Chapter 18

2.8K 356 0
                                    

အပိုင်း ၁၈

သူ့ရှေ့က သွေးစုပ်ဖုတ်ကောင်ပုံစံက အရပ်ရှည်သွယ်ကာ အသားဖြူပြီး မျက်နှာပေါ်အပြုံးတစ်ခု ချိတ်ဆွဲထားလျက် ငွေမှင်ရောင်ဆံပင်ရှည်ကို ဖြန့်ချထားလေသည်။

မျက်နှာအစိတ်အပိုင်းတွေ အားလုံးက မှင်သက်ဖွယ်ဖြစ်နေသော်လည်း သူ့ထံသဘာဝအလျောက် အလှမျိုးကလည်း ထင်ဟပ်နေသေးသည်။ တစ်ကိုယ်လုံးကနေ အေးစက်သည်ဆိုပြီး ကိုယ်ရောင်ကိုယ်ဝါတွေ ထင်ဟပ်နေသော်ငြား သာမန်ချိန်အဝတ်အစားနှင့်လည်း ခေတ်မှီသည့်ဟန်ကတော့ အနည်းငယ်ရှိနေ၏။

သူရယ်လိုက်သည်နှင့်‌ ရွှေရောင်မျက်လုံးအောက်နားလေးက သွေးနီရောင်မှဲ့လေးကိုပါ ထင်ရှားစွာမြင်လိုက်ရလေသည်။

“တကယ်တော့ စွမ်းအင်အရင်းအမြစ်တွေထက် ကျွန်တော်မာရှယ်ဆီကနေ တခြားအရာတစ်ခုအတွက် ပိုက်ဆံလာချေချင်တာပါ။”

ယန့်ကျီဟန်သူ့ကို အေးစက်စွာပြန်ကြည့်လိုက်သည်။ ရုတ်တရက်သူ့ခေါင်းထဲ တစ်ခါမှမတွေးဖူးသည့် အတွေးတစ်ခုက ပေါ်လာလေသည်။
ဒီလူပုံစံက အရင်ဇက်မျိုးနွယ်တွေကြားမှာ နာမည်ကြီးတဲ့ ဇက်အမတစ်ယောက်ရဲ့ အသွင်အပြင်မျိုးရှိနေသည် ဆိုတာပင်။

ဒီဟာကြီးက….တစ်ကယ်ကိုပဲ သူကြည့်လေကြည့်လေ မျက်စိစူးစရာ ဖြစ်လာလေပင်။

ယန့်ကျီဟန်အသံက ပြောလေပြောလေ ပိုစိတ်မရှည်သည့်ပုံဖြစ်လာတော့သည်။
“ဘာလဲ?”

ငွေမှင်ရောင်သွေးစုပ်ဖုတ်ကောင်က အနည်းငယ်ပြုံးလိုက်သည်။
“ဇက် ဖယ်ရိုမုန်း။”

ပတ်ပတ်လည်က လေထုက ချက်ချင်းကိုတိတ်ဆိတ်သွားလေသည်။ ယန့်ကျီဟန်မျက်လုံးတွေကလည်း လုံးဝကို အေးစက်သွား‌ကြတော့သည်။
“ငါ့မှာအဲ့လိုဟာမျိုးမရှိဘူး။”

“မာရှယ်ကတော့ ကျွန်တော့်ကို မျက်နှာသာမပေးဘူးပဲ။”
တစ်ဖက်က သွေးမျိုးနွယ်စုက သူ့ငွေမှင်ရောင်ဆံပင်တွေကို သပ်လိုက်ရင်းပြန်ပြောလာသည်။
“ဒီနေရာမှာကျွန်တော် ထိုင်နေတာတောင် မာရှယ့်ကိုယ်ပေါ်က အနံ့ကိုကျွန်တော် ရနေတယ်နော်။”

“ဒီလိုပုံအရဆို “စု”ရဲ့အရသာက တခြားဈေးကွက်ထဲ အလွယ်တကူဝယ်လို့ရတဲ့ အတုတွေထက် ပိုတန်ဖိုးမြင့်တာပဲ။ ဘယ်လောက်ထိတောင် သူအရည်အသွေးမြင်နေမလဲကို ကျွန်တော်တွေးတောင် မတွေးနိုင်တော့ဘူး။”

