Chapter 14

3.1K 413 3
                                    

အပိုင်း ၁၄ -

ယန့်ကျီဟန် လင်းယွိကို သူတို့စခန်းချရာကို ပြန်ခေါ်လာပြီးနောက် တပ်မှူးကချက်ချင်း နှုတ်ဆက်လာလေသည်။
“မာရှယ်၊ ကျွန်တော်တို့ ယာဉ်အဆင်သင့်ဖြစ်နေပါပြီ။”

သူကသဘောပေါက်လွယ်ကာ အရင်ဆုံး ဆေးကုသသည့် သေတ္တာလေးကို အရင်ယူလာပေးလေသည်။

ယန့်ကျီဟန်ခေါင်းညိတ်လိုက်ကာ လင်းယွိကိုအမြန်ထည့်လိုက်သည်။

လင်းယွိစိုနေသည့် ဆံပင်တွေလည်း အခုဆို ခြောက်သွားကြပြီး သူ့ကိုယ်ကတော့ ပူနေကာအဆင်မပြေ ဖြစ်နေလေသည်။ နောက်ဆုံးတော့ သူဒီဖန်ပေါင်းချောင်ကြီးကိုပင် သတိရနေသလိုလိုပင်။

သူဝင်ပြီးပြီးချင်း အပြင်က တောက်လောက်နေသည့် နေမင်းကြီးကိုပါ ကာလိုက်ပြီးသားဖြစ်သွားသဖြင့် လင်းယွိစိတ်ချမ်းသာသွားပြီး နောက်ဆုံးအသက်ဖြောင့်ဖြောင့် ရှူနိုင်တော့သည်။

ထွင်းဖောက်မြင်နိုင်သည့် နူးညံ့သောဂျယ်လီလိုဟာတွေက သူ၏ခြောက်သွေ့နေကာ နာကျင်နေသော အရေပြားကို ဖုံးအုပ်ပစ်လိုက်ကြသည်။ သူချက်ချင်း နေသာထိုင်သာရှိလာကာ သူ့ကိုယ်ပေါ်က အနာတစ်ချို့ပင် သက်သာလာသလိုပင်။

ယန့်ကျီဟန် လင်းယွိအဆင်ပြေနေမယ်ဆိုတာ သိတာကြောင့် အတန်ကြာကြည့်နေလိုက်ပြီးနောက် သူလည်း စိတ်သက်သာရာရသွားတော့သည်။ သူ့အတောင်ပံတွေက ကျောဘက်ပြန်ပေါ်လာတော့သည်။

သူ့ခေါင်းကိုမော့လိုက်လိုက်ချင်း တပ်မှူးနှင့်စစ်သားတစ်အုပ်က သူ့ကိုကြည့်နေကြသည်ကို သတိထားမိသွားတော့သည်……ပြီးတော့ လင်းယွိကိုပါ ကြည့်နေကြတာရောပင်။

ယန့်ကျီဟန် စိတ်ထဲအဆင်မပြေ ဖြစ်သွားသည်။

သို့သော် ထိုစစ်သားတွေက သူထိုပိုးကောင်အပေါ် အာရုံစူးစိုက်ပေးနေမှုက အနည်းငယ်စည်းကျော်သလို ဖြစ်နေမှန်းကို သိချင်နေသောကြောင့်သာ ဖြစ်မည်မှန်း သူသိထားလေသည်။

သူ့စစ်တပ်တွင်း စည်းမျဉ်းစည်းကမ်းတွေဆိုတာ အလွန်ကိုတင်းကျပ်လှကာ မည်သူတစ်ဦးတစ်ယောက်အတွက်ကိုမဆို ခြွင်းချက်ဆိုပြီး မရှိခဲ့ဘူးပေ။ သို့သော် မနေ့က လင်းယွိကိုကယ်ဖို့ရန်အတွက် သူစစ်မြေပြင်ကို ဒီအတိုင်းထားခဲ့ရကာ ပြန်လည်းမလာဖြစ်ခဲ့ပေ။

ယန့်ကျီဟန်မတ်မတ်ရပ်လိုက်ကာ သူ့လည်ချောင်းကိုရှင်းလိုက်ရင်း
“မနေ့ညက တိုက်ပွဲဘယ်လိုနေလဲ?”

