Chapter 25

2.7K 328 2
                                    

အပိုင်း ၂၅ - Who is pregnant?

ရွှေလူမျိုးစု၊ ရုံဝမ် သူ့ဘေးကတပ်မှုးနားကပ်ကာ မေးလိုက်၏၊ “အကိုယန့်! အဲ့လူကဘယ်သူလဲ?”

“သူက မာရှယ်နဲ့ဆိုင်တဲ့လူ….”
တပ်မှူးခမျာ ဘယ်လိုစကားရွေးပြောရမလဲတောင် မသိပေ….ချစ်သူ? ရည်းစားကောင်လေး? သူ့ကလေး အဖေ? ?

ဘေးက ရုံဝမ်ကတော့ သူဟာသူပေါက်ပြီး ထအော်လာလေသည်။
“သူ့အချစ်တော်များလား?”

တပ်မှူး : “….”

ရုံဝမ် တပ်မှူးမျက်နှာ ထူးဆန်းနေတာကို သတိထားမိပေမဲ့ သူခန့်မှန်းထားတာကို ဟုတ်လှပြီထင်နေတုန်းပင်၊ သူ့ရင်ဘတ်ကို ချက်ချင်းဖိလိုက်ကာ၊ “အမလေး၊ ဒါကဖြစ်နိုင်လို့လား! မာရှယ်က ဒီလိုလူမျိုးကို ဘယ်လိုရှာတွေ့လာတာပါလိမ့်? သူ့ကို စချဉ်းကပ်တာများလား?”

ရုံဝမ်တစ်ယောက်တည်း ကောက်ချက်ချနေတာကို တပ်မှူးရုပ်တည်တည်နှင့်သာ ဆက်ကြည့်နေလိုက်တော့သည်။
“မာရှယ့်အကြောင်းဆိုတာ ငါတို့အတင်းပြောလို့ရတဲ့ အရာမျိုးလား? ဒီလူကို ဂရုစိုက်ပြီး ဆက်ဆံဖို့ပဲ ငါအကြံပေးလိုက်မယ်၊ အထူးသဖြင့် အဲ့လူကို သွားထိဖို့ မစဉ်းစားနဲ့။”

ရုံဝမ်ကလည်း S အဆင့်စိတ်စွမ်းအားပိုင်ရှင်တစ်ယောက် ဖြစ်လေသည်။ သူ့ကိုမာရှယ်က ဖြစ်မြောက်လာနိုင်သည့် အစေ့အညှောင့်လေးဆိုပြီး ခေါ်လာကာ အချိန်အတိုင်းအတာတစ်ခုအထိ ကိုယ်တိုင်ကိုယ်ကျကို သင်ပေးခဲ့တာဖြစ်သည်။ ဒါမှ နောက်ပိုင်းဆို သူ့ဘေးကနေ ကူတိုက်ခိုက်ပေးမယ့် လူတစ်ယောက်ရလာမယ်ဆိုပြီး သင်ပေးခဲ့တာဖြစ်ပေမဲ့ ဘယ်သူထင်ထားမှာတုန်း။ ဒီကောင်လေးက နောက်ဆုံးသူ့ကိုကြိုက်သွားမယ်လို့။ မာရှယ် သူ့ကိုဆို ရွံသွားပြီး ရှောင်ပဲရှောင်နေတော့သည်။

“မာရှယ်က မင်းကိုအရင်တစ်ခါဖြစ်ထားတာကြောင့် အဲ့လူအနားကို မကပ်ဖို့ အမိန့်ပေးထားတယ်။ ဒီတစ်ခါပါ သူ့ကိုဒေါသထွက်အောင်လုပ်ရင် မင်းကိုသေချာပေါက် အလုပ်ထုတ်ပစ်လိမ့်မယ်နော်။”

ရုံဝမ် စိတ်တိုတိုနှင့် ပြောလာသည်။
“မဖြစ်နိုင်တာ။ အဲ့လိုအပြင်လူတစ်ယောက်အတွက်နဲ့ မာရှယ်ကငါ့ကိုအပြစ်ပေးဦးမယ်ပေါ့?”

အပြင်လူ? တပ်မှူးလည်း ရုံဝမ်ကို သနားလိုက်တာဆိုသည့် အကြည့်နှင့်သာ ကြည့်ပေးလိုက်သည်။

အိုး၊ ကောင်လေးရယ်၊ မင်းဘာမှမသိသေးပါဘူးကွာ!!

လင်းယွိ အာကာသယာဉ်ပေါ်ကနေ ဆင်းဆင်းချင်း သူ့အောက်ကတန်းစီနေတဲ့ လူစုကြီးကြောင့် နောက်တောင်ပြန်ဆုတ်မိလိုက်တော့မလိုပင်။

ယန့်ကျီဟန်ကို ဌာနချုပ်ကြယ်ကနေ ကြိုဆိုသည့်ပုံက ကြီးကျယ်ခမ်းနားသည့် စစ်ရေးပြအခမ်းအနားလိုမျိုး လူတိုင်းစစ်ယူနီဖောင်းတွေကိုသာ ဝတ်ထားကြပြီး ညီနေအောင်စီတန်းနေကြကာ ကိုယ်ကနေ ခက်ထန်ပြင်းပြသည့် ကိုယ်ရောင်ကိုယ်ဝါတွေကို ထုတ်လွှတ်နေကြသလိုပင်။