သူ့မျက်လုံးတွေကို ဖြည့်ညင်းစွာမှေးကျဉ်းလိုက်ကာ ယန့်ကျီဟန်ကို ပြန်ပြုံးလာလာရင်း “ကြည့်ရတာ ဒီရွှေရောင်အိမ်ကြီးထဲမှာပဲ ဖွက်ထားတယ်လို့တောင် သံသယဝင်လာပြီ။”
ယန့်ကျီဟန်သူ့ကို ဘာမှမဖြစ်သလိုပင် ပြန်ကြည့်လာကာ
“ဇက်မျိုးနွယ်တွေက မျိုးသုဉ်းသွားပြီ။”

“ကျွန်တော်လည်း အဲ့လိုတွေးခဲ့တာပါပဲ။ ဒါပေမဲ့ အံ့ဖွယ်ဆိုတာမျိုးကလည်း ကမ္ဘာပေါ်မှာ ရှိတတ်သေးတာပဲလေ။”

ထိုသွေးမျိုးနွယ်စုလူက စကားပြောနေရင်းပြုံးလိုက်ကာ လက်ထဲက ဦးနှောက်အသေးလေးကို ဖွင့်ပြလာလေ၏။

ဦးနှောက်အသေးလေးကနေတစ်ဆင့် 3D မျက်နှာပြင်တစ်ခုပေါ်လာကာ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယို တစ်ခုအားဖွင့်ပြလာတော့သည်။

ဗီဒီယိုထဲတွင် ငယ်ရွယ်ချောမောသော အမျိုးသားတစ်ယောက်က ခြေချိတ်ထိုင်လျက် စိတ်စွမ်းအင်စစ်ဆေးမှုကို ဖြေနေလေသည်။
ထိုအမျိုးသားက စခရင်ကို စိုက်ကြည့်နေကာ မကြာခင်သူ့ပါးစပ်ထောင့်စွန်းလေးက အပေါ်သို့တက်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် သူတကယ့်ချက်ကောင်းကို ရအောင်ဆော့နိုင်ခဲ့သည်လေ။

ထိုကြယ်တစ်ပွင့်အလား တောက်ပနေသည့် ရွှေရောင်မျက်လုံးတွေက အပေါ်သို့တစ်ချက်ကြည့်လိုက်သည်က မသိလျှင်တစ်ဖက်က လူကိုတိုက်ရိုက်လာကြည့်နေသလိုပင်။ ပြီးတော့ ထိုအမျိုးသားက စွဲမက်ဖွယ်အပြုံးပါ ပြုံးပြလိုက်သေးသည်။

ယန့်ကျီဟန်အတွက်တော့ ဒါကသူမှားတာပါဆိုပြီး ဝန်ခံဖို့ပင်မလိုပေ။ ထိုအမျိူးသားက သေချာပေါက်ကို လင်းယွိဖြစ်လေသည်။

သွေးမျိုးနွယ်စုက ယန့်ကျီဟန်၏ မျက်နှာအမူအရာကို စူးစမ်းနေလိုက်ပြီး တစ်ဖက်ဗီဒီယိုထဲက အမျိုးသားအား သူ့စိတ်ဝင်စားမှုကိုလည်း ကွယ်ဝှက်မထားပေ။ “ဒါက အရမ်းအဆင်မပြေဘူးလား၊ ကြည့်ပါဦး? တကယ်လို့ ကျွန်တော်သာ သူ့သွေးကို အရသာခံနိုင်မယ်ဆိုရင်၊ ဘာမှနောင်တမရတော့ပဲ သေနိုင်တဲ့အထိပဲ။ C အဆင့်သွေးမျိုးဆိုတာ ကျွန်တော်တို့လို သွေးစုပ်ဖုတ်ကောင်တွေအတွက်တော့ အရသာမရှိဆုံးလို့တောင် ပြောလို့ရတယ်။”

ယန့်ကျီဟန် နေရာမှာပဲ မလှုပ်မယှက်နှင့်‌ ကျောက်တုံးကြီးတစ်တုံး ချထားသည့်အလားထိုင်နေကာ “ငါ မင်းတို့ရဲ့ ရွံစရာ ဝါသနာကိုလည်း စိတ်မဝင်စားဘူး။ တစ်ကယ်လို့ ထပ်ပြောစရာမရှိရင် ငါသွားတော့မယ်။”

