Chapter 28

3K 322 0
                                    

အပိုင်း ၂၈

မနက်ခင်း လင်းယွိမျက်လုံးကို ဖွင့်လိုက်သည်နှင့် သူ့ပတ်ပတ်လည်က မှောင်မည်းနေတာကို တွေ့လိုက်ရလေတော့သည်။ သူအနည်းငယ်သတိထားကြည့်ကာမှ ထိုအရာမှာ ယန့်ကျီဟန်တစ်ယောက် သူ့အနက်ရောင်အတောင်ပံတွေဖြင့် ဖက်ထားတာမှန်း သိသွားတော့သည်။

လင်းယွိခေါင်းကိုပြန်လှည့်ကာ ကြည့်လိုက်သည်နှင့် ယန့်ကျီဟန်အကြည့်တွေနှင့် ဆုံသွားတော့သည်။ သူ့ကိုဖက်ထားပေမဲ့ အမှောင်ထဲမှာ သူ့ကိုစိုက်ကြည့်နေတဲ့ ရွှေရောင်မျက်လုံးတွေက သူအိပ်မနေမှန်း ပြောပြနေသလိုပင်။

ယန့်ကျီဟန်ဆိုတာက အဲ့လိုလျှို့ဝှက်ဆန်ပြီး ညဘက်တောလှည့်နေတဲ့ သားရဲတစ်ကောင်လိုမျိုး အန္တရာယ်ရှိမှုကို လှစ်ဟပြသနေတတ်သူတစ်ယောက်လည်း ဖြစ်ပေသည်။

ဒါပေမယ့် လင်းယွိအတွက်ကတော့ ယန့်ကျီဟန်ကိုမြင်လိုက်သည်နှင့် ပြုံးလိုက်ကာ နမ်းလိုက်လေသည်။ သူမထမချင်း နမ်းနေပေမဲ့ ယန့်ကျီဟန်က သူ့လက်မောင်းကိုကိုင်ကာ တားလာတော့သည်။

လင်းယွိကြောင်သွားတော့သည်။
“ငါ့ကိုတားတယ်လား?”

ယန့်ကျီဟန်သူပြောတာ နားမထောင်တဲ့အပြင် သူ့ခြေထောက်တွေကို တင်လာလေ၏။
လင်းယွိ : “….”

ယန့်ကျီဟန် စိတ်ဆိုးသွားပြန်ပြီလား?
ဘာလို့လဲ? ငါမနေ့က သူမေ့သွားအောင်လုပ်မိလို့များလား?
အိုး….
လင်းယွိ သူ့နှာခေါင်းသူသာ ထိလိုက်တော့သည်။ အင်း ဒီလောက်ဆို လူတွေဒေါသထွက်ကြမှာပဲလေ….

လူလုပ်ခန္ဓာကိုယ်ဆိုတာမျိုးက တကယ့်ကိုဆန်းကြယ်လှနေပြီဖြစ်ရာ တခြားပြဿနာတွေ ဖြေရှင်းတဲ့အခါမျိုးမှာဆိုရင်တောင် လုပ်ရတာလွယ်ကူနေတဲ့အပြင်ကို အခုလိုအရာမျိုးလုပ်ကြတဲ့အခါမှာလည်း သူ့ခါးတွေ၊ ခြေထောက်တွေနာကျင်တာ ညောင်းညာတာမျိုးတွေပါ ဖြစ်မနေပေ။ သူ ယန့်ကျီဟန်ကို ၇ခါတောင် လုပ်လို့ရနိုင်ဦးမည်….

ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်လို့မရဘူးလေ…..
အဓိကအချက်က ယန့်ကျီဟန် ခန္ဓာကိုယ်ကိုက ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့်လည်းပါမည်။

လင်းယွိ သူ့ကိုအကြာကြီးဖိခံထားရတာကြောင့် စိတ်ညစ်လာကာ နောက်ဆုံးတော့ သူ့ကိုကြောက်ကြောက်နှင့်တွန်းထုတ်လိုက်ပြီး ပြောလာလေသည်။
“…ငါသေးပေါက်ချင်လို့။”

ယန့်ကျီဟန်ဘက်ကလည်း လှုပ်မလာသလို့ လင်းယွိကလည်း သူ့ကိုဆက်မတွန်းရဲပေ။ ဒါပေမယ့် ယန့်ကျီဟန်သူပြောတာကို ကြားလိုက်သည်နှင့် လွှတ်ပေးလာလေသည်။ လင်းယွိပြုံးလိုက်ကာ ချက်ချင်းအမြန်သွားဖို့ကြံလိုက်ပေမဲ့ နောက်ထပ် စက္ကန့်ပိုင်းအကြာမှာပင် ယန့်ကျီဟန်ဆီက ထပ်ဖက်တာကို ခံလိုက်ရပြန်သည်။