တပ်မှူးက ချက်ချင်းဖြေလာသည်။
“အကုန်ရှင်းလင်းပြီးပါပြီ။ တပ်သားတစ်ချို့ အကြီးအကျယ်ဒဏ်ရာရသွားကြပေမဲ့ အခြေအနေက တည်ငြိမ်ပါတယ်။ ကျွန်တော်တို့ အတူတူတိုက်ခဲ့ကြလို့ အဆင်ပြေပါတယ်။”

“သူတို့ကို ဆေးကုဖို့ အာကာသယာဉ်ပေါ်ကို ပို့ထားလိုက်။”

“အင်း၊ သွားရအောင်။”

“မာရှယ်။ အတူတူပြန်လိုက်ချင်ပါသလား?”

ယန့်ကျီဟန် ဘာမှမပြောနိုင်ပေ။

အမှန်အတိုင်းပြောရမယ်ဆိုရင် သူဒီမှာသာ နေခဲ့သင့်တာ ဖြစ်သည်။ ပြီးတော့ ပြန်ဖို့အတွက် သူ့မှာထွေထွေထူးထူးအကြောင်းပြချက်လည်း ရှိမနေပေ။
သို့သော်လည်း တစ်ကယ်လို့သူသာ လင်းယွိကို အာကာသယာဉ်ကြီးပေါ်ကို တစ်ယောက်တည်း ပြန်လွှတ်လိုက်လျှင် သူလင်းယွိဆေးကုသသည့် အခြေအနေကို သူကိုယ်တိုင်မြင်ရတော့မှာလည်း မဟုတ်သလို ဒဏ်ရာဘယ်လောက်ထိ ပြင်းထန်သလဲဆိုတာကိုပါ သူမသိနိုင်တော့ပေ။ ထိုအချက်တွေကြောင့် သူလည်းဒီမှာ ဘယ်လိုမှစိတ်ဖြောင့်နိုင်မည်လည်း မဟုတ်ပေ။

ယန့်ကျီဟန်မျက်မှောင်ကျုံ့နေလိုက်ကာ သူခေါင်းသာညိတ်ပြလိုက်တော့သည်။
“အင်း။”

တပ်မှူးနောက်ထပ် မေးခွန်းတွေထပ်မမေးတော့ပဲ ပြင်စရာရှိတာတွေကို အမြန်ပြင်နေလိုက်သည်။ အာကာသယာဉ်ကြီးပေါ်သို့ ပြန်ရန်လိုသူများအားလုံး ယာဉ်လေးတွေပေါ်တွင် နေရာယူလိုက်ကြသည်။ ထို့နောက် စတင်ထွက်ခွာလာတော့သည်။

မာရှယ်ထွက်သွားသည်ကို မြင်မှသာ စစ်သားတစ်ယောက် သက်ပြင်းချလိုက်ပြီး အသံတိုးတိုးလေးနှင့်ပြောလာလေသည်။
“ဟေ့၊ ငါအားကျလိုက်တာကွာ။ ငါရော ဘယ်တော့မှ မိန်းမတစ်ယောက်လောက် တွေ့မှာတုန်း?”

“မင်းဘာတွေလာပြောနေတာလဲ? အဲ့ဒါ ယောက်ျားကြီးလေ။”

“သူကအရမ်းချောတာဟ။”
နောက်ထပ်စစ်သားတစ်ယောက် ထပ်ရောက်လာကာ သိချင်ဇောနှင့် မေးလာပြန်သည်။
“သူကအဲ့လောက်တောင် ကြည့်ကောင်းလို့လား?”

