Chapter 8

3.4K 432 4
                                    

အပိုင်း - ၈

“ဘာဖြစ်တာလဲ?”

ဆရာဝန်က ချက်ချင်းပြန်ဖြေလာသည်။
“ဒီလူကြီးမင်းရဲ့ ကိုယ်တွင်းORGANSတွေက နဂိုကတည်းက နုနယ်ပါတယ်။ အဲ့ဒါကို စောင့်ကြည့်တဲ့ကွင်းကနေလုပ်လိုက်တဲ့ လျှပ်စစ်လျှော့ကြောင့် သူ့နှလုံးလုပ်ဆောင်ချက်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတော့ သူ့လှုပ်ရှားမှုတွေကိုပါ ထိသွားတဲ့ပုံပါပဲ။ နဲအီကိုယ်ပိုင်အခန်းထဲ ပြန်ရောက်တာနဲ့ အပြစ်ပေးလိုက်ပါမယ်။”

ယန့်ကျီဟန် ကြားကြားချင်း တိတ်သွားတော့သည်။
လင်းယွိခြေထောက်က ကုသပေးဖို့ လိုနေပြီး မကြာခင်မှာပဲ မေ့ဆေးကြောင့် အိပ်ပျော်သွားလေတော့သည်။

သို့သော် ယန့်ကျီဟန်တစ်ယောက်ကတော့ ချက်ချင်းထွက်မသွားသေးပေ။
နေရာမှာပဲ ရပ်နေကာ ဆရာဝန်က လင်းယွိကို ကုပေးနေသည်ကိုသာ ကြည့်နေလေသည်။

အခုလေးတင် ဝင်လာတဲ့တပ်မှူးမှာ မာရှယ်ကထိုကောင်လေးကို တောင်းပန်နေသည် ဆိုတာကိုကြားခဲ့ကာ လန့်နေတုန်းပင်ဖြစ်သည်။ အခုတော့ ယန့်ကျီဟန်ပုံကို ကြည့်လိုက်ပြီး သူ လင်းယွိကိုပါ အပြန်ပြန်အလှန်လှန် ကြည့်လိုက်တော့သည်။

အင်း တောင်းပန်တယ်ဆိုတာက ဘာမှမဟုတ်ပေမဲ့ အဲ့ဒါလုပ်တဲ့သူက သူတို့ မာရှယ်လေ။
မာရှယ့်တွင် သူရဲဘောကြောင်သည့် ကောင်တွေအတွက် သနားညှာတာမှုဆိုတာ မရှိတတ်ပေ။ သူ့ရှေ့မှာ ငိုရဲရင်ငိုကြည့်၊ သေနတ်တစ်ချက်နှင့် သတ်ပစ်နိုင်သည် အထိပင်။

ဇာက်အထီးတွေဆို ပြောဖို့ပင်မလိုတော့ပေ။ မာရှယ့်ရဲ့ အဖျက်ပိုးကောင်လို ကောင်တွေအပေါ်  မနှစ်သက်မှုက အလွန်ကိုများပြားလှပေသည်။
သေချာတွေးကြည့်မယ်ဆိုရင် မာရှယ်၏ ဤကောင်လေးအပေါ် ဆက်ဆံပုံက အစကတည်းကကို ခြားနားနေတာဖြစ်လေသည်။

သူကဒီကောင်လေး အသက်ကိုကယ်ခဲ့ရုံသာမက အခုဆိုပြန်ပါခေါ်လာပြီး ဆေးပါကုပေးနေလေတော့သည်။
ကောင်လေးက ထွက်ပြေးသွားသော်လည်း မာရှယ်က အာကာသယာဉ်ပေါ်က ချက်ချင်းဆင်းကာ သူ့ကိုရှာခဲ့လေသည်။ ရှာတွေ့ပြီးနောက်တွင်လည်း အပြစ်မပေးပဲ အခန်းထဲ သော့ပိတ်ကာပဲ ထားရန်သာ အမိန့်ပေးထားလေသည်။ နောက်ဆုံးမှာတော့ သူကိုယ်တိုင်လည်း မထားနိုင်ပဲ အခုဆိုတောင်းပါတောင်းပန်နေသည်တဲ့….