ယန့်ကျီဟန်ဘေးမှာ ရပ်နေတဲ့လင်းယွိခမျာ လူတိုင်းအလေးပြုတာခံလိုက်ရတာကြောင့် ရှက်လာတော့သည်။

သူတကယ်ကို အနောက်ကိုသာ ပြန်ဆုတ်လိုက်ချင်သော်လည် ယန့်ကျီဟန်က သူ့လက်ကိုတင်းကျပ်စွာ ဆုတ်ကိုင်ထားတာကြောင့် သူဘာမှမလုပ်နိုင်လိုက်ပေ။

စစ်ရေးပြသည့် အခမ်းအနားပြီးသွားသည်နှင့် စစ်ယူနီဖောင်းဝတ်ထားသည့် အရာရှိစစ်သည်များစွာက သူ့တို့နှစ်ယောက်နား ဝိုင်းအုံလာကြတော့သည်။

ရာထူးအမြင့်ဆုံးနှင့် ဤရုံးချုပ်ကို စောင့်ရှောက်ရသည့်သူက ဦးစီးအရာရှိဖြစ်ပြီး ထိုလူ့ထံတွင် ဆံပင်ပုံစံမျိုးစုံက မတူညီသည့် ပုံစံနှင့်ရှိနေတာကြောင့် လင်းယွိကတော့ သူ့ကိုအနက်ရောင်ကျားသစ်လို့သာ တွေးထားလိုက်သည်။

ဦးစီးအရာရှိသည်လည်း ယန့်ကျီဟန်ဘေးက လင်းယွိကိုမြင်ပြီး အံ့ဩသွားသော်လည်း ကိုယ့်ကိုယ်ကိုပြန်ထိန်းလိုက်ကာ ဂြိုလ်ပေါ်ကအခြေအနေတွေကို သေချာစွာတင်ပြနေလိုက်သည်။

“ဒီတစ်ခေါက်ဘယ်လောက်နေမှာလဲ မသိဘူး? အရင်တစ်ခေါက်နေခဲ့တဲ့ အခန်းမှာပဲ နေမှာလားခင်မျ?”

“မနေဘူး၊ ဒီတစ်ခါ ဂြိုလ်ထဲမှာပဲ နေမယ်။”

ဤစကားကြောင့် မာရှယ်ဒီတစ်ခေါက်တော့ ကြာကြာနေမယ်မှန်း သေချာသွားလေသည်။

ထိုစကားကိုကြားလိုက်ရတာကကိုက ဘေးကလူတွေ ပျော်အောင်လုပ်ပေးလိုက်သလိုပင်။
“ပြန်မလာတာလည်း တော်တော်ကြာပြီဆိုတော့ စံအိမ်တစ်ခု ပြန်ဆောက်လိုက်ပါ့မယ်။ တခြားတောင်းဆိုစရာတွေ ရှိသေးလားမသိဘူး?”

ယန့်ကျီဟန် သူဆုပ်ကိုင်ထားသည့် လင်းယွိလက်တွေနှင့် ဆော့နေလိုက်ကာ၊ “အဖွဲ့ချုပ်ရဲ့ကြယ်ဘက်က အရင်ခေတ်အဆောက်အအုံတွေ ဆောက်တတ်တဲ့ လူကိုရှာလိုက်၊ ပြီးရင် သူဒီဇိုင်းဆွဲထားတာတွေကို ငါ့ဆီအမြန်ဆုံးပို့၊ အဲ့အထဲကနေ ငါကိုယ်တိုင်ရွေးမယ်။”
ဦးစီးအရာရှိခမျာ ကြောင်သွားရှာသည်၊ ဘာ ဘာကြီး အဖွဲ့ချုပ်ကြယ်??

လင်းယွိကို တစ်ချက်ကြည့်လိုက်ကာ သတိကြီးကြီးနှင့် မေးလိုက်သည်။
“…..မာရှယ်တစ်ယောက်တည်း နေဖို့လားမသိဘူး?”

“ဟင့်အင်း လူနှစ်ယောက်။”
စကားပြောနေရင်း ယန့်ကျီဟန်ခဏရပ်လိုက်ကာ ဆောက်ဖို့လိုသည့် အိမ်ပုံစံကိုပြန်စဉ်းစားလိုက်ပြီး၊ “နောက်ကျရင်တော့ ကလေးတစ်ယောက်ပါ နေလိမ့်မယ်။”

ဦးစီးအရာရှိ အသက်ကို ခိုးရှူလိုက်ရသည်။

မာရှယ်အပြင်မထွက်သွားခင်ကတော့ နှစ်တစ်သောင်းတန် လူပျိုလေးတစ်ယောက်၊ စိန်ဘုရင်ကြီး၊ လမ်းလျှောက်နေတဲ့ သက်ရှိရေခဲစိုင်ကြီးဖြစ်နေခဲ့ပေမဲ့ အခုခရီးကပြန်လည်းရောက်လာရော ကလေးပါရလာတယ်တဲ့လား!

မာရှယ့်ကိုဘယ်သူကများ အနိုင်ယူလိုက်တာပါလိမ့်??

