Chapter 12

3.1K 390 1
                                    

အပိုင်း ၁၂

နေဘက်သို့ မျက်နှာမူနေသည့် ဂြိုလ်တစ်ဖက်ခြမ်းက အဝါရောင်ဖြစ်နေကာ တစ်ဖက်မှောင်ကျန်နေခဲ့သည့်ဖက်က အညိုဖျော့ရောင်ဖြစ်လေသည်။

အာကာသယာဉ်က လျင်မြန်စွာ လေထုကိုဖြတ်ကာ အနက်ရောင်ဖြစ်နေသည့် ဘက်ခြမ်းတွင် ရပ်လိုက်ကြလေသည်။

ရပ်ပြီးသည်နှင့် အညိုရောင်နှင်းတောင်များက သေချာရှင်းလင်းစွာ မမြင်နိုင်သည်အထိ တစ်ခုအပေါ် တစ်ခုထပ်လျက်ရှိကြကာ ထိုပုံရိပ်တွေဖြင့်သာ မျက်နှာပြင်တစ်ခုလုံး ပြည့်သွားတော့သည်။

တံခါးကပွင့်သွားသည်နှင့် ယန့်ကျီဟန်ရောက်လာကာ လင်းယွိအိတ်ကပ်ထဲမှာရှိနေသည့် တစ်ဖက်ကို ထိုးဖောက်မြင်နိုင်သည့် မျက်နှာဖုံးကို သူ့မျက်နှာဆီ လာတပ်ပေးသွားလေသည်။

မျက်နှာဖုံးထဲက အောက်ဆီဂျင်နှင့် အပြင်က အေးစက်နေသည့်လေက လင်းယွိမျက်နှာဆီ တစ်ပြိုင်တည်းတိုက်ခတ်လာကြတော့သည်။

အေးလိုက်တာ!
အပြင်ဘက်က အပူချိန်သည် အလွန်နိမ့်နေကာ တိုက်ခတ်လာသည့် လေထဲတွင်လည်း အညိုဖျော့ဖျော့ရောင် ပျော်ကျခါနီးနှင်းတို့က ပါလာကြပြီး သူတို့ကအာကာသယာဉ်ကို ထပ်တိုက်မိကုန်ကြကာ ကျယ်လောင်သည့်အသံကြီးက ထွက်နေတော့သည်။

လင်းယွိသူဝတ်ထားသည့် ဝတ်စုံကနေ “ပီ” ဆိုသည့်အသံကို ကြားလိုက်ရကာ နောက်ကနေ နွေးထွေးမှုကတစ်ပါတည်း ရောက်လာလေသည်။

ကာကွယ်ရေးဝတ်စုံက အကောင်းဆုံးကြိုးစားကာ သူ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့ ကြိုးစားနေသော်လည်း လင်းယွိ ကြက်သီးတွေက ထနေကြတုန်းပင်။

ဒီနေရာက တော်တော်အေးလွန်းလှသည်။ သူ့အနေနှင့်လည်း အပြင်ဘက် ကမ္ဘာက လူသားတွေအတွက် အသက်ရှင်နေထိုင်ဖို့ ခက်ခဲမယ်မှန်း ကြိုတင်မှန်းဆပြီးသားပင်။

သို့သော်လည်း တစ်ဖက်က ယန့်ကျီဟန်ကတော့ သူ့မှာအောက်ဆီဂျင်မျက်နှာဖုံးတောင် တပ်မထားပဲ ဘာမှမဖြစ်သလို လမ်းလျှောက်ထွက်သွားလိုက်သေးသည်။

စစ်သားတွေအကုန်လုံးလည်း အလျင်အမြန်အောက်တွင် ပထမစီတုန်းကလို ညီညာစွာတန်းစီလိုက်ကြလေသည်။

လင်းယွိ : “…..”
မင်းတို့တွေ တစ်ကယ်ကြီး မအေးကြဘူးလား?