ထိုမထင်ထားလောက်တဲ့ အရာသေးသေးလေးတွေကို တစ်ခုကြီးစီ ခွဲထုတ်လိုက်ပါက ထိုအရာအားလုံးက လူတစ်ယောက်ထဲကိုပဲ ညွှန်ပြနေလေတော့သည်။

တပ်မှူးက လုံးဝလေးစားသွားပြီး လင်းယွိကိုဆို အကြိမ်ရေများများ ပြန်ကြည့်လိုက်သေးသည်။
အစည်းအဝေးက တစ်ဝက်တင်ရပ်နေကာ တပ်မှူးက မာရှယ့်ကို ညွှန်ကြားစရာတွေ ရှိမရှိမေးချင်သော်လည်း သူ့မှာမမေးရဲသဖြင့် တိတ်တိတ်ကလေးသာ ရပ်စောင့်နေလိုက်တော့သည်။

ကုသပေးနေသည်ကို အဆုံးထိစောင့်ပြီးနောက်တော့ ယန့်ကျီဟန်လှည့်ကာ ချက်ချင်းပြန်ထွက်သွားတော့သည်။ တပ်မှူးခမျာလည်း ရွေးချယ်စရာမရှိပဲ ချက်ချင်းကို အနောက်က လိုက်ရတော့သည်။

“ထောင်ထဲက စစ်စတမ်ကို ဘယ်သူတာဝန်ယူနေတာလဲ?”
တပ်မှူး မာရှယ်၏ ကျောဘက်ကိုကြည့်ကာ နာမည်တစ်ခုကို ပြောလိုက်သည်။ မာရှယ်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး နောက်ထပ်ဘာမှ ဆက်ပြောမလာတော့ပေ။

တစ်နာရီခွဲလောက်အကြာတွင်တော့ ယန့်ကျီဟန် အစည်းအဝေးကို အဆုံးသတ်လိုက်လေတော့သည်။
ထိုကာလအတွင်းမှာပဲ တပ်မှူးက မာရှယ့်မျက်နှာကို ခဏခဏ ဂရုစိုက်ပြီး လှမ်းကြည့်နေသော်လည်း မည်သည်ကိုမှမတွေ့ရကာ အစည်းအဝေးပြီးသည်နှင့် မာရှယ်က ထောင်စစ်စတမ်တာဝန်ခံ တစ်ယောက်ထဲကိုသာ နေခိုင်းခဲ့လိုက်လေသည်။

တစ်ယောက်ထဲ နေခိုင်းကတည်းက တာဝန်ခံခမျာ အနည်းငယ်စိတ်ပူပင်နေခဲ့ပြီ ဖြစ်လေသည်။ မာရှယ်က သူ့ကိုမေးခွန်းမေးနေသည်ကို ကြားပြီးသည့်နောက်တွင်လည်း မာရှယ်က ထိုဒဏ်ရာရသွားသည့် ထောင်သားအပေါ် စစ်စတမ်၏ မတရားမှုကို သိပြီးဖြစ်ပြီးမေးသည်ထင်ကာ သူစိတ်ထဲပင်ထားမနေပေ။

သူအားနာနာနှင့် ပြုံးပြလိုက်ကာ အသံတိုးတိုးနှင့် တောင်းပန်လိုက်ပြီး
” မာရှယ်၊ ထောင်ရဲ့ စစ်စတမ်ဆိုတာက အပြစ်သားတွေကို ထွက်မပြေးနိုင်အောင် လုပ်ထားတာဖြစ်ပါတယ်၊ သူတို့ရဲ့ ခန္ဓာကိုယ်အခြေအနေကို တိုင်းတာနေဖို့ မဟုတ်ပါဘူး။ ဒီလို မတော်တဆမှုမျိုးဆိုတာက သေးငယ်တဲ့ဖြစ်တတ်တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ၊ ဒါ့ကြောင့် ဒါကစစ်စတမ်နဲ့ ပတ်သက်ပြီးတော့ ပြဿနာရှိနေတယ်လို့ မဆိုလိုနိုင်ပါဘူး။”

ယန့်ကျီဟန် ထိုလူ့မျက်နှာကို ကြည့်လိုက်ကာ ရုတ်တရက် ရီလိုက်တော့သည်
“အဲ့လိုလား?”