သွေးစုပ်ဖုတ်ကောင်က ဖြည်းညင်းစွာပြုံးလိုက်သည်။ ယန့်ကျီဟန်ပြောသွားတာက တကယ်ကိုအဆင်ပြေသည်။ တကယ်လို့သာ ထိုညိုပြာရောင်ဆံပင်နှင့်လူက သူ့ကိုစိုက်ကြည့်နေသည်မှာ ထိန်းမထားနိုင်တော့ပဲ နေရာမှာတင် ချက်ချင်းဆွဲဖြဲကာ ထသတ်တော့မည့် အကြည့်နှင့်ကြည့်နေခဲ့တာဖြစ်သည်။

“ကျွန်တော် တစ်ကယ်တောင်းပန်ပါတယ်၊ မာရှယ့်ကို ဒီ့ထက်ပိုပြီး အနှောင့်အယှက်မပေးတော့ပါဘူး။” သွေးမျိုးနွယ်စုလူက မတ်တတ်ရပ် အလေးပြုပြီး လှည့်ထွက်သွားလေသည်။

တပ်မှူးလည်း ယန့်ကျီဟန်အခုထိ ခုံပေါ်မှာငြိမ်သက်စွာ ထိုင်နေတာကိုကြည့်ပြီး နောက်ဆုံးစိတ်ပူလာကာ ခေါ်ကြည့်လိုက်လေ၏၊
“မာရှယ်…”

ယန့်ကျီဟန်ခေါ်တာကို ကြားကြားချင်း မက်တပ်ထရပ်လိုက်ကာ မည်သူ့ကိုမှမကြည့်တော့ပဲ တံခါးကိုဆောင့်ပိတ်ကာ ထွက်သွားတော့သည်။

လင်းယွိအခုဆို ဧည့်ခန်းထဲမှာ စားနေတာဖြစ်ပြီး တံခါးကိုကြမ်းကြမ်းတမ်းတမ်း ဖွင့်လိုက်သည့်အသံကိုကြားလိုက်ရာ လန့်သွားတော့သည်။

နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပဲ ယန့်ကျီဟန်တစ်ယောက် စိတ်တိုနေသည့်ပုံနှင့် ပါးစပ်ကိုတင်းတင်းစိကာ သူ့ဆီလမ်းလျှောက်လာနေသည်ကို မြင်လိုက်ရလေသည်။

မနက်ကထိ အကောင်းကြီးကို ဘာဖြစ်တာပါလိမ့်?

လင်းယွိ ချက်ချင်းထရပ်လိုက်သော်လည်း အလန့်လွန်ပြီး ခုံကိုခလုတ်တိုက် လဲသွားလေသည်။

လင်းယွိကြမ်းပြင်ပေါ်ကို လဲကျသွားမည့်အစား ဘယ်ကမှန်းမသိသည့် အနက်ရောင်မြူတွေက သူ့နောက်ကနေပေါ်လာကာ မ,ပေးထားလိုက်ထားလိုက်လေသည်။

လင်းယွိအနောက်ကိုလှည့်ကြည့်လိုက်ရာ ထူးဆန်းသည့် ယောက်ျားတစ်ယောက်က ထိုအနက်ရောင်မြူတွေကြားထဲကနေ ပေါ်လာသည်ကို မြင်လိုက်ရတော့သည်။

ထိုလူ့ထံတွင် အဖြူရောင်အသားအရေ၊ ငွေရောင်ဆံပင်တွေနှင့် ရွှေရောင်မျက်လုံးတစ်စုံတို့ရှိကာ ထိုမျက်လုံးတစ်စုံက သူ့ကိုအလွန်အမင်း စိတ်လှုပ်ရှားနေသည့်ပုံနှင့် စူးစိုက်ကြည့်နေကြသည်။

“မင်းက တစ်ကယ်ကို အထီးပဲ!”

လင်းယွိ : “???”
နေပါဦး။ ဒီလူက ဘာကြီးတုန်း! ဘယ်ကနေ ပေါ်လာတာတုန်း?!

