Chapter 17

3K 360 3
                                    

အပိုင်း ၁၇

ယန့်ကျီဟန်နေရာတွင် ကြောင်ရပ်နေသည်ကို မြင်လိုက်ကာမှ လင်းယွိနောက်ဆုံး သူ့ကိုထပ်မတိုက်ခိုက်လောက်ပါဘူးလေဆိုပြီး စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်နိုင်တော့သည်။

တကယ်တော့ ယန့်ကျီဟန်တုံ့ပြန်ပုံက ထူးဆန်းနေတုန်းပင်။ သို့သော်လည်း ယန့်ကျီဟန်ကြည့်ရတာ မျက်မှောင်ကကျုံ့နေတုန်းဖြစ်ပြီး အဆင်ပြေလာသည့်ပုံလည်း ပေါ်မလာသေးပေ။ သူ့ကြည့်ရတာ စိတ်ဓာတ်ကျနေပုံပေါ်နေသောကြောင့် လင်းယွိနောက်ထပ် ဘာမှဆက်မပြောရဲတော့ပေ။

သူအောက်ကို အနည်းငယ်ကြည့်မိလိုက်ရာမှ ရှက်လာသလိုဖြစ်လာကာ ဘေးကရေချိုးခန်းသုံး ပဝါလေးကိုယူကာ ယန့်ကျီဟန်ကိုပတ်ပေးလိုက်ရသည်။
ယန့်ကျီဟန်က သူ့ကိုထူးဆန်းသလိုပြန်ကြည့်လာကာ
“ငါက မင်းအဝတ်တွေကိုပါ ချွတ်ပစ်တော့မယ်လို့ ထင်နေတာ။”

လင်းယွိ : “??”

ယန့်ကျီဟန်နှုတ်ခမ်းတွေက ပြန်ပိတ်သွားကာ သူ့ကိုစကားပြန်ပြောမလာတော့ပေ။ နောက်ဆုံး ရေအေးကိုပိတ်လိုက်ပြီး လင်းယွိကို အိပ်ယာဆီကို ထပ်ဆွဲခေါ်လာပြန်တော့သည်။

လင်းယွိ ယန့်ကျီဟန်ဘေး ငြိမ်သက်စွာလှဲနေရင်း ဒီတစ်ခါတော့ ထပ်နမ်းဖို့ သတ္တိက မရှိတော့ပေ။ ထိုအစားသူ မျက်နှာကြက်ကိုသာ ကြည့်နေလိုက်တော့သည်။

သူ့ကို ယန့်ကျီဟန်ကစိုက်ကြည့်နေတာကိုတော့ ခံစားမိနေတုန်းပင်။

တစ်ခုခုကို ယုံကြည်ဖို့ခက်နေသလိုနှင့် တစ်ယောက်ယောက်က စိုက်ကြည့်တာကိုခံနေရသည်မှာ မမြင်ရသည့် အန္တရာယ်ကို အာရုံခံနေသည့် အကောင်ကြီးတစ်ကောင်က သူ့ဘေးရောက်နေသလိုပင်။

ယန့်ကျီဟန်က သူ့ကိုအချိန်အတော်ကြာ စောင့်ကြည့်နေကာ နောက်ဆုံးအနားကပ်လာပြီး လင်းယွိကို ဖက်ပစ်လိုက်တော့၏။

ဒါက ပြန်အဆင်ပြေသွားပြီဆိုတဲ့ သဘောများလား?

လင်းယွိအနည်းငယ်ရီလိုက်ကာ သူ့မျက်လုံးတွေကိုပါ မှိတ်ချလိုက်လေသည်။ သူသိသလောက်တော့ သူ ယန့်ကျီဟန်ကို သွားနမ်းလိုက်တာက ထိုလူကိုစိတ်အနည်းငယ်ဆိုးအောင် လုပ်မိလိုက်သလို ဖြစ်သွားမှန်း သူခံစားမိနေသေးသည်။ ထို့ကြောင့် သူလှုပ်ပင်မလှုပ်ရဲတော့ချေ။