ဘာမှန်းမသိပဲ တစ်ဖက်လူမျက်နှာကနေ ချွေးစေးတွေက တစ်ချက်ပွတ်လိုက်သည်နှင့် ပါလာကျတော့သည်။

ယန့်ကျီဟန် ထလိုက်ကာ ထိုလူအနောက်ကို လျှောက်သွားလိုက်ပြီး ဒူးကိုကန်ချလိုက်ပြီးပြီးချင်း ရက်စက်စွာထိုလူ၏ ခြေကျင်းဝတ်ပေါ်  နင်းလိုက်တော့သည်။

သူ့ခြေထောက်အောက်က လူဆီကနေ နားပင်းတော့မတတ် အော်သံကိုကြားလာရတော့သည်။ သူလက်ကောက်ဝတ်ကို မြှောက်လိုက်ကာ တာမီနယ်က အချိန်ကိုတစ်ချက်ကြည့်လိုက်လေသည်။
“ငါမင်းကို ၅မိနစ်အချိန်ပေးမယ်။ ငါ့အတွက် လက်ဖက်ရည်တစ်ခွက် ယူလာခဲ့။”

ကြမ်းပြင်ပေါ် ဒူးထောက်နေတဲ့လူက ရွေ့လာကာ သူ့မျက်နှာကပါ ချက်ချင်းဖြူဖျော့လာတော့သည်။ “မာရှယ်၊ ဒါ ဒါက…..”

ရန့်ကျီဟန်သူ့ကို ဘာမှမသိသည့် ပုံဖြင့်ပြန်ကြည့်လိုက်ကာ
“ ဘာလဲ၊ ငါတောင်းဆိုတာ များသွားလို့လား?”

တာဝန်ခံလည်း ဒူးထောက်လိုက်ကာ ခေါင်းကိုရမ်းခါပြီး
“မဟုတ်ပါဘူး၊ မဟုတ်ရပါဘူး၊ သေချာပေါက် မများပါဘူး…..”

“ဒါဆို ငါ့အမိန့်ကို မင်းကဘာလို့ မနာခံတာလဲ?”
မာရှယ့်အမိန့်ကို မနာခံခြင်းဆိုတာက ရာဇဝတ်မှုကြီးဖြစ်သည်! တာဝန်ခံလည်း အကြောက်လွန်ပြီး တုန်နေကာ ချွေးသီးချွေးပေါက်တွေပါ ကျနေကြပြီး သူနောက်ထပ် ကြောက်စရာစကားမျိူးကို ထပ်မပြောရဲတော့ချေ
“မာရှယ်၊ ကျေးဇူးပြုပြီး ကျ ကျနော့်ကို ခွင့်လွှတ်ပေးပါ၊ ကျနော် ကျနော်မှားမှန်းသိပါပြီ! ကျနော် လုပ် လုပ်လို့မရလို့ပါ၊ ကျနော် လုပ်လို့မရတော့လို့ပါ။”

“ကျွတ်၊ ဒါက ဖြစ်နိုင်လား? ထူးဆန်းလိုက်တာ။”
ယန့်ကျီဟန် သက်ပြင်းတစ်ချက်ချလိုက်ကာ ထိုလူ့ခေါင်းပေါ်ပါ တက်နင်းလိုက်ပြီး မျက်လုံးတွေထဲ သေချာစိုက်ကြည့်ပြီး မေးလိုက်သည်။

"ဒါဆို ဒါကရော မင်းပြဿနာလား ငါ့ပြဿနာလား? မေးကြည့်?”
ဒီလူက ဘယ်လိုလုပ် မာရှယ့်ကို မေးခွန်းပါလို့ ပြောရဲမှာတုန်း! သူပြောလိုက်တာက ဒါကဘာမှမဟုတ်ပါဘူးရယ်လေ၊ စိတ်ဝိညာဉ်ကပါ အနှိပ်စက်ခံရကာ အကြောက်လွန်ပြီး မျက်နှာက စာရွက်တစ်ခုအလား ဖြူဆုတ်လာတော့သည်။

