Chapter 29

4.1K 351 10
                                    

အပိုင်း ၂၉

“နို့နို့ထွက်တာက ပုံမှန်ပဲလားဗျ?

ဒေါက်တာကပြောလာလေသည်။
“ဟုတ်ကဲ့၊ ဇက်တွေက ဥ,ဥပြီးမွေးတတ်တယ်ဆိုပေမဲ့ ကလေးလေးတွေကတော့ နို့ရည်ကိုရင်ဘတ်ကနေ ဝပ်ပြီးတာနဲ့ သောက်တတ်ကြပါသေးတယ်။”

ယန့်ကျီဟန် ဘာအမူအရာမှ ပြမလာပဲ ငူငူကြီးထိုင်နေတာကြောင့် လင်းယွိကသာ ဆက်မေးလိုက်ရလေသည်။
“ဒါနဲ့လေ အခုကအရမ်းစောလွန်းမနေဘူးလားလို့? ဥတွေတောင် ထွက်မလာသေးတာကိုလေ….”

ဒေါက်တာ : “စောတာတော့စောသေးပေမဲ့ စိတ်မပူနဲ့၊ ကြည့်ရတာတော့ အဲ့နေရာကို ပိုကြွလာအောင် လုပ်လိုက်လို့နေမယ်။”

ယန့်ကျီဟန် : “…”

လင်းယွိမျက်နှာကနီရဲလာကာ သူ့စိတ်တွေဗလာဖြစ်နေတဲ့ကြားကာ သူ့ကိုယ်သူပြန်မြင်ယောင်မိလာတော့သည်။

ဒါတော့ သူ့ကို ပိုအပြစ်တင်ရမယ်ထင်တယ်….ဒါပေမယ့်သူ့ကိုလည်း လုံးလုံးအပြစ်တင်လို့ မရပါဘူးနော်? အဲ့လိုလုပ်ဖို့ပြောခဲ့တာလည်း ယန့်ကျီဟန်ပါတာပဲကို…

ဒေါက်တာကဆက်ပြောလာကာ
”ပြီးတော့ ဥကကြည့်ရတာ နောက်အပတ်ထဲ ထွက်လာသင့်ပြီထင်တာပဲ။”

လင်းယွိအတွေးတွေ ပြန်ဆွဲခေါ်လိုက်ရပြန်တော့သည်။ သူ့မှာအရင်ကတော့ အဲ့လောက်ကြီး ခံစားချက်တွေမရှိပေမဲ့ ဒီစကားလေးကို ကြားလိုက်ရတာကိုက သူမကြာမီအဖေဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့တင် ရင်ထဲတင်းကျပ်သွားတော့သည်။

လင်းယွိ ရုတ်တရက်ကြီး ကြောက်လာတော့သည်။ မသိလိုက်ပဲ ယန့်ကျီဟန် ဗိုက်ကိုပင် သွားကြည့်လိုက်သေးသည်။

အခုဆို အဝတ်တွေဝတ်ထားတာတောင်မှ ဗိုက်နေရာလေးက ဖောင်းနေတုန်းပင်။ ယန့်ကျီဟန် ခန့်ညားလှတဲ့မျက်နှာရယ်၊ မတ်မတ်ထိုင်နေတဲ့ပုံလေးရယ်နှင့် ရုတ်ခြည်းကိုမသိလိုက်ပဲ ပေါ်လာသည့်ထိုအကွေ့အဝိုက်နေရာလေးက အကုန်ပြောပြနေသလိုပင်။
ယန့်ကျီဟန်လိုလူမျိုးက ကိုယ်ဝန်ဆောင်နေရတာဆိုတာသာ လူတွေသိသွားရင် သက်ပြင်းတွေကြီးပဲ ချနေကြတော့မယ်ထင်တယ်။

လင်းယွိ ရင်ဘတ်ကိုစမ်းကြည့်လိုက်ကာ အထဲကတဒုတ်ဒုတ်နှင့် အသံကိုစကြားလာရတော့သည်။
“ငါတို့ဒီ့ထက်ပို စစ်ဆေးတာလုပ်ကြည့်ကြဦးမလား?”

ယန့်ကျီဟန် သူ့ကိုထူးဆန်းသလိုကြည့်လာကာ
“မလိုဘူး၊ ဘာမှမဖြစ်ဘူး။”

မတူညီတဲ့ မျိုးနွယ်တွေက ကလေးတွေက ပိုပြဿနာတွေများကြရှာသည်။ ဒီလထဲမှာပဲ စစ်ဆေးပြီးလိုက်တာနှင့် ကလေးလေး၏ ဖွံ့ဖြိုးမှုက သာမန်ပဲဟုပြောလာလေသည်။ ဘာမှစိတ်ပူဖို့ မလိုတော့ပေ။
လင်းယွိထပ်မေးလိုက်ကာ
“ကလေးလေးရဲ့ လိင်အမျိုးအစားကရော?”

ယန့်ကျီဟန်ခဏရပ်လိုက်ကာ၊ “သိချင်လို့လား?”

လင်းယွိ ယန့်ကျီဟန်ဘက်ကမေးလာမယ်လို့ ထင်မထားခဲ့တာကြောင့် အံ့ဩသွားပြီး
“မဟုတ်ဘူး၊ ကလေးကဘယ်လို လိင်အမျိုးအစားဖြစ်နေပါစေ ငါကတော့ချစ်မှာပါ!”