ယန့်ကျီဟန်သူ့မျက်နှာကို လည်ပင်းနားဖြည်းဖြည်းချင်း တိုးကပ်လာကာ သူ့အနံ့ကို ရှူရှိုက်နေ၏။ သူ့ခမျာ အခုဆို စကားလည်းမပြောရဲ လှုပ်လည်းမလှုပ်ရဲတော့ပေ။

လင်းယွိ နောက်ဆုံးတော့ စိတ်သက်သာရာရသွားကာ ခဏတာအိပ်ပျော်သွားတော့သည်။

လင်းယွိအိပ်ပျော်သွားသည်နှင့် ယန့်ကျီဟန်သူ့မျက်လုံးကို ထပ်ဖွင့်လာလေသည်။

လင်းယွိကို အမှောင်ထဲမှာ အတန်ကြာကြည့်နေခဲ့လေသည်။ လင်းယွိမျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို လက်ဖျားလေးတွေနှင့် လိုက်ထိနေလိုက်ကာ နောက်ဆုံးလင်းယွိနှုတ်ခမ်းတွင် ရပ်သွားတော့သည်။

ဘာလို့အရမ်းနေလို့ ကောင်းတာပါလိမ့်?

ယန့်ကျီဟန် လင်းယွိကို စိတ်ရှုပ်ရှုပ်နှင့်ကြည့်နေလိုက်ရင်း နောက်ဆုံးနမ်းဖို့ အနားသို့တိုးသွားလိုက်သည်။

နမ်းမိဖို့ အကွာအဝေးအနည်းငယ်အလိုလောက်လေးမှာပဲ ယန့်ကျီဟန်သူ့ကိုယ်သူ ရပ်လိုက်ကာ မျက်မှောင်ကြီးကျုံ့ပြီး ပြန်လှည့်လိုက်တော့သည်။

တော်ပြီ၊ ငါအရုပ်တစ်ရုပ်တော့ မလိုပါဘူး။

နောက်တစ်နေ့မနက် လင်းယွိနိုးလာတဲ့အခါမှာတော့ သူ့ကိုယ်သူ ယန့်ကျီဟန် ဖိထားတာထပ်ခံထားရမှန်း သိသွားလေတော့သည်။

ပြောရမယ်ဆိုရင် ဖက်ထားတယ်ဆိုတာမျိုးထက် တစ်ကယ်ကြီး တက်ဖိထားတာဖြစ်သည်။ နဂါးကြီးက ရတနာရွှေတောင်ကြီးပေါ်မှာ တက်အိပ်နေသလိုမျိုး။ ထိုလူတစ်ကိုယ်လုံးက မင်းဘာမင်း ကောင်းကောင်းအိပ်ရရ မရရ ငါသောက်ဂရုမစိုက်ဘူးဆိုသည့် အရောင်အဝါတွေကို ထုတ်လွှတ်နေတော့သည်။ နောက်တစ်မျိုးပြောရမည်ဆို ငါပိုင်တဲ့ဟာ ဘယ်သူမှလာမယူနဲ့ ဟုပြောနေသယောင်ယောင်ပင်။

လင်းယွိက ပိန်သွယ်သည်ဆိုသော်ငြား သူ့ ခန္ဓာကိုယ်ကြွက်သားကတော့ တောင့်တင်းစွာရှိပေသေးသည်။ ဒါပေမယ့် အခုတော့ သူဝန်ခံပါတယ်….ဒီလူက တော်တော်လေးတာပဲ။

လင်းယွိ ယန့်ကျီဟန်ကို ငုံ့ကြည့်လိုက်ကာ ထွက်သွားဖို့လုပ်လိုက်သော်လည်း ယန့်ကျီဟန်ကသူ့ကို ပြန်ဖမ်းချုပ်ထားပြန်သည်။ ကြည့်ရတာ သူရုန်းနေတာကို မကြိုက်လို့ထင်သည်။ ချက်ချင်းကို လင်းယွိရင်ဘတ်အား ခေါင်းအုံးသဖွယ်ပင် ပိုင်စိုးပိုင်နင်း အုံးချလိုက်သေးသည်။

လင်းယွိ ယန့်ကျီဟန်ခေါင်းက ဆံပင်ပွပွလေးတွေကို ကြည့်ကာ မထိန်းနိုင်ပဲ ပြုံးမိသွားလေသည်။

