Chapter 24

2.6K 355 10
                                    

အပိုင်း ၂၄ – To lay eggs or not to lay eggs

ဘေးကနေ လင်းယွိမြင်ရသလောက်တော့ တစ်ဖက်ကပြောလာသည်ကို ကြားလိုက်သည်နှင့် ယန့်ကျီဟန်မျက်လုံးတွေက ပြူးလာကာ သာမန်အချိန်ဆို အေးဆေးဖြစ်နေတတ်သော မျက်ဆံတွေကပါ ကျုံ့သွားကြလေသည်။

အင်း ကြည့်ရတာတော့ ပျော်မနေပုံပဲ။

“မင်းဘာပြောလိုက်တယ်?”
ယန့်ကျီဟန် မတ်တပ်တောင် ထရပ်မိလိုက်၏။

“မာရှယ့်မှာ….ကိုယ်ဝန်ရှိနေပြီတဲ့၊ ပြီးတော့ အဲ့ အဲ့ဒါက သုံးလထဲတောင် ရောက်နေပြီတဲ့။”

သုံးလအလွန်လောက်က လင်းယွိကို ပထမဆုံး ယန့်ကျီဟန်စတွေ့ခဲ့တဲ့ အချိန်ဖြစ်လေသည်။

တပ်မှူးအသံကပါ တုန်ရီနေကာ အမြန်ထပ်ဖြည့်ပြောလာလေသည်: “ကျွန်တော် ကိုယ်ဝန်ဖျက်ချဖို့ အခန်းပါ အသင့်ကြိုပြင်ပြီးပါပြီ၊ မာရှယ်လာတာနဲ့ တန်းစလို့ရပါတယ်…”

ယန့်ကျီဟန် ခဏလောက်ရပ်နေလိုက်ကာ၊ “အင်း သိပြီ။”

လင်းယွိ ခုလေးတင်ကြားလိုက်ရတဲ့ သတင်းကြောင့် သူ့နှလုံးက တင်းကျပ်လာသလိုပင်၊ ကိုယ့်ကိုယ်ကို မနည်းပြန်ထိမ်းထားလိုက်ကာ ယန့်ကျီဟန်ကို လန့်လန့်နှင့်ကြည့်လိုက်ရင်း၊ “သွား….သွားမှာလား?”

ယန့်ကျီဟန် ခေါင်းငုံ့ကာ အဝတ်ဝတ်နေရင်း ဘာမှပြန်မပြောလာပေ။

“တောင်းပန်ပါတယ်….ငါ ငါရောအတူတူ လိုက်လို့ရမလားဟင်?”

လင်းယွိအမြန်ထရပ်လိုက်တာတောင်မှ ယန့်ကျီဟန် သူ့ကိုပြန်လည်လှည့်မကြည့်သလို အခန်းထဲကနေ သူ့ကိုတောင်မစောင့်ပဲ ထွက်သွားတော့သည်။

လင်းယွိတံခါးကိုသာ ကြောင်ငေးကြည့်နိုင်တော့သည်။ ထို့နောက် သူမျက်နှာကိုအုပ်ကာ ကုတင်ပေါ် နောက်တစ်ကြိမ် ဘုန်းကနဲ ထိုင်ချလိုက်လေသည်။

တပ်မှူးလည်း သူတို့မာရှယ် ဒီလိုပြဿနာမျိုးကို ချက်ချင်းရင်ဆိုင်ဖြေရှင်းပစ်မယ်မှန်း ယုံကြည်ထားလေသည်။ ပြောရမယ်ဆိုရင် သူတို့မာရှယ်က ယောက်ျားတစ်ယောက်မှန်း သူတို့သိသော်လည်း သားအိမ်လိုအရာမျိုး ရှိနေမယ်လို့တော့ ဘယ်သူကမှ မတွေးခဲ့ဖူးပေ။