လင်းယွိပြန်ဆုတ်လိုက်ကာ
“ငါအောက်ဆင်းဦးမယ်လေ။”

ထင်ထားသလိုပင် ယန့်ကျီဟန်တစ်ယောက် မနေ့ညကအဖြစ်အပျက်ကြောင့် ပင်ပန်းနေတဲ့ပုံပေါက်ပေမဲ့ ဒီနေ့မနက်ကြည့်ရတာတော့ အဲ့လောက်ကြီးဆိုးရွားနေသည့်ပုံလည်း ဖြစ်မနေပေ။
သူ့ကြည့်ရတာအဆင်ပြေနေပေမဲ့ ဂရုစိုက်ပြုစုပေးစရာ လိုသည့်ပုံလည်း မပေါက်နေပေ။

တစ်ခုရှိတာကတော့ ယန့်ကျီဟန်တစ်ယောက် သူပြောနေသမျှကို မကြားချင်ယောင်ဆောင်ကာ အခုဆိုသူ့ကိုအိမ်သာဆီ ကိုယ်တိုင်ခေါ်လာခြင်းပင်။ ပူနွေးနေသည့် ခန္ဓာကိုယ်ကသူ့ကျောကိုထိနေကာ လက်တွေကလည်း အခုထိခါးဆီကနေ ဖယ်မသွားသေးပဲ သူ့ကိုပင်ကူညီပေးလိုက်သေးသည်။ ပြီးနောက တိုတိုတုတ်တုတ်နှင့် စကားတစ်ခွန်းပင်ပြောလိုက်သေးသည်။ “ပေါက်။”

လင်းယွိမျက်နှာက ပူလောင်နေပြီး အခုအခြေအနေအရဆို ကြည့်ရတာ ယန့်ကျီဟန် ပျော်နေသည့်ပုံမဟုတ်ပေ။
မနေ့ကသူလုပ်ခဲ့တာကြောင့်မလို့ ဒီနေ့အရှက်ရသလို ခံစားနေရတာကြောင့်များလား?

လင်းယွိခေါင်းကို လှည့်ကာ ယန့်ကျီဟန်၏ သူရဲကောင်းဆန်ဆန်ဘေးတစောင်းမျက်နှာကို သေချာကြည့်ကြည့်လိုက်သည်။ မနေ့ညက ယန့်ကျီဟန်၏ မျက်နှာထားမျိုးစုံကို တွေးမိလာတာမလို့ ဆက်မကြည့်ရဲတော့ပေ။

သူ့ကိုမလွှတ်ပေးချင်သည့်ပုံနှင့် လွှတ်ပေးလာကာ လင်းယွိလုပ်စရာရှိတာလုပ်လိုက်လေသည်။
နောက်ဆုံးမှာတော့ ယန့်ကျီဟန်တစ်ယောက် လင်းယွိကိုကုတင်ပေါ်ပြန်ခေါ်လာကာ သူ့အတောင်တွေနှင့် ပြန်ဖုံးထားလိုက်ပြန်လေ၏။

တိတ်ဆိတ်နေတဲ့ ယန့်ကျီဟန်ဆီကနေ စိတ်နေဒေါသထွက်နေသလို၊ တည်ငြိမ်နေသလိုမျိုးမဟုတ်ပေမဲ့ အမြဲလိုလို အန္တရာယ်ရှိတဲ့ ကိုယ်ရောင်ကိုယ်ဝါမျိုးကလည်း ရှိတတ်သေးသည်။ လင်းယွိကတော့ သူ့လက်တွေကို ဆန့်တန်းကာ ဖက်လိုက်တာနှင့် တစ်ဖက်က ယန့်ကျီဟန်လည်း သူ့လက်တွေနှင့် သူ့ကိုညှစ်ထားမတတ် ဖက်လာလေသည်။

ဒါပေမယ့်လည်း သူတို့လှဲနေရတာ ကြာလှပြီမလို့ လင်းယွိပျင်းလာတော့သည်။
“ငါတို့မထတော့ဘူးလား?"