ယန့်ကျီဟန် :  “….”
သူလည်းမေးဖို့ မေ့သွားလို့လေ။

ဒီခေတ်မှာတော့ အာထရာဆောင်းထက်ပိုတိုးတက်တာ ရှိကောင်းရှိနိုင်မှန်းသိပေမဲ့ သူသိချင်နေတုန်းပင်
“ဒါနဲ့ ကျွန်တော်ကြည့်ဖို့ ပုံလေးရောပြပေးလို့မရဘူးလားဟင်? ဒီအတိုင်းကိုယ့်ကိုယ်ကို ကြိုပြင်ဆင်ထားချင်လို့ပါ။ ဘယ်လိုပုံမျိုးရှိလဲဆိုတာ ကျွန်တော်မသိရသေးလို့ပါ။”

ယန့်ကျီဟန် သူပြောနေတာတွေ နားမလည်သလိုပုံနှင့် ဘေးကပြောလာလေသည်။
“ဥပဲလေ။”

သူ့လက်တွေနှင့်ပင် လုပ်ပြလိုက်သေးသည်။
“ဒီလောက်လောက်တော့ ကြီးတယ်။”

လင်းယွိ : “…. ငါပြောတာက ဝပ်ပြီးတဲ့ဟာကို ပြောတာလေကွာ။"

“ဇက်ကလေးလေးတွေပုံလိုပဲ ဖြစ်မယ်ထင်တာပဲ၊ သူ့မှာနဂါးတွေလို အတောင်ပံလည်း ပါလာမယ်ထင်တာပဲ။”
ဒေါက်တာဦးနှောက်အသေးလေးကို ဖွင့်လိုက်ကာ ပုံလေးနှစ်ပုံကိုပြလာလေသည်။ တစ်ပုံက ဇက်ကလေးလေးဖြစ်ကာ တစ်ခုကတော့ နဂါးပေါက်လေးဖြစ်လေသည်။

နဂါးပေါက်လေးက ဒိုင်နိုဆောဗားရှင်းလေးလိုပင်၊ ကိုယ်ပေါ်မှာ အင်းစက်ကောင်လေးတွေလိုမျိုး အကွက်မှိန်မှိန်လေးတွေက ဆိုးဆေးဆိုးထားသလိုမျိုး မျက်နှာပေါ်တွင် ရှိတာကလွဲပြီ ဘေးကဇက်ကလေးလေးကတော့ သာမန်ကလေးလေးတစ်ယောက်ပုံလိုပင်။ ရွှေရောင်မျက်လုံးတစ်စုံကတော့ ပိုတောက်ပနေကြတာ အလွန်ချစ်စရာကောင်းလှသည်။

ယန့်ကျီဟန် တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်ပြီး
“ငါ့ကို ဝပ်ထားတုန်းကပုံလေးနဲ့ အတူတူပဲ။ သူ့မှာအတောင်ပံလေးတွေနဲ့ သေးတဲ့အမြီးလေးတွေ ရှိလာလိမ့်မယ်။”

လင်းယွိ မျက်လုံးတွေက တောက်ပလာကြကာ သူ့ရင်ဘတ်ကိုကိုင်လိုက်ရင်း
"ခင်ဗျားကို စဝပ်တုန်းကလည်း အဲ့လိုပုံလေးပေါ့?”

အဲ့မှာ အတောင်ပံပေါက်စလေးတွေနဲ့ အမြီးသေးသေးလေးတွေပါ ရှိတာပေါ့။ ဘုရားရေ!
“ချစ်ဖို့ကောင်းလိုက်တာ!”

ယန့်ကျီဟန်ခဏလောက်ကြောင်နေကာ “ချစ်ဖို့ကောင်းတယ်?”

“အင်းလေ၊ ချစ်စရာလေး။”
ယန့်ကျီဟန် သူ့ကလေးတုန်းကပုံကို အမှန်ဆို သိပ်မကြိုက်ပေ။ အဲ့အချိန်တုန်းက သူအိပ်တာစားတာက လွဲပြီးဘာမှလုပ်လို့မရခဲ့တာကို။ လင်းယွိ သူ့ကိုအဲ့လောက်ကြိုက်မှန်း အခုလေးတင် ကြားလိုက်ရတဲ့အခါမှာတော့ နှုတ်ခမ်းဖျားလေးက တွန့်သွားကာ၊ “ဒီလိုပါပဲ။”

လင်းယွိသူ့ကို မျှော်လင့်တကြီးကြည့်လာကာ၊ “ဒါဆို အခုရော အမြီးရှိသေးလားဟင်?”

“မရှိတော့ဘူး….”
သူတို့အသက်၅နှစ်၆နှစ်လောက်ရောက်တာနဲ့ အင်းစက်လိုအကွက်တွေနဲ့အတူ ပျောက်သွားခဲ့ကြတာဖြစ်လေသည်။

“ပုံရောမရှိဘူးပေါ့?”
“မရှိဘူး။”
လင်းယွိ စိတ်ညစ်သွားသည့်ပုံလုပ်ပြလာကာ ချက်ချင်းထိုင်ချလာကာ သူ့ဗိုက်ကို မျှော်လင့်တကြီး ကြည့်လာပြီး၊ “အဆင်ပြေပါတယ်။ ငါတို့ကလေးလေး ထွက်လာတာနဲ့ ကြည့်လိုရသေးတာပဲကို။ ငါတို့ကလေးလေးက ချစ်စရာအကောင်းဆုံး အတော်ဆုံးပဲ။”

ယန့်ကျီဟန် : “….”
ငါချက်ချင်းကြီး အလင်းအလျင်နဲ့ကို ပစ်ချခံလိုက်ရတာပဲ။

ယန့်ကျီဟန်ခေါင်းကိုမော့ကြည့်လိုက်သည်နှင့် လင်းယွိ၏လှပလှသည့် မျက်ခုံးတွေက ကွေးညွှတ်နေကြကာ နူးညံ့စွာပြုံးနေရင်း သူ့ဗိုက်ကိုပွတ်နေကာ “ဖေဖေချစ်တယ်နော်။”