ပြီးတော့ မာရှယ်ကိုယ်တိုင်လည်း သူတစ်ယောက်တည်းသာ နေလေ့ရှိသည့်အပြင်ကို ကလေးလိုချင်သည့် အရိပ်အယောင်မျိုးတောင် မပြခဲ့ဖူးဘူးလေ။

မာရှယ့်ကိုသာ ချက်ချင်းဒီသတင်းကိုသွားပြောတာနှင့် စိတ်ဆိုးလောက်မည်ဟု စိတ်ပူနေတာကြောင့် သူမပြောခင်လေးမှာပင် ဆရာဝန်ကို ကိုယ်ဝန်ဖျက်ချဖို့ အခန်းအားကြိုပြင်ဆင်ထားရန် ပြောထားခဲ့လိုက်သည်။

ဒါပေမယ့် တံခါးကိုတွန်းဖွင့်ဝင်လာတဲ့ ယန့်ကျီဟန်မျက်နှာက တပ်မှူးမှန်းထားသလို ဟုတ်မနေပေ။ မာရှယ်မျက်မှောင်ကတော့ ကြုံ့နေပေမဲ့ ချက်ချင်းခွဲစိတ်ကုသပေးဖို့ ပြောမလာတဲ့အပြင် သူ့မျက်နှာပေါ်မှာလည်း ဒေါသအပြင် ရွံရှာသည့် အရိပ်အယောင်လိုမျိုးတောင်ရှိမနေပေ။

တည်ငြိမ်စွာနှင့် ဆရာဝန်ကိုသာ လှမ်းမေးလာသည်၊ “ဒါဘယ်လိုဖြစ်တာလဲ?”

လူသားမျိုးနွယ်နှင့် ဆက်နွှယ်သည့်မျိုးစိတ်တွေအတွက်ကတော့ ကိုယ်ဝန်ဆောင်တယ်ဆိုတာမျိုးက မထူးဆန်းပေမဲ့ ယန့်ကျီဟန်လိုမျိုး သွေးနှောဖြစ်သည့်အပြင် သက်တမ်းကြာရှည်စွာနေနိုင်သည့် သူတွေအတွက်ကတော့ ဒါမျိုးက အဖြစ်ရှားလေသည်။

ပြီးတော့ နဂါးမျိုးရိုးဗီဇအရဆိုရင် သူကအထီးဖြစ်ပေမဲ့ ဇက်မျိုးရိုးဗီဇအရဆိုရင်တော့ အမဖြစ်နေလေသည်။ သူ့မှာ သားအိမ်ရှိတယ်ထားဦးတော့ ဒါကအပြည့်အဝ ဖွံ့ဖြို့တိုးတက်နေတာမဟုတ်ရာ ကိုယ်ဝန်ဆောင်ဖို့ဆိုတာမျိုးက မဖြစ်နိုင်ပေ။

ပြီးတော့ ပိုဆိုးတာက နဂါးမျိုးရိုးဗီဇက အပြည့်အဝလွှမ်းမိုးထားတာကြောင့် သူ့မျက်လုံးတွေဆို ရွှေရောင်တောင်မဟုတ်ပဲ ညိုပြာရောင်ဖြစ်နေကြသည်အထိပင်။

ဆရာဝန်ကပြောလာလေသည်: “ဖြစ်နိုင်တာကတော့ မာရှယ့်ဘက်က အဆင့်မြင့်ဇက်ဖယ်ရိုမုန်းရှိတဲ့ သူတစ်ယောက်နဲ့ ထိတွေ့မိလိုက်လို့ နဂိုငုပ်လျှိုးနေတဲ့ ဇက်မျိုးရိုးဗီဇတွေက ညတွင်းချင်းပြန်ပေါ်လာကြပြီးတော့ မာရှယ့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီတလော မာရှယ့်ကိုယ်ပေါ်မှာ ဖြစ်လာတဲ့ဆက်တိုက်ပြောင်းလဲမှုတွေကလည်း ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။”