သူလက်ချောင်းထိပ်လေးတွေကို လှုပ်လိုက်ကာ ယန့်ကျီဟန်ခေါင်းကို ထိချင်သော်လည်း သူ့အတွေးတွေကို ချက်ချင်းပယ်ချလိုက်သည်။

ထူးဆန်းလိုက်တာ၊ ငါဘာလို့ အဲ့လောက်အကြောက်အလန့် မရှိတော့တာပါလိမ့်။

လင်းယွိ နောက်တစ်ကြိမ် သူ့မျက်လုံးတွေကိုသာ မှိတ်ထားလိုက်ကာ ယန့်ကျီဟန်နိုးလာမှာကိုသာ စောင့်နေလိုက်သည်။
ထိုမတိုင်ခင်က ယန့်ကျီဟန်စောစောနိုးနေတာဖြစ်သော်လည်း အခုလင်းယွိပြန်အိပ်ပျော်သွားသည်နှင့် ယန့်ကျီဟန်မျက်လုံးတွေက ပွင့်လာပြန်သည်။

သူလင်းယွိကို ကြည့်နေလိုက်သည်။

လင်းယွိ သူ့ကိုပြန်ပြုံးပြလာသည်။ သူထင်ထားတာက ယန့်ကျီဟန်ဒီတစ်ခါလည်း ဘာမှမပြောပဲ ထပ်ထွက်သွားမယ်လို့ပင်။ သို့သော် သူထွက်မသွားသည့်အပြင် အချိန်အတန်ကြာ စိုက်ကြည့်နေလိုက်ပြီးနောက် ထပ်ဖက်လာကာ မျက်လုံးတွေကို ပြန်မှိတ်သွားလေသည်။

လင်းယွိ ကြောင်သွားတော့သည်။

ကြည့်ရတာ ယန့်ကျီဟန်ပါ အိပ်ယာထဲဆက်နေဦးမယ့်ပုံပဲ။

ယန့်ကျီဟန်အိပ်ယာကနေထဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။ ပြီးတာနဲ့ သူလင်းယွိကိုပြန်တောင်မကြည့်တော့ပဲ ရေချိုး၊ အဝတ်အစားလဲတာကိုသာ တစ်ဆင့်ချင်းလုပ်နေလေသည်။
ယန့်ကျီဟန်အိမ်ထဲကနေ ထွက်သွားသည်နှင့် လင်းယွိသက်ပြင်းချလိုက်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် စားစရာရှိတာကိုပင်စားလိုက်ပြီး ဦးနှောက်အသေးလေးကို ပြန်ဖွင့်လိုက်လေသည်။ သူဘာသာစကား သင်စရာရှိတာ သင်ရဦးမည်လေ။

မကြာမီက လူအတော်များများက လင်းယွိတိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစားလာကြည့်ကြရာ သူ့ထုတ်လွှင့်မှုကို ပြန်ရိုက်ကူးထားသည့် ဗီဒီယိုတွေကလည်း အတော်ကိုပြန့်နှံ့လျက်ရှိကြလေသည်။ အဖွဲ့ချုပ်ကပင် သူ့ကိုဆက်သွယ်ဖို့လုပ်နေတာဖြစ်သည်။ အပြင်မှာလည်း လင်းယွိကိုရှာနေသည့် ဇက်အုပ်စုတွေကလည်း များပြားစွာရှိနေကြသော်လည်း ယန့်ကျီဟန်ရော လင်းယွိရော ဘာတွေဖြစ်နေမှန်း တစ်ယောက်မှမသိကြသေးချေ။

ညတိုင်း ယန့်ကျီဟန်ပြန်လာသည်နှင့် လင်းယွိသူ့ဦးနှောက်အသေးလေးကို ပိတ်ကာ ယန့်ကျီဟန်နှင့် အတူတူနှစ်ခြိုက်စွာ အိပ်ကြကာ မနက်တိုင်းသူနိုးလာတိုင်းလည်း သူအဖက်ခံထားရတုန်းပင်။

