Extra 2

5K 501 21
                                    

Extra – 2

စစ်ဘက်ဆိုင်ရာအကယ်ဒမီ မှတ်တမ်းမှတ်ရာဌာန။
“ဒါပေါ့၊ ငါဆက်သွယ်ဖို့သတင်းအချက်အလက် ရချင်လို့။” ငယ်ရွယ်သည့်ကျောင်းသားလေးတစ်ယောက်‌ နောက်ဆုံးတော့ သတ္တိကို စုလိုက်ကာ စားပွဲရှေ့သို့ မက်တပ်သွားရပ်လိုက်လေသည်။
သူ့သူငယ်ချင်းက စလိုက်ကာ၊ “ဟေး၊ မင်းကဘယ်သူ့ကို ရှာမှာမလို့တုန်း?”
“ဟိုနားကတစ်ယောက်လေ…”
သူ့သူငယ်ချင်း အကြည့်နောက်ကို လိုက်ကြည့်လိုက်လေသည်။
ပြတင်းပေါက်နားမှာ ချောမောကာ အရပ်ရှည်ရှည်အမျိူးသားတစ်ယောက်က သူ့ရှေ့ကစက်ရုပ်မော်ဒယ်တစ်ခုကို ညှိနေလေချေသည်။ သူ့မှာကောင်းမွန်သည့် အသားအရေရှိကာ၊ ရှည်သွယ်သည့်လက်ချောင်းတွေနှင့်အတူ ကြည့်ကောင်းလှသည့် မျက်ခုံး၊ မျက်လုံးတို့ကိုပါ ပိုင်ဆိုင်ထားလေသည်။ နေရောင်ကသူ့ကိုယ်ပေါ် ဖြာကျနေသည်က သူ့ပတ်လည်ရောင်စင်ဖြာထွက်နေသလိုပင်။ တစ်ကယ်ရှိနေတာ မဟုတ်သလို လှပလွန်းလှလေသည်။
သူ့သူငယ်ချင်းတစ်ယောက် သူပြသည့်သူကို တွေ့လိုက်ရတဲ့ အခါမှာတော့ လန့်သွားကာ ရိုက်ချလာလေတော့သည်။
“လိ? ? မင်းဘာလုပ်နေတာတုန်းဟ?”
“သတိကပ်စမ်းပါ၊ သူကလက်ထပ်ပြီးသားဟ!”
ကောင်လေးလည်း ကြောင်သွားကာ၊ “ဘာ၊ မင်းဘယ်လိုသိတာတုန်း….”
“ပြီးတော့ သူ့လူကမာရှယ်နော်!!!”
ကောင်လေးခမျာ ကြောင်နေရုံသာမက အသက်ပင်အနည်းငယ်မနည်းရှူလိုက်ပြီး သူ့သူငယ်ချင်းလက်ကို ကျေးဇူးတင်စွာ ဆွဲကိုင်လာပြီး၊ “ညီကိုကောင်းကွာ! ငါမင်းကိုညစာကျွေးပါ့မယ်။”
ပြီးနောက် သူပြန်တွေးလိုက်ကာ တစ်ခုခုမှားနေသလို ခံစားလာရလေသည်၊ “နေပါဦး….မင်းကရော ဘယ်လိုသိတာတုန်း?”
“အာ….ဘာလို့ဆို ငါလည်းသူ့ကို မေးဖူးလို့လေ။”
ကောင်လေး: “….”
“….သူကိုယ်တိုင် ငါ့ကိုငြင်းလွှတ်လိုက်တာ။”
ကောင်လေး: “….”