ယန့်ကျီဟန်သူ့မျက်လုံးတွေကို ဖွင့်လာကာ
“ဗိုက်ဆာလို့လား?”
“အင်း၊ နည်းနည်းပေါ့။”

ယန့်ကျီဟန်ကြည့်ရတာ စိတ်ကောင်းဝင်နေတဲ့ပုံ မဟုတ်တာမလို့ လင်းယွိသူပြောသလို နာခံစွာနေဖို့သာ စဉ်းစားထားလိုက်တော့သည်။
ဒါပေမယ့်လည်း စားသောက်ပြီးတာနှင့် လင်းယွိအချိန်ကိုကြည့်လာက ပြောလိုက်သည်။
“ငါစာလုပ်သင့်ပြီထင်တယ်။”
သူတို့ပြောထားသလို သူအခြေခံသင်ခန်းစာတွေ လေ့လာရမယ်လေ။

ယန့်ကျီဟန်ဘာမှပြန်မပြောလာပဲ သူ့ကော်လံတွေကို တည်ငြိမ်စွာပင် ညီနေအောင်လုပ်ပေးလာပြီး ခေါင်းကိုငုံ့ကာ နောက်ထပ်ဇွန်းအပြည့် အစားအသောက်တွေကိုခပ်လာကာ
“နောက်တစ်ဇွန်းစားဦး”

ယန့်ကျီဟန် လင်းယွိကို စစ်ဘက်ဆိုင်ရာအကယ်ဒမီဘက်ကို မသွားစေချင်ပေ။
သူ့စိတ်ထဲမှာ ဝေခွဲမရဖြစ်နေလေသည်။
သူအရင်ကတည်းက ကြောက်နေခဲ့တာက သူသာ လင်းယွိကို နည်းနည်းဆီပေးခဲ့မယ်ဆိုရင် လင်းယွိသူ့ကိုမုန်းသွားကာ ထားခဲ့မှာကိုပင်။

ဒါပေမယ့် မနေ့ကအတိုင်းသာဆို သူ့ဘက်ကလင်းယွိကို အများကြီးပေးပြန်ရင်လည်း လင်းယွိအတောင်စုံတာနဲ့ သူ့လက်တွေကြားကနေ ပျံထွက်သွားမှာကို စိုးရိမ်လာပြန်တော့သည်။

လင်းယွိအပေါ်သူ့အမြင်က အရင်လိုအားနည်းကာဘာမှမလုပ်တတ်တဲ့ သူတစ်ယောက်လို မမြင်တော့ပေ။ ပြောရမယ်ဆိုရင် သူ့အတွက်တော့ လင်းယွိဆိုတာ နူးညံ့ညင်သာသည့် ကိုယ်ရည်ကိုယ်သွေးရှိပေမဲ့ အလွယ်တကူချိုးဖျက်လို့မရတဲ့ မာရေကျောရေရှိတာမျိုးပါ ရှိနေသလိုပင်၊ ပြီးတော့ သူကအခက်အခဲတွေကို တောင့်ခံနိုင်ပြီးတော့ ကောင်းကောင်းသင်ယူနိုင်စွမ်း ရှိတဲ့သူတစ်ယောက်လည်းဖြစ်သေးသည်။
ပြီးတော့ လင်းယွိ ပုံပန်းသွင်ပြင်ကလည်း ကြည့်ကောင်းလွန်းသေးသည်။ ကြယ်အစုအဝေးထဲမှာနေကြတဲ့ လူတွေကြားထဲ အကြိုက်တွေကမတူကြတာတောင် သူ့အလှကိုတော့ လူတိုင်းကလက်ခံနိုင်ကြသည်အထိပင်။

သူတို့ပြန်လာကတည်းကဆိုရင် တွေ့သမျှလူတိုင်းက လင်းယွိကိုကြည့်နေကြတာကြီးပင်။
သေချာပေါက် အဓိကအကြောင်းက သူတို့တွေမာရှယ်ရဲ့ အတွဲကိုသိချင်တာဆိုပေမဲ့ ယန့်ကျီဟန်မှာတော့ အခုထိသိပ်သဘောမကျနေသေးပေ။
သူကိုယ်တိုင်လည်း လင်းယွိက အလွန်ကောင်းတဲ့လူဖြစ်မှန်း တွေးမိနေတာကြောင့် တခြားလူတွေကပါ လင်းယွိကို ကြိုက်နေကြမယ်မှန်း ခံစားနေရလေသည်။

အဲ့ဒီရုံဝမ်ဆိုတဲ့ကောင်က ဥပမာပဲ။
သူ့ရဲ့နဂိုတော်နေသည့် စွမ်းအင်ကြောင့် ထိုကလေးက မောက်မာနေတတ်တာဖြစ်ပေမဲ့ တကယ်လို့သူသာ တစ်ယောက်ယောက်ကို ကြည့်မရဘူးဆိုရင် လင်းယွိနောက်ကိုလိုက်ပြီး စကားတွေပြောခဲ့တယ်ဆိုတာမျိုးက မဖြစ်နိုင်ပေ။