“မကြာခင်ကမှ ဒေါင်းလုတ်ဆွဲထားတဲ့ အချက်အလက်တွေအရတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဇက်မျိုးနွယ်တွေက သူတို့ကလေးကိုမွေးဖို့အတွက် ခန္ဓာကိုယ်မှာ‌ ပြောင်းလဲလာမှုတွေ ဖြစ်လာနိုင်တယ်လို့ တွေ့ရပါတယ်။ အဲ့ဒါကြောင့်မလို့ အဲ့အချိန်အတွင်းမှာတော့ ကိုယ့်အဖော် ဇက်အထီးတစ်ယောက်ရဲ့ ဖယ်ရိုမုန်းအပေါ် အများကြီးကို မူတည်နေတာမလို့ အခုကစပြီး မာရှယ့်ကိုယ်က တခြားအထီးတွေရဲ့ ဖယ်ရိုမုန်းနံ့တွေကို အလိုလိုဖယ်ရှားသွားပါလိမ့်မယ်။”

“ဒါပေမယ့် အခုနေသာ ဆေးအကူအညီနဲ့ မာရှယ်ကိုယ်ဝန်ဖျက်ချလိုက်မယ်ဆိုရင်တော့ နဂိုပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင်မှာပါ၊ အဲ့အပြင်ကို ကိုယ့်အဖော်အထီးရဲ့ ဖယ်ရိုမုန်းကိုလည်း မှီခိုစရာမလိုတော့တဲ့ အခြေအနေထိ ပြန်ရောက်နိုင်ပါတယ်။”

ဆရာဝန်က ထပ်ဖြည့်ပြောလာသည်၊ “ ဒီလိုမျိုးအဖြစ် ထပ်မဖြစ်တော့အောင် သေချာပေါက် အဲ့ဒီ့အထီးရဲ့ဖယ်ရိုမုန်းနဲ့ မထိတွေ့တော့အောင် ရှောင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

မာရှယ်ခွဲစိတ်တာပြီးတာနဲ့ ချက်ချင်းထိုအင်းစက်ကို ပြေးသတ်မလားတွေးကာ တပ်မှူးက စိတ်ပူလာပြန်သည်။ ပြောရမယ်ဆိုရင် အရင်လတွေတုန်းက သူ့အတွက်တော့ မာရှယ့်အခြေအနေက သိပ်ပုံမှန်ဟုတ်မနေခဲ့ပေ။

ဒါဆိုမာရှယ်အသိစိတ်ပြန်ဝင်တာနဲ့ အဲ့ပိုးကောင်ဆီသွားပြီး ရှင်းစရာရှိတာ သွားရှင်းတော့မှာများလား? သူ့မာရှယ်ကိုသာ လှမ်းကြည့်လိုက်မိလေသည်။

ယန့်ကျီဟန် ဘာမှပြန်ပြောမလာပဲ လက်ကိုပိုက်ထားကာ မျက်မှောင်ကြုံ့နေလေသည်။

“အဲ့တော့ ဒါကသုံးလရှိပြီပေါ့?”

“ဟုတ်ကဲ့၊ နဂါးမျိုးနွယ်တွေအတွက် ကိုယ်ဝန်ဆောင်ချိန်က ၁၂လဖြစ်ပြီးတော့ ဇက်မျိုးနွယ်တွေမှာတော့ ၄လလောက်ရှိပါတယ်။ မာရှယ့်သားလောင်းလေး ဖွံ့ဖြိုးတိုးတက်မှုအရတော့ ကိုယ်ဝန်ဆောင်ချိန်က ၅လနဲ့၆လနီးနီးရှိနိုင်လောက်ပါတယ်။”

“ဒါပေမယ့် အခုတိုးတက်နေတဲ့ နည်းပညာတွေအရတော့ ကိုယ်ဝန်ဖျက်ချတာကြောင့် မာရှယ့်ခန္ဓာကိုယ်အပေါ် တခြားဆိုးရွားတဲ့ဘေးသင့်တာမျိုးတွေ ရှိမလာနိုင်တာမလို့ ကျွန်တော်တို့ ဘယ်အချိန်မဆို စလိုက်လို့ရပါတယ်။”

