သေချာမရွေးချင်တာက သူနဲ့အကြာကြီး နေမသွားချင်တော့လို့များလားဆိုပြီး စတွေးလာတော့သည်။

လင်းယွိ သူ့ကိုလည်း မိသားစုဝင်တစ်ယောက်လိုသဘောမထားသေးသလို ဒီနေရာကိုလည်း မိသားစုဝင်တစ်ခုလို သဘောမထားသေးပေ။ ဒါကြောင့်သာ လင်းယွိခုလို အိမ်ပြင်ဆင်မှုပုံတွေမှာ သူကိုယ်တိုင်ပါဝင်ပတ်သက်ဖို့ကို စိတ်ရှုပ်ကာချီတုံချတုံဖြစ်နေပုံပင်။
လင်းယွိတစ်ယောက် မရွေးချင်သလိုလုပ်နေတဲ့ပုံကြောင့် ယန့်ကျီဟန် ပိုစိတ်ရှုပ်လာတော့သည်။

အား ငါကသူ့ကိုပဲရွေးစေချင်တာလေ! မင်းကငါနဲ့မနေဘူးဆို ဘယ်ကောင်နဲ့သွားနေဖို့ စိတ်ကူးနေတာတုန်းလို့။

သူကတောင် ငါ့ကိုခြေချုပ်လက်ချုပ်မိအောင် လုပ်ထားပြီးပြီပဲကို မဟုတ်ဖူးလား? ကလေးလည်းမွေးပေးရဦးမယ် အဲ့ဒါတောင် သူက ငါ့ကိုထားသွားဖို့ စိတ်ကူးထားသေးတယ်ပေါ့?

သေချာစဉ်းစားကြည့်ကြပါဦး။

ယန့်ကျီဟန် ဘာစကားမှထပ်မပြောတော့ပဲ ရုပ်တည်ကြီးသာ လုပ်ထားလိုက်တော့သည်။ လင်းယွိဘက်က လိုချင်သည့်ဒီဇိုင်းပုံကိုရွေးပြီးသွားတာနဲ့ ဗိသုကာပညာရှင်ကို လင်းယွိကိုယ်တိုင်မေးချင်သည့် မေးခွန်းတွေမေးခိုင်းထားလိုက်လေသည်။

ဗိသုကာပညာရှင်ဘက်က လင်းယွိမေးလာသမျှ မေးခွန်းတွေကို ကြောက်ကြောက်နှင့် ဖြေပြီးသည်နှင့် ရုံဝမ်နှင့်အတူတူ အပြင်ထွက်သွားကြလေသည်၊ သူတို့ထွက်သွားသည်နှင့် လင်းယွိ ယန့်ကျီဟန်ကို လှည့်ကြည့်လာကာ
”….စိတ်ဆိုးနေတာလား?”
လင်းယွိတစ်ယောက်ခုဆိုရင် ယန့်ကျီဟန်ကို ဘယ်လိုချော့ရမလဲဆိုတာ အထာနပ်နေပြီမလို့ ယန့်ကျီဟန်နားမှီလိုက်ကာ ဖက်ထားပေးလိုက်ပေမဲ့ ယန့်ကျီဟန်ကလည်း သူ့ကိုပြန်တွန်းမလွှတ်လာပေ။

“ဘာလို့စိတ်ဆိုးနေတာလဲ? ငါက ငါရွေးထားတာကို ခင်ဗျားမကြိုက်မှာစိုးနေတာကို။”

ယန့်ကျီဟန် သူ့ကိုရှုတည်တည်နှင့်ပြန်ကြည့်လာပေမဲ့ ပြောလာတဲ့စကားတွေကတော့ နွေးထွေးနေတုန်းပင်၊ “ငါအဲ့ဒါတွေ စိတ်မဝင်စားဘူးလေ။ ငါကဒီအတိုင်း ဒါလေးတွေကို မင်းသဘောကျပါစေဆိုပြီးပဲ အားစိုက်ထားခဲ့တာကို။”

လင်းယွိ ယန့်ကျီဟန် ပြောလာတာလေးတွေကိုကြားပြီး နှလုံးသားက နူးညံ့သွားတော့သည်။ ထို့အပြင် ယန့်ကျီဟန်စိတ်ကောက်နေသည့်ပုံလေးကလည်း တော်တော်လေးကို ချစ်ဖို့ကောင်းနေသေးသည်။