ယန့်ကျီဟန်နောက်ဆုံးတော့ ရွံရှာသည့် ပုံလုပ်လိုက်ပြီး ခြေထောက်ကိုရွေ့လိုက်ကာ
“ထွက်သွား၊ ထွက်သွားပြီး အဲ့ဒါကို ပြောင်းလိုက်။”

“ဟုတ်! ဟုတ်! ဟုတ်ကဲ့ မာရှယ့်ရန် မာရှယ်ရန်။” တာဝန်ခံလည်း လေးဖက်ထောက်ကာ အမြန်ထွက်သွားတော့သည်။

တပ်မှူးလည်း ထိုလူကိုကြည့်ကာ ခေါင်းပဲခါနိုင်တော့သည်။
ဒီလူပြန်မပြောပဲ နေလိုက်ရမှာ၊ မာရှယ့်ကို ပြန်ပြောလိုက်တာက ကံမကောင်းတာပဲ။
ဘယ်သူကရော ထင်ထားမှာတုန်း တစ်နေ့မှာ မာရှယ်ကသူထောင်ထဲ ထည့်မထားချင်တဲ့ လူတစ်ယောက်ကို ထောင်ထဲလာထည့်မယ်လို့၊ ပြီးတော့ အဲ့တစ်ယောက် ကျန်းမာရေးကလည်း ဆိုးနေတယ်တဲ့လေ။

ဒါပေမယ့် ပြီးတဲ့အရာကပြီးသွားကာ တပ်မှူးလည်း တစ်ဖက်လူအတွက် ပြန်မပြောရဲခဲ့ပေ၊ ဘာကြောင့်လဲဆိုတော့ မာရှယ့်အသားအရောင်ကြည့်ရတာ အခြေအနေက ကောင်းမနေပေ။

ယန့်ကျီဟန်စိတ်က အစည်းအဝေးမပြီးခင် အထိကို တင်းနေခဲ့သည်။ လူတော်တော်များများလည်း အဆူခံလိုက်ရလေသည်။ တပ်မှူးခမျာ စိတ်လျော့လောက်ပြီ ပြီးလောက်ပြီဟု တွေးလိုက်ပြီး ဂရုတစိုက်နှင့် အကြံပေးကြည့်လိုက်သည်။
"မာရှယ် ဆေးကုသဆောင်ကို သွားချင်ပါသလား?”

ယန့်ကျီဟန် သူ့ကိုမျက်မှောင်ကျုံ့ကြည့်လိုက်ပြီး
“မင်း ဘာပြောလိုက်တာ?”

တပ်မှူးကြောက်ကြောက်နှင့် တံတွေးမျိုချလိုက်ပြီး၊ ပြောလိုက်သည်။
“အခုဆို သူနိုးလောက်ပြီလေ၊ သူ့ဆီထပ်သွားချင်မလားလို့ပါ။”

ယန့်ကျီဟန် မျက်နှာအမူအရာက ချက်ချင်းဆိုးသွားတာကြည့်ပြီး တပ်မှူးလည်း မာရှယ်တော့ ဒေါသထွက်လာပြန်ပြီဟု တွေးလိုက်သော်လည်း နောက် စက္ကန့်မှာ ယန့်ကျီဟန်မက်တပ်ထရပ်လိုက်ကာ စိတ်တိုတိုနှင့် ပြောလာလေသည်။
"ဒါဆိုသွားရအောင်။”

လင်းယွိ သတိရလာလာချင်း သူတွေ့လိုက်ရတာက သူကအခုထောင်ထဲမှာ မဟုတ်ပဲ ဆေးကုသဆောင်ရောက်နေသည်ဆိုတာပင်။ စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်တော့သည်။