ယန့်ကျီဟန်နှလုံးသားက ရှင်းမပြတတ်အောင် တင်းကျပ်သွားတော့သည်။
လင်းယွိကတော့ သူ့အနာဂတ်မှာရလာမဲ့ ကလေးလေးကိုသာ စကားပြောနေရတာကိုသာ သဘောကျနေကာ ခေါင်းကိုပြန်မော့လိုက်သည်နှင့် ယန့်ကျီဟန်အကြည့်တွေကို တွေ့လိုက်ရတော့သည်။

သူ့အကြည့်တွေထဲ ဘာတွေရှိနေလဲမသိခင်မှာပဲ ယန့်ကျီဟန် သူ့နားကပ်လာကာ နမ်းလာတော့သည်။
လင်းယွိ သူ့ကို နမ်းလာတာကို ဘာဖြစ်သွားမှန်း သေချာမသိလိုက်သေးပေ။
“ဘာဖြစ်သွားတာလဲ?”

“ငါလည်းမသိလိုက်ဘူး…”
ယန့်ကျီဟန်ခေါင်းကို ခါပြလာလေသည်။ သူလည်း ရုတ်တရက်ကြီး နမ်းချင်သွားတာပဲ။

ပြီးတာနဲ့ မတ်တပ်ရပ်လိုက်ကာ
"စစ်ဆေးတာလည်း ပြီးပြီဆိုတော့ ပြန်ကြရအောင်။”

“အိုခေ။”
လင်းယွိသူ့ကို ဂရုတစိုက်ကြည့်နေသေးကာ၊ “တစ်ခုခုအဆင်မပြေတာရှိနေသေးရင် ငါ့ကိုပြောနော်။”

ယန့်ကျီဟန် : “….”
ဘာမှတော့ ဖြစ်နေပါဘူး၊ သူ့ကိုယ်အခြေအနေလည်း ကောင်းနေတာပဲကို။ ဥ,ဥရတာ ဘာခက်တာမှတ်လို့။

သို့သော် ယန့်ကျီဟန်စကားပြန်ပြောမလာနိုင်ခင်မှာပဲ လင်းယွိသူ့လက်ကို အသေအချာကိုင်လာကာ၊ “ငါသေချာဂရုစိုက်ပေးမှာပါ။”

ယန့်ကျီဟန် လင်းယွိပုံလေးကိုကြည့်ကာ သူ့နှလုံးသားက နူးညံ့သွားပြန်တော့သည်။ ထို့နောက်မှာတော့ ခေါင်းကိုထပ်ငုံ့လာကာ ထူးဆန်းသည့်ဟင်းဆိုသည့် အသံကိုလုပ်လာပြန်လေသည်။
“သွားရအောင်။”

ညဘက်မှာတော့ ယန့်ကျီဟန်တံခါးကို သော့ခတ်လိုက်ကာ မီးတွေပိတ်လိုက်ပြီး စောင်ကိုဆွဲခြုံလိုက်ကာ စောင်အောင်ထဲကနေ လင်းယွိကိုတင်းနေအောင် ဖက်ထားပြန်လေသည်။

သူ့ဥ,ဥကာနီးမလို့ထင်သည်။ ယန့်ကျီဟန်အပြင်ကို မထွက်တော့ပေ။ နေ့တိုင်းလိုလို ပျင်းရိနေကာ နေ့ဘက်တောင် မီးတွေဖွင့်မထားချင်တော့ပေ။ သူ့အကြိုက်ဆုံးအလုပ်က လင်းယွိနားကပ်နေကာ အထက်ကလူဆန်ဆန် ဖက်ထားချင်ပြီး မျက်လုံးတွေမှိတ်ကာ အိပ်စက်ခြင်းပင်။

လင်းယွိလည်းအခုဆို နဂါးမျိုးနွယ်၏ အကျင့်တချို့ကိုသိလာပေမဲ့ အခုလောလောဆယ်တော့ သူတို့နှစ်ယောက်ပုံကြည့်ရတာ ဂူကြီးတစ်ခုထဲ ပုန်းအောင်းကာ ဆောင်းခိုနေသည့် ဟမ်းစတားလေးတွေလိုပင်။

ထိုအကြောင်းကို တွေးမိတာနဲ့ကို လင်းယွိပြုံးလိုက်မိတော့သည်။ ယန့်ကျီဟန်အမှောင်ထဲမှာတောင် မျက်လုံးဖွင့်ထားကာ သူ့ကိုစိတ်ဝင်စားစရာတစ်ခုလို ကြည့်နေတုန်းပင်။

လင်းယွိသူ့ကိုနမ်းလိုက်ကာ၊ “အဆင်မပြေတာ တစ်ခုခုရှိနေလားဟင်?”

ယန့်ကျီဟန် ခဏတာ တိတ်နေကာ၊ “ဖြစ်နေတာတော့ ကြာပြီ။”

လင်းယွိတန့်သွားတော့သည်၊ “ဒီနားမှာလား?”