ဒါတွေကတော့ဟုတ်ပေမဲ့ လင်းယွိခမျာခုထိ ယန့်ကျီဟန်ဒီလိုတွေလုပ်နေတာက သူ့ဟော်မုန်းတွေကြောင့်လို ထင်နေတုန်းပင်။ သူသာကလေးလေးမွေးပြီးတာနဲ့ သူ့ကိုမြင်ရတာစိတ်ရှုပ်လာပြီး နှင်ထုတ်ပစ်ဦးမှာကို တွေးပူနေသေးသည်။

သူသာအဲ့လိုအချိန်မှာ အခုဆောက်တော့မယ့် အိမ်ပုံကိုသာမြင်လိုက်ရင် ပိုစိတ်တိုလာပြီးတော့…..ချက်ချင်းဖျက်ပစ်လိုက်နိုင်သေးသည်။
လင်းယွိစိတ်ကတော့ ပူနေတုန်းပေမဲ့ ဘာမှမပြောတော့ပဲ နမ်းလိုက်လေသည်၊ “အင်း….ငါ့အတွက်တော့ အကုန်အဆင်ပြေပါတယ်။”

ယန့်ကျီဟန် မျက်နှာကတော့ အခုထိကောင်းမလာသေးပေမဲ့ လင်းယွိတန်းထမယ်လုပ်လိုက်သည်နှင့် ပြန်ဆွဲလိုက်ကာ လင်းယွိကိုတင်းကျပ်နေအောင် ဖက်ထားပြန်လေသည်။

လင်းယွိ အသာလေးရယ်လိုက်မိသေးသည်။ ယန့်ကျီဟန်အပေါ် ဟော်မုန်းသက်ရောက်မှုက တော်တော်လေးကောင်းပုံပင်။ အခုဆို ယန့်ကျီဟန်ကသူမရှိပဲနဲ့ မနေနိုင်တော့သည်အထိပင်။

တစ်ခုရှိတာက လင်းယွိ ယန့်ကျီဟန်ကို ဘယ်လိုချော့ပေးရမလဲ မသိတော့တာပင်။ ထိုအချိန်မှာပဲ ယန့်ကျီဟန်လည်း စကားပြောဖို့ ဦးတည်ရာပြောင်းသွားပြန်လေသည်။

“မင်းစက်ရုပ်က ကောင်းကောင်းကျင့်ပေးထားတာပဲ။”

“တကယ်?”
ဒီကြားထဲ လင်းယွိ သူ့ဟာသူလည်း ဘာသာစကားကို ကြိုးစားလေ့ကျင့်ရင်ကျင့် မဟုတ်ရင် ယန့်ကျီဟန်နှင့်အတူ ရုပ်မြင်ကမ္ဘာတုထဲတွင် တိုက်ပွဲတွေလိုက်တိုက်တာဖြစ်ဖြစ် လုပ်နေခဲ့တာဖြစ်လေသည်။
ဒါပေမယ့် ထိုအချိန်တွေမှာလည်း ယန့်ကျီဟန်ဘက်က သွေးအေးအေးနဲ့ တိုက်ပစ်တာကြောင့် ကြာကြာမခံပဲ ရှုံးပဲနေခဲ့ရာ သူ့ကိုယ်သူကောင်းကောင်း လုပ်နေသည်ဟုလည်း ထင်မထားခဲ့ပေ။

“အင်း။ ဒါဆို မင်း စစ်ဘက်ဆိုင်ရာအကယ်ဒမီမှာ စက်ရုပ်တွေအကြောင်းသင်ချင်လား?”

လင်းယွိတကယ်ကို အံ့ဩသွားတာဖြစ်လေသည်၊ “သင်လို့ရတယ်ပေါ့?”