ဒီနေ့မှာတော့ လင်းယွိသူ့လက်မောင်းတွေကြားထဲ အိပ်ပျော်နေသည့် ယန့်ကျီဟန်ကို ကြည့်နေရင်း သူနှလုံးသားအလိုကိုလိုက်ကာ ပွယောင်းယောင်းဆံပင်တွေကို ပွတ်သပ်ပေးဖို့ လက်လှမ်းလိုက်လေသည်။

အခုနောက်ပိုင်း သူ့ကိုပြုမူသည့် ယန့်ကျီဟန်အမူအကျင့်တွေက အနည်းငယ်တော့ ထူးဆန်းနေမှန်း သူရိပ်မိလာသည်။

သူ့ကိုမုန်းတယ်လို့ပြောခဲ့တယ်ပဲထားဦး၊ အခုဒါက ဘာမှမဟုတ်တော့သလိုပင်။ ယန့်ကျီဟန်အခုနောက်ပိုင်း ပိုတွယ်ကပ်လာကာ ပိုပြီးလည်း ပွင့်လင်းလာသလိုပင်။

သူတို့အခန်းကြားထဲက နံရံကလည်း အပေါ်သို့တင်ထားကာ ယန့်ကျီဟန်သူပြန်ရောက်လာတိုင်း ကိုယ့်အခန်းကိုပင် မပြန်တော့ပဲ လင်းယွိဆီတန်းလာကာ ဘေးမှာထိုင်လျက်နေတတ်လေသည်။

တကယ်လို့ လင်းယွိကဧည့်ခန်းထဲမှာ ရှိနေတာဆိုရင်လည်း လင်းယွိကိုအိပ်ခန်းထဲသို့ ပွေ့ခေါ်လာကာ သူထွက်သွားမှာစိုးသည့်အလား အခန်းတံခါးကိုပါ ပိတ်ထားတတ်သေးသည်။ သူ့ဘေးကို ဘာမှမဖြစ်သလိုမျက်နှာထားနှင့် ဆွဲယူတတ်သေးကာ သူ့ခြေထောက်တွေကို လင်းယွိခြေထောက်ပေါ်တင်ပြီး ထွက်မသွားတော့အောင်ပါ လုပ်လိုက်သေးသည်။

ဒါပေမယ့် ဒါကသူတို့ဆက်ဆံရေးတိုးတက်လာတဲ့ လမ်းစပဲဆိုပြီး ပြောလို့လည်းမရသေးပေ၊ လင်းယွိ တစ်ခုခုတော့ မှားနေသလိုလို ခံစားနေရသေးသည်။

ယန့်ကျီဟန်သူ့ကို ဆက်မတိုက်ခိုက်တော့ပေမဲ့ သူ့ကိုလည်း စကားပါမပြောလာတော့ပေ။
ယန့်ကျီဟန်ခေါင်းကို လင်းယွိထိနေတဲ့ အချိန်မှာပဲ သူ့မျက်လုံးတွေကို ဖြည့်ညင်းစွာဖွင့်လာလေသည်။ လင်းယွိ ချက်ချင်းရပ်လိုက်လေသည်။
“မောနင်း။”

ယန့်ကျီဟန် လင်းယွိကိုတစ်ချက်ကြည့်လိုက်ကာ ခေါင်းကိုပြန်ငုံ့လိုက်ပြီး ဘာမှပြန်မပြောပဲ ထပ်ဖက်လာပြန်သည်။

လင်းယွိခဏလောက်ရပ်နေလိုက်သော်လည်း နောက်တစ်ကြိမ်သူ့  လက်ကိုဂရုတစိုက်နှင့် ပြန်တင်ထားလိုက်သည်။ ယန့်ကျီဟန်၏ ဆံပင်တိုစိစိလေးတွေက သူနှင့်မတူစွာ နူးညံ့သည့် ဆံပင်ရှိသည့် လင်းယွိလက်ထိပ်ကလေးတွေကို ထိနေသည်အား သူစတင်သဘောကျလာတော့သည်။

အခုထိ သူ့မျက်လုံးတွေကိုမှိတ်ကာ ရင်ဘတ်ပေါ်လှဲနေဆဲဖြစ်သည့် ယန့်ကျီဟန်က လင်းယွိလုပ်နေသည်ကို အသာတကြည်ခွင့်ပြုထားသည့်အလား ငြိမ်သက်စွာရှိနေလေသည်။