ယန့်ကျီဟန်သူ့အကြည့်တွေကို အောက်ပို့လာသည့်ပုံလေးက လိမ်မာသည့်ကျားကြီးတစ်ကောင်လိုပင်။ သူ့ရှေ့ကလူတွေက သူတောင်းဆိုလာသမျှကို ငြင်းဆန်နိုင်စွမ်းနိုင်ပေ။

ခဏအကြာမှာတော့ အသက်ရှူသံတွေက ပုံမမှန်ဖြစ်လာတော့သည်။ သားရဲတစ်ကောင်လို မျက်လုံးတွေနှင့် လင်းယွိကိုကြည့်လာကာ လက်ကိုဆန့်တန်းလိုက်ပြီး လင်းယွိခေါင်းကို သူ့လက်မောင်းတွေကြားထဲ ဖက်ထားလေတော့သည်။

လင်းယွိ ကြောင်သွားကာ တံတွေးမျိုချလိုက်ရင်း၊ “ငါ ငါရော…သောက်လို့ရပါမလား? ကလေးလေးထွက်လာရင် မဝပဲနေမယ်လေ။”

ယန့်ကျီဟန်မျက်လုံးတွေကို မှိတ်နေကာ ရှက်သွေးတွေဖြာနေရင်း ရှင်းပြလာလေသည်၊ “ကလေးက နို့မှုန့်သောက်လိမ့်မယ်။”

“အာ၊ ခင်ဗျား မတိုက်တော့ဘူးလား?”
“မလိုဘူး။”
နို့မှုန့်က ပိုပေါပြီး ပိုအာဟာရပြည့်တယ်လေ။

လင်းယွိမျက်လုံးတွေက ပြူးကျယ်လာကာ
“ဒါ ဒါဆို ငါအကုန်သောက်လို့ရတယ်ပေါ့…?"

ယန့်ကျီဟန် သူ့ဘဝတစ်လျှောက်လုံး နို့ထွက်လာမယ်လို့ တွေးတောင်မတွေးဘူးပေ။ သူရှက်လွန်းလို့ ဖြေတောင်မဖြေချင်ပေမဲ့ သူ့ BODY ကတော့ ရှေ့ကိုတိုးတိုးပို့နေတုန်းပင်။

“ဒါဆို….ငါအရသာခံကြည့်မယ်နော်။”
ယန့်ကျီဟန် စောင့်နေရတာတောင် စိတ်မရှည်တော့တာကြောင့် ရှက်ရှက်နှင့်ဒေါသကပါ ထွက်လာကာ သူ့ကိုအဝေးသို့ တွန်းထုတ်လိုက်တော့သည်၊ “ မမေးနဲ့တော့! ထားလိုက်တော့ တော်ပြီ…”

လင်းယွိအမြန်ဖက်လာကာ၊ “ငါ ငါသောက်ချင်ပါတယ်။”

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ အိပ်ရာပေါ်က အသံလေးနှစ်ခုကိုသာကြားနေရကာ စောင်အောက်ကနေ မကြာမီရေကြည်လေးတွေ ထွက်လာတော့သည်။
“ကျီဟန်၊ ဒါတစ်ကယ်ချိုတာပဲ….”

“ပါးစပ်ပိတ်…”
ယန့်ကျီဟန်ပြောနေရင်း စကားဖြတ်ပြောခံလိုက်ရသလိုမျိုး အသံကပြောင်းသွားတော့သည်။

မွေးမယ့်ရက်က နီးလာတာနဲ့အမျှ လင်းယွိ ပိုပိုကြောက်လာတော့သည်။ သူကျီကျားစာအုပ်တွေဖတ်တာ ရပ်လိုက်ကာ ထိုအစားကလေးပြုစုပျိုးထောင်နည်းစာအုပ်တွေကို စဖတ်လာတော့သည်။

နေ့ရက်တိုင်းလိုလို ယန့်ကျီဟန် ကလေးမွေးတာနဲ့ အဆင်မပြေဖြစ်နေမှာကို တွေးပူနေရကာ သူ့ကလေးအခြေအနေမကောင်းမှာကိုလည်း စိုးရိမ်နေရသေးသည်။ သူအနာဂတ်မှာ ဖခင်ကောင်းဖြစ်မလာမှာ စိုးရိမ်တာလည်း သေချာပေါက်ပါတာပေါ့။

တစ်ဖက်ကာ ယန့်ကျီဟန်ကတော့ အေးဆေးပင်။ ဥ,ဥတော့မယ့်လူက သူမဟုတ်သလိုပင်။
လင်းယွိစာအုပ်တွေဖတ်နေတြ့အချိန်မှာ သူကတော့ခါးကိုနောက်ကနေဖက်ကာ အိပ်ချင်အိပ်နေပြန်သေးသည်။ နိုးတာနဲ့ လင်းယွိကျောကိုမှီကာ၊ “ဘာလုပ်နေတာတုန်း?”

“ဥလေးဥပြီးတာနဲ့ ဘယ်လိုဂရုစိုက်ပေးရမလဲ ကြည့်နေတာလေ။”

ယန့်ကျီဟန်မျက်ခုံးပင့်လိုက်ကာ၊ “ကလေးပိစိတွေကို မင်းကအဲ့လောက်တောင် ကြိုက်တာလား?”

လင်းယွိသူ့ကိုပြန်ပြုံးပြလိုက်ကာ၊ “ငါတို့ကလေးကို ကြိုက်တာပါ။”

ယန့်ကျီဟန် လင်းယွိမျက်နှာကို ကြည့်လာရင်း၊ “ဘာလို့ဆိုတော့ သူ့မှာအမြီးရှိလို့လား?”

လင်းယွိ : “….?”

“ဘာလို့ဆိုတော့ ငါတို့ကလေးမလို့လေ။”
ပြောနေတုန်းမှာပင် တံခါးဘဲလ်က မြည်လာတော့သည်။ လင်းယွိချက်ချင်း မက်တပ်ထရပ်ကာ၊ “ဒါကလေးလေး ယာယီရောဂါကာကွယ်ပေးမဲ့ စက်ဖြစ်မယ်။”

သူတို့အခန်းထဲမှာ တစ်ခုရှိပြီးသားပေမဲ့ လင်းယွိနောက်ထပ်ရှာဖွေမှုတွေ ထပ်လုပ်ရာမှ ကိုက်လို့နောက်တစ်ခုထပ်မှာထားခြင်းပင်။

လင်းယွိ အခန်းရှေ့ကို အပြေးသွားကာ တံခါးကိုဖွင့်လိုက်သည်နှင့် သစ်သားသေတ္တာအကြီးကြီးတစ်ခုကို တွေ့လိုက်ရလေတော့သည်။ ဒါကြီးကို သယ်လာပေးတဲ့သူတွေကိုတော့ သူသေချာမသိပေ။

သစ်သားသေတ္တာကြီးနောက်က လူကမေးလာလေသည်၊ “မာရှယ်ဘယ်မှာလဲဗျ?”