-
လင်းယွိပြောနေတာတွေကို မကြားပဲသူ့ဟာသူ စက်ရုပ်မော်ဒယ်ကို သေချာဆင်နေလေသည်။ သူ့စက်ရုပ်အသစ်က ဒီဇိုင်းဆွဲထားတာဖြစ်ကာ သူကိုယ်တိုင်ဒီမော်ဒယ်ကို ဘွဲ့ယူဖို့စာတမ်းအနေနှင့် တင်ဖို့လုပ်ထားတာဖြစ်တာမလို့ ဘွဲ့ယူဖို့မတိုင်ခင် ဘာမှဖြစ်မလာသေးပေ။
ထိုအချိန်မှာပဲ သူ့တာမီနယ်က ပီခနဲမြည်လာလေသည်။
လင်းယွိကြည့်လိုက်သည်နှင့် ရန့်ကျီဟန်က သူ့ကိုရှာနေတာကြောင့် မကြာခင်လာကြိုလို့ဟုသာ ပြောလိုက်လေသည်။
လင်းယွိပြောရရင် အံ့ဩနေတုန်းပင်။ ဘာ့ကြောင့်ဆို မနေ့ကသူတို့စကားများတာထာကြောင့်ပင်။
အဘယ့်ကြောင့်ဆိုသော် မနေ့တုန်းက ရန့်ကျီဟန်တစ်ယောက် ကလင်းတွေနှင့် နယ်မြေအတွက် တိုက်ခိုက်ဖို့ကို သူ့ကိုစစ်တိုက်ယာဉ်ပေါ် မခေါ်သွားဖို့ပြောခဲ့လိုပင်။
ကလင်းတွေဆိုတာက ကြယ်အစုအဝေးထဲ ဓားပြအုပ်စုတစ်စုဖြစ်ကာ တိုက်ခိုက်ရည်ကလည်း ကောင်းသေးသည်။ လင်းယွိသူဖတ်ထားတဲ့ ဇာတ်ကြောင်းအရဆို ထိုသူတွေက သေချာပေါက်ကို ရန့်ကျီဟန်ထံ အညံ့ခံကြပေမဲ့ သူတို့မကောင်းတဲ့ အကျင့်တွေက ပြောင်းလဲပစ်ဖို့ကလည်း မလွယ်တာကြောင့် အနာဂတ်မှာ ဘယ်လောက်များသူ့ထံ အပြစ်တင်လာကြမလဲ မသိနိုင်သေးပေ။
ပြီးတော့ ထိုနယ်မြေက နောက်ဆိုဇာတ်လိုက်မလည်း လာရောက်ရှာဖွေမည့် နယ်မြေလည်းဖြစ်ရာ လင်းယွိသေချာပေါက် ရန့်ကျီဟန်ကိုမသွားစေချင်ပေ။
ပြောရမယ်ဆိုရင် ရန့်ကျီဟန်တစ်ယောက် လွန်ခဲ့တဲ့နှစ်တွေမှာ တော်တော်လေးအိမ်မြဲခဲ့သည်ဟု ဆိုရမည်။ သူဂြိုလ်ပေါ်မှာပဲနေကာ စစ်တိုက်သည့်ယာဉ်တွေနှင့်လည်း ကိုယ်တိုင်သွားတာရှားလှသည်။ အဓိကအချက်ကတော့ သူလင်းယွိကိုထားခဲ့ဖို့ စိတ်မချတာလည်းပါသလို လင်းယွိကို အန္တရာယ်များသည့် နေရာတွေကိုလည်း ခေါ်မသွားချင်တာလည်းပါသေးသည်။
သို့သော် ရန့်ကျီဟန်ကတော့ ရန့်ကျီဟန်ပင်။ သူအရိုးထဲမှာကိုက တိုက်ခိုက်ချင်စိတ်က အပြည့်ပင်။ သူထွက်သွားချင်တာနှင့် လင်းယွိကဦးစီးအရာရှိရှေ့မှာရော တခြားအရာရှိတွေရှေ့မှာပါ မသွားရဘူးပြောတာတောင် သူသွားမယ်ပြောခဲ့သည်အထိ။
ရန့်ကျီဟန်ပြောတာကတော့ လင်းယွိကခုထိ သူ့ကိုဘာတွေဘယ်လိုလုပ်ရမယ် မသင်ပြနိုင်သေးလို့ဟူ၍ဖြစ်လေသည်။
လင်းယွိအတွေးနဲ့တင် သက်ပြင်းကချလိုက်တော့သည်။
ရန့်ကျီဟန်ထွက်သွားဖို့ကို လုပ်ထားပေမဲ့ သေချာပေါက်လင်းယွိမှာလည်း ရပ်တန့်ဖို့က အခွင့်မရှိပေ။ အချိန်ရောက်လာတာနှင့် သူ့ကိုအဖော်ပြုပေးလိုက်ကာ နောက်တစ်ကြိမ်မသွားဖို့ ထပ်ဖြောင်းဖြဖို့သာ စဉ်းစားထားလိုက်လေသည်။ အဲ့ဒါတွေကြောင့်လည်း သူ့ဘွဲ့ယူစာတမ်းကို အမြန်ပြီးစေချင်တာပင်။
သို့သော် လင်းယွိမနက်အစောပိုင်း ထွက်လာကတည်းက သူ့ရှာဖွေမှုထဲမှာပဲ နစ်မြုပ်နေကာ ရန့်ကျီဟန်ကို တနေ့လုံးစကားမပြောဖြစ်ခဲ့ပေ။ အခုလိုရန့်ကျီဟန်ဘက်က စပြီးပြောလာဖို့ကို မထင်ထားခဲ့ပေ။
လင်းယွိဦးနှောက်အသေးလေးကို ဘေးချလိုက်ကာ မှတ်တမ်းတွေကိုဘေးချထားလိုက်ပြီး ရန့်ကျီဟန်ကားပေါ် တက်လိုက်လေသည်။
“ဘာလို့လာကြိုတာလဲ?”