အခုက ညဘက်လည်းဖြစ်နေကာ အပြင်တွင်မှောင်မည်းနေလေသည်။ လင်းယွိ ချိုင့်ဝှမ်းတစ်ခုကြားထဲ၌သာ ရပ်ထားမှန်း မြင်နိုင်လေသည်။

ထို့နေရာရှေ့နားတွင် ကျောက်တောင်စွန်းတစ်ခုရှိနေကာ ၎င်း၏အရှေ့တွင် စခန်းချတဲလေးတစ်ခုရှိနေလေသည်။ ကြည့်ရတာ ယန့်ကျီဟန်တစ်ယောက် တစ်ချိန်လုံးဒီဂြိုလ်ပေါ်တွင် နေခဲ့သည့်ပုံပင်။

လင်းယွိ ပထမတော့ ယန့်ကျီဟန်နောက်ကို လိုက်ဖို့ကြံထားတာဖြစ်လေသည်။ သို့သော် သူအာကာသယာဉ် အပြင်ဘက်ကို ခြေထောက်ချလိုက်သည်နှင့် အပူချိန်က နှစ်ဆနီးပါး ထပ်တက်လာတော့သည်။ လေက ဓားတစ်လက်နှင့်တူကာ သူ့အရေပြားကို လှီးဖြတ်တော့မတတ်ပင်။

စက္ကန့်ပိုင်းအတွင်းမှာပဲ လင်းယွိအရိုးထဲထိအေးလာကာ ဆက်ပင်မလျှောက်နိုင်တော့ချေ။

သူ့ကို ယန့်ကျီဟန်ဘာလို့ခေါ်လာခဲ့လဲ မသိပေမဲ့ သူဒီပတ်ဝန်းကျင်တွင် လုံးဝအသက်ရှင်နေနိုင်မည် မဟုတ်ပေ။ သူသွားတွေကိုသာ ကြိတ်နေနိုင်ကာ ကျုံ့ကျုံ့လေးသာနေလိုက်ပြီး အာကာသယာဉ်အတွင်းထဲသို့သာ ပြန်ပုန်းဝင်နေလိုက်ပြီး အပြင်ကိုပဲ ကြည့်နေနိုင်တော့သည်။

ယန့်ကျီဟန်ထွက်လာသည်နှင့် ယန့်ကျီဟန်နောက်ကို အမြဲလိုက်လေ့ရှိသည့် အရပ်ရှည်ရှည်လူကြီးပါ ထွက်လာလေသည်။ ထိုလူ့ခေါင်းတွင် ချိုကြီးတွေရှိကာ လင်းယွိအတွေးထဲအရတော့ နွားသိုးရဲ့ခေါင်းပုံရှိသည့် လူကြီးက လာနှုတ်ဆက်လေတော့သည်။

လင်းယွိကျောက်တောင်စွန်းရှေ့က ချောက်ကြီးကိုကြည့်လိုက်ကာ သူတို့တွေ ဒီအထဲကနေ တွင်းထွက်တွေများ လာရှာကြတာလားဟုတော့ ခန့်မှန်းကြည့်လိုက်လေသည်။ သို့သော်လည်း ပတ်ပတ်လည်က စစ်သားတွေကြည့်ရတာ စစ်တိုက်ကြမည့် ပုံပေါ်ကာ ဘယ်အချိန်လာတိုက်တိုက် အဆင်သင့် စောင့်နေကြသလိုပင်။

ယန့်ကျီဟန်တပ်မှူးကို စကားပြောနေရင်း နောက်မှလင်းယွိကို သတိရသွားကာ ပြန်လှည့်ကြည့်လာပြီး သူ့ထံစိတ်မရှည်သည့်ပုံဖြင့် လက်ယမ်းပြလာလေသည်။
“ ဘာလုပ်နေတာလဲ၊ ဒီကိုလာ!”

လင်းယွိ : "…..”
လာလို့မှမရတာကို!!