အသံကိုကြားလိုက်မှသာ ဒီသေတ္တာကိုသယ်လာပေးတဲ့သူက ရုံဝမ်မှန်းသိလိုက်ရတာကြောင့် လင်းယွိအံ့ဩသွားတော့သည်။ သူ့ကိုမမြင်တာ အတော်ကြာပြီလေ။
“ကျီဟန်က ခုအိပ်ခန်းထဲမှာ။”

လင်းယွိတံခါးကို ဖွင့်လိုက်ကာ သူ့ကိုအရင်ဆုံး ကူပေးဖို့ပြင်လိုက်လေသည်။
"အဲ့နေရာမှာ အရင်ထားလိုက်ရအောင်။”

ရုံဝမ်တစ်ယောက်ကတော့ လင်းယွိကပ်လာသည်နှင့် သေတ္တာကိုအမြန်သယ်လိုက်ကာ
“မင်းမရွှေ့နဲ့၊ ငါပဲလုပ်မယ်။ မင်း မ,နိုင်မှာ မဟုတ်ဘူး။”

လင်းယွိသူပြောလာတာလည်း ဟုတ်နေတာကြောင့် ဘေးမှာပဲနေနေလိုက်လေသည်။
“အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ။”

ရုံဝမ် သေတ္တာကိုချပြီးသည်နှင့် လင်းယွိသူ့မျက်နှာကို ခုမှသေချာကြည့်လိုက်လေသည်။ ဒီလူမှာ နဂိုကတည်းကကို ချောမောတဲ့မျက်နှာရှိပေမဲ့ အခုတော့ဒဏ်ရာရထားသလို ငါးကြေးခွံပုံလေးတွေပင် ဖြစ်နေကြကာ ထိုကြေးခွံလေးတွေအောင်မှာဆို အနီရောင်ရှရာလေးပင် ရှိနေသေးသလိုပင်။

လင်းယွိအံ့ဩသွားကာ “မင်းဒဏ်ရာရထားတာလား?”

ရုံဝမ်ကအခုမှ မစ်ရှင်လုပ်ပြီးလို့ပြန်လာတာကြောင့် သေချာပေါက် ဒါသူဒဏ်ရာရထားတာပေါ့။ သူကတော့ ဂရုမစိုက်ပေ
“ငါကအဆင်ပြေတယ်။ မင်းလိုအထိမခံမဟုတ်ဘူး။”

သူခရီးဆောင်အိတ်ကို ချလိုက်ကာ အခန်းပတ်ပတ်လည်ကို ကြည့်တာတောင် ယန့်ကျီဟန်ကိုမမြင်သေးပဲ လင်းယွိဆီသာ အကြည့်ကရောက်နေတော့သည်။
“မင်းကလည်း ကိုယ်ဝန်နဲ့ဆိုတာနဲ့ပဲ တစ်နေ့လုံးတစ်ယောက်ယောက်က အဖော်လုပ်ပေးနေစရာလိုလိုလား၊ ပြီးတော့ရော မာရှယ့်ကိုမင်းဘယ်လောက်ထိ အပိုင်သိမ်းထားလဲဆိုတာရော သိရဲ့လား?"

လင်းယွိ : “…”
ရုံဝမ်ပြန်ရောက်တာနဲ့ မာရှယ့်ကို အတော်များများက မတွေ့တာကြာပြီပဲပြောနေတာကြောင့် သူ့ကိုယ်သူစေတနာရှင်လုပ်လိုက်ကာ ကလေးလေးအတွက်စက်လာပို့ရင်း လာကြည့်ခြင်းပင်။

သူ့စိတ်ထဲမှာတော့ ဒီနှစ်ယောက်က အတွဲတွေမှန်း လက်ခံထားလိုက်တာ ကြာလှသည့်အပြင်ကို ဘာမှလည်း ညှိုးတေးနေသည့်စိတ်လည်း မရှိတော့ပေမဲ့ လင်းယွိ အားမရှိသည့်ပုံကိုမြင်ကာ ဟာသက လုပ်ချင်ပြန်သေးသည်။

တစ်ဖက်က လင်းယွိကတော့ ရုံဝမ်တစ်ယောက် တစ်ခုခုဖြစ်လာတော့မလား တွေးကာ ချွေးတွေပင်ပြန်နေပြီး အိပ်ခန်းဘက်ကိုသာ ငေးငေးကြည့်နေတော့သည်။

ယန့်ကျီဟန်လည်း သေချာပေါက်ကြားတာပေါ့။
လင်းယွိ : “ဒါပေါ့ ကိုယ်ဝန်ရှိနေတဲ့အချိန်က လူတိုင်းတစ်ယောက်ယောက်ဘေးမှာ အဖော်ပြုပေးဖို့ လိုတယလေ။”

ရုံဝမ်ပြုံးလိုက်ကာ ပြန်ပြောလာလေသည်။
“မင်းကဒီလောက် အားမရှိတာ မွေးပြီးရင်ရော ဘေးမှာတစ်ယောက်ယောက် ရှိနေမှဖြစ်မယ်ထင်တယ်။”

အကုန်လုံးက သူကိုယ်ဝန်ရှိနေတယ်ဆိုပြီးသာ နားလည်မှုလွဲနေမှန်း လင်းယွိတွေးမိပြီးသားပင်။
ပြီးတော့ ယန့်ကျီဟန်ကလည်း လူတိုင်းရှေ့မှာ ဒါကိုမပြောထားရသေးပေ။ လင်းယွိ ကိုယ်တိုင်လည်း ယန့်ကျီဟန်ရှက်နေမှာဆိုးတာကြောင့် ဘာမှဆက်မပြောပေ။

သူ့စိတ်ထဲကနေသာ ရုံဝမ်အတွက် မျက်ရည်တတောက်တောက်ကျပေးနေလိုက်သည်။
မင်းမာရှယ် လူကပ်တာလည်း မပြောပါနဲ့ကွာ!!

