Chapter 7

3.4K 440 6
                                    

အပိုင်း - ၇

“ငါဘယ်သူလဲ?”
ယန့်ကျီဟန် တစ်ဖက်လူက သူ့ကို ဟာသလာပြောနေသလို သူ့နှုတ်ခမ်းကိုတွန့်လိုက်ကာ ခေါင်းကိုယမ်းလိုက်သည်။

"မင်း အမြင်အာရုံ အဲ့လောက်ဆိုးနေရင် သုံးစားမနေနဲ့။”
ယန့်ကျီဟန် တစ်ဖက်က ဂိုးဒင်းရီထရီဗာခွေးကောင် မျက်နှာကို လက်သီးနှင့် ထိုးလိုက်တော့သည်။

လက်သီးအရှိန်က ပြင်းလွန်းသဖြင့် ထိုအသံကြောင့် ဖန်ခွက်ပင် ကွဲသွားသောကြောင့် လင်းယွိ လန့်သွားတော့သည်။

ဂိုးဒင်းရီထရီဗာခွေးကောင် နာလွန်းလို့ အော်လိုက်ကာ နှာခေါင်းကိုကိုင်လိုက်ပြီး ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။

နောက်ဆုံးမှာတော့ ထိုနေရာတွင် ရှိနေသည့် တစ်ယောက်ထဲက ယန့်ကျီဟန်ကို မှတ်မိသွားကာ သူ့နာမည်ကို တုန်တုန်ရီရီနှင့် တိုးတိုးလေးပြောလိုက်သဖြင့် ရှိသမျှလူတွေအကုန်လုံး မျက်နှာတွေက ချက်ချင်းပြောင်းလဲသွားကြကာ နေရာကနေ လွတ်မြောက်ဖို့ တိုးကြိတ်ကာ ပြေးကြလေတော့သည်။

သို့သော်လည်း စစ်သား ၁၀ ယောက်လောက်က အပေါက်ဝတွင် သေနတ်နှင့်စောင့်နေကြလေသည်။ သူတို့က သေနတ်တွေကို အသင့်ပြင်လိုက်ကာ ထွက်ပြေးရဲသည့်သူတွေဆီကို ချိန်ထားလိုက်ကြလေသည်။

“မာရှယ် သွားခိုင်းလား?!”
အခုတော့ အကုန်လုံး ကြမ်းပြင်ပေါ် မျက်နှာငယ်လေးတွေနှင့် ဒူးထောက်ကုန်ကြကာ လှုပ်ပင်မလှုပ်ရဲကြတော့ပေ။

ထိုနေရာတွင် အဓိကရုဏ်းတွေ ဖြစ်နေကြသည်။ ဂိတ်ပိုင်ရှင်ပင် ချက်ချင်း ဤနေရာသို့ အပြေးအလွှား ရောက်လာတော့သည်။ အမိန့်နှင့်ဥပဒေသည် အပြင်ကြယ်အစုအဝေးနယ်ပယ်တွင် သိပ်မကောင်းပေ။ သူ့မှာသာ အာဏာမရှိလျှင် ဒီလိုဂိတ်တစ်ခုမျိုး ဖွင့်ဖို့ဆိုတာလည်း လွယ်မနေပေ။

သို့သော် သူရောက်ရောက်ချင်း ပြဿနာရှာထားသည့် ယန့်ကျီဟန်ကို မြင်လိုက်သည့်အခါမှာတော့ ပုံမှန်ကြောက်ဖို့ကောင်းသည့် မျက်နှာလည်း နေရာမှာတင်အေးခဲသွားကာ ချက်ချင်း အပြုံးမျက်နှာလေးကို လုပ်လိုက်ပြီး ယန့်ကျီဟန်ဆီ ခါးကိုင်းလိုက်လေတော့သည်။

“မာရှယ်ရန်၊ သင့်ကို ဘယ်သူကဖြစ်ဖြစ် စိတ်တိုအောင်လုပ်ခဲ့တယ်ဆိုရင် ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်၊ ကျွန်တော်မာရှယ်ကို အပင်ပန်းမခံစေလိုပါဘူး.”
သူရပ်လိုက်ကာ မျက်နှာကချွေးတွေကို သုတ်လိုက်ပြီး ရှက်ရှက်နှင့်အသံတိုးတိုးလေး ဆက်ပြောလေသည်။