တံခါးဝလေးမှာ ရပ်နေရတာနဲ့ကို လင်းယွိတစ်ချိန်လုံးတုန်နေတာဖြစ်ပြီး သူ့ခြေထောက်တွေ၊ လက်တွေဆို ရှိနေမှန်းတောင် မသိနိုင်တော့ပေ၊ ထို့ကြောင့် သူ့ကိုယ်သူဖက်ထားလိုက်ကာ ထိုင်ချလိုက်လေတော့သည်။
“မာရှယ်၊ သူအအေးကို ကြောက်နေတာနေမယ်။”

ယန့်ကျီဟန်လည်းမြင်လိုက်ကာ ချက်ချင်းမျက်မှောင်ကျုံ့လိုက်ပြီး
"ပြဿနာပဲ။ ဆေးကုတဲ့ သေတ္တာရှာလိုက်။”

ယန့်ကျီဟန် သဘောမကျသည့်ပုံနှင့်ပြောလိုက်သော်လည်း သူ့လှုပ်ရှားမှုတွေကတော့ မြန်ဆန်နေသည်။ သူ အာကာသယာဉ်ထဲသို့ ခြေလှမ်းအနည်းငယ်နှင့် လျှောက်သွားလိုက်ကာ ပထမဆုံးတံခါးကို ပိတ်လိုက်ပြီး အထဲကအပူချိန်ကို ညှိပေးလိုက်သည်။ လင်းယွိလက်ကို ဆွဲကာ နွေးအောင်လုပ်ပေးလိုက်သေးသည်။

တပ်မှူးက ကုသရေးသေတ္တာလေးကို မလာတာတွေ့လိုက်တဲ့ အခါမှာတော့ လင်းယွိစိတ်လှုပ်ရှားသွားတော့သည်။ ပြီးတာနဲ့ ယန့်ကျီဟန်ကအဖုံးကို ဖွင့်လိုက်ကာ သူ့ခေါင်းကို ထည့်လိုက်လေတော့သည်။

လင်းယွိ : “…..”
ငါ့ကို ဘာလို့သေတ္တာထဲထည့်တာတုန်း?

ယန့်ကျီဟန်သူကို အာကာသယာဉ်ပေါ်ကနေ ဆေးကုတဲ့သေတ္တာလေးကနေ ထည့်လာကာ ယာယီနားသည့် တဲလေးထဲသို့ ထည့်ထားလိုက်တော့သည်။

လင်းယွိ : "….”
ဒီလိုအားကြီးက ကြောက်ဖို့မကောင်းလွန်းဘူးလား!

ယန့်ကျီဟန် လင်းယွိကို အတန်ကြာငုံ့ကြည့်နေလိုက်ကာ သူ့ကြည့်ရတာ အေးနေသည့်ပုံမပေါ်တော့မှ ဆက်အာရုံမစိုက်တော့ပဲ တပ်မှူးကို ဆက်စကားပြောနေလိုက်သည်။ ပြီးတာနဲ့ ထွက်သွားလေတော့သည်။

လင်းယွိ သူ့ရဲ့အခေါင်းလို ဆေးကုသဆောင်မှာတုန်းကလည်း အရင်က အိပ်ခဲ့ဖူးလေသည်။ ဒီအရာ၏ ထိပ်ပိုင်းက အကြည်ရောင်ဖန်သားဖြစ်ကာ အတွင်းထဲတွင် ဂျယ်လီလို အရည်ကြည်ကြည်တွေကရှိနေသေးသည်။

သူ့အေးနေကာ အဆင်မပြေဖြစ်နေသည့် လက်တွေကထိုကြည်လင်နေသည့် ဂျယ်တွေကို ထိမိသွားသည်နှင့်တစ်ပြိုင်နက် နာကျင်မှုတွေက ပျောက်သွားတော့သည်။ လင်းယွိအနည်းငယ်မတ်လိုက်ကာ သူ့မျက်နှာနှင့်နားတွေကို သုတ်လိုက်ပြီးနောက် ဘာမှဆက်လုပ်လို့မရတော့သဖြင့် သူ့ကိုယ်သူစိတ်လျှော့လိုက်ကာ အထဲမှာ နာခံစွာနှင့် ငြိမ်ငြိမ်လေးနေနေလိုက်တော့သည်။

ယန့်ကျီဟန်ကြည့်ရတာ အလုပ်ရှုပ်နေသည့်ပုံပေါ်သော်လည်း သူတစ်ခါတစ်လေ တံခါးကိုဖွင့်ကာ ဝင်လာပြီး လင်းယွိကိုကြည့်ပြီးသည်နှင့် ပြန်ထွက်သွားတတ်လေသည်။
လင်းယွိ ဆေးကုသည့်အခန်းငယ်လေးထဲမှာ သော့ခတ်ခံထားရသည်ဖြစ်ရာ ဖန်သားကနေသာ အပြင်ကိုကြည့်နေလို့ရသော်လည်း သေချာမြင်မနေရပေ၊ သူအခု အကူအညီမဲ့နေသလို ဖြစ်နေလေတော့သည်။

ယန့်ကျီဟန်က ဘာလို့သူ့ကို ခေါ်လာတာတုန်းဟ? သူ့ကို ဒီလိုကြီးပဲ သော့ခတ်ပြီးထားတော့မလို့လား?