လင်းယွိ : “ပြောမနေပါနဲ့တော့ မင်းလည်းသိတာပဲ ဥ,ဥတာဘယ်လောက်ခက်လဲဆိုတာ။”

သူဘာပြောချင်မှန်း ရုံဝမ်ပေါက်သွားလို့သာ တော်တော့သည်။
“ဥ,ဥတာက ကလေးမွေးတာထက်စာရင်တော့ မခက်ပါဘူး။ အေးဆေးပါ။”

ရုံဝမ်ပြောတာလည်း မမှားပေ။
တချို့ လတိုင်းလိုလို ဥဥတတ်တဲ့ ငှက်မျိုးနွယ်တွေနှင့် တခြားဥဥပြီး မျိုးပွားတတ်သည့် မျိုးနွယ်တွေအတွက်တော့ ဥဆိုတာက နဂိုကတည်းက သေးငယ်လှကာ တခါတည်း အများကြီးတောင် ဥနိုင်ကြသေးသည်။

ရုံဝမ်ကတော့ အရှုံးမပေးသေးပေ။ လင်းယွိကပဲ ဂရုမစိုသည့်ပုံနှင့်
“ဒါကမင်းလူတွေကို ကပ်နေချင်တဲ့ အကြောင်းပြချက်ပဲလေ။ မင်းက တကယ် လူကပ်တဲ့သူပဲ။”

လင်းယွိသူ့ကို သနားစရာကောင်းသည့် သူလိုကြည့်လိုက်ကာ
“မဟုတ်ဘူးလေ….ဥတွေဥရတယ်ဆိုတာလည်း အားတော့စိုက်ထုတ်ရသေးတာပဲလေ။”

ရုံဝမ်ကတော့ လင်းယွိအခုထိ ရှက်နေသေးသည်ထင်နေကာ လက်ကိုပင်ယမ်းပြလာပြီး
“မေ့လိုက်တော့၊ မင်းကိုက ပျော့ညံ့တာပါ၊ အဲ့တော့ဂရုစိုက်ဦး။”

သူ လင်းယွိပုံမှန်လိုပင် ဖြစ်နေသည့်မျက်နှာကိုကြည့်လိုက်ကာ ပြီးနောက်ခါးကို ကြည့်လာပြန်လေသည်။

“မင်းပိုစားသင့်တယ်၊ အခုဆိုပဲ လတော်တော်ကြာနေပြီမလား? မင်းကြည့်ရတာ ကိုယ်ဝန်ရှိတဲ့ပုံလည်း မပြဘူး။”
ရုံဝမ်ပြောနေရင်း ခါးပင်ကိုင်းလာကာ လင်းယွိဗိုက်ကို သေချာပင်ကြည့်လိုက်သေးသည်။

လင်းယွိရှက်ရှက်နှင့် အနောက်ကိုဆုတ်လိုက်ကာ ဒီစကားဝိုင်းကို ဘယ်လိုရှောင်ရမလဲ စဉ်းစားနေလိုက်သည်။

ယန့်ကျီဟန်နောက်ဆုံးတော့ အိပ်ခန်းတံခါးကို စိတ်မရှည်သည့် မျက်နှာထားနှင့် ဖွင့်လာကာ
“ရုံဝမ်! မင်းဘာလုပ်နေတာလဲ?”

ရုံဝမ်ချက်ချင်း မက်မက်ရပ်လိုက်ကာ ကြောက်ကြောက်နှင့် ရှင်းပြလာလေသည်။
“မာရှယ်၊ ကျ ကျနော် မာရှယ့်ကလေးလေးကို ဂရုစိုက်ပေးချင်ရုံပါ…”

“ဒါဆို သူ့ကိုဘာလို့ထိနေတာလဲ?”
ယန့်ကျီဟန်ကြည့်ရတာ မပျော်ရွှင်သည့်ပုံနှင့် လင်းယွိကိုအိပ်ခန်းထဲပင် ဆွဲခေါ်လိုက်သေးသည်။

ရုံဝမ်ကြောင်သွားကာ၊ “သူကမာရှယ်တို့ကလေးလေးကို ကိုယ်ဝန်ဆောင်ထားတာ မဟုတ်ဘူးလား?”