“ကျွန်တော်တို့ အာကာသယာဉ်ဂိတ်မှာလည်း စည်းမျဉ်းစည်းကမ်းတွေရှိပြီးတော့ သူတို့ကို ကိုယ်ပိုင်အကျိုးအတွက် အားသုံးပြီးသုံးလို့မရပါဘူး၊ ကျွန်တော့်ကို ထောက်ထားပြီး မာရှယ်လည်း ကိုယ့်လက်တွေကို သန့်အောင်ထားပေးလိုက်ပါ။”

ယန့်ကျီဟန် သူ့ကိုတစ်ချက်ပြန်ကြည့်လိုက်ကာ ပြုံးလိုက်ပြီး “ မှန်တယ်၊ ငါ၊ ရန်၊ ငါအမြဲတမ်း အကျိုးအကြောင်းရှိရှိနေခဲ့တယ်၊ ဒါပေမယ့် မင်းမှာလည်း မင်းစည်းကမ်းရှိသလို ငါ့မှာလည်း ငါ့စည်းမျဉ်းစည်းကမ်းရှိတယ်။”

ယန့်ကျီဟန် သူ့အကြည့်တွေကို လင်းယွိဆီ ပို့လိုက်ကာ ညွှန်ပြလိုက်ပြီး
“ အဲ့ဒီလူက ငါ့အာကာသယာဉ်ပေါ်ကလူ။ တစ်ကယ်လို့ တစ်ယောက်ယောက်ကသာ ငါ့ ပစ္စည်းတွေကို လာထိရဲထိကြည့်၊ သူတန်ရာတန်ကြေးကို ပြန်ပေးရလိမ့်မယ်။”

ဂိုးဒင်းရီထရီဗာကောင်နှင့် လိုက်လာကြသည့် လူအနည်းငယ်က သူတို့ ယန့်ကျီဟန်ကို ရန်စလိုက်သည်ကို သိလိုက်သည်နှင့် နောင်တတွေရလာကြတော့သည်။

ဂိုးဒင်းရီထရီဗာဆို ပိုပြီးကြောက်နေတော့သည်။ သူတစ်ခုခုသာ မလုပ်လိုက်ပါက သူအသက်ရှင်မနေနိုင်တော့မှန်း သူသိလာတော့သည်။
သူအိတ်ထဲက ဓားကိုထုတ်လိုက်ကာ၊ “မာရှယ်ရန်၊ အသက်ကို ချမ်းသာပေးပါ! ဒါတွေအကုန်က နားလည်မှုလွဲတာပါ။ ကျွန်တော် မာရှယ့်လူကို နောက်မထိရဲတော့ပါဘူး! ကျွန်တော့်အမှားကို ပြင်ဖို့ ကိုယ့်လက်ချောင်းတွေကို ပြန်ဖြတ်လိုက်ပါ့မယ်။”

သူဟာ့သူ ထုတ်ပြောလာချင်းဖြစ်ကာ ယန့်ကျီဟန် အတွင်းအားသုံးလိုက်ခြင်းလည်း မဟုတ်ပေ။
ဂိုးဒင်းရီထရီဗာက ဓားကိုသူ့လက်ချောင်းတွေပေါ် အလျားလိုက်တင်လိုက်ကာ အကြောက်လွန်ပြီး ချွေးတွေပြန်လာတော့သည်။ သို့သော်လည်း သူအခုထိဖြတ်ရဲဖို့ သတ္တိကတော့ ထွက်မလာသေးပေ။

လင်းယွိ ယန့်ကျီဟန်က သူ့ကိုအေးစက်စက်နှင့် ကြည့်နေသည်ကိုမြင်ကာ သူ့ခြေထောက်ကို မြှောက်လိုက်ပြီး ဓားရဲ့အနောက်ဘက်ကို အမူအရာမဲ့ နင်းချလိုက်လေတော့သည်။

ဂိုးဒင်းရီထရီဗာကောင်၏ အာခြစ်အော်နေသည့်အသံက ချက်ချင်းထွက်လာလေတော့သည်။

လင်းယွိ ယန့်ကျီဟန်ဘာလို့ စိတ်ဆိုးနေလဲမသိပေမဲ့ သူလည်းကြောက်လို့တုန်နေကာ နေရာကနေ မရွေ့ရဲသေးပေ။
ထိုအရာကို မြင်လိုက်သည်နှင့် ကျန်သည့်၃ယောက်လည်း တွန့်ဆုတ်မနေတော့ပဲ သူတို့လက်ချောင်းတွေကို ကိုယ့်ဟာကို ဖြတ်လိုက်လေတော့သည်။

ယန့်ကျီဟန် သူ့ဖိနပ်အောက်ခံကို စင်လာသည့်သွေးတွေကို ဂိုးဒင်းရီထရီဗာကောင်၏ ဆံပင်တွေဖြင့် သုတ်လိုက်ကာ သူ့ကို ထပ်ကန်လိုက်ပြန်လေသည်။ “ထွက်သွား။”