လင်းယွိသူ့ပတ်ပတ်လည်က လေထုကတိတ်ဆိတ်နေမှန်း ခံစားလိုက်ရလေသည်။

ပတ်ပတ်လည်က ဂြိုလ်သားမျိုးနွယ်စုအပေါင်းက သူတို့မျက်နှာပေါ်က အတင်းပြောချင်နေသည့်စိတ်ကို ထိန်းချုပ်နေကြသော်ငြား သူ့ထံရောက်လာသည့် သူတို့၏အံ့အားသင့်နေသည့် အကြည့်တွေကိုတော့ ခံစားနေရသေးသည်၊ အထူးသဖြင့် ထိုအကြည့်တွေက သူ့ဗိုက်ဆီရောက်လာကြချင်းပင်။

လင်းယွိ : “….”
ခင်ဗျားတို့ တစ်ခုခုတော့ မှားနေကြပြီနော်….

ဒါပေမယ့် လင်းယွိဘက်က ဘာမှတော့ ပြန်မပြောလာပေ။ ဒါကိုက အမှန်တရားကို လက်ခံလိုက်ဖို့ထက် သူတို့အတွက် ပိုလွယ်ကူနိုင်တာကြောင့်ဖြစ်လေသည်။

ယန့်ကျီဟန်ပြောစရာရှိတာတွေကို ပြောပြီးသည်နှင့် လင်းယွိကိုအခန်းတစ်ခုထဲခေါ်လာကာ အဆာပြေစားစရာပေါင်းစုံထည့်ထားသည့် ပန်းကန်ကိုသူ့ရှေ့ချပေးလာသည်။ လင်းယွိကိုဒီမှာ ခဏစောင့်ခိုင်းပြီး ဟိုဘက်မှာ သူအစည်းအဝေးလုပ်ရဦးမည် ဖြစ်သည်။

လင်းယွိခေါင်းညိတ်ပြလိုက်ကာ ယန့်ကျီဟန်ထွက်သွားသည်နှင့် သက်ပြင်းသာချလိုက်တော့သည်။

သူအခုအနည်းငယ်ပူနေသလိုပဲ။

ယန့်ကျီဟန်က သူ့ကိုလက်ရှည်၊ ကော်လံအမြင့်ကြီးပါသည့်အဝတ်ကို အထဲကဝတ်ခိုင်းထားပြီး အပေါ်ကနေတော့ ယူနီဖောင်းကိုပါ ထပ်ဝတ်ခိုင်းထားတာဖြစ်လေသည်။ အဲ့လိုဝတ်တာက အနံ့ကိုပျောက်သွားစေမှာ မဟုတ်တာတောင်မှပေါ့။

ဒါပေမယ့် ဒီမှာက ယန့်ကျီဟန်ကလွဲပြီး ဘယ်သူမှသူ့ဖယ်ရိုမုန်းနံ့ကို ရမှာလည်းမဟုတ်ပေ! ပြီးတော့ သူကလည်း ကျုန်းဇီမဟုတ်ဘူးလေ!

ကြည့်ရတာအခန်းက ပြတင်းပေါက်လည်းရှိသည့်ပုံမပေါ်သဖြင့် လင်းယွိလည်း သူ့စစ်ယူနီဖောင်းကို ကြယ်သီးဖြုတ်လိုက်ကာ အထဲကခံထားသည့်အဝတ်ကို ချွတ်လိုက်ပြီး အပေါ်ပိုင်း ခန္ဓာကိုယ်ကို လေညှင်းခံနေလိုက်လေသည်။

“ဟ၊ မင်းဒီလို မာရှယ့်ကို ဖျားယောင်းခဲ့တာပေါ့?”

လင်းယွိခေါင်းမော့ကြည့်လိုက်မိကာမှ ဤအခန်းထဲ နောက်ထပ်လူပိုတစ်ယောက် ရှိနေမှန်းသိသွားတော့သည်။

ဒါက သူခုနကတွေ့ခဲ့တဲ့ ရွှေအိုရောင်ဆံပင်နဲ့ ငါးပြတိုက်လူပဲ။
“တောင်းပန်ပါတယ်….”
လင်းယွိချက်ချင်း အပြင်ဝတ်စစ်ယူနီဖောင်းကို ပြန်ဝတ်လိုက်လေသည်။

“ဘာတွေကာနေတာတုန်း?”
ရုံဝမ့်အကြည့်တွေက ပထမစူးစမ်းသလိုလိုက်ကြည့်နေပေမဲ့ သူယူနီဖောင်းကိုပြန်ဝတ်မယ်ကြံတာနှင့် မျက်ခုံးပင့်လိုက်ကာ သူ့ဆီ အရင် လမ်းလျှောက်တော့သည်။

“နေဦး၊ မာရှယ့်ကလေးကို ကိုယ်ဝန်ဆောင်ထားရအောင် မင်းဘယ်လိုလှည့်ကွက်တွေ သုံးထားလည်း ငါကြည့်ဦးမယ်!”

လင်းယွိ : “…..”

ရုံဝမ် သူ့အနားကပ်လာကာ အဝတ်တွေကိုဆွဲမယ်ကြံနေတာကြောင့် လင်းယွိအနောက်ကို အမြန်ဆုတ်လိုက်ကာ “မင်းဘာလုပ်တာလဲ?”

လင်းယွိကို ရုံဝမ်အသာလေးပင်ဆွဲနိုင်လိုက်ကာ ကော်လံကိုဆွဲချလိုက်ပြီး ညှပ်ရိုးတစ်လျှောက်ကို စူးရှသောအကြည့်တွေနှင့် စစ်ဆေးသလိုကြည့်နေလေသည်၊ ထို့နောက် ရုတ်ချည်းအသက်ပြင်းပြင်းရှူလိုက်ကာ၊ “ဒါ မာရှယ်လုပ်ထားတာမလား?”