ယန့်ကျီဟန် လင်းယွိကိုပြန်သယ်လာတုန်းက ကိုယ်တိုင်ချီသယ်လာတာကိုမြင်ပြီး အကုန်လုံးအံ့ဩသွားကြခဲ့လေသည်။ သူတို့မာရှယ် တစ်ကယ်ကြီးကို ယောက်ျားလေးချစ်သူတစ်ယောက် ရသွားတာကို လူတိုင်းလိုလို ဝန်ခံကြရမည်ဖြစ်လေ၏။

သို့သော်လည်း လင်းယွိကအဝေးရောက်သွားပြီဖြစ်ရာ လူအတော်များများက သူ့မျက်နှာကို ရှင်းလင်းစွာမမြင်လိုက်ရချေ။ သူတို့သိသည်မှာ ထိုကောင်လေးက ပိန်ပိန်လေးဆိုတာပင်။

ဤစစ်သားကတော့ အောက်ဘက်ကိုဆင်းကာ မာရှယ့်ကိုကိုယ်တိုင်သွားရှာလာသည့် သူဖြစ်ရာ လင်းယွိမျက်နှာကို အနီးကပ်ပင် မြင်ခဲ့လိုက်သေးသည်လေ။ သူခေါင်းကိုညိတ်ပြလိုက်ပြီးနောက် ပြောရမည့်စကားတွေကို တွေးထားခဲ့သော်လည်း ဘယ်လိုဖော်ပြရမလဲ မသိတော့ပေ။

“အိုး၊ မင်းတွေးကြည့်ရင် သိလောက်မှာပါ။ ငါတို့မာရှယ် အလှလေးတစ်ယောက်ကို ဘယ်လိုကြင်နာရမလဲ သင်ယူတတ်သွားတာလည်း တစ်မျိုးကောင်းတာပဲဆိုတာကို။”
လူတိုင်း သူတို့မာရှယ်၏ ရက်စက်ပုံကို တွေးပြီးကြက်သီးတွေထလာကြသည့် သူတို့အမူအရာတွေကို ထုတ်ဖော်ပြသလာကြတော့သည်။
"ဘုရားရေ၊ အဲ့ဒါဆို ဘယ်လောက်တောင် လှတာမလို့ပါလိမ့်။”
စိတ်ရှုပ်ထွေးနေကြသည့် အမူအရာနှင့်ပါ ပြောနေကြသည်။

လင်းယွိမျက်လုံးတွေကို မှိတ်လိုက်ဖွင့်လိုက်သာ လုပ်နေပြီး သေတ္တာလေးအတွင်းတွင်သာ အနားယူနေလေ၏။

သို့သော် ယာဉ်ကစထွက်သည်နှင့် အပြင်ကနေ အဖုံးကိုတစ်ယောက်ယောက် ဖွင့်လိုက်သည့် အသံကို ကြားလိုက်ရသည်။

သူ့ရှေ့မှာ ထိုင်နေသူက ယန့်ကျီဟန်ပင်။

လင်းယွိ မသိလိုက်ပဲ ထိုလူကို ပြုံးပြလိုက်သည်။

သူဒီ့ထက်ပိုကြောက်ဖို့ကောင်းတာတွေပဲ တွေ့ကြုံခဲ့ရလို့လား မသိပေမဲ့ လင်းယွိ အခုသူ ယန့်ကျီဟန်ကို မကြောက်တော့ပေ။ သူ့ပထမဆုံးအမူအရာကိုပါ မြင်လိုက်ရပြီးနောက် သူအနည်းငယ်ပျော်လာသလိုပင်။
ယန့်ကျီဟန်အာရုံကတော့ လင်းယွိမျက်နှာအမူအရာတွေပေါ်တွင် မဟုတ်ပေ။ ပထမဆုံး လင်းယွိခေါင်းပေါ်က ဒဏ်ရာကိုကြည့်လိုက်ကာ သူ့ရှပ်ကို ညင်သာစွာချွတ်ပေးလိုက်ပြီး လက်မောင်းက အရိုးတွေကို ထိကြည့်လိုက်သည်။

လင်းယွိကိုယ်ပေါ်က ဒဏ်ရာတွေကို မြင်ပြီး ယန့်ကျီဟန် စိတ်မကောင်းဖြစ်နေလေသည်။
“ငါမင်းကို ဒီလောက်ထိအားနည်းနေတဲ့ပုံနဲ့ မမြင်ဘူးသေးဘူး….”