ထိုလူတွေက ကျေးဇူးတွေပင် တင်နေကာ အဝေးသို့ငိုပြီး ထွက်သွားကြလေတော့သည်။

ကြီးမားလှသည့် ဘားကြီးထဲတွင် အခုဆိုဘယ်သူမှကို မရှိကြတော့ပေ။ ယန့်ကျီဟန် မီးခိုးပြာမျက်လုံးတွေက လင်းယွိဆီ ထပ်ရောက်လာပြန်တော့သည်။

“အံ့ဩစရာပဲ။ ငါအဆုံးသတ်အထိ ရောက်သွားတာပဲ။”
ယန့်ကျီဟန် ရီလိုက်ကာ လင်းယွိဆီ တစ်လှမ်းပြီး တစ်လှမ်း လှမ်းလာလေတော့သည်။

လင်းယွိသူ့ကို တောရိုင်း တိရိစ္ဆာန်တစ်ကောင်က စိုက်ကြည့်နေသလို ခံစားလာရကာ ထွက်မပြေးနိုင်သည့်အပြင် လှုပ်ပင်မလှုပ်နိုင်တော့ပေ။

သူ့အရှေ့က ယန့်ကျီဟန်ကို ကြည့်သာကြည့်နေနိုင်ပြီး အသံဩဩနှင့် ပြောသံကိုကြားလိုက်ရသည်၊ “ဒါမင်းတွေးထားတာ အကုန်ပဲလား? မင်းမှာ မယား ၃ ယောက်နဲ့ ကိုယ်လုပ်တော် ၄ ယောက်လောက်မရှိရင် နေလို့မကောင်းတော့ဘူးလား?”

ယန့်ကျီဟန် ထပ်ရီလိုက်ကာ “ပိုးကောင်လိုကောင်၊ မင်းမျိုးရိုးဗီဇစနစ်က တော်တော်အောင်မြင်သွားတာပဲ။”

လင်းယွိ ဘာမှနားမလည်သောကြောင့် သူ့နှုတ်ခမ်းကိုသာ ကိုက်နေလိုက်ကာ ယန့်ကျီဟန်ကိုပဲ တိတ်တိတ်လေးကြည့်နေကာ လူတစ်ကိုယ်လုံးက ဖြူဖျော့လာကာ အကြောက်လွန်နေသည့် ကျောက်ရုပ်ဖြစ်တော့မလိုပင်။

လင်းယွိဒီကို ပထမဆုံးရောက်လာကတည်းက ယန့်ကျီဟန်ကို မတွေ့ရတော့ရာ သူ့ကိုထိုလူ မေ့နေပြီဟုပင် ထင်ခဲ့လေသည်။

ဒါ့ကြောင့်လည်း အခုလို ယန့်ကျီဟန်တစ်ယောက် သူ့ကိုလူကိုယ်တိုင် လာဖမ်းမည်ကို မတွေးခဲ့ဖူးပေ။ သူသိရင် သူထွက်ပြေးရဲမှာပင် မဟုတ်ပေ။

သူဘာမှပြန်မဖြေသည်ကို မြင်ကာ ယန့်ကျီဟန် ပိုပြီးစိတ်မကျေမနပ် ဖြစ်လာတော့သည်။

ယန့်ကျီဟန်သူ့ကို သတ်တော့မယ်။ ဒီတစ်ခါတော့ လင်းယွိကို သေချာပေါက်သတ်ပစ်တာ ခံရတော့မည်ဟုသာ တွေးထားလိုက်တော့သည်။

ဒါပေမယ့် ယန့်ကျီဟန် နောက်တစ်လှမ်းဆုတ်လိုက်ပြီး လက်ကို စိတ်မရှည်သည့်ပုံဖြင့် ဝှေ့ပြလာတော့သည်။

“သူ့ကို ပြန်ခေါ်လာခဲ့။ သော့ခတ်ထား။”

လင်းယွိကို ဒီတစ်ခါတော့ ထောင်ထဲကြမ်းကြမ်းတမ်းတမ်း ထည့်လိုက်ကြသည်။ သူ့ခြေကျင်းဝတ်မှာဆို အဖြူရောင်ကွင်းနှင့်ပါ ခတ်ထားလိုက်သေးသည်။

လင်းယွိကြိုးစားကြည့်သော်လည်း ထိုပါးလွှာသည့် အဖြူရောင်ကွင်းလေးက ပိုနစ်သွားသဖြင့် သူခြေထောက်ကို မြှောက်ပင်မမြှောက်ရဲတော့ပေ။