ရန့်ကျီဟန်သူ့ကို စိုက်ကြည့်လာကာ အကြည့်ကိုမလွှဲချင်လွှဲချင်နှင့် လွှဲလိုက်လေသည်၊ “ငါကြိုချင်လို့။”
နှစ်ယောက်သားအတန်ကြာ တိတ်ဆိတ်နေလိုက်ကာ လင်းယွိဘက်ကပဲ စတင်ကာမေးလိုက်လေသည်၊ “မင်းဘယ်အချိန်စထွက်ဖြစ်မှာလဲ?”
ရန့်ကျီဟန်သူ့ကိုကြည့်လာကာ ဘာမှတော့ပြန်မပြောလာပေ။
“စိတ်မဆိုးပါနဲ့။ ငါလည်းမင်းက ဗိုလ်ချူပ်ကြီးမှန်းသိပါတယ် ပြီးတော့ငါတားဆီးလို့ရတာလည်း မဟုတ်ဘူးလေ။ ငါဒီအတိုင်း အဖော်ပြုပေးချင်လို့ပါ။”
လင်းယွိဘက်ကပဲစကာ ရန့်ကျီဟန်လက်ကို ဆွဲကိုင်ထားလိုက်လေသည်။
ရန့်ကျီဟန်ချက်းချင်းသူ့ကိုမှီလာကာ ဖက်လာလေတော့သည်၊ “မင်းမသွားချင်ရင် ငါလည်းမသွားဘူးလေ။”
လင်းယွိစိတ်သက်သာရာရသွားတော့သည်။
ရန့်ကျီဟန်ကတော့ ဖက်ထားတာကိုပိုတင်းကျပ်လာကာ သူ့ခေါင်းကိုလင်းယွိပုခုံးကြားထဲ မြုပ်ထားလိုက်ပြီး အသံတိုးတိုးလေးနှင့်ပြောလာလေသည်၊ “ပြီးတော့ ငါစိတ်မဆိုးပါဘူး။ မင်းပဲစိတ်ဆိုးနေတာလေ။”
“ငါလည်းစိတ်မဆိုးပါဘူး….”
ရန့်ကျီဟန်နှုတ်ခမ်းတွေကို တင်းလိုက်ကာ၊ “မင်းပဲငါ့ကိုတစ်နေ့လုံး စကားမပြောဘူးလေ။”
လင်းယွိကြောင်သွားကာ၊ မင်းတစ်ကယ်မသွားတော့ဘူးလား?”
ဒီလောက်တောင် လွယ်တာလား?