ယန့်ကျီဟန်ဗိုက်လေးကို လင်းယွိခေါင်းငုံ့ကာ ပွတ်ပေးနေလိုက်၏။ နွေးထွေးကာ သက်သောင့်သက်သာဖြစ်နေသည့် ခံစားချက်လေးက နောက်ဆုံးတော့ ယန့်ကျီဟန်မျက်လုံးတွေကို မှေးစင်းစေလာသည်။

ယန့်ကျီဟန်အနေနှင့် တစ်ခါမှကလေးယူဖို့ဆိုတာမျိုးကို မစဉ်းစားဖူးသလို သူ့ကိုယ်သူလည်း အမတစ်ယောက်လို တခြားတစ်ယောက်အတွက် ကလေးမွေးပေးဖို့လည်း ယောင်လို့တောင် မတွေးခဲ့ဖူးပေ….

လင်းယွိကို မတွေ့ခင်အထိ သူသာဒီလိုမျိုးကို တွေးမိလိုက်တာနဲ့တင် လက်တွေယားလာကာ သတ်ပစ်လိုက်နိုင်သည်အထိပင်။
ဒါပေမယ့် အခုလည်း ဒီဥလေးက လင်းယွိနဲ့ပါ သက်ဆိုင်နေသည့်အပြင် ကိုယ်ဝန်ရှိနေသည့် သတင်းကိုကြားလိုက်ရတာတောင် သူဒေါသထွက်မလာခဲ့ပေ။

အဲ့အစား ဆရာဝန်က သူ့ဇက်မျိုးရိုးဗီဇကို ဖိနှိပ်ပစ်ဖို့ ပြောလာတုန်းက နောက်တစ်ကြိမ်လင်းယွိကို ထပ်မတွေ့ရတော့ဘူးဆိုသည့် အတွေးကြောင့် စိတ်တောင်ပျက်သွားသေးသည်။

ယန့်ကျီဟန် ဘာဆက်လုပ်သင့်လဲ အချိန်အကြာကြီးတွေးခဲ့ပေမယ့် သူသိလာရတာက သူ့ခေါင်းထဲမှာရှိနေတဲ့အတွေးက ဒီဥလေးကို ဘယ်လိုဖယ်ပစ်ရမလဲမဟုတ်ပဲ တကယ်လို့သူသာ ကိုယ်ဝန်ဖျက်ချခဲ့ပါပြီတဲ့၊ အဲ့အခါကျရင် လင်းယွိကို သူ့ဘေးမှာဘယ်လို ထပ်ခေါ်ထားလို့ရမလဲသာ တွေးနေခဲ့တာဖြစ်လေသည်။

သူ့အတွေးတွေကြောင့် ယန့်ကျီဟန် သူလင်းယွိကို ချစ်မိနေတာမှန်း သဘောပေါက်သွားတော့သည်။

ဖယ်ရိုမုန်းတွေ၊ ဟော်မုန်းတွေက သူ့ခန္ဓာကိုယ်ကိုပဲ အကျိုးသက်ရောက်နိုင်ပေမဲ့ သူ့နှလုံးသားထဲထိတော့ မရောက်နိုင်ပေ။

အစပိုင်းကတည်းက သူ တကယ်သာ လင်းယွိအနားကပ်နေရတာကို မုန်းတယ်ဆိုရင် လင်းယွိအခုချိန်အထိ အသက်ရှင်နေဖို့ဆိုတာ မဖြစ်နိုင်ပေ။
လွန်ခဲ့တဲ့သုံးလကတည်းကသာ သူ့မှာလင်းယွိအပေါ် နည်းနည်းလေးဖြစ်ဖြစ် မုန်းနေခဲ့မယ်ဆိုရင် အခုလိုသူ့ကိုယ်သူစစ်ဆေးကြည့်ဖို့ကို နောက်ကျနေတာမျိုးထိပါ ဖြစ်မလာနိုင်ပေ။