လင်းယွိပြုံးလိုက်ကာ အခုဆို သူရှင်းမပြတတ်အောင် စိတ်အခြေအနေက ကောင်းနေတော့သည်။ ဒါကဘာနဲ့တူသလဲဆို ကျားကြီး၏သားမွေးတွေကို အောင်မြင်စွာကိုင်နိုင်လိုက်သည့် အောင်မြင်မှုကြီးတစ်ခုလိုပင်။

လက်ကကိုင်နေရသည့် ခံစားချက်လေးကကောင်းလှရာ လင်းယွိ ယန့်ကျီဟန် လည်ပင်းနားကိုပါ ပွတ်ပေးမိသွားတော့သည်။

ယန့်ကျီဟန်ဘာမှမပြောလာသဖြင့် လင်းယွိလည်း သူထပ်အိပ်ပျော်သွားတာပဲဟုသာ တွေးလိုက်ကာ ကျားကြီး၏ နောက်ကျောတစ်လျှောက်ကိုပါ ပုတ်ပေးနေလိုက်လေသည်။

ဒါက ကြည့်ရတာ တစ်ကယ်ကြောင်ကြီးတစ်ကောင်ကို မွေးထားရသလိုပဲ။

ကျားတွေဆိုတာ အဲ့လောက်ကြောက်ဖို့ကောင်းတာ မဟုတ်ဘူးလေ။ လင်းယွိသူအဲ့လို တွေးမိတုန်းရှိသေး ယန့်ကျီဟန်က ရုတ်တရက်အနောက်ကို ဆုတ်လိုက်ကာ သူ့ဆံပင်တွေကို မှုတ်ထုတ်လာလေသည်။
“အိုခေ၊ မထိနဲ့တော့!”

လင်းယွိချက်ချင်းရပ်လိုက်သော်လည်း သူ ယန့်ကျီဟန်အကြည့်တွေနှင့် ဆုံလိုက်သည်နှင့် ယန့်ကျီဟန်ဘာကြောင့် စိတ်ဆိုးနေမှန်း သူသဘောပေါက်သွားတော့သည်။

သူ့ခြေထောက်တွေကို အနည်းငယ်ရွှေ့ကြည့်လိုက်ရုံနှင့် ကြည့်ရတာ ဒီကျားကြီးက သူ့ဘက်က အနည်းငယ်ထိလိုက်ရုံနှင့် အမြီးပါနောက်ဆုံးပေါက်လာပုံပင်။
အရင်က ဒီလိုမျိုး ယန့်ကျီဟန်မှာ ဖြစ်ဖူးပေမဲ့ ထိုအချိန်တိုင်း သူချက်ချင်းထကာ ရေချိုးခန်းထဲဝင်လိုက်ပြီး ရေအေးတွေချိုးရင်း ဖြေရှင်းခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ယန့်ကျီဟန်ဘက်က လှုပ်မလာပဲ သူ့ခေါင်းကိုသာ ငုံ့ထားလေသည်။ သူကိုယ်တိုင်လည်း ဘာပြဿနာတက်နေမှန်း မသိပေ။ အတော်ကြာ ထိန်းထားလိုက်ပြီးနောက်တွင်တော့ သူ့နားရွက်တွေပါ နီရဲတက်လာတော့သည်။

လင်းယွိ ခြေထောက်ကသူ့ကိုထိနေလေရာ ခေါင်းကိုမော့လာပြီး ဆက်မထိရန်ပြောသည့်အလား အကြည့်ကလင်းယွိဆီရောက်လာလေသည်။ လင်းယွိမျက်နှာကပါ ချက်ချင်းပူတက်လာသလိုပင်။

ဘာဆက်လုပ်ရပါ့။ သူဒီကျားအမြီးကို ထပ်ထိချင်နေသေးတယ်လေ။

မဟုတ်သေးဘူး၊ ပိုအရေးကြီးတာက ကြည့်ရတာ ကျားကြီးကပါ သူ့အမြီးကိုဆက်ထိစေချင်နေသည့် ပုံလေးဖြစ်နေတာပင်။