ရန့်ကျီဟန်လင်းယွိနား ကပ်လာကာ သူ့တစ်ကိုယ်လုံးနှင့်ပါ ဖိထားလိုက်ပြီး၊ “ငါ့ကိုဖက်ထားပေး။”
လင်းယွိသူ့ကျောလေးကို ပွတ်ပေးနေတာက မသိရင်ခွေးအကြီးကြီးတစ်ကောင်ကို နှစ်သိမ့်ပေးနေရသလိုပင်၊ သို့သော်လည်း သူအခုထိတော့ စိတ်ကပူနေတုန်းပင်။
ဒါကအရမ်းအေးဆေးဖြစ်နေတာကြောင့် ရန့်ကျီဟန်များ သူသတိမထားမိတဲ့အချိန် လစ်ထွက်သွားမှာကိုလည်း စိုးရိမ်ရသေးသည်။
လင်းယွိခဏလောက် ကြောင်နေသေးသည်။ သူလင်းဟန်လေး၏ မူကြိုကိုရောက်မှသာ အာရုံတစ်ခုလုံး ကလေးကိုကြိုဖို့ကိုသာ စိတ်ရောက်သွားကာ ရန့်ကျီဟန်ကိုအိမ်ရောက်မှသာ စကားဆက်ပြောဖို့ တွေးထားလိုက်လေသည်။
--
ဖေဖေနှင့်မေမေမကြာခင် လာကြိုတော့မှာမလို့ လင်းဟန်လေးတစ်ယောက် တံခါးဝမှာ စောင့်နေတော့သည်။
တံခါးပွင့်လာသည်နှင့် သူ့ဆီအရင်ဆုံး ခပ်သုတ်သုတ်လာနေသည့်သူက ရန့်ကျီဟန်ဖြစ်နေမှန်း သိလိုက်ရလေသည်။
လင်းဟန်လေးအမြန်ထလိုက်ကာ ဖြောင့်တန်းနေအောင်ပင် ရပ်နေလိုက်ပြီး ခေါင်းကိုမော့ကာ အကျယ်ကြီးပင်အော်လိုက်သေးသည်၊ “ဟယ်လို၊ မေမေ!”
“အင်း။” ရန့်ကျီဟန်ခေါင်းညိတ်ပြလိုက်လေသည်။
လင်းဟန်ကတော့ နောက်ကိုပဲမျှော်လင့်တကြီးကြည့်နေကာ ရန့်ကျီဟန်နောက်ကလူကို မြင်လိုက်သည်နှင့် မျက်လုံးလေးတွေက ပြူးသွားကာ၊ “ဖေဖေ!”
သူချော်လဲတော့မတတ် လက်တွေကိုပင် အကျယ်ကြီးဟကာ‌ ပြေးလာပြီး လင်းယွိဘောင်းဘီတွေပေါ် တက်လာတော့မတတ်ပင်၊ ထို့နောက် ထပ်အော်လာကာ၊ “ဖေဖေ ဖက်။”
“အိုခေ။” လင်းယွိသူ့ကို အလျင်အမြန်ချီလိုက်ကာ၊ “ဒီနေ့လင်းဟန်လေး တော်ရဲ့လား?”
“တော်ပါတယ်!”
ရန့်ကျီဟန်အမြင်ကတ်သလို ပြန်ကြည့်လာလေသည်။ “သူကဘယ်အရွယ်မလို့လဲ၊ ဘယ်တစ်နေ့လုံး အဖေနားပဲ ကပ်နေတာ။”
လင်းဟန်ရုပ်လေးက တည်သွားကာ နောက်ထပ်ဘာမှထပ်ပြောမလာတော့ပဲ လင်းယွိလည်ပင်းကိုသာ ဖက်ထားလေတော့သည်။
အမေကရော ဘယ်အရွယ်မလို့လဲ! သားကမှ ဖေဖေ့ကိုတစ်နေကုန် ကပ်ဖို့သိသေးတယ်။ ဖေဖေနဲ့တစ်နေ့လုံးနေပြီးတော့ ညကျလည်းဖေဖေ့ကို မတွေ့ခိုင်းဘူး။”
လင်းယွိသူတို့သားလေးကို ကားဆီခေါ်လာလိုက်သည်။ ရန့်ကျီဟန်လင်းဟန်လေးတစ်ယောက် လင်းယွိလည်ပင်းနား ကပ်ကာပွတ်သီးပွတ်သပ်လုပ်နေတာကိုကြည့်ပြီး သူ့တံတွေးတွေ လင်းယွိပေကုန်မှာကို တွေနေလေတော့သည်။ အိမ်ရောက်မှ ငါသုတ်ပေးရမယ်။
“ရောက်တော့မယ်နော်၊ လင်းဟန်ကိုယ့်BOXထဲ ကိုယ်ဝင်တော့။”
လင်းယွိမျက်နှာက တည်သွားကာ၊ “အဲ့လိုမပြောနဲ့လေ၊ ဘာသေတ္တာတုန်း၊ သားလေးရဲ့ အိပ်ယာကို….”