ယန့်ကျီဟန် ခဏလောက်တွေးနေလိုက်ကာ
“မင်းကိုယ်တိုင်စစ်ပွဲတွေကို လိုက်လို့မရပေမဲ့ မင်းကဉာဏ်လည်းကောင်းပြီး စိတ်စွမ်းအားလည်းပြင်းတော့ နည်းပရိယာယ်တွေအကြောင်းကိုသင်ပြီး ကိုယ်တိုင်စက်ရုပ်တွေတောင် လုပ်လို့ရမယ်ထင်တာပဲ။ နောက်ဆို ဆရာတောင် လုပ်လို့ရတယ်လေ။”

လင်းယွိသူပြောနေတာတွေကို စိတ်ဝင်စားသည့်ပုံပြလာတာကြောင့် ယန့်ကျီဟန်ပြုံးပြလိုက်ကာ "လာ၊ ငါမင်းကို စစ်ဘက်ဆိုင်ရာအကယ်ဒမီကို ခေါ်သွားပေးမယ်။”

ယန့်ကျီဟန်ဘာလို့ ရုတ်တရက်ကြီးစိတ်ဆိုးနေရာကနေ ပြုံးလာလဲတော့မသိပေမဲ့ လင်းယွိပါပျော်လာပြီး ခေါင်းညိတ်ပြလိုက်လေသည်။
ယန့်ကျီဟန် လင်းယွိလက်ကိုဆွဲကာ အပြင်သို့အတူတူ ထွက်လာကြလေသည်။

လူအတော်များများက သူတို့သာတခြားလူတစ်ယောက်ကို ကြိုက်နေခဲ့ပြီဆိုရင် ပထမဆုံးသူတို့တွေးမိမှာက တစ်ဖက်လူကရော သူ့လိုသဘောကျနေတာလားဆိုတာမျိုး တွေးကြမှာပင်။ တကယ်လို့သာ နှစ်ဖက်လုံးကြိုက်ကြပါပြီဆိုရင် သူတို့တစ်သက်လုံး အတူတူနေလို့ရပြီလေ။ မဟုတ်ရင်တော့ လက်လျှော့လိုက်ရုံပေါ့။

ဒါပေမယ့် ယန့်ကျီဟန်အတွက်တော့ ဒါကမဟုတ်ပေ။ သူဆိုတာက အဖြေကိုစောင့်နေဖို့ဆိုတာထက် ကံကိုကိုယ်တိုင်ဖန်တီးပစ်မယ်ဆိုတဲ့ လူစားမျိုးပင်။

သူသာ လင်းယွိကိုကြိုက်တယ်ဆိုရင် လင်းယွိကသူ့အပိုင်ဖြစ်ကိုဖြစ်ရမည်။

လင်းယွိ သူ့ကိုမကြိုက်ဘူးဆိုရင်တောင်….ဒါကအဲ့လောက်အရေးမကြီးပေ။
ဒီလောက်နဲ့တော့ ယန့်ကျီဟန် မတုန်လှုပ်ပေ၊ သူသေချာပေါက်ကို နည်းလမ်းရှာမှာပင်ဖြစ်သည်။

လင်းယွိဆီမှာ သူလိုချင်တာအကုန်ရှိနေတာကို။

လင်းယွိ အိမ်လိုချင်တယ်မလား သူတန်းဆောက်ပေးလိုက်သည်။ လင်းယွိသူနဲ့ သက်ဆိုင်တဲ့သူလိုခံစားချင်တယ်မလား ချက်ချင်းအဲ့လို ခံစားလို့ရအောင် လုပ်ပေးလိုက်ဦးမှာပင်။ လင်းယွိသာဒီမှာ ကလေးလည်းရှိ၊ အလုပ်အကိုင်လည်းရှိပြီဆိုရင် သူ့ကိုထားသွားချင်တောင် ထားသွားလို့မရပေ။

အဲ့လိုအချိန်မှာတောင် လင်းယွိကဒါတွေကို ဂရုမစိုက်ဘူးပြောလာရင် သူအကျဉ်းချပစ်ဖို့ပါ အဆိုးဆုံးစိတ်ကူးထားပြီးပြီဖြစ်၏! အကျဉ်းချုပ်ကတော့ လင်းယွိကိုသူ့ဘဝထဲကနေ ဘယ်မှထွက်သွားခွင့် မပြုနိုင်ဘူးဆိုတာပင်။

