Chapter 20

2.8K 361 2
                                    

အပိုင်း ၂၀ - What do you want (2)

ယန့်ကျီဟန် သူ့ကိုတစ်ချက်ကြည့်လာကာ ချက်ချင်းပြန်လှည့်သွားသည်။
“ငါတစ်နေ့ကို တစ်ခါပဲစားလည်းရတယ်။"

ထိုတစ်ခွန်းပြောပြီး ခဏရပ်လိုက်ကာ အသံကို အတတ်နိုင်ဆုံး ပျော့ပျောင်းအောင်လုပ်ကာ ပြောလာလေ၏။
“ငါကမင်းနဲ့ မတူဘူး၊ မင်းကများများ စားဖို့လိုတယ်လေ။ မဟုတ်ရင် ခဏကြာတာနဲ့ မင်းဗိုက်ထပ်ဆာလာလိမ့်မယ်။”

လင်းယွိလည်း ပြုံးလိုက်ကာ သူ့ဆီလျှောက်လာလိုက်သည်။

“ခများကရော ဘာလို့ခွံကျွေးရမယ်ဆိုပြီး ထင်နေတာလဲ?”

ယန့်ကျီဟန်ဘက်က ဘာမှပြန်မပြောလာပေ။

ဇက်တွေရဲ့ ယဉ်ကျေးမှုကိုက အဲ့လိုပဲလေ။

ဇက်အထီးတွေကိုဆို သေချာစွာခစားရမည်ဖြစ်သည်။ နောက်ထပ်အထူးပြုစုပေးရသည့် ရေချိုးပေးတာမျိုးနှင့် အစားအသောက်ကို ဆက်သပေးတာမျိုးဆိုတာက တစ်ကယ်တော့ အတူတူအိပ်ပေးရတာမျိုးနဲ့ဆို သေချာပေါက်ဒုတိယ နေရာကအလိုလို ကပ်လိုက်လာတာမျိုးပင်။ ပြီးတော့ အဲ့လိုအရာမျိုးဆိုတာက သေချာပေါက် အလိုလိုက်အကြိုက်ဆောင်ခံတဲ့ အမတွေသေချာပေါက် လုပ်ချင်ကြတဲ့ အရာမျိုးဖြစ်လေသည်။

ယန့်ကျီဟန်ဆိုတာ အမြဲလိုလိုမောက်မာနေတတ်သောသူ ဖြစ်သော်လည်း ဒီကြယ်အစုအဝေးကြီးထဲမှာ ဒီပိုးကောင်ကို ခစားမြှောက်စားပေးချင်တဲ့သူဆိုတာမျိုးက အများအပြားကိုရှိနိုင်သည်လေ။ အဲ့တော့ ဒီလိုပြုစုခစားပေးတာမျိုးနဲ့ ယှဉ်ရင်သူကတောင် အနည်းငယ်ကြမ်းတမ်းနေသည်ဟုပင်ပြောနိုင်သည်။

ယန့်ကျီဟန်ဘက်က လင်းယွိကို သူ မကျွမ်းကျင်သည့်ကြားက ကောင်းကောင်းပြုစုပေးဖို့ ကြံထားသော်လည်း သူထင်ထားသလို အလုပ်ဖြစ်မလာပေ၊ သူကိုယ်တိုင်လည်း ဘာကြောင့်ဒီလိုဖြစ်နေမှန်း မသိပေ။

သို့သော် ဒီတစ်ခါတော့ သူ့ကိုယ်သူဝန်မခံချင်သေးပေ။

ယန့်ကျီဟန်က သူ့ကိုလျစ်လျူရှုထားတာကြောင့် လင်းယွိလည်း အဖက်လုပ်မခံသလိုခံစားလာရကာ အခန်းထဲပြန်ဝင်ဖို့သာ ပြင်လိုက်လေသည်။
လင်းယွိအခန်းထဲပြန်ဝင်ဖို့ ပြင်နေတာကိုမြင်လိုက်မှ ယန့်ကျီဟန်လည်း သူကိုယ်တိုင်တောင်မသိလိုက်ပဲ ဆွဲထားလိုက်မိသည်။

လင်းယွိလည်း တစ်ဖက်ကအရှိန်ကြောင့် ကိုယ်ကိုမထိန်းနိုင်ဖြစ်ကာ ယန့်ကျီဟန် ခုံကို ထောက်ဖို့ကိုင်ထားလိုက်ရလေတော့သည်။