ပြီးတော့ လင်းယွိကိုဆရာတွေဆီ မိတ်ဆက်ပေးတုန်းကရော ဘာထူးတုန်း။ ပထမတုန်းကတော့ သူ့မျက်နှာကြောင့်သာ လင်းယွိကိုပြောနေပေမဲ့ နောက်ပိုင်းကျလည်းကျရော ဆရာတွေမျက်လုံးထဲ လင်းယွိတစ်ယောက်ပဲဝင်တော့တာလေ။

လင်းယွိကိုယ်တိုင်ကလည်း ကိုယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို နှိမ့်ချပစ်တဲ့ စက်ရုပ်တွေကို စိတ်ဝင်စားနေတာဆိုတော့ ကြည့်ရတာ အနာဂတ်ကျရင် စစ်တိုက်ထွက်ချင်နေတာများလား?
သူတကယ် ဘာလိုချင်နေတာလဲ?

ယန့်ကျီဟန် တွေးလေတွေးလေ စိတ်ရှုပ်လာလေပင်။ လင်းယွိဆိုတာက သူ့ဘေးမှာမရှိရင်တောင်မှ ရွှေတုံးရွှေခဲလေးဖြစ်ရာ နောက်ပိုင်းတခြားတစ်ယောက်ယောက်က တွေ့သွားရင်တောင် သူ့အတွက်ထိုက်တန်တာတွေရပြီး ပိုတောက်ပလာမည့် သူမျိုးဖြစ်လေသည်။

ယန့်ကျီဟန်တွေးခဲ့တာက သူသာအခြေအနေတွေကို ထိန်းချုပ်နိုင်ရင် လင်းယွိနှလုံးသားကိုပါ ထိန်းချုပ်နိုင်လိမ့်မည်ဟူ၍။ သူသာ လင်းယွိကို ချော့မြှူနိုင်မယ်ဆိုရင် ဒါကအဲ့လောက်ပြဿနာမရှိလောက်ပေ။
ဒါပေမယ့် တကယ်လည်းလုပ်ရော ယန့်ကျီဟန် သိလိုက်ရတာက သူထင်ထားသလိုဟုတ်မနေတာပင်။

လင်းယွိရှေ့မှာဆို သူနဂိုတည်ငြိမ်နေတဲ့ပုံအတိုင်းကို မနေနိုင်ပေ။
လင်းယွိအပေါ်ထားတဲ့ သူ့ခံစားချက်တွေထက် သူ့ချစ်စိတ်ကပိုပြင်းထန်နေရာ ထိုအရာတွေကို သူ့ကိုအသက်ရှူကျပ်အောင် လုပ်နေသလိုပင်။

သူ့ကိုသာ လင်းယွိကဒီနေရာမှာသေပေးဆိုရင်တောင် သူမငြင်းဆိုရဲလောက်ပေ။ လင်းယွိ သူ့အသည်းခွဲသွားရင်တောင် သူသေချာပြန်ချုပ်ကာ လင်းယွိဆီပြန်ပေးလောက်သည်အထိ။ လင်းယွိသာထွက်သွားချင်ပါတယ် ဆိုရင်လည်း…..
ဒါပေမယ့် သူနဲ့တခြားအင်းစက်အမတွေကြား ဘာကွာတာမလို့လဲ?

တွေးလိုက်မိတာနဲ့ကို ယန့်ကျီဟန်နှလုံးသားက တင်းကျပ်လာကာ အတွေးတွေက ရှုပ်ထွေးလာကြတော့သည်။
သူအခုထိကို စိတ်ပူနေတာပဲ။
ကြောက်ကြောက်နှင့် လင်းယွိကိုသော့ပါခတ်ပြီး ထားပစ်ချင်လာသည်အထိပင်။
သူ့အတောင်တွေကို ချိုးပစ်လိုက်မယ်ဆိုရင် ဘယ်သူမှလည်း မမြင်ရတော့ပဲ သူ့လက်တွေနဲ့သာ မွေးမြူခံရပြီး ပါးစပ်တွေဟကာ…..ဒီ ဒီနည်းတစ်မျိုးတည်းကပဲ သူ့ကိုလှောင်ပိတ်ထားနိုင်မယ့်နည်းပဲ။

ဒါပေမယ့် သူ…သူကရော အဲ့လိုလုပ်တာ လိုချင်ပါ့မလား?
လင်းယွိကတော့ သူစာသင်ချင်တယ်ဆိုပြီးပြောဖူးပေမဲ့ ယန့်ကျီဟန်ဘာမှပြန်မပြောလာတာမလို့ ထပ်ပြောလာတာမျိုးတော့ မလုပ်ခဲ့ပေ။