ထားပါတော့ ဒါကနောက်အဆင့်တွေဆိုတော့။

ခြေကိုချုပ်ထားတာမျိုးက နှလုံးသားကို ချည်နှောင်တာထက်တော့ ပိုမခိုင်ခံ့နိုင်ဘူးလေ။

ရုံဝမ်တစ်ယောက် အခုထိအပြင်မှာ စောင်နေတုန်းပင်။

သူတောင်းပန်ပြီးပြီဆိုပေမဲ့ အခုထိသူထွက်မသွားချင်သေးပေ။

မာရှယ့်ဘက်ကနေစပြီးတော့တောင် လင်းယွိကိုကြိုက်တဲ့ အိမ်ပုံစံရွေးခိုင်းကတည်းက ဒေါသကထွက်နေခဲ့တာကို အဲ့ဒါတောင်မှ အဲ့တစ်ယောက်က ရွေးဖို့ကိုအချိန်ကဆွဲနေလိုက်သေးတယ်တဲ့။

မာရှယ်ကတောင် မျက်နှာသာပေးလို့မရလောက်အောင် ဒီတစ်ယောက်က ဒီလောက်စိတ်ရှုပ်ဖို့ကောင်းနေသေးသည်။

ဒါက ကလေးတစ်ယောက်လွယ်ထားလိုက်တာနဲ့ ပြီးရောလား?

နေ…နေပါဦး၊ ဒါနဲ့ အဲ့ဒီလင်းယွိလို့ခေါ်တဲ့တစ်ယောက်က ဘာလို့ကိုယ်ဝန်လွယ်လို့ရတာပါလိမ့်? သူက တကယ်ကြီး အမတစ်ယောက်မလို့လား?

သူ့ကြည့်ရတာ ပိန်ပါးပြီးနူးညံ့နေတဲ့ပုံဆိုပေမဲ့ အဲ့လို့ပုံလည်းမပေါက်ပါဘူး။ အရပ်လည်းရှည်ပြီး လုံးဝကို ယောက်ျားတောင်ဆန်နေလိုက်သေးတာကို။

လိင်နှစ်ခုပါတာများလား?

တစ်ချို့မျိုးရိုးတွေမှာ အဲ့လိုအရာတွေရှိတတ်တော့ သူလည်းမပြောတတ်ပေ။ ရုံဝမ် တွေးနေရင်း ပြုံးလိုက်မိလေသည်။
ဟွန့်၊ အဲ့ဒါကြောင့် အဲ့လောက်အားနည်းနေတာပေါ့! သူထိလိုက်တာနဲ့ ထငိုမယ့်ပုံနဲ့သူကများ။

ရုံဝမ်အတွေးတွေက ဟိုရောက်ဒီရောက်နှင့် ပေါက်ကရတွေဖြစ်နေတုန်းမှာပင် မာရှယ်တစ်ယောက် လင်းယွိကိုလက်ဆွဲကာ အခန်းထဲကနေထွက်လာတာကို တွေ့လိုက်ရတော့သည်။

သူအနောက်ကို ဆုတ်လိုက်ကာ အနောက်ကနေအမှီလိုက်လိုက်လေ၏။

မာရှယ်သူ့ကို အေးစက်စက်နှင့်ပြန်ကြည့်လာကာ လင်းယွိကိုပင် သူ့နောက်ကိုပို့လိုက်ပြီး မေးလာလေသည်၊ “ဘာလဲ?”

ရုံဝမ်ကြောက်ကြောက်နှင့် တံတွေးမျိုချလိုက်ကာ၊ “ဘယ်သွားကြမလို့လဲဗျ။?”

ယန့်ကျီဟန်ကြည့်ရတာ စိတ်မရှည်တော့သည့်ပုံပင်၊ “လေ့ကျင့်ရေးအခန်း။”

ရုံဝမ်သက်ပြင်းချလိုက်ကာ၊ “ကျွန်တော့်ကို တိုက်ပွဲမှာဘယ်လိုတိုက်ရမလဲ မသင်တော့တာတောင် တော်တော်ကြာပြီပဲ။”
ယန့်ကျီဟန်ကတော့ သူနဲ့ဆက်မပြောချင်တော့တာကြောင့် လင်းယွိကိုဆွဲခေါ်ကာ ထွက်သွားလေသည်။ ရုံဝမ်လိုလူက ပေးတဲ့တာဝန်တွေကို စိတ်ချရလောက်အောင် သေချာမလုပ်ခဲ့ဘူးဆိုရင် ယန့်ကျီဟန်သူ့ကို မောင်းထုတ်ခဲ့တာ ကြာလောက်ပြီပင်။

နှစ်ယောက်သား လေ့ကျင့်ရေးအခန်းထဲ ဝင်လာကြလေသည်။ အထဲမှာလေ့ကျင့်နေကြသူတွေအားလုံး ယန့်ကျီဟန်ဝင်လာတာကို မြင်တာနှင့် စိတ်လှုပ်ရှားလာကြကာ လေ့ကျင့်လက်စကို ရပ်ထားကြလိုက်လေသည်။ “မာရှယ်!”