ကြည့်ရတာတော့ သူဒီတစ်လျှောက်လုံး လင်းယွိနားကပ်နေလို့ရအောင် သူ့ ခန္ဓာကိုယ်အဆင်မပြေဖြစ်နေတာကို အခွင့်ကောင်းယူကာ အသုံးချခဲ့သလိုပင်။

ယန့်ကျီဟန်သူ့ရှေ့က ချောမောကာကြည့်ကောင်းလှသော အမျိုးသားကိုကြည့်နေရင်း သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားချင်မှန်း ပိုသေချာလာလေသည်။

“မင်းပြောတော့ မင်းလည်းတာဝန်ရှိတယ်ဆို။”

လင်းယွိခေါင်းညိတ်ပြလာသည်၊ “ဒါပေါ့။”

“ဒါဆို မင်းတခြားဂြိုလ်တွေက အကောင်တွေနဲ့လည်း မအိပ်ရဘူး။ မင်းငါ့ကိုပဲ အဖော်ပြုပေးနေရမယ်။ မင်းဂြိုလ်ပေါ်မှာနေရတာ သဘောကျရင် ငါ့ရုံးချုပ်ရှိတဲ့ ဂြိုလ်ကိုပြန်မယ်။”

“အိုခေ၊ ငါဘယ်သွားသွားလိုက်မယ်။” လင်းယွိချက်ချင်း မတ်တပ်ထရပ်လိုက်ကာ၊ “အခု ခင်ဗျားကကိုယ်ဝန်နဲ့လေ၊ ခင်ဗျားဘာပြောပြော နားထောင်မယ်။ ထပ်ဒေါသထွက်ရအောင်လည်း မလုပ်တော့ဘူး။”

ယန့်ကျီဟန် လင်းယွိကို အံ့ဩသွားသည့် အကြည့်နှင့်ကြည့်လာကာ ချက်ချင်းပြုံးလာပြန်သည်၊ “အိုး ၊ အဲ့လိုလား?”

လင်းယွိခမျာ ဘာမှမသိရှာပဲ ကျားကြီးပါးစပ်ထဲ ဝင်လာသည့်သိုးပေါက်လေးလို ခေါင်းညိတ်ပြလာလေသည်။ “ဒါပေါ့။”

“ဒါဆို ငါမင်းအတွက် သီးသန့်အဝတ်အစားအသစ်တွေ ချုပ်ခိုင်းလိုက်မယ်။ အပြင်ထွက်ရင် မင်းလည်ပင်းကို ကြိုဖုံးထားဦး။ မဟုတ်ရင် အပြင်ထွက်လို့ လေတိုက်တာနဲ့ မင်းဖယ်ရိုမုန်းနံ့တွေက တစ်နေရာလုံး ပျံ့နေလိမ့်မယ်။”

လင်းယွိ ခဏလောက်ကြောင်သွားတော့သည်၊ “ဟမ်?”

ယန့်ကျီဟန် သူ့ဗိုက်လေးကို ကာပြလာကာ၊ “ဘာလဲ တခြားပြောစရာရှိသေးလို့လား?”

“မရှိ…မရှိတော့ပါဘူး…”
ယန့်ကျီဟန် ကျေနပ်သွားကာ ခေါင်းလေးကိုစောင်းပြလိုက်ရင်း၊ ရုတ်တရက်ကြီး ဥတစ်ဥလောက်ဥလိုက်ရတာလည်း မဆိုးဘူးပဲဟု တွေးမိလိုက်သည်။ “ဒါနဲ့ မင်းခြေရာခံစက်ကိုလည်း ယူလာဖို့ မမေ့နဲ့ဦး။”

လင်းယွိ : “….”
ဘာလို့ ခြေရာခံစက်ကြီးက ယူရဦးမှာတုန်း?