လင်းယွိဘာမှားသွားမှန်းမသိလိုက်ရတာကြောင့် အနည်းငယ်စိတ်ရှုပ်သွားသော်လည်း အခုဆိုနှစ်ယောက်က အလွန်နီးကပ်နေကြရာ လင်းယွိလည်းဘာမှမတွေးတော့ပဲ သူ့ရှေ့က ယန့်ကျီဟန်ကို နမ်းလိုက်လေ၏။

ယန့်ကျီဟန်ကြောင်သွားကာ “ငါ ငါ….မင်းကိုနမ်းစေချင်တယ်လို့လည်း မပြောပါဘူး…”

လင်းယွိ ယန့်ကျီဟန်ဖြစ်နေတာလေးကြည့်ရတာ စိတ်ထဲမြူးလာသလိုပင်။

ပုံမှန်ဆို ပြုံးခဲပေမဲ့ သဘောကောင်းတဲ့ ဗီလိန်ကြီးက အနမ်းခံရမှ ဒီလိုလန့်သွားတတ်တဲ့ပုံလေးကို ပြတတ်တာတဲ့။

ယန့်ကျီဟန်က တစ်ခါတစ်လေဆို တော်တော်ချစ်ဖို့ကောင်းသည်။
ညဘက်မှာတော့ လင်းယွိတစ်ယောက် ယန့်ကျီဟန်က နောက်တစ်ကြိမ် ဆေးကုသဆောင်ကို ခေါ်သွားခံလိုက်ရပြန်လေသည်။

သူ့ကိုအလုံပိတ်ထားသည့် စက်ကြီးတစ်ခုထဲ အထည့်ခံလိုက်ရတာ စကန်နာက သူ့ခေါင်းအပေါ်အောက်ကို ရွှေ့နေမှန်းတော့သိလိုက်ရသည်၊ ကြည့်ရတာ သူ့ဦးနှောက်ကို စကန်ဖတ်နေပုံပင်။

သူကသေချာပေါက်ကို လူလုပ်အရုပ်တစ်ရုပ်ဖြစ်ပေမဲ့ ဘာလို့ဒီလောက် ကိုယ့်ကိုယ့်ကိုနားလည်နေကာ စိတ်စွမ်းအင်မြင့်နေလဲဆိုတာကိုတော့ မသေချာကြောင်း ဆရာဝန်ပြောနေတာတွေကိုလည်း သူခပ်ရေးရေးတော့ ကြားနေရသည်။

စက်ပိတ်သွားသည်နှင့် ယန့်ကျီဟန်က သူထလို့ရအောင် ကူပေးလာသည်။

“ပုံမှန်ဆို မင်းခေါင်းထဲမှာ ချစ်ပ်ပြားလေးရှိပေမဲ့ ငါအခုဖယ်ပစ်လိုက်ပြီ။”

“အင်း” လင်းယွိ သူ့ခေါင်းကိုထိကြည့်လိုက်သည်။ ကောင်းတာပေါ့။ နောက်ဆုံးတော့ ငါမသိလိုက်ပဲ ဘာမှန်းမသိတဲ့စကားတွေ ထုတ်မပြောတော့ဘူးပဲ။

ယန့်ကျီဟန်သူ့ကို ကြည့်လာသည် “မင်းအစောဆုံး မှတ်ဉာဏ်ကဘာလဲ?”
လင်းယွိရုတ်တရက် အပြစ်ရှိတယ်လို့ ခံစားလာရသလိုပင် “….လေ့ကျင့်ရေးကန်ထဲကနေ ထုတ်ပြီးပြီးချင်း ခင်ဗျားကို တွေ့တာပဲ။”

လင်းယွိ သူ့နဂိုနေရာနှင့်ပတ်သက်ပြီး မသိသေးတာတွေ ရှိနိုင်သေးတယ်ထင်ပေမဲ့ ယန့်ကျီဟန်ဘက်က သိချင်သည့်ပုံလည်း ပြမလာပေ။

အခုချိန်မှာ သူဂရုစိုက်တာက တစ်ခုတည်းသာရှိသည်။

“ငါ့ဆီမှာဆိုရင် မင်းအဖွဲ့ချုပ်မှာထက် ပိုကောင်းတဲ့ဆေးကုသရေးကို ရစေရမယ်လို့ အာမခံတယ်၊ ပြီးတော့ အကုန်လုံးကို အလကားလည်း လုပ်ပေးမယ်။”

လင်းယွိ : “….”