သူက ရွှေငါးလည်းဟုတ်မနေပေ! ဖန်ခွက်ထဲထည့်ထားလိုက် ပြီးတာနဲ့ မင်းဒိုးလိုက်တော့ အဲ့လိုလား။

လင်းယွိ သက်ပြင်းချလိုက်၊ လှိမ့်လိုက်နှင့် ဘယ်လောက်ကြာအောင် သူပျင်းနေလိုက်လဲ မသိလိုက်ခင်အချိန်မှာပဲ အိပ်ပျော်သွားလေတော့သည်။

သူနိုးလာလာချင်း တစ်ယောက်ယောက်က သူ့ဆေးကုသည့်သေတ္တာလေးအပေါ်တွင် တက်ထိုင်နေတာကို ဖန်အဖုံးကနေ တွေ့လိုက်တော့သည်။

အပြင်ဘက်တွင် အခုတော့လင်းလာနေပြီ ဖြစ်လေသည်။ ယန့်ကျီဟန်ကြည့်ရတာ သက်သောင့်သက်သာဖြစ်နေသည့်ပုံပေါ်ကာ သူ့မျက်လုံးတွေက လက်ထဲကိုင်ထားသည့် တေ့ဘလက်လိုပုံလေးကို ကြည့်နေလေသည်။ လှိုဏ်ဂူထဲပြန်ရောက်နေသည့် နဂါးကြီးက သူပိုင်သည့်ရတနာကို စောင့်ရှောက်နေသလိုပင်။
သို့သော် လင်းယွိကတော့ ဒါကိုသတိမထားမိပေ၊ နေပါဦး ယန့်ကျီဟန်အနားယူနေတာလား?

ပြီးတော့အောက်ကိုခေါ်လာတာက……သူ့ကို ထိုင်ခုံလို သုံးဖို့လား??

လင်းယွိသူ့လက်ကို ဖန်သားပေါ်တင်လိုက်ကာ ဖြည်းဖြည်းချင်း ခေါက်လိုက်လေသည်။

ယန့်ကျီဟန် သူ့ကို ဘာမှမဟုတ်သလို ပုံနှင့်ကြည့်လာကာ လျစ်လျူရှုလိုက်လေသည်။ သူက မသိရင် ပူစီဖောင်းတွေ လာမှုတ်ပြနေသည့် ငါးလိုလိုပင်။

လင်းယွိ သူ့နှုတ်ခမ်းတွေကို စူလိုက်ကာ၊ ယန့်ကျီဟန်လက်ထဲ ကိုင်ထားသည့် တေ့ဘလက်ထဲ ဘာတွေပါလဲ သိရအောင် ဖန်သားဆီကို သူ့မျက်နှာကပ်နိုင်အောင် အကောင်းဆုံးကြိုးစားကြည့်လိုက်သည်။

ယန့်ကျီဟန်ပါးစပ်ထောင့်စွန်းလေးက အပေါ်သို့တက်သွားကာ လင်းယွိကို နောက်တစ်ကြိမ်ကြည့်လာပြန်သည်။

ယန့်ကျီဟန်ကြည့်ရတာ စိတ်အခြေအနေကောင်းနေသည့်ပုံပေါ်သဖြင့် လင်းယွိအမြန် သူ့ပါးစပ်ကို ဟကာ လက်ညိုးထိုးပြလိုက်လေသည်။ သူအခုထိ ဘာမှမစားရသေးမှန်း သိအောင်ဖော်ပြလိုက်လေသည်။

ယန့်ကျီဟန် သူ့ကို အတော်ကြာကြည့်နေလိုက်ပြီး ခုန်ဆင်းလိုက်ကာ အဖုံးကိုဖွင့်ပေးလာလေသည်။