ယန့်ကျီဟန် ခေါင်းညိတ်ပြလိုက်ကာ၊ “အုပ်စုခေါင်းဆောင် ထွက်ခဲ့။”

လက်မောင်းကြီးကြီး ခါးတုတ်တုတ်နှင့် လူကြီးကချက်ချင်းထွက်လာကာ ယန့်ကျီဟန်ကို အလေးပြုလာလေသည်။

ယန့်ကျီဟန် လင်းယွိကိုညွှန်ပြလိုက်ကာ၊ “ရုပ်သံတုစက်ကိုသုံးပြီး သူနဲ့တစ်ယောက်ချင်းဆီ ချကြည့်။”

လင်းယွိကြိုးစားကြည့်ချင်နေတာ ကြာပြီဖြစ်လေသည်။ တစ်ဖက်ကလူကတော့ စတင်ကြောက်လာသလိုပင်။
ရုံဝမ်အပြစ်ပေးတာကို လာခံယူပြီးကတည်းက ဦးစီးအရာရှိတစ်ယောက် လင်းယွိတစ်ယောက်ယောက်ကြောင့်များ အမှတ်မထင်ထိခိုက်သွားမှာကို တွေးပြီးကြောက်နေခဲ့တာကြောင့် အခုတော့သူ့ကိုယ်သူ စိတ်သာလျှော့ထားလိုက်တော့သည်။

အခုဆိုအားလုံးလိုလိုက သူတို့မာရှယ်အပြင်ကနေ ကိုယ်ဝန်လွယ်ထားရတဲ့ ခပ်ချောချောယောက်ျားတစ်ယောက်ကို ခေါ်လာမှန်းသိထားကြပြီးသား ဖြစ်ကြလေသည်။

ရုပ်မြင်တုလေ့ကျင့်ရေးအခန်းဆိုတာကလည်း စိတ်စွမ်းအင်ကိုသာသုံးပြီး ခန္ဓာကိုယ်ကိုမထိခိုက်အောင် လုပ်ထားပေမဲ့ အုပ်စုခေါင်းဆောင်ကတော့ တစ်ဖက်ကလင်းယွိကိုကြည့်ပြီး ကြောက်စိတ်တစ်စုံတစ်ရာကတော့ ပေါ်ကိုမလာသေးပေ။

သူသာ ကြောက်အောင်လုပ်ခဲ့မိရင်ရော! အင်း ဆိုးရွားလိုက်တာ!

ရုံဝမ်လည်း နောက်ကနေတူတူလိုက်လာတာ ဖြစ်လေသည်။ အကုန်လုံးလိုလိုက မာရှယ်များသူတို့ကို စိတ်ဆိုးသွားမလားတွေးကြောက်နေကြတာဖြစ်ရာ အနောက်မှာသာပုန်းနေကြပြီး စကားတစ်ခွန်းတစ်လေမှ ထွက်မလာကြသေးချေ။ အခုတော့မာရှယ်ပြောလာတာကို ကြားလိုက်သည်နှင့် ရှေ့ခြေတစ်လှမ်းထွက်လိုက်ကာ ပြောလိုက်လေသည်၊ “ကျွန်တော်သူနဲ့ ချပေးမယ်လေ။”

ယန့်ကျီဟန် ရုံဝမ်ကို တစ်ချက်ကြည့်လိုက်လေသည်။ သူဒီတစ်ယောက်ကို သိပ်မကြိုက်ပေမဲ့ တစ်ဖက်ကအုပ်စုခေါင်းဆောင်လိုလူက လင်းယွိအတွက် ပြိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့ အားနည်းတာမျိူးဖြစ်နေမှာစိုးတာကြောင့် ခေါင်းညိတ်ပြလိုက်လေသည်။