လင်းယွိလည်ပင်းနားက သံကွင်းလေးကို ထိလိုက်ကာ၊ “ဒါဘာလဲ?”
လင်းယွိတော်တော် စိတ်တိုနေပြီဖြစ်သည်၊ “ငါ့ကိုလွှတ်!”

“ဘာလို့လွှတ်ရမှာလဲ?” ရုံဝမ် နှာရှုံ့ပြလာသည်။
သူအခု တကယ်ကိုကြောင်နေတာဖြစ်သည်။

အာကာသယာဉ်ပေါ်ကနေ သူဆင်းလာတုန်းက မာရှယ်ကိုယ်တိုင်ပြောခဲ့တာက ဒီလူ့မှာကိုယ်ဝန်ရှိနေပြီဆိုပြီး ပြောခဲ့တာလေ!

သူအခုထိ မယုံနိုင်သေးပေ၊ အမြဲတမ်း သူ့ကိုယ်သူတွေးနေခဲ့တာက မာရှယ်သူ့ကိုပြန်မကြိုက်တာက သူအရမ်းကြည့်ကောင်းကြောင့်ပဲ ဖြစ်မယ်လို့ပင်!

မာရှယ်က အလှပြကြွေအိုးတွေဆို အမုန်းဆုံးဖြစ်လေသည်။ သူကအတော်သန်မာသည့် အထဲပါတာတောင် သူ့အလှကြောင့် အရှုံးမပေးချင်ပေမဲ့‌ နောက်ဆုံးတော့ အောက်ဆွဲချခံခဲ့ရလေသည်!

ဒါပေမယ့် ထိုအတွေးကြာရှည်မခံလိုက်၊ သူတစ်ချက်ကြည့်လိုက်တာနဲ့ သိသာမနေဘူးလား ဟမ်၊ သူ့ရှေ့ကလူက သူ့ထက်ပိုချော‌နေတယ်လို့။

မျက်နှာအစိတ်အပိုင်းတွေအားလုံးက အချိုးအစားတကျရှိနေတဲ့အပြင်ကို နှုတ်ခမ်းတွေကအစ သူ့အရောင်နှင့်သူကိုမှကွာ အသားအရေကလည်း မဆိုးဘူးတဲ့။ ချီး၊ ဒီလူ့နားရွက်တွေကအစ ဘာလို့ကြည့်ကောင်းနေတာတုန်း?
မာရှယ့်သူ့ကိုပြန်မကြိုက်တာ သူရုပ်ချောလွန်းနေလို့ဆိုတာ မှားနေတာများလား?

လင်းယွိ သူ့ကိုအားကုန်သုံးပြီး တွန်းနေခဲ့တာဖြစ်၏။ တစ်ဖက်ကရုံဝမ်လည်း ခုမှလင်းယွိအားကိုသတိထားမိပြီး အံ့ဩသွားကာ လက်ကောက်ဝတ်ကိုဆွဲပြီး လှုပ်ပြလာလေသည်၊ “လာနောက်နေတာလား? မင်းက အားနည်းလိုက်တာ!”

ရုံဝမ်မှာ လှပတဲ့မျက်နှာလေးရှိပေမဲ့ သူ့ပုံပန်းသွင်ပြင်ကတော့ ပိန်ပါးသည့်ပုံမဟုတ်ပေ။ လင်းယွိကို မလေးမစားပင်ပြန်ပြောလာသည်: “ငါဒီလက်ကို ချိုးလို့တောင်ရမယ်ထင်တယ်!”

ရုံဝမ်စကားပြောပြီးတာနှင့် နံရံကိုဘုန်းကနဲထိအောင် ကန်ခံလိုက်ရတော့သည်။ သူ့ရှေ့မှာရပ်နေသည့်သူက အေးစက်စက်မျက်နှာထားနှင့် ယန့်ကျီဟန်ဖြစ်လေသည်။
ရုံဝမ်မျက်နှာ ဖြူဖျော့လာကာ၊ “မာရှယ်။”

ယန့်ကျီဟန် လင်းယွိအဝတ်တွေကို စူပုတ်ပုတ်နှင့် ပြန်ဝတ်ပေးလာကာ ရုံဝမ်ကိုလှည့်ကြည့်ကာ မေးလိုက်သည်၊ “မင်းအလုပ်လုပ်ရတာ ပင်ပန်းနေပြီလား?”

ရုံဝမ် မပျော်ရွှင်တော့သလို့ ခံစားလိုက်ရကာ မြေပြင်ပေါ်ကနေ ကုန်းထလာပြီး၊ “မဟုတ်ပါဘူး၊ ဒါ ဒါက….”

“အမိန့်ကို မနာခံတဲ့အပြင် အထက်ကလူကိုလည်း တိုက်ခိုက်တယ်။ ဦးစီးအရာရှိဆီသွားပြီး အပြစ်ခံယူလိုက်။”

ရုံဝမ်မျက်နှာက တော်တော်ဆိုးလာလေသည်။ ဒီလူက ဘယ်လောက်အရေးပါတဲ့လူမလို့ ဒီလောက်ထိ ဖြစ်နေတာတုန်း!