လင်းယွိ အခုက နေ့ဘက်အချိန်မှန်းသိသွားပြီး စိတ်လှုပ်ရှားသွားလေသည်။ ပြီးတော့ သိပ်အေးသည့်ပုံလည်း မပေါ်တော့ပေ။

သူလှဲနေရတာ ကြာလှပြီဖြစ်ရာ ဆေးကုသသည့်သေတ္တာကနေ ခုန်ဆင်းလိုက်ကာ တံခါးဆီကို သွားဖို့ပြင်လိုက်သည်။ သို့သော် သူ့ခြေထောက်တွေက တံခါးကို မဖြတ်နိုင်ခင်လေးမှာပဲ သူ့ကိုအိတ်သေးသေးလေးနှင့် ရိုက်ခံလိုက်ရသလို ဖြစ်သွားတော့သည်။

လင်းယွိလှည့်ကြည့်လိုက်ရာ ယန့်ကျီဟန်က သူ့ကိုလက်ပိုက်ကြည့်နေလေသည်။ “အပြင်မထွက်နဲ့။”

လင်းယွိလက်ပိုက်လိုက်ကာ ခေါင်းကိုရိုရိုသေသေနှင့်ငုံ့ပြလိုက်ကာ သူ့အပေါ်ကျလာသည့်အိတ်လေးတွေကို ကောက်ယူလိုက်လေသည်။ သူဖွင့်လိုက်သည်နှင့် ဖိချေထားသည့်ဘီစကစ်နှင့် တူသည့်ဟာလေးတွေနှင့်တူနေကာ သူစားလိုက်တော့သည်။

အရသာက အဆင်ပြေသားပဲ!

ယန့်ကျီဟန် သူ့ကိုဆက်ကြည့်နေကာ ဖုန်းပြောနေစဉ်တွင်လည်း ရေခွက်ကြီးကို ကိုင်ကာသူ့ကိုအတင်းသောက်ခိုင်းပြီး သူအိမ်သာဘက်ကို သွားသည်ကိုပါ ကြည့်နေလေတော့သည်။

ပြီးနောက် သူ့ကိုထပ်ပြီး ဆေးကုသည့်သေတ္တာထဲသို့ ထပ်ထိုးထည့်လိုက်ပြန်တော့သည်။

လင်းယွိ : “….”

အနာဂတ်မှာတော့ မင်း ရွှေငါးမွေးမယ်ဆိုရင်လေ အခုသုံးနေတဲ့ ငါးကန်ထက်ကြီးတဲ့ ဟာမျိူးတွေ သုံးရမှာသိလား! ငါဘယ်လိုသိလဲ လာမေးမနေကြနဲ့တော့!

လင်းယွိ ဆေးကုသည့်သေတ္တာထဲတွင် အကြာကြီးနေလိုက်ရတာ ယန့်ကျီဟန်ကိုတွေ့မှသာ သူ့ဇီဝဗေဒအလိုအရ အပြင်ထွက်ဖို့လို၍ အပြင်ကိုထွက်နိုင်လေသည်။ ယန့်ကျီဟန် အပြုံးကြည့်ရတာ ပိုပိုပြီး ရည်ရည်မွန်မွန်ရှိလာသလိုပင်။

ဒီကနေ့နှင့်ညအကူးအပြောင်းက ၂၄နာရီထက်ကြာလေသည်။ နေ့တစ်နေ့ကုန်သွားကာ လင်းယွိ အိပ်ပျော်သွားသည်နှင့် ကောင်းကင်ကြီးလည်း စတင်မှောင်လာတော့သည်။

ပတ်ဝန်းကျင်က အေးလာပြန်သည်။

ဖွင့်ထားသည့်တံခါးကနေ တိုက်လာသည့် လေ၏အပူချိန်ကနိမ့်လွန်းနေသဖြင့် လင်းယွိဆေးကုသည့်သေတ္တာလေးထဲကိုပင် ခံစားနိုင်လေသည်။