အင်း ကလေးလေးကအဆော့သန်လို့ ဘေးကဘောင်လေးတွေ ထည့်ပေးထားရတာတော့ ထားပါတော့။
လင်းဟန်လေးကတော့ မအိပ်ချင်သေးတာမလို့ မျက်ရည်တွေဝဲနေကာ လင်းယွိကိုကြည့်လာလေသည်၊ “ဖေဖေ!”
လင်းယွိကလေးလေးကို ချီလိုက်ကာ၊ “ဖေဖေသားလေးကို ပုံပြင်စာအုပ်ဖတ်ပြရမလား?”
လင်းဟန်လေး လင်းယွိလက်မောင်းတွေကြားထဲရောက်သွားတာနှင့် အငိုကတိတ်သွားကာ ပြုံးပြီးခေါင်းပါညိတ်ပြလာသေးသည်။
သူဒီပုံပြင်တွေကို အကုန်ကြားဖူးပြီးသားဆိုပေမဲ့ သူ့ကိုဖေဖေသာဖက်ထားပေးရင် အားလုံးအိုခေလေ!ဟေး ဟေး။
လင်းဟန်လေး ရန့်ကျီဟန်ကိုခိုးကြည့်လာကာ လင်းယွိလည်ပင်းနည်း လက်လေးတွေကို ပို့ထားလိုက်ပြီး၊ “ဖေဖေ သားကိုချစ်လား?”
“ဒါပေါ့။”
လင်းဟန်တိုးတိုးလေး ပြောလိုက်လေသည်၊ “မေမေနဲ့ ယှဉ်ရင်တောင်လေ။”
လင်းယွိရန့်ကျီဟန်ကို ရှက်ရှက်နှင့်ကြည့်လာကာ ကလေးကိုပဲ ချော့မြူပေးဖို့ တွေးထားလိုက်လေသည်၊ “ဖေဖေသားလေးကို အချစ်ဆုံးပဲနော်။”
လင်းဟန်လေးမျက်နှာက အပျော်လွန်သွားလေတော့သည်။
“မေမေကလည်း သားလေးကို အချစ်ဆုံပဲနော်။ ရှောင်ဟန်လေးက ချစ်ဖို့အကောင်းဆုံးပဲ။” လင်းယွိစကားအနည်းငယ်ပြောကာ ချော့မြူလိုက်ပြီး လင်းဟန်ကိုဆိုဖာပေါ်တင်ကာ ပုံပြင်စာအုပ်ဖတ်ပြနေလိုက်သည်။
လင်းဟန်ကတော့ ခြေထောက်ကိုပင်လွှဲကာ ဆိုဖာပေါ်ပျော်ရွှင်စွာ ထိုင်နေပြီး ရန့်ကျီဟန်ကတော့ လက်ချိတ်ကာတစ်ယောက်တည်းထိုင်နေသည်ကိုကြည့်ကာ စိတ်ထဲမကောင်းသလို ခံစားလိုက်ရလေသည်။
“မေမေ၊ သားကိုအဝေးပို့လို့ မရဘူးနော်။ ဖေဖေက သားကိုချစ်တယ်တဲ့။”
ရန့်ကျီဟန်သူ့ကိုပြန်ကြည့်လာကာ မျက်ခုံးကိုပင့်လိုက်ပြီး အနားတိုးလာကာ မကောင်းဆိုးဝါးတစ်ကောင်အလား တိုးတိုးလေးပြောလာလေသည်၊ “ဖေဖေမင်းကို ခုချစ်တယ်ဆိုတာက မင်းမှာခုအမြီးသေးသေးလေးရယ် အကွက်သေးသေးလေးတွေရှိလို့ ချစ်ဖို့ကောင်းနေလို့ ချစ်တာ။ မင်းကြီးလာလို့ အမြီးလေးပျောက်သွားတာနဲ့ ဖေဖေကမင်းချစ်ဖို့ကောင်းတယ် ထင်တော့မှာမဟုတ်ဘူးနော်။”
လင်းဟန်: “??!!” QAQ
လင်းယွိပြန်လာတာနှင့် သူတွေ့လိုက်ရတာက ရန့်ကျီဟန်ကြီးနှင့် လင်းဟန်သေးသေးလေးတို့က ဆိုဖာပေါ်တူတူထိုင်နေကြတာပင်။ သူထွက်လာတာကို နှစ်ယောက်လုံးမြင်လိုက်သည်နှင့် ခေါင်းတွေလှည့်ကြည့်လာတာက နှစ်ယောက်လုံးမျက်နှာပေါက်လေးတွေကပါ ဆင်တူနေကြသလိုပင်။
လင်းဟန်သူ့အမြီးလေးကို ကြောက်ကြောက်နှင့်ဆွဲယူလိုက်ကာ ငိုနေရင်း၊ “ဖေဖေ သားကြီးမလာချင်တော့ဘူး။”
လင်းယွိ: “???”