သူသာအပြစ်ပေးခံခဲ့ရလျှင် နောက်ဆိုငရဲတမျှခက်လှသည့် မစ်ရှင်တွေလုပ်ရမှာဖြစ်သလို ဘဝကြီးက အရေးမပါတော့သလိုပင်။

“မာရှယ်…..” ရုံဝမ် ပါးစပ်ကိုဟကာ ပြောဖို့ပြင်လိုက်သော်လည်း ယန့်ကျီဟန်ဒေါသက ပိုဆိုးလာကာ၊ “ထွက်သွားစမ်း!”

ရုံဝမ်ကြောက်လွန်းလို့ တုန်နေပြီး‌ ခေါင်းငုံ့ကာ အလေးပြုပြီးထွက်သွားတော့သည်။

လင်းယွိ ရုံဝမ်တံခါးပိတ်ကာ ထွက်သွားသည်ကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ ယန့်ကျီဟန်ဗိုက်ကို ထိပြီးပြောလိုက်ရသည်၊ “ဘာလို့သူ့ကိုသွားကန်တာတုန်း….”

အရင်ကမသိတုန်းကတော့ ထားပါတော့၊ ဒါပေမယ့် အခုက ကိုယ်ဝန်လည်းရှိနေပြီလေ။ ပြီးတော့ ဒီလူအဲ့လောက်အပြစ်ကြီး လုပ်ထားတာလည်း မဟုတ်တာကို….
မထင်မှတ်ထားပဲ ယန့်ကျီဟန်ဘက်က သူ့ကိုလက်မောင်းတွေကြား ဆွဲထည့်လိုက်ကာ လည်ပင်းတစ်လျှောက်နားက နေရာလေးကို ကြောင်ကြီးက သူ့အမွေးတွေအား ဂရုတစိုက်လျက်နေသလိုမျိုး လက်နှင့်ပွတ်နေတော့သည်။

လင်းယွိငုံ့ကြည့်လိုက်ရာ ထိုနေရာက ခုနကငါးပြတိုက်လူပွတ်သွားသည့် နေရာဖြစ်နိုင်မှန်း သိလိုက်၏။ ကြည့်ရတာ အနံ့ထွက်နေလို့ ဖြစ်နိုင်သည်။

လင်းယွိဘက်က စကားပြန်မပြောခင်မှာပဲ ယန့်ကျီဟန်မော့ကြည့်လာကာ၊ “ ငါမင်းကို တခြားလူတွေနဲ့ စကားမပြောနဲ့လို့ မှာမထားဘူးလား။ အံ့ရောပဲ အခုတော့ မင်းကအဝတ်တွေပါ ချွတ်ပြလိုက်သေး။”

လင်းယွိ နေရာမှာ ခဏလောက်တန့်သွားကာ။
“မဟုတ်ဘူး၊ သူ့ဟာ့သူရုတ်တရက်ကြီး ပေါ်လာတာလေ…”

ယန့်ကျီဟန်က ယုံကြည်မှုရှိစွာပြန်ပြောလာပြန်သည်။
“အဲ့တော့ မင်းကသူ့ကိုထွက်သွားဖို့ မပြောဘူးလား?”

လင်းယွိ : “…”
လူတိုင်းကို ခင်ဗျားလိုလူထင်နေတာလား။

လင်းယွိနောက်တစ်ကြိမ် သက်ပြင်းချလိုက်ကာ စိတ်ထဲသူပြောလိုက်တဲ့စကားကို ပြောထွက်သွားတော့သည်၊ “အိုခေ၊ ခင်များသာ အရင်ဆုံးဥလိုက်စမ်းပါ…..” ပြီးတာနဲ့ အဲ့စကားကို အရင်ဆုံးပြောမှာ ခင်ဗျားကိုပဲ။

ယန့်ကျီဟန်မျက်ခုံးပင့်လာကာ၊ “ဘာပြောတယ်၊ မွေးပြီးသွား ဘာဖြစ်တယ်။ ဘာလဲ မင်းသူ့ကို အဲ့ကျစကားသွားပြောတော့မယ်ပေါ့ အဲ့လိုလား? မင်းသူ့ကို ကြိုက်နေတာမလား?”

လင်းယွိ : “….သေချာပေါက် မကြိုက်ဘူးပေါ့။”

“သူနဲ့ဝေးဝေးနေ။”
ယန့်ကျီဟန်မျက်နှာပေါ် အတိတ်ကတစ်ခုခု သွားတွေးမိသည့်ပုံက ပေါ်လာလေသည်။
“သူကယောက်ျားတွေပဲ ကြိုက်တာ။”

လင်းယွိ ယန့်ကျီဟန်ပုံလေးကြည့်ပြီး ပျော်လာတော့သည်၊ “…ဆိုတော့ကား သူကခင်ဗျားကို ဖွင့်ပြောဖူးတယ်ပေါ့၊ ဟုတ်လား?”

ယန့်ကျီဟန် : “အင်း။”

“…..ပြီးတော့?”
ယန့်ကျီဟန်က အခုထိယုံကြည်မှုကတော့ အပြည့်ပင်: “ငါသူ့နံရိုးသုံးချောင်းကို ချိုးခဲ့တယ်လေ။”

လင်းယွိ : “….???”