ယန့်ကျီဟန် ခေါင်းကိုပြန်လှည့်လာကာ သူ့ကိုအေးစက်စက်ကြည့်လိုက်ပြီး မပြောင်းလဲသည့် မျက်နှာထားနှင့် ပြောလာလေသည်။
“ကိုယ်ဝန်ဆောင်ထားတာ ငါပဲ။”

ထိုစကားတစ်ခွန်းကို နားထောင်လိုက်ရသည့် ရုံဝမ်ပုံကို လင်းယွိရှင်းလင်းစွာ မြင်လိုက်ရလေသည်။ တစ်ကိုယ်လုံးက ခုလေးတင် မိုးကြိုးပစ်ခံလိုက်ရသလို နေရာမှာတောင့်တောင့်ကြီး ဖြစ်နေတယ်တဲ့လေ။

ထို့နောက်မှာတော့ မျက်လုံးတွေက တစ်ဆင့်ချင်းပြူးကျယ်လာကာ လင်းယွိကိုကြည့်လိုက်၊ မာရှယ့်ကိုကြည့်လိုက်၊ အသက်ကိုပင် ခဏခဏလုရှူလိုက်လုပ်နေကာ စကားတောင်ထွက်မလာတော့ပဲ နောက်ဆုံးမှာတော့ လင်းယွိကို လက်ညိုးထိုးပြနေရင်း မျက်နှာကြီးတစ်ခုလုံးက နီရဲလာတော့သည်။

“မင်း! မင်းက မာရှယ့်ကို ကလေး…..မွေးခိုင်းတယ်ပေါ့?”

လင်းယွိရုံဝမ်အသံကြောင့် မျက်လုံးတွေပါပြူးမတတ်လန့်သွားကာ ရှက်ရှက်နှင့် သူ့မျက်နှာကိုသာ ထိနေလိုက်လေသည်။

ရုံဝမ် မျက်နှာအမူအရာက ပိုလွန်းကာ ထိုအထဲ မယုံသေးချင်စိတ်နှင့် မာရှယ့်ကို လေးစားသည့် စိတ်ကလည်းရှိနေသေးသည်။ သူကပဲခုလေးတင် မြေကြီးအစိတ်စိတ်အမွှာမွှာကွဲအောင် လုပ်လိုက်သလိုမျိုး သမိုင်းကြောင့်မှတ်တမ်းပင် တင်ခံလိုက်ရသလိုပင်….

လင်းယွိ စကားထစ်နေကာ ဘာကိုရှင်းပြရမှန်းလည်း မသိတော့ပေ။ “ငါ…”  ဒါကတစ်ကယ်တော့ မတော်တဆတစ်ခုဖြစ်ကာ ရုံဝမ်ကြည့်ရတာ ယန့်ကျီဟန်ကိုလည်း အေးဆေးနေစေချင်သည့်ပုံ မပေါ်ပေ။

ဒါပေမယ့် တစ်ဖက်က ယန့်ကျီဟန်ကတော့ လူတွေကိုမောင်းထုတ်ပစ်ချင်နေတာပဲ သိလေသည်။
“ငါကတော့ စိတ်ရှိတယ်၊ ဒါမင်းနဲ့ ဘာမှမဆိုင်ဘူး! ထွက်သွား!”

ရုံဝမ်လည်း အဆူခံလိုက်ရတာကြောင့် အံ့ဩနေသည့်ပုံနှင့် ဖြေရှင်းချက်ပေးလာလေသည်၊ “ဟုတ်….ဟုတ်၊ ကျနော် တောင်းပန်ပါတယ်။”

ယန့်ကျီဟန်တံခါးကို ပိတ်လိုက်ကာ မျက်မှောင်ကြီးကြုံ့ပြီး လင်းယွိကို အခန်းထဲခေါ်လာလေသည်၊ “ဒီကိုလာခဲ့။”

လင်းယွိလည်း ကြောင်သွားတော့သည်၊ “စိတ်ဆိုးနေတာလား?”

“ဟင့်အင်း။”
ယန့်ကျီဟန် ရေချိုးဇလုံကြီးဆီ လမ်းလျှောက်သွားလိုက်ကာ သူ့ခေါင်းကိုရေနားပင် အေးဆေးနှိမ်ချလိုက်ရင်း ပြောလာလေသည်။

“ငါမွေးတော့မယ်။”

ဟမ်? ?
လင်းယွိလန့်သွားကာ ဆေးအိတ်ကိုသွားယူပြီး ရေနွေးနွေးလေးထဲထည့်ကာ
“မင်းထိုင်လိုက်၊ ငါဒါထည့်လိုက်မယ်။”

ယန့်ကျီဟန်နှုတ်ခမ်းက ကွေးလာကာ
“အဆင်ပြေပါတယ်။”

ဥခွံလေးတွေဆိုတာ မွေးကာစဆို နူးညံ့နေတာမလို့ ရေထဲမွေးဖို့က အကောင်းဆုံးဖြစ်ပြီး ထို့နောက် ထိုအခွံလေးတွေ မာလာအောင်အပူချိန်အောက်ထားပေးဖို့လည်း လိုသေးသည်။ ဒါမှသာ ထိုဥလေးတွေက ပိုဝိုင်းလာကာ ပိုလှလာမှာပင်။ သေချာပေါက် ဆေးအိတ်ကလည်း လိုတယ်ဆိုပေမယ့် ဒါကအနာသက်သာစေရုံပင်။ လင်းယွိရေကို ကြည့်နေလိုက်ပြီး ယန့်ကျီဟန်ပုံလေးကို ကြည့်လိုက်ကာ
“ငါတို့တစ်ကယ် ဆရာဝန်ခေါ်စရာ မလိုဘူးလား?”