“မင်းကကျန်းမာရေးလည်း မကောင်းတော့ အကောင်းတကာ့အကောင်းဆုံး ဆေးကုသရေးဆိုတာမျိုးက  အချိန်မရွေးလိုမှာပဲလေ။ ပြီးတော့ ငါကလည်းမင်းလို လူဖန်တီးထားတဲ့ အရုပ်တွေနဲ့ပတ်သက်ပြီး အထူးပြုလေ့လာနေတဲ့ သမားတော်တွေကိုပါ ငှားထားပြီးသားဆိုတော့ မင်းသာမန်လူတစ်ယောက်လို ဖြစ်လာ‌ဖို့ သူတို့နဲ့ အချိန်ညှိလိုက်ရုံပဲလေ။”

လင်းယွိအံ့ဩသွားပြီး ရင်ထဲထိသွားတော့သည်။

ယန့်ကျီဟန် လင်းယွိပုခုံးကို နောက်တစ်ကြိမ်ဖိလိုက်ကာ၊ “မင်းမှာနောက်ထပ် လိုချင်တာမျိုးတွေရှိရင် ငါ့ကိုသာပြော၊ ငါအဲ့အဖွဲ့ချုပ်ကဟာတွေလို အကုန်လုပ်ပေးနိုင်တယ်။ ပြီးတော့ သူတို့နဲ့တွေ့ရင်လည်း သူတို့ပြောသမျှကို ယုံမနေနဲ့။”

ယန့်ကျီဟန်ကြည့်ရတာ တစ်ခုခုစဉ်းစားနေပုံပင်၊ ပြီးနောက် စိုက်ကြည့်ပြီး ပြောလာပြန်သည်၊ “ငါပြောရဦးမယ် ငါ့မှာအကောင်းဆုံး ထိပ်တန်းအဆင့် ခြေရာခံစက်လည်းရှိတယ်နော်။ အဲ့တော့ မင်းသာငါ့ကိုထားသွားရဲ ထားသွားကြည့် ငါမင်းဘယ်သွားသွား လိုက်ဖမ်းမှာ။”

လင်းယွိ : “…”

ယန့်ကျီဟန်က တကယ်ကိုအားသိပ်ထုတ်မနေပေ၊ ဒီအတိုင်း ပျော့ပျောင်းပြလိုက် နည်းနည်းကြမ်းပြလိုက်လုပ်နေရုံသာ ဖြစ်လေသည်။

ဒီအတိုင်း သူ့ကိုအနားက ထွက်မသွားစေချင်ရုံသာဖြစ်သည်။

လင်းယွိသူ့ကိုကြည့်ရတာ ဒီတစ်ခေါက်တော့ သိပ်မကြောက်တော့သလိုပင်။ ပိုဆိုးတာက အခုအခြေအနေက သူ့အတွက် ရီရခက်ငိုရခက် ဖြစ်နေတာပင်။

သူကိုယ်တိုင်လည်း အဖွဲ့ချုပ်နောက် လိုက်မသွားချင်ပေ၊ သူသွားချင်တဲ့ တစ်ခုတည်းသောနေရာက ကမ္ဘာမြေကြီးပင်။

သို့သော်ကြည့်ရတာ ဒီမှာလည်း ကမ္ဘာဂြိုလ်နှင့်တူတာရော ရှိလို့လား? ပြီးတော့ သူရင်းနှီးတဲ့ မြို့ကရော?

မရှိလျှင် ယန့်ကျီဟန်နဲ့ဆက်နေဖို့ဆိုတာမျိုးက သူ့အတွက် အထွေအထူးမဟုတ်ပေ။

ပြီးတော့ ကြည့်ရတာဇာတ်ကြောင်းက ခုထိမစသေးသည့်ပုံပင်၊ ထို့ကြောင့် သူ ယန့်ကျီဟန်ကို အနာဂတ်မှာ ဇာတ်လိုက်နှင့်မတိုက်ခိုက်ရန် ကြိုသတိပေးထားရဦးမည်။

ဒါပေမယ့်….. “ဘာလို့ငါ့ကို အတူတူနေစေချင်တာလဲဟင်?”