“ဘာဖြစ်လို့လဲ သားလေးရဲ့?”
“ဝူးးးး ဖေဖေ!” လင်းဟန်သူ့လက်မောင်းတွေကြားထဲ တိုးဝင်လာကာ ခေါင်းနှင့်ပွတ်သပ်နေတော့သည်။
လင်းယွိရန့်ကျီဟန်ကို SUSPICIONသလိုနှင့်ကြည့်လာကာ၊ “လင်းဟန်ကို ထပ်စပြန်ပြီလား?”
ရန့်ကျီဟန်ဘေးကိုသာ ကြည့်နေလိုက်ကာ သူ့ပါးစပ်ထောင့်စွန်းလေးတွေက တွန့်တက်လာပြီး ပြုံးနေတာမရပ်တော့ပေ။
လင်းယွိလင်းဟန်လေးကို ဖက်ထားလိုက်ကာ ဘာလို့ငိုတာလဲမေးလေလေ ပိုလမ်းပျောက်လာလေလေပင်။ သူရန့်ကျီဟန်ကို ဘာလို့ခုရောအမြီးမရှိတော့တာလဲ ရန့်ကျီဟန်ကတော့ ခုထိသတိရနေသေးသည့်ပုံပင်။
လင်းယွိအတော်ကြာချော့နေလိုက်ကာ ဖေဖေကဘယ်လိုဖြစ်ဖြစ်ချစ်မှာပါဆိုတာကို သေချာအောင်ပြောလိုက်ပြီး ပုံပြင်စာအုပ်သာ ဖတ်ပြပေးလိုက်လေသည်။
လင်းဟန်လေးက လင်းယွိပေါင်ပေါ် ငြိမ်သက်စွာထိုင်နေကာ သူ့အဝတ်လေးတွေကို ကိုင်ထားလေသည်။ ရန့်ကျီဟန်လည်း အနားကပ်လာပြီး လင်းယွိနောက်ကနေ ဖက်ထားလိုက်ပြီး နောက်ဆုံးအိပ်ပျော်သွားလေတော့သည်။
လင်းယွိပုံပြင်လည်းပြောပြီးရော ကျားကြီးတစ်ကောင်နှင့် ကျားပေါက်လေးတစ်ကောင်ခမျာ အိပ်ပျော်နေကြတော့သည်၊ သူလည်းကျားပေါက်လေးခေါင်းလေးကို ပုတ်လိုက်ကာ၊”အိပ်ဖို့အချိန်ရောက်ပြီနော်။”
ကျားပေါက်လေးလည်း ခေါင်းကိုမော့လာကာ သူ့နားပွတ်သီးပွတ်သပ်လုပ်လာပြီး အခုထိအလိုလိုက်ခံထားရသည့် ကလေးလေးတစ်ယောက်လို လုပ်လာလေသည်၊ “ဖေဖေ့ကို ဖက်ပြီးအိပ်မယ်။”
လင်းယွိကျောပေါ်က ကျားကြီးမျက်လုံးတွေကို ချက်ချင်းဖွင့်လာကာ၊ “မရဘူး။”
“ဝူး ဝူး။”
လင်းယွိလည်း လင်းဟန်လေးကုတင်ဘေးထိုင်နေလိုက်ကာ ရန့်ကျီဟန်ကတော့ ထပ်ဖက်လာပြန်လေသည်။
လင်းယွိသူတို့ကျောပေါ်ထပ်ကာ ပြုံးရင်းပြောလာလေသည်၊ “လေးတယ်လေကွာ။”
ရန့်ကျီဟန်သူ့ကိုကြည့်လာကာ ပါးစပ်ထောင့်စွန်းလေးကို ထိလိုက်ရင်း၊ “ငါ့ကိုစိတ်မဆိုးတော့ဘူးမလား?”