ခြေထောက်က နည်းနည်းတော့ နာနေပေမဲ့ လျစ်လျူရှုထားလို့တော့ ရသေးသည်။ နဂိုအဖြူရောင်ကွင်းလည်း မရှိတော့ကာ အခုဆို ထိုနေရာမှာ အပြာရောင်ဖျော့ဖျော့ ပတ်တီးသို့သာ ပြောင်းသွားတော့သည်။ လင်းယွိ စိတ်ဆင်းရဲနေသည့်ကြားက တွေးလိုက်သေးသည်။ ဒါက လှတော့လှသား။

ထိုအချိန်မှာပဲ သူ့တံခါးခေါက်သံကို ကြားလိုက်ရတော့သည်။

လင်းယွိ သူ့ခေါင်းကို မော့ကြည့်ကြည့်လိုက်ချင်း အန်းဒါးကို နောက်တစ်ကြိမ်ပြန်မြင်လိုက်ရလေသည်။

လင်းယွိအခြေအနေကို မြင်လိုက်တာနှင့် စိတ်မကောင်း ဖြစ်သွားလေသည်။ မနေ့က လင်းယွိကိုရှာမရတာနဲ့ သူအာကာသယာဉ်ပေါ်ကိုပြန်ခဲ့လေသည်။ နောက်မှသူသိလိုက်ရတာက မာရှယ်ကလင်းယွိကိုဖမ်းပြီး ထောင်ချခဲ့သည်ပင်။

သူမာရှယ့်ကို လင်းယွိအားလွှတ်ပေးရန် ပြောပေးချင်သော်လည်း မာရှယ့်ဘေးမှာ လူတွေရှိနေလေ့ရှိသောကြောင့် သူမပြောသာခဲ့ပေ။ အခုလို လင်းယွိဒဏ်ရာရနေသည်ကို မြင်လိုက်ရသည့်အခါမှာတော့ အန်းဒါးအပြစ်ရှိစိတ်တွေ ဝင်လာကာ သူ့ကိုယ်သူ တာဝန်ယူမှု မရှိသည့်သူတစ်ယောက်လို ခံစားလာရတော့သည်။

လင်းယွိ အပြာရောင်လူဝင်လာသည်ကို သက်ပြင်းချကာ ကြည့်နေလိုက်ပြီး ထိုလူနှင့်စကားပြောနေလိုက်သည်။ သူဘာမှနားမလည်ပေမဲ့ ထိုလူ့ကို ပြုံးတော့ပြနေလိုက်သည်။

သူ့ကိုအပြင်ပါ ခေါ်ပေးခဲ့တဲ့အပြင် သူကထိုလူ့ကို အပြင်မှာပါထားခဲ့တာဆိုတော့ သူလည်း သူ့ကိုယ်သူအပြစ်တင်နေပြန်သည်။

လင်းယွိဒဏ်ရာရသွားသည်ကိုကြည့်ကာ အန်းဒါးဘာကိုမှ ဂရုမစိုက်တော့ပဲ ပိုပိုပြီး စိတ်ပူလာကာ ဒီကောင်လေးကို ကာကွယ်ပေးချင်စိတ်က ပိုကြီးလာတော့သည်။

“မင်းကို ထောင်ထဲပြန်ပို့ကြဦးမှာလား? ဒါမှမဟုတ်….ငါအလုပ်က ထွက်လိုက်ပြီး အဝေးကိုခေါ်သွားပေးရမလား?”

ယန့်ကျီဟန် ကုသဆောင်အထပ်ကို ရောက်လာတာနဲ့ ခြေလှမ်းတွေက မသိလိုက်ပဲ မြန်လာတော့သည်။ ပိုပိုပြီး စူးရှသည့်အနံ့လေးက မမြင်ရသည့် အပ်ချည်ကြိုးလေးလို သူ့ကိုလင်းယွိဆီသို့ ဆွဲနေလေတော့သည်။

သူဒီတစ်နေ့လုံး စိတ်တိုနေကာ နေလို့လည်းမကောင်းခဲ့ပေ။

မနက်ပိုင်းက သူလင်းယွိနဲ့ နီးကပ်နေတုန်းကလည်း လင်းယွိ၏ ဖယ်ရိုမုန်းအနံ့ကိုပဲ မရှောင်ဖယ်ပဲ ရှူနေခဲ့တာဖြစ်သည်။