လင်းယွိတကယ်ကို ဘာပြောရမှန်းမသိတော့ပေ။ “ကြည့်၊ သူက ငါ့ကိုမဟုတ်ပဲနဲ့ ခင်ဗျားကိုပဲ ကြိုက်တာလေ။ အဲ့တော့ သဝန်တိုမယ့်တို ငါကတိုရမှာလေ။ အဲ့ဒါကိုဘာလို့ လာစိတ်တိုနေတာတုန်း?”

ကြည့်ရတာတော့ လင်းယွိပါ ယန့်ကျီဟန်၏ သဝန်တိုသည့်ပိုးကူးသွားသည့်ပုံပင်။

ယန့်ကျီဟန် ခဏရပ်လိုက်ကာ ပြန်မေးလာသည်၊ “အဲ့တော့ မင်းအခုသဝန်တိုနေလား?”

လင်းယွိခေါင်းခါပြလိုက်သည်။

ယန့်ကျီဟန်က အဲ့လူနံရိုးသုံးချောင်းတောင် ချိုးခဲ့တာလေ၊ တကယ်ဆို သဝန်တိုရမယ့်အစား သူသနားတောင်သွားသေးသည်။

ယန့်ကျီဟန်မျက်မှောင်ကြုံ့လိုက်ကာ မပျော်တော့ပေ။ လင်းယွိကို အတော်ကြာစိုက်ကြည့်နေလိုက်ကာ ပိုတင်းကျပ်အောင်ပါ ဖက်ထားလိုက်ပြီး၊ “ငါ့ကိုနမ်း။”

လင်းယွိ ခဏလောက်ကြောင်သွားသော်လည်း သူ့နှုတ်ခမ်းတွေပေါ်တော့ နမ်းလိုက်သေးသည်။

ယန့်ကျီဟန် သဘောမကျသေးပေ
“မင်းအရင်က အဲ့လောက်မရင်းနှီးဘူးလားလို့။”

လင်းယွိသူ့ကိုသာ စိုက်ကြည့်လိုက်ကာ ဘာမှမပြောတော့ပဲ ခေါင်းကိုတစ်ဖက်သို့သာ လှည့်ထားလိုက်တော့သည်။

ယန့်ကျီဟန် လင်းယွိကိုခဏလောက် ကြည့်နေလိုက်သော်လည်း လင်းယွိကတော့ သူ့ကိုပြန်လှည့်မကြည့်လာပေ။ ယန့်ကျီဟန် ပိုနူးညံ့စွာမေးလာသည်၊ “……ငါ့ကို စိတ်ဆိုးသွားတာလားဟင်?”

လင်းယွိခေါင်းညိတ်ပြလာသည်၊ “…..နည်းနည်း။”

ယန့်ကျီဟန် ခဏလောက် တိတ်သွားလေသည်။
အရင်ရက်တွေတုန်းက သူတစ်ယောက်တည်းမှာ တောင်းဆိုစရာတွေအများကြီးနှင့် လင်းယွိကိုပင်ပန်းအောင် လုပ်ခဲ့လေသည်။ သူနားမလည်တာတော့ မဟုတ်ပေမဲ့ တမင်လုပ်ခဲ့တာကြီးသာ ဖြစ်လေသည်။ သူ့ဗီဇကိုက သားရိုင်းတစ်ကောင်လိုဖြစ်ရာ လူတွေကိုအဆုံးထိတွန်းပို့တက်ပြီး ထိုလူတွေဖြစ်နိုင်ချေတွေကို စမ်းသပ်တတ်၏။

လင်းယွိကို သူ့ဘေးမှာပဲခေါ်ထားချင်တာကြောင့် တစ်ဖက်ကလည်း လင်းယွိသူ့ကို ပစ်မသွားဖို့၊ တခြားလူတွေကိုပါ ကြိုက်မသွားဖို့သေချာအောင်လည်း လုပ်ရသေးသည်။ လင်းယွိဘက်ကသာ မငြင်းဆန်သရွေ့တော့ သူ့စိတ်တိုင်းကျလုပ်နေဦးမှာပင်။

ဒါပေမယ့်လည်း အခုလင်းယွိစိတ်ဆိုးနေတာကို မြင်ရတာ သူ့အတွက် အဆင်မပြေသလိုပင်။

လင်းယွိကိုသူတစ်ယောက်တည်းသာ ပိုင်ချင်သော်လည်း တစ်ဖက်ကလည်း လင်းယွိကိုစိတ်ချမ်းသာစေချင်သေးသည်။ နှစ်ဖက်လုံးက ဗီဇတွေက သန်မာလှသည်။

ယန့်ကျီဟန် အကြောင်းအရာကို ချက်ချင်းပြောင်းလိုက်ကာ၊ “နှစ်ထပ်ဝတ်ထားရတာ အရမ်းပူလို့လား?”