စကားတစ်ဝက်မျာတင် ရပ်နေကာ သူဆက်မပြောနိုင်သေးပေ။ လင်းယွိအခုလို ဒဏ်ရာရတာက သူ့အမှားကြောင့်ပင်။
“အဲ့ဒါက နာနေလား?”

လင်းယွိမျက်နှာလေးက ဖြူဆုပ်နေကာ နဖူးပေါ်တွင်လည်း သွေးစတစ်ချို့က ရှိနေသေးပြီး မျက်လုံးတွေဆို အပြာရောင်ပြောင်းလုနီးပါးနှင့် နှုတ်ခမ်းတွေက ခြောက်သွေ့နေကြလေသည်။ သူ့ကြည့်ရတာ ကောင်းကောင်းဂရုစိုက် မခံထားရသေးသလိုပင်။ သို့သော်လည်း သူမေးလိုက်သည်နှင့် ခေါင်းကိုယမ်းကာ အရူးတစ်ယောက်လို ပြန်ပြုံးလာ၏။

ယန့်ကျီဟန်ပိုပြီး စိတ်မကောင်းဖြစ်လာတော့သည်။

သူထယူလိုက်ကာ လင်းယွိပါးစပ်နား ရေခွက်ကိုကပ်ပေးလိုက်သည်။
“ငါတို့မကြာခင်ရောက်တော့မှာပါ။ အရင်ဆုံး ရေသောက်ထားလိုက်နော်။”

လင်းယွိ တစ်ကယ်ကို ရေဆာနေတာဖြစ်သည်။ယန့်ကျီဟန်ဘာလို့ အမြဲတမ်းလိုလို သူ့အတွက်ရေခွက်ကို ကိုင်ပေးနေလဲ မသိပေမဲ့ သူနာခံစွာနှင့် ရေသောက်လိုက်သည်။

ယန့်ကျီဟန် အရင်တစ်ခေါက်က လင်းယွိဘယ်လို ရေသောက်ခဲ့လဲ ဆိုတာကို တွေးမိသွားလေသည်။ သူ့အကြည့်တွေက ရေခွက်ဆီကနေ မသိလိုက်ပဲ လင်းယွိနှုတ်ခမ်းတွေထံသို့ ရောက်သွားတော့သည်။

ရေအနည်းငယ် သောက်ပြီးသည့်နောက် လင်းယွိသူ့ကိုအခုထိ ယန့်ကျီဟန်က ကြည့်နေသေးမှန်း သတိထားမိသွားသည်။

သူ့ကြည့်ရတာလည်း ရေဆာနေသလိုပဲ။

လင်းယွိ ရေခွက်ကို ယန့်ကျီဟန်နားတွန်းပေးလိုက်သည်။
“ခင်များ သောက်။”

သူတစ်ကယ်လည်း ယန့်ကျီဟန်တစ်ခုခုကို စားသင့်သည်ဟု တွေးနေတာဖြစ်သည်။ သူကမှ ဘီစကစ်တစ်ထုပ်ကို စားထားပေမဲ့ ယန့်ကျီဟန်ကတော့ သူ့ကိုသာ စောင့်ရှောက်ပေးနေတာဖြစ်ပြီး အခုထိဘာမှလည်း မစားရသေးပေ။
လင်းယွိ အခုထိသူ့ကို ကယ်ဖို့ ယန့်ကျီဟန် ပြေးဆင်းလာခဲ့သည့်ဆိုတာကို ယုံကြည်ဖို့ခက်နေသေးပေမဲ့ သူအရမ်းကို ကျေးဇူးတင်နေတာဖြစ်သည်။