ထိုအချိန်က သူလင်းယွိကိုယ်ကိုပဲ ပိုအာရုံစိုက်နေခဲ့ပြီး ဘာမှလည်းသိပ်မတွေးခဲ့မိပေ။ သို့သော် သူလင်းယွိဘေးကနေ ထွက်လာလိုက်သည်နှင့် သူ့ဦးနှောက်က တစ်ချိန်လုံးကို သူ့အားပိုးကောင်ဆီက အနံ့ကလေထဲမရှိတော့လုနီးပါး ဖြစ်နေပြီဆိုပြီး သတိပေးလာတော့သည်။ ထိုပိုးကောင်ကရော ဘယ်လိုနေပါလိမ့်?

ပိုးကောင်က ဆေးပေးခန်းထဲတွင် ရှိနေ၏! အဲ့ဒါ သူနဲ့ဘာမှဆိုင်မနေဘူးလေ?

သို့သော်လည်း ယန့်ကျီဟန်ဘယ်လောက်ပဲ စိတ်ထဲကနေ ငြင်းနေပါစေ သူ့အာရုံတွေအားလုံးကတော့ လင်းယွိအနံ့ကိုသာ အပူတပြင်းရှာနေကြပြီး သူဘယ်လောက်ရှာရှာ မတွေ့သေးပေ။

ကြားထဲအနံ့မရလိုက်သည့်အချိန်က ဆိုးရွားကာ အဲ့ဒါကပဲ သူ့ကိုစိတ်ပူလာစေတော့သည်။

ဒါက သကြားနည်းနည်းစားလျက် ဖရဲသီးလေး တစ်ကိုက်ကိုက်လိုက်လုပ်နေရသလိုပင်။ ခန္ဓာကိုယ်က သူလိုချင်သည့်အရာကို ရလေ့ရှိနေသော်လည်း ရုတ်တရက်မရတော့တဲ့ အခါမှာတော့ နေရတာ အဆင်မပြေတော့သလိုပင်။

ယန့်ကျီဟန် သူ့မျက်လုံးထဲတစ်ခုမှ အဆင်ပြေမနေပေ။ အလင်းကစူးလွန်းလှကာ အစားအသောက်တွေ အနံ့ကလည်း ထူးဆန်းနေပြီး သူဝတ်ထားတဲ့ အဝတ်တွေကပါ ကျပ်လာသလိုပင်။

သူပိုးကောင်ကို ထပ်တွေ့ချင်စိတ်ပေါ်မလာအောင် နေလိုက်သော်လည်း တပ်မှူးက သူတစ်ခုခုမှားနေတာ သတိထားမိသွားပုံပင်။

နောက်ဆုံးမှာတော့ ယန့်ကျီဟန် ဆေးပေးခန်းတံခါးကို ဆူပုတ်နေသည့် မျက်နှာနှင့် ဆွဲဖွင့်လိုက်တော့သည်။

ဒါပေမယ့် သူမြင်လိုက်ရတာက လင်းယွိက နောက်တစ်ယောက်ကို ပြုံးပြနေသည်တဲ့။

လင်းယွိ ယန့်ကျီဟန်ကို မြင်လိုက်ရတာကြောင့် လန့်သွားကာ ယန့်ကျီဟန်အသားအရေက ကောင်းသည့်ပုံ မပေါ်သဖြင့် သူ့နှလုံးတွေခုန်လာကာ အလွန်အမင်း ကြောက်လာလေတော့သည်။

သို့သော်လည်း မသိစိတ်က ချက်ချင်း အပြုံးမျက်နှာလေး လုပ်လိုက်ကာ ကုတင်ပေါ်ကပင်ထပြီး ယန့်ကျီဟန်ဆီသို့ လျှောက်သွားနေလေသည်။
မာရှယ့်ကို မြင်လိုက်ရာ အန်းဒါးလည်း အံ့ဩသွားပြီး နေရာမှာပဲ ဒူးထောက်လိုက်တော့သည်။