ဤကွင်းက ဘာမှန်းသူမသိပေမဲ့ ခံစားချက်ကတော့ ကောင်းမနေပေ။

လင်းယွိကို အန်းဒါးအရင်ခေါ်လာတုန်းက အလင်းက အဖြူရောင်ဖြစ်သော်လည်း အခုသူဝင်လိုက်သည်နှင့် အနီရောင်သာ ထုတ်လွှင့်နေတော့သည်။
အခန်းထဲက အစားအစာထုတ်သည့်အရာကလည်း အလုပ်မလုပ်ကာ အိပ်ရာကိုလည်း ထုတ်လို့မရတော့ပေ။

သူအရင်က ကုသရေးဆောင်မှာ နေရတာအဆင်ပြေသည်ကာ ပျင်းဖို့ကောင်းသည်ဟု တွေးခဲ့မိပြီး အခုတော့ ပို၍ပင်ကောင်းလာကာ သူဒူးကိုပိုက်ပြီး ကြမ်းပေါ်ပဲ ထိုင်နိုင်လေတော့သည်။

ထောင်စောင့်က အချိန်ဇယားအတိုင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်လေသည်။ သူ့စိတ်ကိုသူပင် မပြင်ဆင်နိုင်ပေ။

သူမှန်းဆထားသမျှကို ညစာစားချိန်မှာ အတည်ပြုလိုက်နိုင်တော့သည်။ အဘယ့်ကြောင့်ဆိုသော် အစားအစာပြုလုပ်သည့်ဟာက ရုတ်တရက်အရာဝတ္တုများ ထည့်ထားသည်များကို ထုတ်လာပြီး အိပ်ရာကလည်း သူ့ဟာသူ ပေါ်လာလေတော့သည်။

လင်းယွိသူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ဒါကမဆိုးသေးပါဘူး။ ဒါပေမယ့် လင်းယွိမထင်ထားသည်က ထောင်စောင့်တွေတွင် အဖွဲ့လိုက်လုပ်ဆောင်သည့် လှုပ်ရှားမှုတွေပါ ရှိနေသည်တဲ့လေ။
သူမနက်တိုင်း စောစောနိုးလာရသည်။ အနီရောင်နံရံက အစိမ်းရောင်ပြောင်းသွားကာ ဆက်လင်းနေပြီး နှိုးစက်လိုအသံကလည်း အခန်းထဲတွင် လင်းယွိနားမလည်တို့ကို ပြောနေလေတော့သည်။

လင်းယွိ ရွေးချယ်စရာမရှိပဲ ခြေထောက်ကိုဆွဲကာ တခြားအရပ်ရှည်ရှည် ဂြိုလ်သားတွေနှင့်အတူ ပလက်ဖောင်းပေါ်ကို ရောက်လာရတော့သည်။

ဤကြီးမားလှသည့် အာကာသယာဉ်ကြီး၏ ထောင်ထဲတွင် လူသုံးယောက်သာရှိသည်ကို အံ့ဩသွားတော့သည်။

ယန့်ကျီဟန်က သူ့ကိုတစ်ကယ် အသက်မရှင်စေချင်ဘူးပဲ။

ထိုဂြိုလ်သားတွေအားလုံးက ကြောက်ဖို့ကောင်းသည့်ပုံ သို့မဟုတ် ထူးဆန်းသည့် ပုံတွေရှိကြကာ လင်းယွိကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်မဝင်စားကြတော့ပေ။

လင်းယွိက အားနည်းသည်။ သူတို့ထင်လိုက်သည်မှာ လင်းယွိက ချမ်းသာသည့်ဂြိုလ်တစ်ခုခု၏ မင်းသားလေးဖြစ်ပုံရနေလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုမျိုးနွယ်စုက ယန့်ကျီဟန်ထံ သူ့အသက်ကို ကယ်တင်ပေးရန်အလို့ငှာ ဒီလိုတန်ဖိုးကြီးတဲ့အရာကို ပေးလိုက်ပြီး အသက်တစ်ခုကို ကယ်လိုက်ကြသည်ဟူ၍။
လင်းယွိ ထိုနေရာမှာ မနည်းရပ်နေရကာ ပထမအဖြူစွတ်စွတ်အခန်းကနေ ချက်ချင်းလင်းလာပြီး တောအုပ်ပုံသို့ ပြောင်းသွားလေတော့သည်။

ဂြိုလ်သားတွေက သူတို့ခြေထောက်အောက်က လမ်းအတိုင်းလျှောက်ကြကာ စကားတွေပြောလာကြတော့သည်။