ယန့်ကျီဟန် ပြန်လာပြီ။

သူ့ကြည့်ရတာ ပင်ပန်းသည့်ပုံပေါ်နေလေသည်။ သူပြန်ရောက်ရောက်ချင်း ဆေးကုသည့်သေတ္တာလေးဘေး ရပ်နေကာ သူ့ကိုမျက်မှောင်ကျုံ့ကာ ကြည့်နေပြန်သည်။

လင်းယွိက အရင်တစ်ခါ ယန့်ကျီဟန်ပြန်လာကတည်းက အိပ်ပျော်နေရာ သူ့ကိုအပြင်မထုတ်ပေးခဲ့ပေ။
အခုဒီတဲလေးထဲရောက်နေရာ လင်းယွိအနံ့က ရှိမနေတော့ပေ။ မဟုတ်ဖူး အနံ့ကိုမရတော့တာဖြစ်လေသည်။

“မင်းဗိုက်ဆာပြီလား?”

ယန့်ကျီဟန်လက်က အဖုံးကိုထောက်လိုက်ကာ ခါးကိုင်းပြီး သူ့ကိုကြည့်လာလေသည်။ ထိုလူ၏ ကျယ်ပြန့်သည့်ပုခုံးတွေက အပေါ်ကအလင်းကိုပင် ကာနိုင်လုနီးနီးပင်။

ဆေးကုသသည့်သေတ္တာ၏ အသံထိန်းချုပ်ထားသည့်စနစ်က အတော်ကောင်းလေ၏။ သူ ယန့်ကျီဟန် ဘာတွေပြောနေသလဲကို ရှင်းလင်းစွာမကြားရပေ။ သို့သော်လည်း သူထိုလူကိုမြင်နေရသေးကာ အေးနေသည့်ဖန်သားပေါ် သူ့လက်ကိုတင်လိုက်လေသည်။

ဒီအထဲမှာပဲ ၂ရက်လောက်လှဲနေရသည့် အခါမှာတော့ လင်းယွိ ယန့်ကျီဟန်နဲ့ စကားပြောချင်နေတော့သည်။

ယန့်ကျီဟန်သူ့ကို ဘာမှပြောမလာပဲ ကြည့်နေလိုက်ပြီး ထို့နောက်မှာတော့ မတ်တပ်ရပ်လိုက်ကာ အဖုံးကိုဖွင့်ပေးလိုက်တော့သည်။ အပြင်ဘက်က အေးစက်နေသည့်လေတွေကြောင့် လင်းယွိ တုန်ရီမလာခင်မှာပဲ ယန့်ကျီဟန်အထဲဝင်လာကာ လင်းယွိဘေးလှဲချလိုက်ပြီး အဖုံးကိုနောက်တစ်ကြိမ် ပြန်ပိတ်လိုက်လေတော့သည်။
လင်းယွိ : “!”

ဤအခန်းငယ်လေးထဲတွင် နဂိုကတည်းက နေရာက သိပ်မရှိရာ ယန့်ကျီဟန်ဝင်လာသည်နှင့် သူတို့နှစ်ယောက်က အလိုလိုဖက်ထားသလို ဖြစ်သွားတော့သည်။

လင်းယွိ သူ့နှလုံးခုန်မြန်သွားတာကို ခံစားမိလိုက်သော်လည်း သူ့ကိုယ်ကတော့ တောင့်တောင့်ကြီးဖြစ်နေတုန်းပင်။

ဆေးကုသရေးသေတ္တာပင် ဘာမှန်းမသိသည့် အသံတွေလုပ်လာလေသည်။ အပေါ်နားက အနီရောင်အလင်းလေးကပါ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာတော့သည်။
“တစ်ခုခုမှားနေတယ်၊ တစ်ခုခုမှားနေတယ်။”

ယန့်ကျီဟန်သူ့လက်ကို မြှောက်လိုက်ကာ အဖုံးကိုရိုက်လိုက်လေသည်။
“အပေါက်ပိတ်ထား….”