“စိတ်မဆိုးပါဘူး။ ငါကဒီအတိုင်း မင်းအတွက် စိတ်ပူရုံပါ။”
လင်းယွိသေချာပြောလာလေသည်: “အဲ့မှာDANGERမရှိတာသိပေမဲ့ ငါ့မှာမကောင်းတဲ့ ခံစားချက်ရနေလို့ပါ။”
ရန့်ကျီဟန်ထပ်ပြောလာပြန်သည်၊ “မင်းငါ့ကိုမသွားစေချင်ရင် ငါမသွားဘူး။”
လင်းယွိသူ့ကို ပြန်ကြည့်လာကာ ထပ်ဆွေးနွေးလာသည်၊ “မင်းတခြားကြယ်နယ်ပယ်တွေဘက် သွားလို့ရပါတယ်၊ ငါလည်း အတူတူလိုက်မှာပဲလေ၊ ဒါပေမယ့် အဲ့ကိုတော့မသွားနဲ့နော်။”
“ငါ့ကိုမခေါ်ပဲ မသွားရဘူးနော်။”
ရန့်ကျီဟန်ခဏတာ တောင့်သွားတော့သည်။
လင်းယွိတစ်ကယ်တွေးထားတာက သူ့ကိုထားခဲ့ပြီး လအတော်ကြာတိုက်ခိုက်ဖို့ ထွက်သွားမှာကို မကြိုက်တာဟုသာ။
တစ်ကယ်ဆိုတစ်နေ့တာလောက် မတွေ့ရတာနဲ့ကို သူ့နှလုံးသားထဲ တစ်ခုခုလစ်ဟာနေသလိုမျိူးကြီး ဖြစ်နေတတ်သေးသည်။
ရန့်ကျီဟန်ကိုယ်တိုင်‌တောင် သူဘာလို့အဲ့လိုပြောင်းလဲသွားလဲ မသိသေးပေ။
ကြည့်ရတာတော့ သူ့အရင်စစ်ပွဲတွေက ကြားထဲလိုနေသည့်ကွက်လပ်ကို ဖြည့်ရုံသာဖြစ်ခဲ့လိမ့်မည်၊ သို့သော် သူ့မှာလင်းယွိရှိလာကတည်းက သူ့နှလုံးသားထဲ မပြောပြတတ်သည့် ကျေနပ်နေမှုကြီးက ကြီးစိုးထားခြ့တာဖြစ်သည်။ သူလင်းယွိဘေးကကို ထွက်မသွားချင်ပေ။
ထိုအချိန်တုန်းကလည်း သူတစ်ခုခုပြောလိုက်ပေမဲ့ ထိုအရာကလည်း သူဒီအတိုင်း လင်းယွိကသူ့ကိုဒီလောက်ထိ ထိန်းချုပ်ထားနိုင်မှန်း သူကိုယ်တိုင်သိနေတာမလို့ လက်အောင်ငယ်သားတွေအရှေ့ နည်းနည်းလေး တင်းကျပ်ခဲ့ရုံပင်။
သူဒီတစ်ခါ ထွက်သွားချင်သည့် တခြားအကြောင်းတွေကလည်း ရှိသေးသည်။
ရန့်ကျီဟန်လင်းယွိလက်ကို ဆွဲလိုက်ကာ၊ “ပြစရာရှိတယ်။”
“ကောင်းတဲ့ဟာလား?”
နှစ်ယောက်သားအမြန်ကားနှင့် အာကာသယာဉ်သိုလှောင်ရုံသို့ ထွက်လာခဲ့ကြလေသည်။
ရန့်ကျီဟန်သိုလှောင်ရုံကို ဖွင့်လိုက်သည်နှင့် အထဲကမီးတွေက ထိန်လင်းနေကာ အထဲမှာဘာတွေရှိနေမှန်း မြင်သွားတော့သည်။
လင်းယွိမျက်လုံးတွေက ပြူးသွားကာ၊ “ဒါက….”
သူဒီဇိုင်းဆွဲထားသည့် စက်ရုပ်ပဲ!!