သွေးမျိုးနွယ်လူက လင်းယွိလက်ကို ဆွဲလိုက်ကာ သူ့ခေါင်းကိုငုံ့ရင်း လင်းယွိထံမှအနံ့ကို တပ်မက်စွာရှူရှိုက်နေတော့သည်။ ထိုလူ့အစွယ်တွေဆို စိတ်လှုပ်ရှားနေလို့ထင်သည်။ အနည်းငယ်ပင် ချွန်ထက်လာကြတော့သည်။ “ဒီအနံ့ ဒီလိုအနံ့မျိူးက လုံးဝထိပ်တန်းအထီးတစ်ကောင်မှာပဲ ရှိနိုင်တဲ့အနံ့မျိုးပဲ၊ အံ့ဩဖို့ကောင်းလိုက်တာ၊ မင်း မင်းတစ်ကယ်ကြီး ရှိနေတယ်ဆိုတာ ငါယုံတောင်မယုံနိုင်သေးဘူး။”

ရူးနေတာလား….! ငါသူ့ကို သိလို့လား? ဘာလို့နီးလာတာပါလိမ့်။

လင်းယွိမျက်မှောင်ကျုံ့လိုက်ကာ ထိုလူကိုတွန်းပစ်ပြီး လက်ကိုချိုးပစ်ရန်ပင် ကြံလိုက်သော်လည်း နေရာကပင်မရွေ့သွားပေ။
ယန့်ကျီဟန်ဝင်လာလာချင်း လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အကြည်စိုက်နေကြကာ ဖက်လုနီးပါးဖြစ်နေသည်ကိုတွေ့ပြီး ရင်ထဲကဒေါသက တစ်ဖွားဖွားထွက်လာတော့သည်။ ချက်ချင်းကို ကသောကရောဝင်လာကာ ဘာမှမတွေးပဲ သေနတ်နှင့်ပစ်လိုက်တော့သည်။
“ထွက်သွားစမ်း။”

သွေးစုတ်ဖုတ်ကောင်က နှာရှုံ့လိုက်ကာ၊ “မာရှယ်ကလည်း ဘာလို့ အဲ့လောက်ဒေါသထွက်နေရတာတုန်း? ကျွန်တော်က ဒီအတိုင်း သူငယ်ချင်းလုပ်ချင်ရုံပဲကို။”

“ကြည့်ရတာတော့ ကျွန်တော်တို့မာရှယ်က ကျွန်တော့်ရဲ့ရွံစရာကောင်းတဲ့ ဝါသနာကို ကျွန်တော့်ထက်တောင် ပိုစိတ်ဝင်စားနေတာလားလို့!”

“ဘာလို့မာရှယ့်အတွက် အရှုံးပေးဖို့က အဲ့လောက်ခက်နေတာတုန်း ဟမ်? ဒီရှုန်းဇီဘာကို ပြောချင်တာလဲဆိုတာတောင် မမေးတော့ဘူးလား?”

ပထမတော့ သွေးမျိူးနွယ်စုဘက်ကလူက စနောက်ရုံသဘောသာ ပြုံးပြုံးနှင့်ပြောနေသော်လည်း တဖြည်းဖြည်းနှင့် ယန့်ကျီဟန်ကြည့်ရတာ သူ့ကိုနေရာမှာတင် သတ်ပစ်တော့မည်ပုံဖြစ်လာတာကို တွေ့သွားတော့သည်။

သူလည်းဆက်မပြောတော့ပဲ ကြောက်လာကာ၊ “မာရှယ်ရန်! ကျွန်တော်တို့ သွေးမျိုးနွယ်စုနဲ့တော့ ရန်သူတွေဖြစ်မသွားချင်ဘူးမလား?”

ယန့်ကျီဟန်ရယ်လိုက်ကာ၊ “မင်းပြော ငါကရန်သူဖြစ်သွားမယ်ဆိုတာမျိုးကို ကြောက်တတ်တဲ့လူလားဆိုတာ။”

ယန့်ကျီဟန်ပြုံးလိုက်ရာ ငွေမှင်ရောင်ဆံပင်နှင့် သွေးစုပ်ဖုတ်ကောင် လန့်သွားတော့သည်။ အချိန်တိုအတွင်းမှာ နောက်ထပ်လူအုပ်စုတစ်စုက အခန်းထဲဝင်လာကာ သူ့ထံသေနတ်တွေနှင့် ချိန်ထားကြလေတော့သည်။