သူဘာမှမတွေးမိပဲ ဝင်လာသော်လည်း အခုတော့ သူနည်းနည်း ရှက်လာသလိုပင်။ ဒီဆေးကုသရေးသေတ္တာတွေက လူတစ်ယောက်တည်းပဲ ဆန့်တာထင်တယ်။
သို့သော်လည်း ထိုကောင်လေး၏ အနံ့စူးစူးလေးက ဤအခန်းကျင်းလေးထဲတွင် ရှိနေရာ ထိုအနံ့က သူ့ကိုမျက်လုံးကို သက်သက်သာသာ မှိတ်နိုင်စေလေပြီး သူ့တစ်ကိုယ်လုံးက တင်းနေသည့် အကြောတွေကိုပါ ပြေသွားစေလေသည်အထိပင်။

လင်းယွိခဏလောက်တန့်သွားပြီးနောက် ဘယ်နေရာထားရမယ်မှန်းမသိသည့် သူ့လက်ကို ယန့်ကျီဟန်ခါးပေါ်သာ တင်ထားလိုက်လေတော့သည်။

ယန့်ကျီဟန်လည်း သူ့မျက်လုံးတွေကို မှိတ်ထားတုန်းဖြစ်ပြီး သူ့ကိုလည်းကြည့်မလာပဲ လှုပ်လည်းလှုပ်မလာသေးပေ။ ခဏအကြာမှာတော့ သူလည်းသူ့အပေါ်လက်မောင်းကို တင်ထားလိုက်လေတော့သည်။

သူနေနေသည့်ပုံစံကို အနည်းငယ်ညှိလိုက်လေသည်။ အနည်းငယ်နီးကပ်လာသည့်ပုံသို့ ပြောင်းလိုက်မိကာ အသက်ကို ရှူသွင်းလိုက်ကာ ဖြည့်းဖြည်းချင်း ပြန်ရှူထုတ်လိုက်လေသည်။

သူတို့နှစ်ယောက်စလုံး အလွန်နီးကပ်နေကြာကာ လင်းယွိဆို ယန့်ကျီဟန်၏ စူးရှပြတ်သားသော ဒေါင်လိုက်ပုံစံလေးရှိနေကြသည့် မျက်ဆံတွေကပါ အခုအချိန်လေးအတွင်းမှာကို နူးညံ့သွားကြသလိုပင်။ သက်သောင့်သက်သာဖြစ်နေသည့် ပုံလေးက ကြောင်လေးတစ်ကောင်လိုပင် သူ့မျက်နှာထက် ရှင်းလင်းစွာ မြင်နေရသေးသည်။
လင်းယွိသူ့ကို ကြည့်နေလိုက်ကာ ခေါင်းကိုတစ်ဖက်လှည့်လိုက်တော့သည်။

ယန့်ကျီဟန်က အခုသူ့…..ဖယ်ရိုမုန်းနံ့ကို ခံနေတာပဲ။

လင်းယွိဒါကို မေ့နေခဲ့တာ ဖြစ်သည်။

သူပထမတွေးမိတာကတော့ ယန့်ကျီဟန်က သူ့ဖယ်ရိုမုန်းနံ့ကို မုန်းနေတယ်ဟူ၍။ သို့သော် အခုသူလုပ်နေသည့်ပုံတွေကြည့်ရတာတော့ ပြောင်းပြန်ဖြစ်နေသည့် ပုံပင်။

ယန့်ကျီဟန် သူ့ဖယ်ရိုမုန်းနံ့ကို ကြိုက်တာပဲ။

ဒါဆို ယန့်ကျီဟန်သူ့ကို အခုထိဘေးမှာထားထားတာက ဖယ်ရိုမုန်းကြောင့်ပေါ့…..?

လင်းယွိစိတ်တွေ ရှုပ်ထွေးကုန်တော့သည်။ ကြည့်ရတာ အဲ့ညကဖြစ်ခဲ့တာကိုပါ ယန့်ကျီဟန် မရွံဘူးဆိုတဲ့ သဘောလား?

သူဖြစ်နေတာတောင်ကိုလေ…..