သေချာတွေးကြည့်မယ်ဆိုရင် ယန့်ကျီဟန်က သူဒီကိုအချိန်ကူးပြောင်းပြီး ရောက်လာကတည်းက သူ့ကိုအစာလည်းကျွေးသည်။ နေစရာနှင့် ဆေးလည်းအလကားကုပေးသေးသည်။ ယန့်ကျီဟန်သာ သူ့ကိုမကယ်ခဲ့ဘူးဆိုလျှင် သူသေသွားတာ အတော်ပင်ကြာလောက်ပြီဖြစ်သည်။

ယန့်ကျီဟန်ကြည့်ရတာ စာအုပ်ထဲ ရေးထားသလို သိပ်ဆိုးနေသည့်ပုံလည်း မပေါ်ပေ။

အနာဂတ်မှာ သူကြယ်အစုအဝေးသုံးဘာသာစကားကို သေချာပေါက်သင်ကြားရမည်။ ဒါက သူ ယန့်ကျီဟန်ကို ပေးနိုင်သည့် အကောင်းဆုံးစရိတ်ပင် ဖြစ်လိမ့်မည်။

သူတွေးမိလေလေ ယန့်ကျီဟန်ကို ပိုကျေးဇူးတင်လာသည့် အကြည့်တို့ဖြင့် စိုက်ကြည့်မိနေတော့သည်။

ယန့်ကျီဟန်ရုတ်တရက် သူ့မျက်နှာက ပူလာသလိုပင်။ ဒါနဲ့ အဲ့ပိုးကောင်က သူ့ကိုဘာလို့ ရေသောက်ခိုင်းရတာပါလိမ့်…..

သူ သူ့စိတ်တွေ အခုချက်ချင်း လွတ်ထွက်သွားတော့မည်ကို လန့်လာတော့သည်။

ယန့်ကျီဟန်ကိုယ်က နေရာတွင် ခဏတောင့်နေကာ ဖန်ခွက်ထဲကျန်နေသေးသည့် ရေကိုသောက်လိုက်ပြီး ထရပ်လိုက်လေသည်။

သူဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲဆိုပြီး အကြောင်းပြချက်ကို ရှာဖို့ကြိုးသားနေတုန်းမှာပင် တီကောင်လေးက သူ့ကိုတစ်ခုခု ပြောလာသည်ကိုကြားလိုက်ရလေသည်။

“ကျေးဇူးတင်ပါတယ်။”

ယန့်ကျီဟန်ခဏရပ်နေလိုက်ပြီးနောက် လင်းယွိကို ပြန်ကြည့်လာ၏။

သူ့အမေက လုံးဝဇက်မျိုးစစ်စစ် အမတစ်ယောက်ဖြစ်ရာ ယန့်ကျီဟန်ဇက်တွေအကြောင်း ကောင်းကောင်းသိသည်။

ကျေးဇူးတင်သည်ဆိုတာမျိုးကို မပြောတတ်ပေ။

သူတို့တွေက ရှားပါးကာ တော်ဝင်မျိုးနွယ်တွေဖြစ်ပြီး ဇက်အင်ပါယာထဲတွင်လည်း မျိုးရိုးမြင့်တွေဖြစ်လေသည်။ သူ့ပတ်လည်က ဇက်အမတွေက သူ့ကိုအခကြေးငွေ ပေးတာမျိုးတွေရှိခဲ့ဖူးသည်။ ဒါက အချစ်အတွက်၊ ဂုဏ်ဒြပ်နှင့် ဘဝတစ်ခုအတွက်ပင် ဖြစ်နေပါစေ၊ သူတို့က ဒါကိုဖြည့်စည်းပြီးသည်နှင့် တန်းမေ့လိုက်ကြတာမျိုးသာ ဖြစ်သည်။

အဆုံးတွင်တော့ သူတို့ပတ်ပတ်လည်မှာ လူတွေအများကြီးရှိသည်လေ။ သူတို့ တစ်ယောက်ကို တစ်ယောက်အပြန်အလှန် ပြုစုပေးနိုင်ကြတာပဲကို။

“မင်းငါ့ကို ဘာလို့ကျေးဇူးတင်တာလဲ?”