လင်းယွိ ကြောင်သွားလေသည်။ ဒါ ဒါက…..ဗွီအာ? အစစ်နဲ့ တူလိုက်တာ။

လင်းယွိ ဤအချိန်က ထောင်သားတွေအဖို့ အနားယူဖို့ အချိန်ဖြစ်နိုင်သည်ဟု မှန်းဆလိုက်လေသည်။ သူ့ကိုယ်က အားကတခြားဂြိုလ်သားတွေနှင့် မယှဉ်နိုင်သေးပေ။ အခုဆို ခြေကျင်းဝတ်ကအဖြူရောင်ကွင်းပါ ပါလာတော့ တောင်တက်ဖို့ကိုထားဦး လမ်းလျှောက်ဖို့က ပိုခက်သွားသည်။

တခြားသူတွေအတွက်တော့ စိတ်အပန်းဖြေစရာဖြစ်နိုင်ပေမဲ့ သူ့အတွက်ကတော့ နှိပ်စက်နေသလိုပင်။

သူလမ်းခဏလောက် လျှောက်လိုက်သော်လည်း သူနောက်မှာကျန်ခဲ့လေတော့သည်။ သူရပ်လိုက်ကာ သူ့အားတွေကို ဆက်မဖြုန်းချင်တော့ပေ။
လင်းယွိရပ်လိုက်သည်နှင့် သူနားထဲတွင် စက်သံတစ်ခုက ထွက်လာလေသည်။ ကြည့်ရတာ သူ့ကိုရှေ့ဆက်သွားစေချင်ပုံပင်။ ခြေထောက်က ကွင်းကလည်း အဝါရောင်လင်းလာတော့သည်။

သူ့နှလုံးသားထဲကနေကို ခြိမ်းခြောက်သလိုသတိပေးချက်က ထပ်မြင့်တက်လာကာ သူ့ခြေထောက်တွေကို ဆွဲပြီးရှေ့သို့သာ ဆက်လျှောက်နေလိုက်တော့သည်။

သို့သော် သူ့ကိုယ်ခွန်အားက ကန့်သတ်ထားသည်ဖြစ်ရာ သူအကောင်းဆုံးကြိုးစားပြီး လှုပ်ရှားနေသော်လည်း သူနှင့်ရှေ့ကအဖွဲ့ကြား အကွာအဝေးက ကျယ်သထက်ကျယ်လာလေတော့သည်။

ခြေထောက်က အဝါရောင်အလင်းက တလတ်လတ်ဖြစ်နေပြီး နောက်ဆုံးသူ့ကို အညှာအတာမရှိ ရှော့တိုက်လိုက်တော့သည်။

နေပါဦး! လင်းယွိ နာကျင်မှုကြားကနေ အသက်ရှူသွင်းလိုက်ကာ ရုတ်ချည်းနှလုံးထဲကနေ ထိုးအောင့်လာပြီး သူ့မျက်နှာက ဖြူဖျော့လာတော့သည်။

ထုတ်လွှင့်ပြသသည့် အချိန်ပြီးသွားသည့်အခါမှာတော့ လင်းယွိချွေးတွေထွက်နေခဲ့ကာ ကြမ်းပြင်ပေါ်ဒူးထောက်ထားပြီး သူ့မျက်လုံးတွေကတော့ မည်းနက်နေတော့သည်။
ပတ်ဝန်းကျင်က ရှုခင်းကမြန်မြန်ပျောက်သွားကာ၊ နဂို ဘာမှမရှိသည့် အခန်းပုံ ပြန်ဖြစ်သွားလေသည်။ သူတို့ ကိုယ်ပိုင်အခန်းတွေထဲ ဝင်ဖို့တံခါးတွေကလည်း ပွင့်နေကြပြီး ဂြိုလ်သားတွေက လင်းယွိကို ဘာမှမထူးခြားသည့်ပုံဖြင့် ဖြတ်ကျော်သွားကြကာ ထောင်ထဲဝင်သွားကြတော့သည်။

လင်းယွိ အေးစက်နေသည့် စက်ကအသံကိုထပ်ကြားလိုက်ရကာ သူ့ခြေကျင်းဝတ်ကကွင်းက အနီရောင် ပြောင်းသွားသည်ကို မြင်လိုက်ရလေသည်။

သူ့အခန်းထဲ အခုပြန်ဝင်ရတော့မည်ကို သူသိလိုက်လေသည်။

သို့သော်လည်း လင်းယွိနှလုံးက အလွန်နာနေပြီး သူ့ ခန္ဓာကိုယ်ကလည်း ထုံကျဉ်နေကာ မက်တပ်ပင်မရပ်နိုင်တော့ပေ။