ထိုအချိန်မှာပဲ ကြက်သီးထစရာ ဥဩသံက အပြင်ကနေ ထွက်လာလေတော့သည်။

ယန့်ကျီဟန် မျက်နှာကပြောင်းလဲသွားကာ မျက်လုံးတွေကို ဖွင့်လိုက်ပြီး အဖုံးကိုချက်ချင်းဖွင့်ကာ ထွက်သွားလေတော့သည်။

လင်းယွိအအေးဒဏ်ကြောင့် တုန်လာပြီး သူ့အာရုံကို အပြင်သို့သာ လွှဲထားလိုက်လေသည်။

မရေတွက်နိုင်သည့် သားရဲတိရိစ္ဆာန်များ၏ ဟိန်းဟောက်သံများ၊ တိုက်ခိုက်သံများနှင့် သေနတ်သံများက အပြင်ဘက်ကနေ ဆူညံနေကြတော့သည်။ ထိုအချိန် ရုတ်တရက်ကြီး တဲတစ်ခုလုံးကို တိုက်ခံလိုက်ရလေတော့သည်။

ရွက်ဖျင်တွေတစ်ဝက်လောက်က ပြဲကုန်ကာ အပြင်ဘက်က လေတွေကလည်း အတင်းဝင်လာကြလေတော့သည်။ လင်းယွိ အပြင်ဘက်က မွန်းစတားကိုပါ ကြောက်မက်ဖွယ်တွေ့လိုက်ရလေတော့သည်။

သူ့ပါးစပ်ကြီးက အနက်ရောင်တွင်းကြီး တစ်ခုလိုပင်။ စက်ဝိုင်းပုံစံ ချွန်ထက်သည့် သွားတွေက ဝန်းရံထားလေသည်။ ထိုမွန်းစတားကြီးက တဲကိုတစ်ကိုက်တည်းနှင့် တစ်ဝက်နီးပါးကိုက်ချလိုက်ကာ သူ့ရဲ့ပါးစပ်အကြီးကြီးကို ထပ်ဖွင့်လာပြန်ကာ လင်းယွိရှိရာသို့ တစ်ဟုန်ထိုးရောက်လာလေတော့သည်။
ဆေးကုသသည့် သေတ္တာလေးက သူ့ပါးစပ်နှင့် အကိုက်ခံလိုက်ရပြီး အလင်းက ချက်ချင်းမှိန်ကြသွားတော့ကာ ဖန်တွေကလည်း ကွဲကြေကုန်ကြသော်လည်း အနည်းဆုံတော့ တစ်ခုလုံးက ကြေမွမသွားသေးပေ။

လင်းယွိ သူအခုထိ အသက်ရှင်သေးတာပဲ။

ပတ်ဝန်းကျင် အပူချိန်က ရုတ်ချည်းနိမ့်ကျသွားကာ လင်းယွိနှလုံးလည်း အလွန်ခုန်နေလေသည်။ သူခြေထောက်ကို ဆန့်လိုက်ကာ အဖုံးကို အားပြင်းပြင်းနှင့် ကန်လိုက်ပြီး ပွင့်လာအောင်ကြိုးသားကာ ထွက်ပြေးဖို့လုပ်လိုက်သော်လည်း ထိုအဖုံးက အသေအချာကို သော့ခတ်ထားမှန်းသိလိုက်ရလေတော့သည်။

ရုတ်တရက် ထိုမွန်းစတားကောင်က အော်ညီးလာကာ ပြန်လှည့်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လာတော့သည်။ တစ်ယောက်ယောက်က အနောက်ကနေ တိုက်ခိုက်လိုက်မှန်း သိသာပေသည်။

ယန့်ကျီဟန် အလွန်အမင်းစိတ်ဆိုးနေကာ သူ့အနက်ရောင်အတောင်တွေကို ဖြန့်လိုက်ပြီး ပြန်တိုက်ဖို့ သူ့ကိုယ်သူ ထိုမွန်းစတားကောင်၏ ခေါင်းဆီသို့ တည့်တည့်ပစ်ဝင်လိုက်တော့သည်။

သို့သော် ထိုအရာကြီးက အလွန်ကြီးလွန်းလှလေသည်။ ရှောင်လိုက်ရင်းနှင့်ပင် သူ့ပတ်ပတ်လည်က အရာတွေအကုန်လုံးကို ဖျက်ဆီးပြီးသားဖြစ်နေကာ ဆေးကုသရေးသေတ္တာလေးကိုပါ အမြီးနှင့်တစ်ချက်တည်း ကျောက်တောင်စွန်း အောက်ခြေသို့ ရိုက်ပစ်လိုက်လေတော့သည်။







ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now