ယန့်ကျီဟန်တစ်ယောက် မျက်လုံးတွေကိုမှိတ်ကာ လက်တွေကိုချထားပြီး တစ်ခုခုကိုအလေးအနက်တွေးနေတဲ့ပုံကြောင့် စိတ်ထဲပိုနာကျင်လာတော့သည်။ ကြည့်ရတာတော့ ယန့်ကျီဟန်မှာ တစ်ခုခုကို အသည်းအသန်တွေးနေရတဲ့ပုံပင်။
လင်းယွိ မှီလိုက်ကာ ယန့်ကျီဟန်ကိုနမ်းရင်း၊ “ခင်ဗျားက ငါ့အပေါ်ကြင်နာလိုက်တာ။”

လင်းယွိဒီစကားကို မနေ့ကဝင်ခွင့်စာမေးပွဲဖြေနေကတည်းက ပြောချင်ခဲ့တာဖြစ်ပေမဲ့ တခြားအကြောင်းတွေကြောင့် ပြောဖို့နောက်ကျသွားခဲ့တာဖြစ်လေသည်။
ယန့်ကျီဟန်ကြည့်ရတာ ထိုစကားကိုကြားလိုက်သည်နှင့် အံ့ဩသွားပုံပင်။
“ငါပျော်လိုက်တာ။”
လင်းယွိသူ့ကို ပြုံးလျက်နှင့်ပင် ဖက်လိုကသေးသည်။
“ငါတို့အနာဂတ်မှာရော ဒီလိုဆက်လုပ်နေလို့ ရသေးလား?”

ယန့်ကျီဟန်သူ့ကိုသာ ဆက်စိုက်ကြည့်နေကာ၊ “မင်း….ဆက်လုပ်ချင်သေးလို့လား?”
“ဒါပေါ့။”
လင်းယွိအံ့ဩသွားတော့သည်။ နေပါဦး ယန့်ကျီဟန်က သူဆက်မလုပ်ချင်ဘူးထင်နေတာလား?
သူပိုကပ်လာကာ ယန့်ကျီဟန်ကို နောက်တစ်ကြိမ်နမ်းလိုက်ပြီး၊
“တကယ်တော့…..ငါအခုလည်း အဲ့ဒါကို တွေးနေတာလေ။”

ယန့်ကျီဟန်သူကို ဗလာဖြစ်နေဟန်နှင့်ကြည့်လာကာ တစ်ပြိုင်တည်း အံ့ဩပြီးရှက်နေသည့်ပုံပါ ပြလာလေ၏။
ဒါပထမဆုံး လင်းယွိဘက်က ယန့်ကျီဟန်၏ ဒီလိုအံ့ဩပြီးရှက်နေသည့်ပုံလေးကို မြင်ရခြင်းပင်။
တကယ်ပဲ၊ ပိုပိုချစ်ဖို့ကောင်းလာလိုက်တာ။

ယန့်ကျီဟန်ဘက်က သူစက်ရုပ်တွေကို လေ့လာလို့ရသည်ဆိုပြီး ပြောလာကတည်းက သူပထမဆုံးတွေးမိသည်က ယန့်ကျီဟန်ကို ရှေ့လျှောက်ကူပေးလို့ရပြီဆိုတာပင်။

သူစာအုပ်ထဲမှာ မြင်ခဲ့ရတဲ့ ဇာတ်ကြောင်းကနောက် ၁၀ နှစ်အကြာကို အခြေခံရေးထားရာ နောက်ထပ်တိုးတက်လာမည့် ကြယ်အစုအဝေး၏ နည်းပညာအကြောင်းကိုပါ သူသိထားတာကြောင့် တစ်ယောက်ယောက်က စက်ရုပ်နယ်ပယ်မှာ ခေါင်းဆောင်နိုင်ခဲ့မယ်ဆိုရင် ဒါကိုတကယ်ကို အခွင့်အရေးကောင်းကြီးပင်။

လင်းယွိထိုအကြောင်းကိုတွေးလိုက်ကာ သူသာတကယ်လို့ အလုပ်ကြိုးစားရင် အနာဂတ်မှာ ယန့်ကျီဟန်ကို ကူနိုင်တော့မှာဖြစ်လေသည်။

လင်းယွိခေါင်းကိုငုံ့လာကာ ယန့်ကျီဟန်ဗိုက်လေးကို ထပ်ကိုင်လိုက်လေသည်။ ယန့်ကျီဟန်အဝတ်တွေဝတ်ထားလို့ အနည်းငယ်ဖုံးထားနိုင်သလိုပင်။ ဒါပေမယ့် အခုတော့နည်းနည်းလေးတောင်‌ ဖောင်းနေသလိုပင်။