နားထဲက စက်အသံက ပိုပြီးမြည်လာကာ အနီရောင်အလင်းက ထပ်လတ်လာတော့သည်။

လင်းယွိ အံကြိတ်ကာ အသက်အနည်းငယ်ရှူလိုက်ပြီး ရှိသမျှအားနှင့် မတ်တတ်ရပ်ဖို့ကြိုးစားကြည့်လိုက်လေသည်။ သူ့ရှေ့တွင် ပိန်းပိတ်အောင် မည်းမှောင်နေကြသည်။
ယန့်ကျီဟန် သူ့လက်အောက်ငယ်သားတွေနှင့် အစည်းအဝေးလုပ်နေကာ တပ်မှူးကတော့ မာရှယ်တစ်ယောက် ဒိနေ့စိတ်မပါတပါဖြစ်နေကာ ခဏခဏမျက်မှောင်ကြုံ့နေမှန်း ပြောနိုင်နေသည်။

“မာရှယ်။”
သူ မာရှယ့်အမြင်ကို ဂရုတစိုက်နှင့် မေးမယ်ကြံတုန်း မာရှယ့်လက်က တာမီနယ်မှ တီခနဲ အသံကိုကြားလိုက်ရလေတော့သည်။

မာရှယ်သူ့ကို လျစ်လျူရှုလိုက်ပြီး ထိုအစား လက်ကိုငုံ့ကြည့်လိုက်တော့သည်။

မာရှယ်က အရေးကြီးသည့် သတင်းတစ်ခုခုကို စောင့်နေတာဖြစ်နိုင်ကြောင်း တွေးလိုက်ပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်လေသည်။ သို့သော်လည်း မာရှယ်က တာမီနယ်ပေါ်က စာကို အချိန်အကြာကြီးအတွင်း မနှိပ်ပဲ ထိုအစားသူ့ကိုကြည့်လိုက်ပြီး
“ပြော။”

ဒါပေါ့ တပ်မှုးလည်း နောက်ထပ်ဘာမှ မမေးတော့ပဲ သူ့မေးခွန်းကို ချက်ချင်းမေးလိုက်လေသည်။

မာရှယ်သူပြောနေသည်ကို နားထောင်နေသော်လည်း မျက်လုံးတွေက တာမီနယ်ပေါ် ထပ်ရောက်သွားကာ နောက်ဆုံးတော့ စာကိုနှိပ်လိုက်လေတော့သည်။
ထို့နောက် ယန့်ကျီဟန် မျက်နှာပြောင်းလဲသွားသည်ကို တပ်မှူးမြင်လိုက်ပြီး အစည်းအဝေးကို ဖျက်ကာ ကသုတ်ကရုတ်နှင့် ထွက်သွားလေတော့သည်။

ယန့်ကျီဟန် ကုသရေးအခန်းထဲသို့ ဝင်လာလာချင်း သူပထမဆုံးမြင်လိုက်ရသည်မှာ ထိုပိုးကောင်က ဆေးရုံကုတင်ပေါ်တွင်ထိုင်နေပြီး ခေါင်းငိုက်စိုက်ချကာ မျက်နှာကဖြူဖျော့နေပြီး ညာဘက်ခြေထောက်က သွေးတွေနှင့်ရဲနေတော့သည်။

ကွင်း၏ ကြမ်းတမ်းသည့်အပြစ်ပေးမှုက လင်းယွိအတွက်တော့ အားပြင်းလွန်းသည်လေ။

သူ့နှလုံးအခြေအနေကတော့ ကယ်လိုက်နိုင်ပေမဲ့ သူ့ခြေထောက်မှာ ကွင်းကရှိနေသေးသည့်အတွက် ဆရာဝန်တွေက သေချာကုမပေးနိုင်သေးပေ။

လင်းယွိက အခုအချိန်မှာ အလွန်အမင်းကို နာကျင်နေကာ ဆရာဝန်ပြောနေသည့် စကားတွေကို တစ်ခုမှနားမလည်သည့်အပြင် ကုန်ကုန်တွေးကြည့်ရလျှင် သူ့ခြေထောက်က ဖြတ်ပစ်ခံရနိုင်သည်အထိကိုပါ တွေးမိပြီး စိတ်ကညစ်လာတော့သည်။