တစ်ဖက်က ယန့်ကျီဟန်ကတော့ စကားပြောလို့ မပြီးသေးပေ၊ “မင်းငါ့နောက်ကို ရှေ့လျှောက်လည်းလိုက်နေရမှာဆိုပေမဲ့ ငါ့မျက်စိအောက်မှာပဲ ရှိနေဖို့တော့ လိုသေးတယ်လေ။ မင်းအိမ်သာသွားမယ်ဆိုတောင်မှ ငါ့ကိုသတင်းပို့ပြီးမှ သွားရမယ်၊ တခြားသူတွေကိုလည်း အားအားယားယား သွားစကားမပြောနဲ့။”

လင်းယွိ : “…”

လင်းယွိ ကိုယ့်ကိုယ်ကို ယန့်ကျီဟန်ကိုယ်ဝန်ရှိနေတာကြောင့်ပါဆိုပြီး အားပေးနေလိုက်သည်။ ကြည့်ရတာတော့ ဟော်မုန်းတွေက ပုံမှန်အခြေအနေဟုတ်မနေပုံပင်။ ဘယ်လိုပဲဖြစ်ဖြစ် မွေးပြီးတာနဲ့ အဆင်ပြေသွားမှာပါ!

“အိုခေ၊ အိုခေ….”

“ငါ့ကိုဖက်။”

လင်းယွိ နာခံစွာဖက်ပေးလိုက်ကာ ပေးလာသည့်အမိန့်ထက် ပိုထပ်ဆောင်းပြီး နမ်းလိုက်လေသည်။

ယန့်ကျီဟန် နှုတ်ခမ်းတွေက အပေါ်သို့တွန့်လာကာ သူအရမ်း စိတ်ကျေနပ်နေလို့ထင်သည်။ မျက်ခုံးတွေကပါ ပြုံးနေကြသလိုပင်။

နောက်နေ့ တပ်မှူးရုံးခန်းထဲဝင်လာသည်နှင့် သူတို့မာရှယ်တစ်ယောက် လင်းယွိကိုလက်မောင်းကြားထဲပင်ထည့်ထားကာ သူ့ပေါင်ပေါ်ပင် တက်ထိုင်ခိုင်းထားပြီး လည်ဆွဲအသေးလေးတစ်ခုကို တပ်ပေးကာ အလျော့အတင်းချိန်ပေးနေသည့် မြင်ကွင်းကို မြင်လိုက်ရလေသည်။
“အလျော့အတင်းက အတော်ပဲလား?”

လင်းယွိခေါင်းကို ငုံ့ကြည့်လိုက်ကာ သူ့လည်ပင်းက ခြေရာခံစက်ကို စိတ်ညစ်ညစ်နှင့် ကြည့်လိုက်ရင်း၊ “အဆင်မပြေ….မဟုတ် မဟုတ်ဘူး အဆင်ပြေတယ်။”

လင်းယွိ ခေါင်းပြန်မော့လိုက်သည်နှင့် တစ်ဖက်က တပ်မှူးကိုမြင်လိုက်ကာ ပိုရှက်လာတာကြောင့် ယန့်ကျီဟန်ကို ချက်ချင်းမတ်တပ်ထဖို့ ပြောလိုက်ရလေသည်။ မာရှယ်ကလည်း ချက်ချင်းကို ထလာကာ လင်းယွိလက်ကောက်ဝတ်ကိုဆွဲပြီး သူ့ဘေးတောင်ပို့လိုက်သေးသည်။
တပ်မှူးခမျာ နေရာမှာအတန်ကြာအထိ ဘာမှမပြောနိုင်နေတော့ပေ၊ ရှောင်လွှဲလို့မရပေမဲ့ ယုံလည်းမယုံနိုင်သေးပေ။

ဘယ်လိုလုပ် ဒီပိုးကောင်က သူတို့မာရှယ်ကို ဒီလောက်တွယ်ကပ်နေတာပါလိမ့်?

“မာရှယ်…..ဆုံးဖြတ်ချက်ချပြီးပါပြီလား?”

“အင်း။”

“ဘယ်အချိန်လောက်များ….” ခွဲစိတ်ဖို့ သွားမလဲမသိဘူး?