လင်းယွိဘက်က စတင်ကာ အနားကပ်လိုက်သည်နှင့် ယန့်ကျီဟန်အသက်ရှူသံတွေကပါ သိသာစွာယိုရွင်းရွာသလိုပင်၊ ထို့နောက် သူ့ကိုပြန်စိုက်ကြည့်လာပြန်သည်။
လင်းယွိ တစ်ဖက်ကသူ့ကိုလက်ခံကြောင်းနှင့် တစ်ခုခုကို မျှော်လင့်နေသလို အကြည့်တွေကို ရွှေရောင်မျက်ဆံလေးတွေကနေတစ်ဆင့် မြင်လိုက်ရသည်နှင့် သူ့နှလုံးက လျင်မြန်စွာ ခုန်လာတော့သည်။

သူ ယန့်ကျီဟန်ကို နမ်းလိုက်သည်နှင့် ယန့်ကျီဟန်ဘက်က စကာ ပါးစပ်ကိုဖွင့်ပေးလာလေသည်။ နောက်ဆုံးတော့ အကာအဆီးက ပျက်သုဉ်းသွားလေပြီ။ထို့နောက် သူ့တစ်ကိုယ်လုံး သူ့ဘက်ကိုလှည့်လာကာ လက်တွေကို ဆန့်ထုတ်လာပြီး သူ့ကိုစတင်ဖက်လာလေတော့သည်။

လင်းယွိ အခြေအနေကို အခွင့်ကောင်းယူလိုက်လေသည်။ ဒီနေ့တော့ ငါကျားရဲ့ခေါင်းကို ကိုင်လိုက်ရုံတင် မကဘူး၊ ကျားကြီးရဲ့ ဗိုက်ကိုပါ ပွတ်ပေးလိုက်ရပြီးတော့ အခုဆို သူ့အမြီးကိုပါ ကိုင်ထားနေပြီတဲ့ကွ။

ကျားကြီးကြည့်ရသည်မှာ အလွန်သဘောကျနေပုံပေါက်ကာ အကြိမ်ရေအနည်းငယ်လောက်နှင့် သူလက်တွေရွှဲစိုသွားတော့သည်။

လင်းယွိလည်း ကြောင်သွားလေသည်။ ဒီလောက်မြန်မြန် ပြီးသွားမယ်လို့ သူလည်းမထင်ထားဘူးလေ။
ယန့်ကျီဟန်မျက်နှာက ရှက်လွန်းလို့ နီရဲတွတ်နေပြီဖြစ်သည်။ သူခေါင်းကို ငုံ့လိုက်ကာ မျက်နှာကိုလက်တစ်ဖက်တည်းနှင့် ဖုံးလိုက်ပြီး လင်းယွိကိုကြည့်ဖို့ကို ငြင်းဆန်နေပေမဲ့ ကျန်တဲ့လက်တစ်ဖက်ကတော့ ခုထိလင်းယွိကို ဆွဲထားတုန်းပင်။

လင်းယွိသူ့ကို နောက်တစ်ကြိမ်နမ်းလိုက်ကာ ခဏလောက်စောင့်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလာသည်။
“ကျနော် လက်တွေကိုသွားဆေးလိုက်ဦးမယ်နော်?”

ယန့်ကျီဟန်နောက်ဆုံးတော့ သူ့ခေါင်းကိုပြန်မော့လာကာ သူ့ကိုမျက်စောင်းကြီးနှင့် ပြန်စိုက်ကြည့်လာတော့သည်။

လင်းယွိ: “?”

ယန့်ကျီဟန် မျက်လုံးတွေကို ရှက်ရှက်နှင့် ထပ်မှိတ်ထားလိုက်ကာ အခုဆိုသူ့မျက်နှာက ရှက်လွန်းလို့ နီရဲနေပြီဖြစ်သည်။ ခဏအကြာမှာတော့ သူဒီ့ထက် မစောင့်နိုင်တော့သည်ပုံနှင့် အံကိုကြိတ်လိုက်ကာ လင်းယွိလက်ကို ထပ်ဆွဲလာလေသည်။ အသံကတိုးလွန်းလှရာ တော်တော်ကို နားထောင်ယူလိုက်ရသည်။