ထိုအချိန်မှာပဲ သူ့ခေါင်းကိုမော့လိုက်သည်နှင့် ယန့်ကျီဟန်ကို ထပ်မြင်လိုက်ရတော့သည်။ သူ့မျက်လုံးတွေက ကြောက်ရွံ့မှုကြောင့် နီရဲလာတော့သည်။
လင်းယွိက အားနွဲ့သည့်သူမဟုတ်သော်လည်း သူကသာမန်လူတစ်ယောက်ပဲလေ။

သူဒီကို ရုတ်တရက်ရောက်လာကာ ဂြိုလ်သားတွေနှင့် ဝိုင်းရံခံလိုက်ရပြီး ဘာမှကိုလည်း နားမလည်သည့်အပြင် သူ့ကျန်းမာရေးကလည်း ဆိုးရွားလှကာ ပြီးတော့ သူကဘယ်အချိန်မဆို ဘယ်နေရာမဆို သေခြင်းရဲ့အစွန်းမှာလည်း ရောက်နေသေးသည်။

သူ့ဘဝကို သူကယ်တင်ပြီးတဲ့နောက်မှာ အခု ယန့်ကျီဟန်က ထပ်ပေါ်လာပြန်သည်။

လင်းယွိအခုနေ အော်သာ ငိုပစ်ချင်လာတော့သည်။

သူ ယန့်ကျီဟန်ကို ကြောက်သည်။ သို့သော် အရင်တစ်ခေါက် အဖြစ်အပျက်ပြီးကတည်းက သူထုတ်မပြရဲတော့ပေ။

သူဘယ်လောက်တွေးတွေး ဘားမှာတုန်းက ယန့်ကျီဟန် ဘာကို ဒေါသထွက်သွားမှန်း စဉ်းစားလို့မရသေးပေ။

သူထွက်ပြေးချင်လို့သာ သူခန့်မှန်းကြည့်ခဲ့တာဖြစ်သည်။

ကြည့်ရတာ သူ ယန့်ကျီဟန်ကို ရှောင်ချင်ကာ ထိုလူ့ဝေးဝေးမှာ နေချင်ပြီဆိုတာနဲ့ ယန့်ကျီဟန်က ပိုဒေါသထွက်လာသလိုပင်။

ဒေါသထွက်နေတဲ့ ယန့်ကျီဟန်က တစ်ယောက်ယောက်ကို သတ်ပစ်နိုင်တယ်!

လင်းယွိ ငိုချင်သော်လည်း ယန့်ကျီဟန်ကို ပြုံးသာပြလိုက်နိုင်သည်။

ယန့်ကျီဟန် ကြောင်သွားတော့သည်။

သူ့ရှေ့က ပိုးကောင်က သူ့ကိုဆက်တိုက်မျက်လုံးနီနီတွေနဲ့ ကြည့်နေပြီး ဘာသံမှမထွက်ပဲ မျက်ရည်တွေက တစ်စက်ပြီးတစ်စက် ကျလာလေနေသည်တဲ့။

ဒါကိုဆက်ကြည့်နေရတာ…..စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။

ယန့်ကျီဟန်ဘဝမှာ ဒါပထမဆုံး အပြစ်တင်စိတ်က ဖြစ်လာပြီး လင်းယွိဆီမသိလိုက်ပဲ လျှောက်သွားကာ တုံးတိတိနှင့် ပြောလိုက်လေသည်။
“ဘာလို့ငိုနေတာလဲ…..”

ဆရာဝန်က သူ့ဘက်ကိုထိုအချိန်မှာပဲ လှည့်လာကာ မေးလာသည်။
"မာရှယ် သူ့ခြေထောက်ကိုကုပေးချင်ပါသလား ကုပေးမယ်ဆိုရင် စောင့်ကြည့်တဲ့ကွင်းကို အရင်ဆုံးဖြုတ်ပေးရပါမယ်!”

ယန့်ကျီဟန် ပိုအပြစ်တင်စိတ်ဝင်လာကာ သူ့အံကိုကြိတ်လိုက်ပြီး ပြောလိုက်သည်။
“ဒါပေါ့၊ သူ့ကို အခုချက်ချင်းဖြုတ်ပေးလိုက်။”

လင်းယွိ သူ့တို့ပြောနေသည်များကို နားမလည်ပေမဲ့ သူ့ဘေးမှာ ယန့်ကျီဟန် လာရပ်နေကတည်းက သူကြောက်လာကာ သူပိုကြောက်လာလေလေ သူ့ကိုယ်သူပြောင်းပြန်လုပ်ဖို့ကိုသာ တွန်းအားပေးနေလေတော့သည်။