ဒီအခန်းက တကယ်တော့ မဆိုးဘူးပဲ။ လင်းယွိတော်တော်ကို သဘောကျနေတော့သည်။
သူ့ဥတွေ ဒီမှာရှိနေတာကို တွေးမိတာနှင့်ကို နှလုံးသားလေးက နူးညံ့လာပြန်တော့သည်။

သူတကယ်ဆို စက်ရုပ်တွေသုံးခြင်းရဲ့ ဘေးကင်းမှုဘက်ကို တော်တော်လေးကို စိတ်ရောက်နေခဲ့တာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးလေ့လာချက်အရ ယန့်ကျီဟန်ကို ထပ်သန်မာလာစေဖို့ထက် အခုတော့ဘေးကင်းဖို့သာ မျှော်လင့်ထားနိုင်တော့သည်။

သူဒီကလေးလေးကို စိတ်ပူရုံသာမက ယန့်ကျီဟန်ကိုလည်း စိတ်ပူရသေးသည်။
အတိတ်တုန်းကတော့ လင်းယွိ ယန့်ကျီဟန်နဲ့သာ ခပ်ကင်းကင်းနေဖို့သာ လုပ်ခဲ့ပြီး သူ့ကတိတွေကိုလည်း သိပ်မယုံရဲပေ။ ပြောရမယ်ဆိုရင် အနာဂတ်မှာ သူ့စကားတွေကိုမေ့ကာ သူ့ကိုရှင်းပစ်မှာကို ကြောက်နေခဲ့တာဖြစ်လေသည်။

အခုတော့ ကြည့်ရတာ ယန့်ကျီဟန် လင်းယွိကိုရှင်းချင်တယ်ဆိုရင်တောင်မှ တော်တော်နောက်ကျနေလောက်ပြီဆိုတာပင်။
သူအချိန်ကိုအသုံးချကာ ယန့်ကျီဟန်နှင့် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားလိုက်နိုင်ရင် အနာဂတ်ကျရင် ယန့်ကျီဟန် သူ့ကိုနှင်ထုတ်ချင်ရင်တောင်မှ မနှင်ထုတ်ရက်ဖြစ်သွားနိုင်မလား မပြောနိုင်ပေ။

သူ့နှလုံးသားကိုက သူ့ဇနီးလေးနဲ့ကလေးလေးကို အလိုရှိနေမှတော့ သူကလည်းဒါအတွက် တိုက်ခိုက်ရမယ်လေ။
ပြီးတော့ ကြည့်ရတာတော့ ယန့်ကျီဟန်ကလည်း သူ့ကိုနည်းနည်းလေးဖြစ်ဖြစ်တော့ ကြိုက်နေသေးသလိုပင်။

အခုပဲကြည့် ယန့်ကျီဟန် သူ့ကိုစိုက်ပါကြည့်နေတာ မျက်လုံးတွေထဲမှာဆို သူ့ပုံရိပ်ကအထင်းသားပင်။ လင်းယွိ သူ့နှလုံးခုန်သံတွေကိုပါ ကြားနေနိုင်သေးသည်။
“ဒါဆိုထပ်လုပ်ကြမလား?”

လင်းယွိ ယန့်ကျီဟန်နားရွက်နားကပ်ကာ တီးတိုးပြောလိုက်လေသည်။ သူ့အတွေးတွေ၊ နှလုံးခုန်သံတွေက နောက်တစ်ကြိမ် ရှုပ်ထွေးလာပြန်သလိုပင်။

သူထင်တာမမှားပေ၊ မနေ့ညက သူအရှုံးပေးလိုက်တာက အသုံးဝင်သွားသည့်ပုံပင်။ ဒီပိုးကောင်ကြည့်ရတာ ဒါမျိုးလုပ်ရတာ ကြိုက်တတ်တာများလား?
သူသာဒီလို အိပ်လိုက်ရုံနဲ့ ရမယ်မှန်း ကြိုသိခဲ့ရင် သူလုပ်ခဲ့….?

ယန့်ကျီဟန်ဒီနေ့တော့ သိပ်မတက်ကြွနေပေ၊ ထို့ကြောင့်လည်း သူခဏလောက်တွေးလိုက်ကာ တွန့်ဆုတ်စွာပြောလိုက်သည်။
“ငါဒီနေ့ အစည်းအဝေးရှိသေးလို့….”