သူဘာမှမလုပ်ပေးထားဘူးလေ။

မဟုတ်ဘူးလား? သူတစ်ကယ်ဘာမှမလုပ်ပေးခဲ့ဘူးလေ။ ပြီးတော့ သူကအမတစ်ကောင်လည်း မဟုတ်ဘူး!

သူ့ကိုယ်သူ မြေခွေးတစ်ကောင်ရဲ့ နှလုံးသားလို အမှိုက်သာသာဆက်ဆံခံမည် မဟုတ်ပေ။
သူက ဘယ်တော့မှ ဆိုးယုတ်ကာ အရှက်မရှိသည့်၊ သူ့ကို ဂရုမစိုက်သည့် သူတစ်ယောက်ကို စိတ်ကျေနပ်အောင် လုပ်ပေးမည့် သူတစ်ယောက်လည်း မဖြစ်လာနိုင်ပေ။

သူ့ဘေးမှာ တစ်ယောက်မှ မရှိပဲနှင့်လည်း နေလိမ့်မည်မဟုတ်ပေ။

သူ့အကြိုက်က ဘယ်လောက်ပဲ မူးယစ်စေတတ်နေဦးပေါ့။

လင်းယွိ ယန့်ကျီဟန်ပြန်လှည့်ကာ လျှောက်လာသည်ကိုကြည့်ကာ သူ့ကို မျက်မှောင်ကြီးကျုံ့ပြီး စိုက်ကြည့်နေသောကြောင့် လန့်သွားတော့မလိုပင်။ သူ့စိတ်အခြေအနေက သိပ်ကောင်းနေသည့် ပုံပေါ်မနေပေ။

လင်းယွိ သူ့လက်ကို ဆန့်တန်းလိုက်ကာ ယန့်ကျီဟန်လက်ကို လှမ်းကိုင်လိုက်ပြီးနောက် သေချာဆုပ်ကိုင်လိုက်ကာ
“ ကျေးဇူးတင်ပါတယ်…..ကျနော့်ကို ကယ်တင်ပေးလို့။”

သူဒီ့ထက်ပိုပြီး ပြောချင်ပေမဲ့ ဘာသာစကားအခက်အခဲကြောင့် သူရှင်းရှင်းလင်းလင်းနှင့် မပြောနိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာနှင့် ယန့်ကျီဟန်ခဏလောက် ကြောင်သွားပြီး မကြာခင် စိတ်ပြန်တည်ငြိမ်သွားကာ သူ့ဘေးမှာထိုင်လာလေသည်။
“ဟင်…….”

ဒီအချက်က သူဒီပိုးကောင်က ထင်ထားသလောက်လည်း မရိုင်းဆိုင်းမှန်း သူရှာ‌တွေ့လာခဲ့တာဖြစ်သည်။

သူဒီပိုးကောင်ကို အကြောင်းပြချက်မရှိပဲ ဒုက္ခပေးခဲ့ပြီး နာကျင်အောင်လုပ်ခဲ့သည်။ သို့သော်လည်း ဒီကောင်လေးက သူ့ကောင်းကွက်တွေကိုသာ ကွက်သတိရပေးထားသည်တဲ့။ သူသိထားသည့် ဆိုးသွမ်းသည့် ရှုန်းဇီလိုတော့ ဟုတ်မနေပေ။

လင်းယွိက တမူကွဲပြားနေသလိုပင်။

သူဒီကောင်လေးကို ပိုကောင်းကောင်းဆက်ဆံရမည်…..