ရန့်ကျီဟန်သူဒီဇိုင်းဆွဲထားသည့် စက်ရုပ်ကို လုပ်ပေးထားတာတဲ့။
“ငါဆရာတွေကို မေးလိုက်တာ သူတို့ကမင်းဒီဇိုင်းကကောင်းတယ်တဲ့၊ ပြီးတော့ ဘာပြဿနာမှလည်း မရှိဘူးတဲ့။”
“မင်းဒီလောက် အားစိုက်ထုတ်ထားတာကို။ အဲ့ဒါကြောင့် ငါဒီတစ်ခါမင်းကိုပါခေါ်ပြီး အတူတူတိုက်ချင်နေတာ၊ အဲ့ဒါမှလည်း မင်းလုပ်ထားတာ ဘယ်လောက်ကောင်းမှန်းမင်းသိမှာလေ။ ငါမင်းကို အံ့ဩသွား‌အောင် လုပ်ချင်တာနဲ့ပဲ…”
ရန့်ကျီဟန်ပြောနေတုန်းမှာပင် လင်းယွိသူ့ကို ဖက်လာတော့သည်။
နှလုံးကပေါက်ထွက်တော့မတတ်ပဲ။
လင်းယွိ သူဒီဒီဇိုင်းဆွဲတုန်းက ရန့်ကျီဟန်ကိုတွေးပြီး ဆွဲထားခဲ့တာဖြစ်သည်။ ထို့ကြောင့်လည်း အစပိုင်းစလုပ်ကတည်းက ရန့်ကျီဟန်ကိုသာ ငေးကြည့်နေခဲ့တာြဖစ်လေသည်။
ရန့်ကျီဟန်က ဘာမှပြန်မပြောလာပေမဲ့ သူ့နှလုံးသားထဲမှာတော့ ဘယ်လောက်တောင်သူ့အလုပ်အတွက် ဂုဏ်ယူနေလည်းဆိုတာမြင်နိုင်လေသည်။ သူ့ကိုကူပင် ကူပေးလာသေးသည်။
သူ့ရန့်ကျီဟန်က ချစ်ဖို့ကောင်းလိုက်တာ။
“ကျေးဇူးပါ၊ ငါအရမ်း သဘောကျတယ်။”
ရန့်ကျီဟန်သူ့ကိုလည်း ပြန်ဖက်လာကာ ဆက်ပြောလာလေသည်၊ “အဲ့ဒါမှ ငါမင်းကိုထားမခဲ့ပဲ အတူတူထွက်လို့ရမှာလေ။”
“အင်း ငါသိပြီ။”
လင်းယွိတစ်ကယ်ကြီး ဒေါသထွက်မနေတာသေချာမှ ရန့်ကျီဟန်မျက်လုံးတွေကို မှိတ်လိုက်ကာ တိတ်ဆိတ်စွာနေလိုက်တော့သည်၊ “မင်းမနေ့ကလည်း ဧည့်သည်တွေထားတဲ့ အခန်းမှာပဲအိပ်ပြီး မနက်ကလည်း ဘာမှမပြောပဲ ထွက်သွားတာလေ….”
“တောင်းပန်ပါတယ် ဇနီးလေး၊ ကိုယ်မင်းကို ပစ်မထားပါဘူး။” လင်းယွိသနားသွားကာ သူ့ကိုနမ်းလိုက်လေသည်။
ထိုအချိန်မှာပဲ ရန့်ကျီဟန်လည်း ရီလာကာ လင်းယွိကိုစနမ်းလာလေတော့သည်။
ခဏလောက်နမ်းပြီးတဲ့အခါမှာတော့ နှစ်ယောက်သားထိုင်ခုံပေါ်  အမြန်တက်ထိုင်လိုက်ကြတော့သည်။
“မင်…..မြန်မြန်လုပ်။”
“အချစ်လေး၊ ကိုယ့်မှာအကာအကွယ်မပါ….”
“ရတယ်”
အာ?
ရန့်ကျီဟန်ချွေးတွေထွက်နေသည့်ကြားက စိတ်မရှည်သည့်ပုံနှင့်ကြည့်လာကာ၊ တောက်ပနေသည့် မျက်လုံးလေးများနှင့်ကြည့်လာပြီး နှုတ်ခမ်းကိုကိုက်လိုက်ကာ ပြောလာလေသည်၊ “ဒါဆိုနောက်တစ်ယောက် လုပ်တာပေါ့….”
လင်းယွိ: “….”
တောင်းပန်ပါတယ် သားလေးရေ၊ မင်းမေမေကပဲ တစ်လောကလုံးမှာ ချစ်ဖို့အကောင်းဆုံးပါ။


You've reached the end of published parts.

⏰ Last updated: Oct 23, 2023 ⏰

Add this story to your Library to get notified about new parts!

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now