ယန့်ကျီဟန်မြင်လိုက်ရသည်မှာ ထိုပိုးကောင်က ကြမ်းပြင်ပေါ်ကို ဖိနပ်မပါပဲ သူ့ဆီခြေတစ်ပေါင်ကျိုးခုန်ကာ လာနေသောကြောင့် သူလည်းရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကူပေးလိုက်လေသည်။

လင်းယွိ ယန့်ကျီဟန်ဆီကို ဂရုတစိုက်နှင့် လာလိုက်ပြီး ပြုံးကာထိုလူရဲ့ မျက်နှာအမူအရာကို လေ့လာကြည့်လိုက်လေသည်။ သူ့အနေနှင့် နီးကပ်နေမှုကို သူ့ဘက်ကအကောင်းဆုံး ဖော်ပြဖို့ကို ကြိုးစားခဲ့လိုက်သည်လေ။

ယန့်ကျီဟန် မျက်နှာအမူအရာက အနည်းငယ် နူးညံ့သွားတော့သည်။

လင်းယွိကို မြင်လိုက်ရသည်နှင့် ယန့်ကျီဟန်၏ စိတ်အဆင်မပြေဖြစ်နေတာတွေ အကုန်လုံးပျောက်သွားကြတော့သည်။

ဒီပိုးကောင်၏ ဖယ်ရိုမုန်းက သူ့အတွက်တော့ ဆေးတစ်ခွက်လိုပင်။ လေထဲကနေ သူ့အဆုတ်တွေထဲ ထိုးဖောက်ဝင်ရောက်လာကာ သူ့သွေးတွေနှင့် ပေါင်းစပ်ကုန်ကြပြီး ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေနှင့်ပါ ဟန်ချက်ညီကုန်ကြကာ သူ့စိတ်တွေကိုပင် ငြိမ်းချမ်းသွားစေသည်အထိ။
လင်းယွိ ယန့်ကျီဟန် ဘေးမှာရပ်နေကာ နောက်ထပ်ဘာဆက်လုပ်ရမယ်မှန်း မသိတော့ပေ။

ယန့်ကျီဟန် အခန်းထဲက အန်းဒါးကို တစ်ချက်လှန်းကြည့်လိုက်ပြီး လင်းယွိကို ပွေ့ချလိုက်လေတော့သည်။

လင်းယွိ : “….”

သူကယောက်ျားတစ်ယောက် ဖြစ်သည့်အပြင်ကို အခုလို ရုတ်တရက်ကြီး ပွေ့တာခံလိုက်ရတော့ နေရာမှာတင် တောင့်သွားတော့သည်။

ဒါပေမယ့် ယန့်ကျီဟန်ကတော့ ဘာအမူအရာမှ မပြပဲ ထွက်လာလေသည်။

လင်းယွိအရပ်က တစ်ကယ်ဆို ယန့်ကျီဟန်နှင့် တူကာ သူ့ထက်အနည်းငယ်သာ ပိန်နေရုံပင်။ သို့သော် ယန့်ကျီဟန်က ငှက်မွေးလေးအလား သူ့ကိုအသာလေး ပွေ့ထားနိုင်သည်။

အပြင်ဘက်က တပ်မှူးခမျာ ထိုမြင်ကွင်းကိုမြင်ပြီး မျက်လုံးတွေပြူးကာ အံ့ဩသွားသော်လည်း သူအမြန်အကြည့်ကို ပြန်ချလိုက်ပေသည်။
“အန်းဒါးကို စစ်တပ်ကနေ ထုတ်ပြီး အဝေးကို မောင်းထုတ်လိုက်။”

တပ်မှူးလည်း အကြောင်းရင်းကို မေးလည်းမမေး၊ မအံ့ဩပဲ
“ဟုတ်ကဲ့ မာရှယ်။”

သူလင်းယွိကို ပြန်ကြည့်လိုက်ကာ မေးလာသည်၊ “မာရှယ် သူနဲ့နေချင်ပါသလား? အခန်းနဲ့ဆက်နေတဲ့ ဧည့်သည်အခန်းကို ကျွန်တော် သန့်ရှင်းရေး လုပ်ခိုင်းလိုက်ရမလားဗျ?”