ထိုအချိန်မှာပဲ လင်းယွိ သူ့ခေါင်းကို ငုံ့လိုက်ကာ သတ္တိတွေကို စုစည်းလိုက်ပြီး ယန့်ကျီဟန် အဝတ်အစွန်းနားလေးကို ဆွဲလိုက်လေတော့သည်။

ယန့်ကျီဟန် ရှင်းရှင်းလင်းလင်း မြင်လိုက်ပေမဲ့ သူမလှုပ်ပဲ တစ်ယောက်တည်း ဆက်စိတ်ဆိုးနေစေလိုက်သည်။

လင်းယွိ သူ့သွားတွေကို ကြိတ်လိုက်ပြီး သူ့လက်ကိုဆန့်လိုက်ကာ ယန့်ကျီဟန်ခါးကို ဖက်လိုက်လေတော့သည်။

ယန့်ကျီဟန် နေရာတွင တောင့်သွားကာ လှုပ်လည်းလှုပ်မလာတော့ပေ။

လင်းယွိ စိတ်သက်သာရာရသွားသော်လည်း မလှုပ်ရဲပဲ ဆက်သာဖက်ထားလိုက်တော့သည်။

အတန်ကြာမှာတော့ ယန့်ကျီဟန် လင်းယွိကိုကြည့်လာပြီး သူ့နှုတ်ခမ်းတွေကို တင်းတင်းစိထားကာ သူ့မျက်နှာကို ထိတော့မလိုနှင့် လက်ကိုထူးဆန်းစွာ ဆန့်ထုတ်လာတော့သည်၊။

လင်းယွိ အနောက်ကို ဆုတ်သွားသော်လည်း ပုန်းတော့မပုန်းရဲပဲ သူ့မျက်လုံးတွေကို ကြောက်ကြောက်နှင့်မှိတ်သာထားလိုက်တော့သည်။

နွေးနေသည့် မျက်ရည်တွေက ယန့်ကျီဟန်လက်ကိုထိလာသည့်အခါမှာတော့ သူ့နှလုံးသားလေး တုန်ရီလာတော့သည်။
သူအခန်းထဲကို စဝင်လာကတည်းက သူ့ပတ်ပတ်လည်တွင် ရှုန်းဇီ၏ ပြင်းပြသည့်အနံ့က သွေးနံ့နှင့်ရောနေပြီး သူ့ဦးနှောက်နှင့် နှလုံးကို ရှုပ်ထွေးအောင်လုပ်ထားခဲ့ပြီးပြီ ဖြစ်လေသည်။

အခုဒီပိုးကောင်က သူ့ဘေးမှာ ရှိနေသည့်အတွက် တစ်ဝက်လောက်က စိတ်သက်သာရာရနေသော်လည်း နောက်တစ်ဝက်ကတော့ ဒီပိုးကောင်လေးကို ထိသည့်သူမှန်သမျှကို သတ်ပစ်ချင်နေတော့သည်။

ဒါပေမယ့် ဒီပိုးကောင်လေး ဒဏ်ရာရတာက သူ့ကြောင့်လေ။

ဒီ တီကောင်လေးက သူ့ကိုဖက်ကာ ငိုနေသည်ကို မြင်လိုက်ရသည့်အခါမှာတော့ ယန့်ကျီဟန် သူ့နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီးပြောလာသည်။
“ကိုယ်တောင်းပန်ပါတယ်၊ ကိုယ့်အမှားပါ…..မင်းကိုထောင်ထဲ မပို့လိုက်သင့်ဘူး၊ မငိုနဲ့တော့နော်?”

လင်းယွိ ခြောက်သွေ့နေကာ နွေးထွေးသော မျက်လုံးတစ်စုံ၏ အကြည့်ကိုရနေသလိုပင်။ ပူလောင်ကာ ရက်စက်တတ်သည့် လက်က သူ့ပါးကိုပွတ်လိုက်သဖြင့် သူလန့်လန့်နှင့် မျက်လုံးဖွင့်ကြည့်လိုက်လေတော့သည်။

ယန့်ကျီဟန်က သူ့ကိုအဖက်ပါခံနေပြီးတော့ သူ့မျက်ရည်တွေကိုပါ လက်ဆန့်ပြီး သုတ်ပေးနေသည်တဲ့လေ။

လင်းယွိ ယန့်ကျီဟန်ကို အံ့ဩပြီးကြည့်နေကာ ယန့်ကျီဟန်ကတော့ ဆရာဝန်ကိုကြည့်လိုက်ပြီး အသံကအေးစက်နေကာ
“ဘာဖြစ်တာလဲ? သူဘာလို့ ဒါကိုလုပ်ခဲ့တာလဲ?”

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now