လင်းယွိ ခေါင်းကိုချက်ချင်းလှည့်လာကာ ဖြေလိုက်သည်၊ “အင်း။”

“ဒါဆိုအခုကစပြီး အဲ့လိုမဝတ်လို့ရပြီ။ ငါမင်းအတွက် အေးမယ့်အဝတ်ချုပ်ခိုင်းလိုက်မယ်။”

လင်းယွိခမျာ တစ်လျှောက်လုံးအဖိခံထားရတာကြောင့် ရုတ်တရက်ချိုချဉ်လေး ရလိုက်သည်နှင့်တစ်ပြိုင်နက် ပြုံးလာတော့သည်။

ယန့်ကျီဟန် သူ့အပြုံးကိုကြည့်နေရင်း စကားပြောကပါ နူးညံ့လာကာ ဆက်ပြောလာ၏။
“ငါမင်းအနားမှာပဲ နေချင်တယ်ဆိုတာကာ မင်းတစ်ခုခုထိခိုက်သွားမှာ စိုးရိမ်လို့ပါကွာ။ ငါသာမင်းအနားမရှိရင် ခုနကလို လူစိမ်းတစ်ယောက်က မင်းကိုအနိုင်ကျင့်ပါပြီတဲ့၊ အဲ့လိုဆိုရင် ငါ့ကိုရအောင် ဆက်သွယ်ပြီး စာပို့လိုက်နော် ဟုတ်ပြီလား။”

လင်းယွိခေါင်းညိတ်ပြလိုက်သည်၊ “အိုခေ။”

“စိတ်ဆိုးတုန်းလားဟင်?”

လင်းယွိ ခဏလောက်တွေးနေလိုက်ကာ လည်ပတ်ကိုကိုင်လိုက်ပြီး “ငါ့လည်ပင်းနားက ဒါကြီးကိုဖယ်ပေးပါလား? ဒါကြီးကြည့်ရတာ ထူးဆန်းနေသလားလို့၊ မသိရင် ခွေးလည်ပတ်ကြီးကျနေတာပဲ။”

ခုနလေးတင် ငါးပြတိုက်လူက ဆွဲခံလိုက်ရကတည်းက သူတော်တော်ရှက်နေတာဖြစ်သည်။
“ဒါကလည်ပတ်မဟုတ်ဘူးလေ။"
ယန့်ကျီဟန် ပြန်ငြင်းလာသည်။
“ဒါကကြိုက်တဲ့ဟာနဲ့ အစားထိုးလို့ရတယ်လေ၊ လက်စွပ်ဖြစ်ဖြစ်ပေါ့။”

လင်းယွိ သက်ပြင်းသာချနိုင်တော့သည်၊ “ကောင်းပြီလေ။”

ယန့်ကျီဟန် သူ့ကိုပြန်ကြည့်လာကာ၊ “ငါနောက်တစ်ခုပါ ယူခိုင်းလိုက်မယ်။”

လင်းယွိ ဘာပြောရမှန်းမသိတော့ပေ၊ “ဟမ်။”

ယန့်ကျီဟန် သူ့အနားထပ်ကပ်လာကာ၊ “ငါ့ကိုနမ်း။”

လင်းယွိ သူနမ်းသည့်ပုံကို ဒီတစ်ခါတော့ သေချာပြင်လိုက်ကာ ယန့်ကျီဟန်ကို ခပ်ပြင်းပြင်းနမ်းလိုက်၏။

ယန့်ကျီဟန်မျက်လုံးတွေကို မှိတ်ချလိုက်ကာ လင်းယွိထံမှီချလာလေသည်။

ခဏအကြာမှာတော့ နှစ်ယောက်လုံးဆိုဖာပေါ်  ပြိုလဲကျသွားကြပြီဖြစ်လေသည်။ လင်းယွိက ယန့်ကျီဟန်အပေါ် အုပ်မိုးထားသည့်အနေအထားနှင့်ဖြစ်သော်လည်း ဗိုက်ထဲကကလေးလေးကို ဖိမိမှာစိုးလို့ သတိထားနေရသေးသည်။
သူထိုအနေအထားကနေ ကုန်းထလိုက်ကာ ယန့်ကျီဟန်ဗိုက်လေးပေါ် လက်တင်ထားကြည့်လိုက်သည်။

ယန့်ကျီဟန်က ဘာအဝတ်မှဝတ်မထားရာ ဗိုက်နေရာလေးဆို အနည်းငယ်ဖောင်းနေသလိုပင်ဖြစ်နေသေးသည်။ လက်နဲ့ဗိုက်လေးကို ပွတ်ပေးနေရတာကိုက ပိုချစ်ဖို့ကောင်းနေသလိုပင်။

ထိုကဲသို့ပွတ်ခံနေရသည့်ခံစားချက်က အေးစက်ကာသွယ်လျသည့် ယန့်ကျီဟန် ခန္ဓာကိုယ်ကို ပိုပျော့ပျောင်းသွားစေသလိုပင်။

“ဒီနေရာက အဆင်မပြေသလို ဖြစ်နေသေးလား?” ယန့်ကျီဟန်ဘက်က ခုနောက်ပိုင်းအဆင်မပြေဖြစ်သည့်ပုံကို ပြမလာသော်ငြား လင်းယွိကသေချာအောင် မေးကြည့်လိုက်သည်။

ယန့်ကျီဟန် လင်းယွိ၏နူးညံ့သည့် မျက်နှာအမူအရာလေးကို ကြည့်နေကာ ခေါင်းခါပြလာသည်။

သူ့ဗိုက်က အဆင်မပြေဖြစ်တာမဟုတ်ပေမဲ့……

အခုနောက်ပိုင်း လင်းယွိကြောင့်သူပိုခံစားလွယ်လာသလိုပင်၊ သူပထမ ဂရုမထားမိခဲ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်တွေကအစ ခုနောက်ပိုင်း ပိုထူးဆန်းလာသလိုပင်၊ ကြည့်ရတာ အကုန်လုံးက လင်းယွိဂရုစိုက်ပေးတာ ခံချင်လာကြသလိုပင်။

လင်းယွိ တည်ရှိနေမှုတစ်ခုတည်းကသာ အကုန်လုံးကို သက်သာသွားစေသလိုပင်။ နောက်တစ်ကြိမ် ရွှေရောင်တစ်ဝက် အညိုရောင်တစ်ဝက်ဖြစ်လာသည့် မျက်လုံးတွေနှင့် လင်းယွိနားကို တိုးလာကာ “စိတ်မဆိုးတော့ဘူးမလားဟင်?”