“အိုခေ။ မင်းတို့နှစ်ယောက် ချကြည့်။ ငါကြည့်နေမယ်။”

ရုံဝမ်သူပြောတာကို ကြည့်သည်နှင့် စိတ်လှုပ်ရှားလာကာ လင်းယွိကိုဂုဏ်ယူဝမ်းမြောက်နေသည့်အကြည့်နှင့် ကြည့်လာလေသည်။

သူကြည့်ရသလောက်တော့ လင်းယွိတစ်ယောက် မာရှယ့်ကိုကပ်ပြီး စက်ရုပ်တွေနဲ့ ကစားချင်တယ်ဆိုပြီး ပူဆာနေလို့ မာရှယ်စိတ်ရှုပ်လာပြီး ခေါ်လာတဲ့ပုံပင်။

သူသိသားပဲ မာရှယ်ဒီတစ်ယောက်ကို အဲ့လောက်မကြိုက်မှန်း! မဟုတ်ရင် လင်းယွိရှုံးမှာမှန်းသိသိရက်နဲ့ အခုလိုလူလည်ခေါင်ခေါ်လာပြီး သူနဲ့တိုက်ခိုင်းပါလိမ့်မလဲလို့။

ကုန်ကုန်ပြောရရင်တော့ သူကစွမ်းအားကြီးလွန်းတဲ့ သူတစ်ယောက်ပဲလေ။
တိုက်ခိုက်မှုကစတော့မှာမလို့ အခန်းထဲက လူတိုင်းလိုလို လင်းယွိနဲ့ရုံဝမ် တိုက်မည့်နေရာ ပတ်ပတ်လည်မှာ နေရာယူလိုက်ကြလေတော့သည်။

ရုပ်မြင်တုစက်ကလည်း ချက်ချင်းစလာကာ လင်းယွိမျက်တောင် တစ်ချက်ခက်လိုက်သည်နှင့် သူ့မျက်စိရှေ့က ရုံဝမ်က စက်ရုပ်တစ်ရုပ်ပုံ ပြောင်းသွားတော့သည်။

ထိုစက်ရုပ်ကို အပြာနှင့်အဖြူရောစပ်လုပ်ထားပြီး ကျောဘက်မှာတော့ ချွန်မြသည့်အမြီးတစ်ခုပါရှိနေကာ ထိုအမြီးဒီဇိုင်းက အလွန်ကိုသန်မာသည့်ပုံကို လှစ်ဟပြသထားသလိုပင်။ ဒါကကြည့်ရတာတော့ တကယ့်စက်ရုပ်တစ်ရုပ်ပုံအတိုင်း လုပ်ဆောင်ထားသည့်ပုံပင်။

လင်းယွိကတော့ သူဆော့နေကျ ယန့်ကျီဟန်နှင့် အချိန်ပြည့်ကျင့်နေကြဖြစ်သည့် စက်ရုပ်ပုံစံအတူတူကိုသာ ရွေးလိုက်လေသည်။

တစ်ဖက်က ရုံဝမ်ထိုအချိန်မှာ မြင်လိုက်ရတာတော့ သူတို့မာရှယ်၏ အနက်ရောင်စက်ရုပ်ကြီး ဖြစ်နေတော့သည်။

မာရှယ့်လိုလူက သူ့စက်ရုပ်ရဲ့ ဒေတာမျိုးတွေအထိ ဒီတစ်ယောက်ကို ပေးသုံးတယ်ပေါ့! ဟိုးအရင်ကတည်းက သူမာရှယ့်ကို ဒါကြီးကိုစမ်းသုံးကြည့်ချင်ပါတယ် ပြောခဲ့တာတောင်မှ မာရှယ်ကငြင်းနေခဲ့တာကိုလေ။

အဲ့ဒါကို ဒီလူကသုံးရဲတယ်ပေါ့! မာရှယ့်စက်ရုပ်ဆိုတာက စိတ်စွမ်းအင်အများကြီး လိုတဲ့ဟာလေ။ တကယ်လို့ဒီတစ်ယောက်မှာသာ A အဆင့်စိတ်စွမ်းအင်သာမရှိရင် လှုပ်တောင်လှုပ်နိုင်မှာ မဟုတ်ပေ။

လွန်လွန်းတယ်!

ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ယောက်ဗိုက်ထဲက ကလေးလေးကို မထိခိုက်သရွေ့အိုခေတာပဲကို။ ဟွန့်၊ သူဒီတစ်ယောက်ကို ငိုအောင်လုပ်နိုင်မလား ကြည့်ကြတာပေါ့!

လင်းယွိကို မာရှယ့်ဘေးမှာ ရပ်ဖို့မတန်ဘူးဆိုတာသိအောင် သင်ပြပေးလိုက်ချင်တာဖြစ်သည်။

ဒီတစ်ယောက်က စတိုက်ကတည်းက လျှော့မပေးထားပေ။ စစချင်းကို လုံးဝအသေတိုက်ပေမဲ့ လင်းယွိကသူ့ကိုအသာလေး ရှောင်နိုင်လိမ့်မယ်လို့ သူထင်မထားခဲ့ပေ။
သူတကယ်ကို ကြောင်သွားတော့သည်။

မဖြစ်နိုင်လိုက်တာ။

ပြန်လှည့်လိုက်ကာ တားဂတ်ကိုပြန်ချိန်ဖို့ လုပ်လိုက်ပြီး ဒီတစ်ခေါက်မှာတော့ အားပိုပြည့်လာသလိုပင်။ ဒါပေမယ့် သူအားပိုစိုက်ပြီး တိုက်လေလေ တစ်ဖက်ကလူကို ပိုကြောက်လာလေလေပေင်….ဒီတစ်ယောက်က မာရှယ်ဝင်ချနေတာတော့ မဟုတ်လောက်ပါဘူးနော်။

ဒီလောက် ကြောက်ဖို့ကောင်းတဲ့ စိတ်စွမ်းအင်ကြီးက ဘာလဲဟ။ လာလှည့်စားနေသလိုပဲ။ တစ်နေရာရာကနေ ဖိခံထားရပေမဲ့ ရုန်းမထနိုင်တဲ့ အတွေ့အကြုံမျိုးဆိုတာက မာရှယ်နဲ့တိုက်ပွဲတွေမှာသာ သူခံခဲ့ဖူးတာဖြစ်ပေမဲ့….

မဟုတ်သေးဘူး၊ သူ့ကိုတိုက်နေရင်း ကြားထဲအသက်ရှူဖို့ အချိန်လေးတော့ ပေးထားသေးလို့…..တစ်ဖက်လူက မာရှယ့်ထက်တော့ ပိုညင်သာပေးသည် ပြောလို့ရသေးသည်။

တစ်ဖက်လူကို မယုံနိုင်စွမ်းအပြည့်နှင့် မော့ကြည့်လိုက်တော့သည်။
လှပသည့်မျက်နှာအစိတ်အပိုင်းများနှင့်အတူ နူးညံ့သည့် အရောင်အဝါကို ထုတ်လွှတ်လျက်ပင်ရှိပြီး ညင်သာသည့်အပြုံးလေးနှင့် ကြည့်ကောင်းလှသော မျက်လုံးလေးတွေရှိတဲ့သူက အခုတော့ သူ့ကိုငုံ့ကြည့်နေတယ်တဲ့။

တကယ်ကြီးကို လင်းယွိပဲ။

ဒီတစ်ယောက်က တကယ်ကြီးကို အလှထားကြွေအိုးမဟုတ်ဘူးပဲ။ ဒီ ဒီတစ်ယောက်ရဲ့ စိတ်စွမ်းအားက သူ့ထက်တောင်များရင်များနေဦးမှာ! Sအဆင့်တောင် ရောက်နေလောက်ပြီ။ မာရှယ်နဲ့ဆိုရင် သိပ်မကွာလောက်တော့ဘူး။

သန်မာလိုက်တာ!

အဲ့ဒါ အဲ့ဒါတောင်မှ ကြည့်ကောင်းနေတုန်းပဲ….