ယန့်ကျီဟန်နေရာမှာ ခဏလောက်တောင့်သွားကာ၊ “ အကြောင်းပြချက်ရယ်လို့တော့ မရှိပါဘူး….”

ယန့်ကျီဟန်နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ကာ လင်းယွိကြည့်ရတာတော့ သူစိတ်သိပ်မရှည်သည့်ပုံပင်၊ “ ဘယ်လိုပဲဖြစ်ဖြစ် မင်းငါ့ကို ထားသွားလို့လည်းမရသလို တခြားလူတွေနဲ့လည်း မရောရဘူး! ကျန်တဲ့ပြောချင်တာတွေကတော့ ငါနဲ့ဆွေးနွေးလို့ရတယ်။”

လင်းယွိအနေနဲ့တော့ ဒါက ယန့်ကျီဟန်၏ သူ့ဖယ်ရိုမုန်းအပေါ် စွဲလမ်းလွန်နေတာပဲဟုသာ ထင်ထားလိုက်လေသည်….ဒါပေမယ့် ဒီလောက်အထိပါ လုပ်ထားပေမယ်လို့တော့ တွေးမထားခဲ့ပေ။ “ငါလည်းအဖွဲ့ချုပ်နောက် လိုက်မသွားချင်ပါဘူး။ အဲ့ဒါကြောင့် စိတ်မပူနဲ့။”

ယန့်ကျီဟန်သူ့ကို ပြန်ကြည့်လာလေသည်၊ “မင်းကငါ့ဘေးမှာ နေချင်တယ်ပေါ့?”

“အင်း”

ယန့်ကျီဟန်ခေါင်းကိုငုံ့လိုက်ကာ သူ့ပါးစပ်ထောင့်စွန်းလေးကတော့ အပေါ်ကိုမြင့်တက်သွားလေသည်။

လင်းယွိဘက်က ကြည့်ရတာတော့ ယန့်ကျီဟန်စိတ်အခြေအနေက ပိုကောင်းသွားသည့်ပုံပင်။ အမြီးလေးကပါ ထောင်လာသလိုပင်။
သူ ယန့်ကျီဟန်လက်ကိုဆွဲကာ အခန်းကိုသာ ဦးတည်လိုက်တော့သည်။ အခုချက်ချင်းကို အိပ်ယာပေါ်ပစ်တင်လိုက်ဖို့ကိုတောင် မစောင့်နိုင်တော့သလိုပင်။

လင်းယွိဘက်ကစကာ ယန့်ကျီဟန်ကို ဖက်ထားလိုက်တော့သည်။

ယန့်ကျီဟန်လည်း သူ့ခေါင်းကို လင်းယွိလက်မောင်းတွေထဲမြုပ်ကာ ကိုယ်သင်းနံ့လေးကို ရှူလိုက်ရင်း သူ့ကိုပဲကြည့်လာနေလေသည်။

လင်းယွိ : “?”

ယန့်ကျီဟန်စကားပြောဖို့ တုံ့ဆိုင်းနေသလိုပင်၊ “ပိုးကောင်။”

လင်းယွိတစ်ကယ်ကို ကူရာမဲ့သွားတော့သည်။ “….ငါ့နာမည်က လင်းယွိ။”

“လင်းယွိ?”

“ဟင်….”
“လင်းယွိ။”
ယန့်ကျီဟန် သူ့ကိုပဲ စိုက်ကြည့်နေကာ နောက်တစ်ကြိမ်ညင်သာစွာ နာမည်ကိုခေါ်လိုက်ပြီးနောက် တိုးတိုးလေး ပြောလာလေသည်။
“ငါ့ကိုနမ်း။”

လင်းယွိ : “….”

ဟ၊ ဘာလေးလဲ။

လင်းယွိပြုံးမိသွားပြန်သည်။ “အိုခေ”

လင်းယွိ ယန့်ကျီဟန်ကို ဘယ်တော့မှထားမသွားတော့ဘူးဟု ကတိပေးခဲ့သော်လည်း ထိုကတိက နောက်ရက်အနည်းငယ်သာ ခံခဲ့လေသည်။

လင်းယွိကိုယ်တိုင်  မထင်ထားတဲ့လူတစ်ယောက်ကို အဖွဲ့ချုပ်အာကာသယာဉ်ပေါ်မှာ တွေ့လိုက်ရတော့သည်။





ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now