လင်းယွိနဲ့မနေ့ညက အကြာကြီးလုပ်ထားတာမလို့ သူအခုထိ မတက်ကြွလာသေးပဲ အလုပ်တောင်လုပ်ချင်စိတ်မရှိပေ။

“အိုခေ။”
လင်းယွိဘက်ကလည်း အတင်းတိုက်တွန်းလိုစိတ်မရှိတာမလို့ ။

ယန့်ကျီဟန် : “….”
နည်းနည်းလောက်လေးတောင် ဆက်တောင့်မထားတော့ဘူးလား? ?

“ဒါဆို ငါရေးဖြေစာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်ရင် ငါ့ကိုဆုချမယ်မလား?”
တကယ်တော့ သူဒီနေ့ညမှ ပြောချင်ပေမဲ့ : “….”

ထိုအချိန်လေးမှာပဲ လင်းယွိက သူ့သွားတွေပါပြကာ ပြုံးနေတာပြီး ယန့်ကျီဟန်ကိုယ်တိုင်လည်း ထိုအကြံကို သဘောကျတာမလို့ ပြောစရာကိုလိုမနေတော့ပေ။

သူဒီလောက်အကြာကြီး မစောင့်ချင်ပေမဲ့ လင်းယွိပြောလာတာကြားလိုက်ပြီးတော့ အခုလိုအတူတူရှိချင်နေတာ သူတစ်ယောက်ထဲမဟုတ်မှန်း သိလိုက်ရလေတော့သည်။
သူတစ်ယောက်တည်းကပဲ တွယ်ကပ်လွန်းနေတာ မဟုတ်ဘူးပဲကို။

ရှင်းမပြတတ်အောင် ယန့်ကျီဟန်နှလုံးသားလေးထဲ ချိုချဉ်လေးတစ်ခု လာစိုက်သွားသလိုပင်၊ လင်းယွိအပြုံးမှာ ပျော်ဝင်သွားကာ မသိလိုက်တော့ပဲ ခေါင်းပါညိတ်ပြလိုက်သည်အထိပင်
“အိုခေ….”

အဲ့လိုနဲ့ပဲ လင်းယွိကိုသော့ခတ်သိမ်းထားချင်တဲ့ အတွေးတွေကို စိတ်ထဲကနေဖယ်ထားလိုက်တော့သည်။
လင်းယွိကတော့ အခုထိတစ်ဖက်က အန္တရာယ်ကြီး သားရဲကောင်ကြီးက အံတွေတကြိတ်ကြိတ်ဖြစ်နေတာကာ သွားချွန်ချွန်တွေကိုပင် ပြလာမတတ်ဖြစ်နေတာကို မသိပဲ ပြုံးပါပြုံးနေလိုက်သေးသည်။

လင်းယွိထိုသားရဲကြီးကိုဖက်လိုက်ကာ သူ့ဗိုက်ကလေးကိုပင် ပွတ်ပေးလိုက်ပြီး ချော့ပင်ချော့နေလိုက်ကာ
“ငါသေချာပေါက် အလုပ်ကြိုးစားမယ်နော်။ ခင်ဗျားသာ ကိုယ့်စကားကိုမှတ်ထားဦး။”

ယန့်ကျီဟန် ကြောင်ကြီးတစ်ကောင်က နားရွက်ထောင်ထောင်တွေကို တစ်ခုခုနားထောင်ဖို့ နှိမ့်ချပေးလာသလိုမျိုး ပိုယဉ်လာကာ သူ့ကိုကြည့်လာလေသည်။
“မင်းကြိုက်…..?”

“အင်း၊ အရမ်းကြိုက်တယ်။”
လင်းယွိ ယန့်ကျီဟန်ခါးလေးကို ဖက်လိုက်လေသည်။ တောက်ပနေတဲ့ ရွှေရောင်မျက်လုံးတွေက နေရောင်ခြည်တွေအလားပင် သူ့ကိုငြင်သာစွာကြည့်နေကြလေသည်။
“ဘာလို့ဆိုတော့ ငါမင်းကိုသဘောကျတာမလို့။”

ယန့်ကျီဟန် ထိုစကားတွေကို ကြားလိုက်သည်နှင့် နေရာမှာတောင့်သွားတော့သည်။ လင်းယွိသူ့တစ်ကိုယ်လုံးနီးပါး သူ့အပေါ်ပစ်တင်ကာ ဖက်ထားတာတောင်မှ ယန့်ကျီဟန်လှုပ်ရှားမလာပေ။

ကျယ်လောင်နေတဲ့ နှလုံးခုန်သံကြောင့်သာမဟုတ်ရင် လင်းယွိသူ့ကိုယ်သူ သစ်မြစ်ကြီးကို ဖက်ထားတာလို့တောင် ထင်လောက်သည်။
တကယ်ကြီး ချစ်ဖို့ကောင်းလိုက်တာကွာ။