ယန့်ကျီဟန် သူကြည့်နေတာကို ရပ်လိုက်ကာ ကျောကတောင့်သွားတော့သည်။

ခေါင်းကိုပြန်လှည့်လိုက်ကာ တပ်မှူးကို သူ့အကြည့်တွေထဲ ဒေါသနည်းနည်းစွက်ကာ ကြည့်လိုက်လေသည်။
“မင်းက ငါဒီလိုပိုးကောင်နဲ့ နေချင်တယ်လို့ ထင်တယ်ပေါ့?”

တပ်မှူး သူ့ခေါင်းကို ငုံ့လိုက်ကာ
“ဒီလက်အောက်ငယ်သားက အဲ့လိုမဆိုလိုပါဘူး၊ ဒါပေမယ့် ဒီပိုးကောင်ကိုကြည့်ရတာ မာရှယ့်ကို အရမ်းသဘောကျနေတဲ့ ပုံမလို့ပါ၊ ပြီးတော့ မာရှယ့်ဘေးမှာဆို သူပြန်ကောင်းလာဖို့ကို ကောင်းကောင်းအနားယူနိုင်မယ် ထင်လို့ပါ။”

ယန့်ကျီဟန် သူ့ပါးစပ်လေးတွေက တွန့်သွားကာ ခဏလောက်တိတ်သွားလေသည်။ အင်း ငါသူ့ကို စောင့်ကြည့်လို့ရတာပဲလေ။

သူကိုယ်တိုင်လည်း သူဘာ့ကြောင့် လက်ခံမိလိုက်လဲ မသိပေမဲ့ အခန်းထဲက အန်းဒါးရှိနေသောကြောင့် မသိလိုက်ပဲ လက်ခံမိလိုက်တော့သည်။

ကုတင်ဘေးတွင် အန်းဒါးက ဒူးထောက်နေတုန်းဖြစ်တာကြောင့် သူလင်းယွိကို ထိုနေရာသို့ပြန်မပို့ပဲ ပြန်လှည့်ကာထွက်လာခဲ့လိုက်တော့သည်။

သူ့ကိုအပြင်သို့ သယ်ခံလာရသောကြောင့် လင်းယွိ ရှက်နေသော်လည်း တားလည်းမတားရဲပေ၊ သူ့နားတွေဆို နီရဲနေကြတော့သည်။ သူတို့နှစ်ယောက်ဘာတွေပြောနေကြလဲ ဆိုတာကို သူနားမလည်သောကြောင့် သူ ယန့်ကျီဟန်ကိုသာ စိုက်ကြည့်နေလိုက်တော့သည်။

ယန့်ကျီဟန်နှင့် အကြည့်စုံသွားသော်လည်း သူ့ဘက်နေအရင် အကြည့်လွှဲသွားလေတော့သည်။

တပ်မှူးကလည်း ခဏတွေးလိုက်ပြီး ပြောလာလေသည်။
"ပြီးတော့ မာရှယ်နဲ့သာ နေလိုက်မယ်ဆိုရင် သူ့ကိုလူအနည်းငယ်လောက်သာ တွေ့လို့ရအောင် ခွင့်ပြုပေးလို့ရပြီးတော့ တခြားလူတွေ သူ့ကိုလာနှောင့်ယှက်တာကိုလည်း ကာကွယ်လို့ရနိုင်ပါသေးတယ်။”

ယန့်ကျီဟန် နှုတ်ခမ်းတွေကို စေ့လိုက်ကာ ပြန်လှည့်လိုက်ပြီး ရှေ့သို့ဘာမှမပြောပဲ ဆက်သွားနေလိုက်သည်။ နောက်တစ်ကြိမ် တပ်မှူးကိုကြည့်လာပြီး တိုတိုတုတ်တုတ်နှင့် ပြောလိုက်သည်။
“အင်း၊ သူငါနဲ့ အခုကစပြီး နေလိမ့်မယ်။”

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