တစ်ဆင့်ပြီးတစ်ဆင့် နီးကပ်လာလေ သူ့အပေါ်ရုံကြယ်သီးတွေကိုပါ ဖြုတ်လာကာ “ငါ့ကိုကယ်ပေးဦး….”

လင်းယွိ လည်စေ့က အပေါ်အောက်စုံချည်ဆန်ချည် ဖြစ်သွားပြန်သည်။ အတွင်းပိုင်းထဲက အနီရောင်ကြယ်သီးကို ပိုဆွဲဆောင်ခံလိုက်ရတော့သည် “…..အိုခေ” အခုဆိုနှစ်ယောက်လုံး အလှလေးကိုသားရဲကြီးက လှောင်ပိတ်ထားလိုက်သည်လား သို့တည်းမဟုတ် အလှလေးက သားရဲကြီးကို နာခံအောင်လုပ်လိုက်သည်လားပင် မသိနိုင်တော့အောင် နှစ်ယောက်လုံးနောက်တစ်ကြိမ် လုံးထွေးသွားပြန်လေသည်။

တစ်ဖက်မှာတော့ ရုံဝမ်တစ်ယောက် ဦးစီးအရာရှိဆီကနေ အန္တရာယ်ရှိတဲ့ မစ်ရှင်တစ်ခုကို လက်ခံရရှိလိုက်ပေမဲ့ အခုထိဒေါသကထွက်နေတုန်းပင်၊ “ငါအပြစ်ရှိမှန်း ကိုယ်တိုင်တောင် ဝန်ခံခဲ့တာကို သူကဘာလို့အဲ့လူကိုပဲ အရေးပေးနေရတာတုန်း?”

ဦးစီးအရာရှိ မျက်မှောင်ကြုံ့လိုက်ကာ၊ “မင်းကိုက သွားရှုပ်တာလေ! အဲ့လူက ကိုယ်ဝန်ကြီးနဲ့လေ ဟမ်! မင်းကသူ့ကိုထိခိုက်အောင်လုပ်မိပါပြီတဲ့ မာရှယ့်ကလေးလေး ဘယ်လိုနေမလဲ စဉ်းစားပါဦးလား၊  အဲ့ဒါတောင် မာရှယ်ကမင်းကို သနားပေးဦးမယ် ထင်နေသေးတာလဲ?”

တပ်မှူး :”….” သူဘာဆက်ပြောရတော့မလဲဟင်?

ဘေးကရုံဝမ်ကတော့ နောင်တရသွားတဲ့ မျက်နှာထားဖြစ်သွားကာ၊ “မဟုတ်ဘူး! ငါမာရှယ်ကို သွားတွေ့ရမယ်။”

တပ်မှူးသူ့ကို လှမ်းတားလိုက်ကာ၊ “မင်းပြဿနာရှာရတာ မတော်သေးဘူးလား? မာရှယ့်သည်းခံနိုင်စိတ်ကလည်း အတိုင်းအတာနဲ့နော်!”

“ငါသွားတောင်းပန်ရုံပဲလေ! ငါ သူ့ကလေးကို ထိခိုက်အောင်လုပ်မိမှာကို မာရှယ်လည်းစိုးရိမ်မှာပဲလေ။ အဲ့လူက ဒီလောက်နုတာ၊ တစ်ယောက်ယောက်က သူတိုက်မိရုံနဲ့ကို မာရှယ့်ကလေးကို ကိုယ်ဝန်တောင် ဆက်ဆောင်နိုင်မှာမဟုတ်လောက်ဘူး။”

တပ်မှူး : “….”
ပြောချင်တာတွေ ပြောနေတာ တော်ပါတော့။

ဒါပေမယ့် ရုံဝမ်ကတော့ တားမရပဲ ထွက်ပြေးသွားလေပြီ။
လင်းယွိ ဒီဘက်မှာတော့ တကယ့်အချိန်ကိုရောက်နေပြီဖြစ်သော်လည်း တံခါးခေါက်သံကို ကြားသည်နှင့်နောက်ကို ရုတ်တရက် နောက်ဆုတ်ပစ်လိုက်တော့သည်။

ယန့်ကျီဟန်အသက်ပြင်းပြင်းရှူလိုက်ကာ နီရဲနေသော မျက်လုံးတွေနှင့် သူ့ကိုပြန်ဆွဲလာကာ၊ “မရပ်နဲ့…..”

“ဒါပေမယ့်၊ အပြင်မှာ တစ်ယောက်ယောက် ရှိနေတယ်လေ…..”

ယန့်ကျီဟန် ဒေါသထွက်ရလွန်းလို့ သေတော့မလိုပင်၊ အနားကတစ်ခုခုကို ကောက်ကာတံခါးဆီ ပစ်လိုက်တော့သည်။ “ထွက်သွားစမ်း!!!!”





ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now