ယန့်ကျီဟန် အခုလေးတင်ထိုသို့ တွေးနေသော်လည်း တစ်ချိန်တည်းမှာပင် သူ့အတွေးတွေကြောင့် ပြောမပြတတ်အောင် လန့်လာတော့သည်။

လင်းယွိ၏ စိတ်ချမ်းမြေ့စရာအနံ့လေးက သူ့ကိုချုပ်နှောင်ထားကာ သူ့အတွေးတွေကို ပိုရှုပ်ထွေးလာစေသည်။

ယန့်ကျီဟန်သူ့ဘေးမှာ ဆိတ်ငြိမ်စွာနှင့် ထိုင်နေတာကိုကြည့်ပြီး လင်းယွိစကားလည်းမပြောရဲပေမဲ့ သူ့လက်ကို အားနည်းနည်းလေးသုံးပြီး ပြန်ဆွဲထုတ်ကြည့်ပေမဲ့၊

……နည်းနည်းလေးမှကို ရွေ့မလာပေ။

လင်းယွိ : “….”
မေ့လိုက်တော့၊ လက်ဆွဲနှုတ်ဆက်နေတာလည်း ကောင်းတာပဲကို…..

ယာဉ်လေး အာကာသယာဉ်ကြီးပေါ် ဆိုက်မှသာ ယန့်ကျီဟန် လင်းယွိလက်ကို လွှတ်ပေးလာပြီး သူ့ကိုဆေးကုသဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလာ၏။

ဆရာဝန်က လင်းယွိမှာ အနည်းငယ်သာ ကျိုးသွားသည်ဖြစ်ပြီး ကျန်တာက အပေါ်ယံဒဏ်ရာများသာ ဖြစ်ကြောင်းပြောလာလေသည်။

ထိုကဲ့သို့ ဒဏ်ရာမျိုးက အခုတိုးတက်နေသည့် နည်းပညာနှင့်ဆို ပြန်လည်ပြုပြင်နိုင်လေသည်။
ယန့်ကျီဟန်ကြည့်ရတာ စိတ်အေးနေပုံပေါက်နေပြီး၊ ဘာမှမဖြစ်သလို ထူးမခြားနားပုံနှင့် သူ့ခေါင်းကိုညိတ်နေလိုက်ကာ ဂြိုလ်ဘက်ကို ပြန်ဖို့ကိုအစီအစဉ်ဆွဲနေလိုက်သည်။

ယန့်ကျီဟန်ကြည့်ရတာ နောက်တစ်ခေါက် ထို အန္တရာယ်များသည့် ဂြိုလ်ဆီသို့ထပ်သွားမည့်ပုံပေါက်နေသဖြင့် လင်းယွိသူ့ကို အမြန်ဆွဲထားလိုက်ပြီး မတ်တတ်ရပ်ကာ ဖက်ထားလျက် နောက်ကျောကိုပုတ်ပေးလိုက်သည်။

“ကြိုးစားထား။”

ယန့်ကျီဟန် : “….?”

လင်းယွိ ထိုဂြိုလ်၏ပတ်ဝန်းကျင်အနေအထားနှင့် မွန်းစတားကောင်ကြီးနှင့် ပတ်သက်ပြီး အကြောက်တရားက အခုထိရှိနေသေးရာ အခုဆို ယန့်ကျီဟန်ကို သူလေးစားနေပြီဖြစ်သည်။

ပြီးတော့ ဒါကအလွန် အန္တရာယ်ရှိနေခဲ့သည်လေ! ဒါက ဘဝတစ်ခုအတွက် ပိုက်ဆံတွေနှင့် လဲလိုက်သလိုပင်။ ပြီးတော့ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူဦးဆောင်သည့် နေရာကိုလည်းယူရကာ သူ့ကိုယ်သူလည်း  ဂရုစိုက်ရသေးသည်။ ဒါကြီးက တကယ်ကို လေးစားစရာဖြစ်လေသည်။
ယန့်ကျီဟန် လင်းယွိကို ချက်ချင်းတွန်းမထုတ်တော့ပဲ သူဖက်လို့ပြီးလောက်သည်နှင့် ကုတင်ပေါ်ပြန်ပို့ပေးလာသည်။