ပြန်တုန့်ပြန်လာတာမရှိတာတောင်မှ လင်းယွိစိတ်ကပျော်နေတာကြောင့် သူ့ကိုနမ်းနေလိုက်ပြီး
“ဒါဆိုငါသင်ခန်းစာတွေ သွားလုပ်တော့မယ်နော်။”

အခုဆို မျက်နှာတစ်ခုလုံးနီရဲလာကာ ခုံကိုကိုင်ထားသည့် လက်တွေပါတုန်လာတာကိုတော့ ကံကောင်းစွာနဲ့ လင်းယွိတစ်ယောက် မမြင်လိုက်ပေ။

မွေးခါနီးလို့ပဲလားမသိပေမဲ့ ဒီလတွေထဲ ယန့်ကျီဟန် သူ့ကိုပိုကပ်လာသလိုပင်။
လင်းယွိ ယန့်ကျီဟန်ရုံးခန်းနားက အခန်းမှာနေလေ့ရှိသော်လည်း အခုဆိုလုပ်စရာတော်တော်များများကို ယန့်ကျီဟန် ဦးစီးမှူးကိုသာ တိုက်ရိုက်လွှဲထားလေတော့သည်။

လင်းယွိနဲ့သာ နေ့တိုင်းနေပြီး စားတာ၊ အိပ်တာကနေ စာသင်ပေးတာအထိ အတူတူနေနေတော့သည်။
နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာအောင်သာ ထားထားကြလေသည်။ သူတို့နှစ်ယောက်ကြားက လေထုသည်ပင် လိုက်ဖက်ညီနေတော့သည်။

ထိုအချိန်လေးတွေမှာပဲ လင်းယွိ ဦးနှောက်အသေးလေးနား ခါးကိုင်းလိုက်ကာ သူ့နောက်မှာတော့ ယန့်ကျီဟန်ကရပ်လျက်ရှိနေတာကို မြင်လိုက်ရတော့သည်။
“ပင်ပန်းနေပြီလား?”

လင်းယွိချက်ချင်း ချဉ်းကပ်လိုက်ကာ ပြုံးလိုက်ရင်း၊ “အင်း ဒါဆိုငါ့ကိုနမ်းပေးလေ။ ဆုပေးတဲ့အနေနဲ့ပေါ့။”

ယန့်ကျီဟန်မျက်လုံးတွေက လင်းယွိအပြုံးအောက်မှာ တောက်ပနေကြသလိုပင်။ သူ့ကိုချက်ချင်း ဆိုဖာပေါ်ဖိချထားလိုက်လေသည်။

လင်းယွိ ယန့်ကျီဟန်ကို နမ်းလာကာ သူ့ခေါင်းကို ယန့်ကျီဟန်ကိုယ်လေးထဲ နှစ်မြုပ်ထားလိုက်ပြီး အနံ့လေးတွေကို ရှူရှိုက်နေလိုက်လေသည်။
“မွှေးလိုက်တာ။”

ယန့်ကျီဟန် သူပြောလိုက်တာကို သေချာမကြားလိုက်ရလို့ထင်သည်။
“ဘာကြီး?”

လင်းယွိနောက်တစ်ကြိမ် နမ်းရှုံ့ကြည့်လိုက်ပြန်သည်။ ထူးဆန်းလိုက်တာ၊ ဘာလို့ ယန့်ကျီဟန်ဆီမှာ နို့နံ့ရနေတယ်လို့ ထင်နေပါလိမ့်?

လင်းယွိထပ်နမ်းကြည့်လိုက်ကာ သေချာရှာကြည့်လိုက်လေသည်။
ယန့်ကျီဟန်ကတော့ ရှက်သွားကာ အထင်လွဲသွားပြီး သူ့အဝတ်တွေကိုပင် စချွတ်တော့မလိုပင် လုပ်နေလိုက်သေးသည်။ လင်းယွိပြုံးလိုက်ကာ သူ့နားတိုးလာလိုက်ရင်း ရပ်တန့်သွားတော့သည်။

“ယန့်ကျီဟန်၊ မင်း…..”

“ဟမ်?”
ယန့်ကျီဟန်ဘာမှမသိသလိုနှင့် မျက်လုံးတွေကိုဖွင့်လာကာ ပြန်ဖြေလာလေသည်။

လင်းယွိ တံတွေးမျိုချလိုက်ကာ
“မင်းမွေးတော့မယ်ထင်တယ်….”

ယန့်ကျီဟန် : “….”

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now