“အဲ့လောက်နဲ့ မရသေးဘူး….”
လင်းယွိလက်ကိုကိုင်ကာ အစိတ်အပိုင်းတစ်ချို့ကို ထိခိုင်းလာလေသည်…..လင်းယွိ သူကိုယ်တိုင်လည်း အသက်ရှူရပ်မတတ် လန့်သွားတော့သည်။ သူအခုမှ ယန့်ကျီဟန်ဘာကို ဆိုလိုချင်မှန်း နားလည်သွားသည်။

လင်းယွိသွေးတွေက အပေါ်ကိုဆက်မစီးတော့သလိုပင်။ သူ့ခေါင်းက မူးဝေနေပြီး နောက်ဆုံးသူသိလိုက်သည်မှာ အခုထက်ပိုပြီး သူ့လက်တွေကို နေရာမှာရပ်တန့်ထားလို့ မဖြစ်တော့ပေ။ သူချက်ချင်း ကြောင်ကြီးကို ချော့မြူဖို့ အားကုန်သုံးလိုက်တော့သည်။

အရှေ့ကိုကိုင်းထားသည့် ကြောင်ကြီးကျောက ချက်ချင်းမတ်သွားပြီးနောက် လင်းယွိကျောပေါ် နောက်ဆုံးတော့ပုံကျလာကာ လည်ချောင်းထဲကနေ ညင်သာသည့်အသံလေးက ထွက်လာလေ၏။

အချိန်အတန်ကြာမှာတော့ ယန့်ကျီဟန်လင်းယွိလက်မောင်းကို ရုတ်တရက်ဆုတ်ကိုင်လာလေသည်။ ထို့နောက်မှာတော့ လင်းယွိ ယန့်ကျီဟန်၏ အတောင်ပံကြီးကို ထပ်တွေ့လိုက်ရတော့သည်။

ကြီးမားလှသည့် အတောင်ပံတွေက ရုတ်တရက်ပေါ်လာကြကာ နေရာမှာမထိန်းနိုင်မသိမ်းနိုင် ခတ်နေကြလေသည်။ သူတို့အရွယ်အစားက အိပ်ယာတစ်ခုနီးနီးပင် ရှိကြသည်။
သို့သော်မကြာမီမှာပဲ ယန့်ကျီဟန်တစ်ယောက် အခုထိသူ့အသက်ရှူသံတွေက မြန်ဆန်နေတုန်းဖြစ်ကာ သူ့ကိုယ်သူမထိန်းချုပ်နိုင်သေးသောကြောင့် လင်းယွိကို မျက်နှာချင်းမဆိုင်တော့ပဲ ဘေးကခေါင်းအုံးကိုဆွဲယူလိုက်ကာ သူ့နီရဲနေသည့်မျက်နှာကို ဖုံးထားလိုက်ပြီး သူ့ကိုယ်သူတော့ အတောင်ပံကြီးတွေဖြင့် အုပ်ထားလိုက်လေတော့သည်။

လင်းယွိသူ့အခုထိ စိုရွှဲနေသည့် လက်တွေကိုကြည့်လိုက်ကာ အခုဆို သူ့နှလုံးခုန်သံတွေက ဒရမ်တစ်ခုတီးနေသလို ခုန်ပေါက်နေလေသည်။

သူရူးနေတာမလား? သူအခု ယန့်ကျီဟန်က အရမ်း…..ချစ်ဖို့ကောင်းတယ်လို့ ထင်နေတယ်တဲ့။

ယန့်ကျီဟန် ခေါင်းအုံးထဲ သူ့မျက်နှာနှင့် နားရွက်တွေကို ဖုံးထားလိုက်ကာ လင်းယွိကို ထပ်မကြည့်လာတော့ပေ။ သူလည်း အခုထိကျယ်လောင်စွာ ခုန်နေသည့် နှလုံးခုန်သံကို ငြိမ်သွားအောင် မလုပ်နိုင်သေးသလို ပူလောင်နေသည့် သူ့မျက်နှာကအပူကိုလည်း အခုထိမလျှော့ချနိုင်သေးချေ။

သူအခုလေးတင် ဘာတွေလုပ်လိုက်တာပါလိမ့်?