ယန့်ကျီဟန် ကိုယ်အချိုးအစား တောင့်တင်းတာထားဦးတော့ သူ့နာကျင်မှု သည်းခံနိုင်စွမ်းကလည်း မြင့်မားလှလေသည်။

သူ တကယ်ကို….ဒီအခြေအနေကို အသုံးချပြီး လင်းယွိနားကပ်ဖို့ လုပ်ခဲ့ရုံလေးပါ။ သူ့ကိုလင်းယွိ ဂရုစိုက်ပေးနေတာကို သဘောကျသည်လေ။

လင်းယွိကတော့ သူပြောလာသည့် စကားကိုကြားတာတောင် စိတ်ကပူနေကာ လက်ချောင်းလေးတွေကို ကိုင်လာပြီး
“ဒါပေါ့….ငါဘာလုပ်နိုင်မှာတုန်း။”

ယန့်ကျီဟန် လင်းယွိကို ကြည့်လိုက်ကာ အနည်းငယ်ပြုံးလိုက်ရင်း
“ဘာလို့မင်းက ကြောက်နေတာလဲ? မသိရင် မင်းကဥတွေ ဥတော့မယ့်ပုံနဲ့။

“ငါမင်းကို စိတ်ပူလို့ပါကွာ။”
ယန့်ကျီဟန် မျက်ခုံးတွေက တန်းသွားကာ သူ့အဝတ်တွေကို ချွတ်လိုက်ပြီး နို့ရောင်ဖြူဖွေးနေသည့် ရေထဲသို့ဆင်းလိုက်ကာ
“စိတ်မပူနဲ့နော်။”

သူ့ဗိုက်အောင်နားလေးထိရောက်အောင် အနည်းငယ်ကုန်းထားရင်း ရေထဲထိုင်လိုက်ကာ လင်းယွိကို လက်မောင်းတွေကို ကားလိုက်ရင်းပြောလာလေသည်။
“မင်း…ငါ့ကိုဖက်ထားပေး။”

“အင်း!” လင်းယွိပါ ရေထဲဝင်လိုက်လေသည်။
….

လင်းယွိ ယန့်ကျီဟန်ကို ရေနွေးထဲဖက်ထားကာ လည်ပင်းနောက်နားလေးကို စိတ်သက်သာရာရအောင် ပွတ်ပေးနေလိုက်သည်။
“အဲ့ဒါက မင်းအတွက် အရမ်းခက်နေလား?”

ယန့်ကျီဟန် သူ့ခေါင်းကို လင်းယွိပုခုံးတွေထဲ မြုပ်ထားလိုက်ကာ လက်တစ်ဖက်က ဖက်ထားရင်း တစ်ဖက်ကတော့ သူ့လက်ကိုကိုင်ထားကာ
“ဟင့်အင်း။ အဆင်ပြေပါတယ်….”

ပြောပြီးတာနဲ့ လင်းယွိ လက်မောင်းတွေကြားထဲ ထပ်တိုးဝင်လိုက်လေသည်။ လင်းယွိ တည်ရှိနေမှုကိုက သူ့အတွက်တော့ အရာရာသက်သာလာစေနိုင်တဲ့ ဆေးတစ်ခွက်အလားပင်။

လင်းယွိလည်း သူ့ကို တင်းကျပ်နေအောင် ဖက်ထားလိုက်လေသည်။
ခဏအကြာမှာတော့ ယန့်ကျီဟန်ခေါင်းကိုမော့လာလေသည်။ မျက်လုံးထောင့်စွန်းလေးတွေကတော့ နီရဲနေကြသလိုပင်
“မင်း၊ အဲ့နားကိုပဲ စိုက်ကြည့်မနေနဲ့လေ…"

လင်းယွိသူ့ခေါင်းကို တွန့်ဆုတ်ဆုတ်နှင့် မော့လာကာ
“ငါတောင်းပန်ပါတယ်။”

အသံတိုးတိုးလေးနှင့် ထပ်မေးလိုက်ပြန်သည်။
“အဲ့ဒါကမြန်လား? ထွက်လာပြီလား?”

“ဟင်း….မကြည့်နဲ့လေ….”
ယန့်ကျီဟန်နဖူးမှာ ချွေးတွေစိုနေကာ မျက်မှောင်တွေ ကျုံ့ထားရင်း သူ့ကို တင်းတင်းကျပ်ကျပ်ဖက်လာကာ အသက်ကို ခပ်တိုတိုအမြန်ရှူနေရင်း လက်မောင်းတွေကြားထဲ ထပ်မှီလာလေ၏။

လင်းယွိ နှလုံးခုန်သံက ပိုပိုမြန်လာတော့သည်။
သူတို့မှာ ကလေးလေးရှိပြီတဲ့!

သူဒီဥလေးကို ကောင်းကောင်းစောင့်ရှောက်ရမယ်။ ယန့်ကျီဟန် ရုတ်တရက်ထပ် ခေါင်းမော့လာကာ လင်းယွိလက်ကို တင်းကျပ်နေအောင် ဆုပ်ထားပြန်လေသည်။
“မင်းဘယ်မှ ထွက်မသွားရဘူးနော်။”

“ဒါပေါ့ ငါဘယ်မှမသွားပါဘူး။”
လင်းယွိကိုယ်တိုင်လည်း ယန့်ကျီဟန်ကို သူ့ဇနီးလေးဟု နှလုံသားထဲ သတ်မှတ်ထားပြီးသားဖြစ်ကာ သူ့ဘဝတစ်လျှောက်လုံး ထွက်သွားဖို့ဆိုတာ စဉ်းတောင် မစဉ်းစားချင်ပေ။

သူပြန်မပြောနိုင်ခင်မှာပဲ ယန့်ကျီဟန်ပြောလာလေသည်။
“ငါပြောတာက မင်းတစ်ဘဝလုံး ဘယ်မှထွက်မသွားရဘူးလို့!”

ယန့်ကျီဟန် သူ့ကို နီရဲနေသည့်မျက်လုံးတွေနှင့် စိုက်ကြည့်လာကာ ထိုအကြည့်တွေက ပိုင်စိုးပိုင်နင်းဆန်လှကာ အမိန့်ပေးနေသလိုပင်။ ပြီးတော့သာမန်ထက်ပိုတဲ့ စွဲလမ်းနေမှုတစ်ခုအလား။

“လင်းယွိ၊ ငါမင်းကို ချစ်တယ်။”





ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now