မာရှယ်ကြိုက်တာလည်း မပြောနဲ့။

ကြည့်ရတာတော့ မာနကြီးလွန်းနေခဲ့တာ သူတစ်ယောက်တည်းမှန်း သိသာလွန်းတာကြောင့် ရုံဝမ်မျက်နှာက နီရဲလာတော့သည်။

လင်းယွိ သူ့ကိုပြန်ပြုံးပြလာကာ၊ “မင်းကတော်လိုက်တာ။”

လင်းယွိအနေနဲ့ တစ်ဖက်လူကလည်း အလွန်အားကောင်းတဲ့ ပြိုင်ဖက်တစ်ယောက်မှန်းပြောနိုင်ပေမဲ့ ဒီလူကသူ့ကိုလျှော့တွက်ထားပုံပင်။
အစပိုင်းမှာကတည်းက စိတ်ရှုပ်နေပုံရကာ နောက်ပိုင်းအာရုံပင်မစိုက်နိုင်တော့တဲ့ အချိန်မှာပဲ သူအခွင့်အရေးကို အရယူပြီး အနိုင်တိုက်လိုက်တာဖြစ်လေသည်။

လင်းယွိ လေ့ကျင့်ရေးအချိန်က တိုတောင်းလှသည့်အပြင် သူလေ့ကျင့်ခဲ့ရသည့် သူဆိုတာကလည်း ယန့်ကျီဟန်တစ်ယောက်ထဲရှိတာကြောင့် သူသူ့ကိုယ်သူ ကောင်းကောင်းလုပ်မလုပ် မသိခဲ့ရပေ။ ဒီနေ့တော့ ဒီလူနဲ့တိုက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ပြန်ရလာသလိုပင်။

ယန့်ကျီဟန်နဲ့ယှဉ်ရင်တော့ ရုံဝမ်ကနှေးနေသေးသည်။ ဒီအကြောင်းကလည်း သူနောက်ပိုင်းသာ စက်ရုပ်တွေနဲ့တိုက်တဲ့နေရာမှာ ပိုတော်လာခဲ့ရင် ရုံဝမ်ကိုနောက်တစ်ကြိမ် ထပ်ချလို့ရလိမ့်မည်ဟုသာ တွေးထားလိုက်တော့သည်။

ဒါကလည်း ယန့်ကျီဟန် လင်းယွိကိုသိလာစေလိုသော အချက်ဖြစ်နေတာရောပေါ့။

ရုံဝမ်တစ်ယောက်ကတော့ အခုထိလင်းယွိကို ကြောင်ကြည့်နေတုန်းပင်။ လင်းယွိပြောလာတာကိုကြားပြီး ပိုရှက်လာသော်လည်း ဝန်တော့မခံချင်သေးပေ၊ “ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့ဦး….ငါပြောမယ် ငါကဒီလိုချတာမျိုးမှာ သိပ်မတိကျပေမဲ့ တကယ်အပြင်မှာချပြီဆို ငါကဒီမှာထက်ကို တော်တာနော်။”

လင်းယွိ ခဏတာဘာပြောရမှန်းမသိတော့ပေ၊ “တကယ်?” ဒါပေမယ့် ယန့်ကျီဟန်သူ့ကိုပြောထားတာတော့ ဒီစက်က တကယ့်အပြင်အတိုင်းနီးပါး လုပ်ထားတာဆို။”

“အင်း၊ ငါဒါကို ခဏလေးဆော့လိုက်တာမလို့ သိပ်မသုံးတတ်ဖြစ်သွားတာ။”

ရုံဝမ် လင်းယွိကိုစိုက်ကြည့်နေပေမဲ့ တစ်ဖက်ကတော့ သူ့အပြုအမူလေးတွေ ပြောင်းလဲလာမှန်း သတိမထားမိသေးပေ။ သူ့မျက်နှာအမူအရာက မဲ့နေတဲ့ပုံလုပ်နေပေမဲ့ အသံကတော့ လင်းယွိတစ်ခုခု ပြောလာမှာကို မျှော်လင့်ထားသလိုပင်၊ “ငါတို့ ထပ်ပြိုင်ကြရအောင်လေ။”

ယန့်ကျီဟန် အဝေးကနေကြည့်နေရင်း ပါးစပ်ထောင့်စွန်းလေးက တက်သွားတော့သည်။ နေရာကနေ ချက်ချင်းထလာကာ နှစ်ယောက်ကြားထဲကို အတင်းတိုးဝင်လိုက်ပြီး ရုံဝမ့်ကိုပြောလိုက်သည်။
“မင်းမှာ ဘာမှ လုပ်စရာမရှိရင် သွား အလုပ်သွားလုပ်တော့။”

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now