လင်းယွိဆို အခုထိသူ့အဝတ်တွေ ဝတ်ထားတုန်းလေ၊ ဒါပေမယ့် သူ…သူက…
ပြီးတော့ အဲ့ဒါက ဘာလို့ အဲ့လောက်နေလို့ကောင်းတာပါလိမ့်?

ဒါကမဖြစ်သင့်ဘူးလေ၊ ဒီပိုးကောင်က ကြည့်ရတာ တစ်ကယ်ကိုနည်းပညာမြင့် လူလုပ်အရုပ်ပဲနေမယ်။

သူဘာဖြစ်နေတာပါလိမ့်၊ သူလိုလူက အရုပ်တစ်ရုပ်ကို ရှက်ပြီးတော့ ရင်တွေပါခုန်နေတယ်တဲ့၊ ပြီးတော့ သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်တော့ပဲ ဘာဆိုဘာမှကို မတွေးနိုင်တော့တဲ့အထိတဲ့လေ။

တပ်မှူး မာရှယ်ကို သတင်းပို့နေရင်း သူ့မာရှယ်ကြည့်ရတာ စိတ်မဝင်စားသလိုဖြစ်နေမှန်း တွေ့သွားလေသည်။

“မာရှယ်၊ အနားမယူရသေးလို့ပါလား ခင်ဗျား?”

ယန့်ကျီဟန်သူ့ကို ပြန်ကြည့်လာကာ ဒီနေ့တော့ သူထူးမခြားနားမျက်နှာပေါ်မှာ တစ်စုံတစ်ခုကို သဘောတွေ့မနေသည့် ပုံကထင်ရှားစွာပေါ်လာတော့သည်။

တပ်မှုးလည်း ချက်ချင်းခေါင်းစဉ်ကို ပြောင်းလိုက်ကာ
“မျိုးရိုးတစ်ခုက ဒီကိုလာလည်ချင်လို့တဲ့။”
“မျိုးရိုး?”

ယန့်ကျီဟန် ဒီတစ်ခေါက် စွမ်းအင်အရင်းအမြစ် အတော်များများကို ထိုဂြိုလ်ပေါ်ကနေ ရလာခဲ့လေရာ သူ့ဆီလာဆက်သွယ်သူများလည်း ရှိလာကြလေသည်။ သူ့ဘက်ကလည်း ရောင်းချင်သည့်ပုံကို ပြထားလေသည်။

သို့သော် ထိုမျိုးရိုးက နဂါးမျိုးရိုးလို သက်တမ်းကလည်း ရှည်ကြာနေလေပြီး သူတို့တွေက အမြဲလိုလို ခေတ်နောက်ပြန်ဆွဲသမားတွေဖြစ်ကာ ဂြိုလ်တွေပေါ်မှာသာ နေလေ့ရှိပြီး အာကာသယာဉ်လိုမျိုးကို စိတ်လည်းမဝင်စားကြပေ။
အချက်ကျကျပြောရမည်ဆိုလျှင်တော့ ထိုမျိုးရိုးကသူတွေက အခုလိုစွမ်းအင်အရင်းအမြစ်တွေကို လိုတောင်လိုမည့်သူတွေ မဟုတ်ပေ။

ယန့်ကျီဟန်မျက်မှောင်ကျုံ့လိုက်ကာ ထိုမျိုးရိုး၏ သတင်းအချက်အလက်ကို ကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ထိုမျိုးရိုးက သာမန်မျိုးရိုးဟုတ်မနေမှန်း ယန့်ကျီဟန် သိလိုက်လေသည်။

“သူက ဇက်မျိုးစပ်ပဲ။”
တပ်မှူးလည်း အံ့ဩသွားလေသည်။ ဒါက သူတောင် မသိထားဘူးလေ။

မာရှယ်က ဒါမျိုးကို သိပ်စိတ်ထဲမထားတတ်ပေ။

သို့သော် ဒီတစ်ခါမှာတော့ ယန့်ကျီဟန် ဓာတ်ပုံထဲကလူကို ကြည့်နေသည့် မျက်နှာအမူအရာက မည်းနက်သွားသလိုပင်။

ဒီမျိုးရိုးက ဘယ်ကရောက်လာတာတုန်း?




ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now