“လှဲပြီးကောင်းကောင်းနားနေနော်။”
ယန့်ကျီဟန် လင်းယွိကို သူလုပ်စရာရှိတာတွေ လုပ်ပြီးသည်နှင့် ချက်ချင်းပြန်လာခဲ့မည်ဟု ပြောလိုက်ချင်ပေမဲ့ သူ့ပါးစပ်ကို ဟမည်ကြံလိုက်သော်လည်း ပါးစပ်ကပွင့်မလာခဲ့ပေ။ လင်းယွိကလည်း သူ့ကိုသတိရနေမှာလည်း မဟုတ်တာကို။

ယန့်ကျီဟန်ထကာ ထွက်သွားတော့သည်။ သူထွက်သွားရာမှ နောက်ထပ်လှည့်ကာ လင်းယွိကို ပြန်ကြည့်လာပြန်လေသည်။

လင်းယွိ ဆေးကုသဆောင်မှာ အချိန်ခဏလောက်ပဲ နေလိုက်ရကာ သူကိုယ်ကပြန်ကောင်းလာပြီး ယန့်ကျီဟန်နှင့် အတူနေသည့်အခန်းသို့ ပြန်နေလေတော့သည်။

သူဦးနှောက်အသေးလေးကို ရက်အတော်ကြာမှ ဖွင့်ကြည့်လိုက်ရာ လူအတော်များများက သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို အားပေးနေကြတော့သည်။ လင်းယွိ အရင်တိုက်ရိုက်ထုတ်လွှင့်မှုမှတ်တမ်းက လူထုကြားထဲ ပျံ့နှံ့နေတာဖြစ်သည်။ သူ့တိုက်ရိုက်ထုတ်လွှင့်နေမှုကို ကြည့်သည့်သူပမာဏက အရင်ထက် နှစ်ဆဖြစ်လာတော့သည်။
သို့သော် ဒီဘက်က လင်းယွိကတော့ သေချာပေါက်ကို သတိမထားမိသေးပေ။ ပြီးတော့ ထိုဆော့ဝဲလ်ကို ဖွင့်ပင်ဖွင့်ထားလိုက်ပြီး ဘာသာစကားသင်ပေးသည့် ဗီဒီယိုတွေကိုပင် ကြည့်နေလိုက်သေးသည်။

ဒီအချိန်မှာတော့ သူရုတ်တရက် သူ့အာရုံကို ဖမ်းစားထားနိုင်လိုက်သည့် သတင်းတစ်ခုကို မြင်လိုက်လေသည်။

ထိုသတင်းထဲမှာ ပြထားသည့်ပုံထဲက ကျောက်တုံးပုံ၊ ကြည့်ရတာ ယန့်ကျီဟန် လိုက်စုနေသည့်ကျောက်တုံးတွေနှင့် တူနေသလိုပင်။

လင်းယွိ သတင်းထဲကပုံက လက်သည့်ခွံလောက်လေးသာ ရှိသော်လည်း အနောက်က နံပါတ်အတန်းလိုက်က OS တွေဘယ်လောက်တောင် အနောက်မှာရှိနေသလဲ မမြင်နိုင်အောင်ပင်။

လင်းယွိ ခေါင်းတောင် မူးလာသလိုပင်။

အဲ့ဒီ့၊ အဲ့ဒီ့ဟာလေးကို ယန့်ကျီဟန် အာကာသယာဉ်တစ်ခုလုံးသုံးပြီး သယ်ယူခဲ့တာ အသိအသာကြီးပင်!
သူယန့်ကျီဟန်ကို အလုပ်ကြိုးစားလွန်းလှသည်ဆိုပြီး သနားနေခဲ့တာဖြစ်သည်! ကြည့်ရတာတော့ ထိုလူက မွဲနေတာပဲ ဖြစ်လိမ့်မည်!

လင်းယွိ သူ့မျက်နှာကို နာကျင်မှုနှင့်အတူ အုပ်သာထားနိုင်တော့သည်။


ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Donde viven las historias. Descúbrelo ahora