ယန့်ကျီဟန် လင်းယွိကိုသူဘေးမှာ ထိုင်ရန်ပြောလိုက်ပြီး သူ့ကိုပြန်ပြောလာသည်။
"ဒီနေ့ ရုံးချုပ်ကြယ်ဆီကို ပြန်မယ်။”

တပ်မှူး : ? ? ?

ဟမ် မာရှယ် ဒါ ဒါကမဟုတ်သေးဘူးလေ။

ဆို ဆိုလိုတာက မွေးမယ်ပေါ့ အဲ့လိုလား?

အာကာသယာဉ်ကြီး တစ်ပတ်ခန့်မောင်းနှင်ပြီးသည့်အခါမှာတော့ အပြာရောင်ဂြိုလ်ကြီးဆီသို့ ပြန်ရောက်လာကြတော့သည်။

အာကာသယာဉ်ရပ်နားဂိတ်ကို ချိတ်ဆက်လိုက်သည်နှင့် အခန်းကပွင့်လာကာ အထဲကနေတက်ကြွသည့်ငှက်လို ကောင်လေးတစ်ယောက်က ပြုံးလျက် ယန့်ကျီဟန်ဆီ ခုန်ပေါက်ထွက်လာလေသည်။

“မာရှယ် ပြန်ရောက်လာပြီပဲ။”

ထိုကောင်လေးမှာ ရွှေရောင်ဖျော့ဖျော့ဆံပင်တွေရှိကာ အပြာရောင်မျက်လုံးနှင့် အပြာနုရောင် ငါးအကြေးခွံလေးတွေကပါ နားချွန်ချွန်လေးတွေပေါ်  ရှိနေကြလေသည်။ အဖြူနှင့်အပြာရောစပ်ထားသည့် ယူနီဖောင်းကို ဝတ်ဆင်ထားတာက သူ့ကိုပိုလှပသွားစေသည့်အပြင်ကို အသံလေးကလည်း ကြည်လင်ကာ နားထောင်ကောင်းလှသည်။

“ပျော်လိုက်တာ၊ အမြဲတမ်း သတိရနေတာ!”
ထိုနေရာမှာ တခြားလူတွေအများကြီးရှိပေမဲ့ သူ့ကြည့်ရတာတော့ ယန့်ကျီဟန်တစ်ယောက်တည်းကိုသာ မြင်သည်ပုံပင်၊ ယန့်ကျီဟန်ဆီ တောက်ပနေသည့် မျက်လုံးလေးတွေနှင့် အမြန်ရောက်လာသော်လည်း သွားတော့မထိရဲသေးပေ။

“အင်း။” ယန့်ကျီဟန် သူ့ကိုအေးစက်စွာသာ ပြန်ကြည့်လာကာ လင်းယွိလက်ကိုဆွဲပြီး ထိုကောင်လေးကို သိသိသာသာကို ဖယ်ကျော်သွားပြီး အဝေးကိုခေါ်လာလေသည်။

ရွှေအိုရောင်ဆံပင်နှင့် ရေအောက်အလှပိုင်ရှင် အချောလေးလည်း လင်းယွိကို ထိုအခါမှသာ သတိထားမိသွားကာ မယုံနိုင်သည့်အလား မျက်လုံးတွေက ပြူးကျယ်လာတော့သည်။

သူမာရှယ့်ကို ဒီလောက်အကြာကြီးလိုက်နေခဲ့တာကိုတောင်မှ မာရှယ်က သူ့ကိုအချိန်ပြည့် လျစ်လျူရှုထားခဲ့တာလေ။

အဲ့ဒါကို ဒီတစ်ခေါက် မာရှယ် ခရီးတစ်ခေါက်ထွက်လာတာနဲ့ပဲ တစ်ယောက်ယောက်ကိုပါ တင်ခေါ်လာရတာတုန်း? ပြီးတော့ မာရှယ်က အဲ့ယောက်ျားလက်ကို ခုထိကိုင်ထားတာတဲ့။

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now