ငွေမှင်ရောင်ဆံပင်နှင့် သွေးစုပ်ဖုတ်ကောင် မျက်နှာက အခုတော်တော်ဆိုးနေပြီ ဖြစ်သည်။ ဒီ ယန့်ကျီဟန်ဆိုသည့်သူက တစ်ကယ်ကိုအဆိပ်ကြီးတဲ့ ဗီလိန်တစ်ယောက်ဆိုသည့် ခေါင်းစဉ်နှင့် လိုက်ဖက်လွန်းလှသည်။ ဘယ်သူမှ ဒီနာမည်လုယူလို့မရအောင်ကိုပင်။ တကယ်လို့များ မင်းကသူ့ခေါင်းက ဆံပင်တစ်မွေးကို ဆွဲယူလိုက်တယ်ဆိုရင်တောင် သူကမင်းနောက်ကို လိုက်ပြီးသေသည်အထိ ကိုက်ဖြတ်ပစ်မည့်သူမျိုးဖြစ်လေသည်။

ဒီလို အဆင့်မြင့်သွေးစုပ်ဖုတ်ကောင်မျိုးကတော့ သတ်ပစ်ဖို့က ခဲယဉ်းလှသည်။ သူ့ကိုယ်သူအနက်ရောင်မြူပုံပြန်ပြောင်းလိုက်ကာ ပျောက်ကွယ်သွားတော့သည်။

တပ်မှူးအရှေ့သို့ တစ်လှမ်းတိုးလာကာ “မာရှယ်”

“သူ့ကိုဖမ်း!” ယန့်ကျီဟန်အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ သူတကယ်ဆို ထိုသွေးစုပ်ဖုတ်ကောင်ကို နျူကလီးယားဖန်ပေါင်းချောင်ထဲ သေသည်အထိ လောင်ကျွမ်းသွားအောင် ပစ်ထည့်လိုက်ချင်သော်လည်း အရင်ဆုံးစိတ်ထိန်းလိုက်ကာ ပြန်ပြောလာသည်။ “အရင်ဆုံး သူ့ကိုချုပ်ထားလိုက်။”

“ဟုတ်ကဲ့။”

ထိုအချိန်မှာပဲ ယန့်ကျီဟန်ဒီဘက်လှည့်လာကာ လင်းယွိကို ပြန်ကြည့်လာလေသည်။

လူနှစ်ယောက်ကြားရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့ရာ အခန်းကအခုဆို ရှုပ်ပွနေလေသည်။ လင်းယွိအနောက်ကို ဆုတ်ရင်းဆုတ်ရင်းနှင့် အခန်းထောင့်နားသို့ ရောက်သွားတော့သည်။

သူ ယန့်ကျီဟန်နှင့် အကြည့်ချင်းဆုံလိုက်တိုင်း သူရင်တုန်လာသလိုပင်။

ယန့်ကျီဟန်ဘာလို့ အဲ့လောက်ဒေါသထွက်နေတာတုန်း။
ယန့်ကျီဟန်သူ့ဘက်ကို လျင်မြန်စွာလျှောက်လာကာ ကော်လာကနေဆွဲပြီး အနောက်ကနံရံပေါ်  ဖိကပ်ထားလိုက်သည်။

လင်းယွိလည်း ယန့်ကျီဟန်အားလန့်သွားသလို တစ်ဖက်ကလည်း ယင်နဲ့ယန်လို ဘာမှန်းမသိဆန့်ကျင်ဘက်မေးခွန်းကြီး မေးလာသောကြောင့် ကြောင်သွားတော့သည်။

“အဲ့လူ ချောလား?”

ဘယ်သူ? ?

လင်းယွိဘာကိုမေးပြီး ဘာတွေဖြစ်နေမှန်း တကယ်ကိုမသိရာ အူကြောင်ကြောင် ဖြစ်နေတော့သည်။ ယန့်ကျီဟန်အမူအရာ တစ်ဖြည်းဖြည်း ဆိုးရွားလာသည်ကို တွေ့ကာသူ့ခေါင်းက ဆံပင်မွေးတွေပါ အချောင်းလိုက်ထောင်လာကြသလိုပင်။ ရုတ်တရက် အဆုံးထိအသက်ရှင်လိုစိတ်ကြောင့် ခေါင်းကိုခါပြလိုက်ရသည်။ “မချောဘူး၊ မချောဘူး။”

“အဲ့ဒါဆို သူအဲ့လိုတွေလုပ်နေတာကို မင်းကကြည့်နေတယ်ပေါ့!”

သူဘာကို ကြည့်နေခဲ့တာပါလိမ့်? ?
“မကြည့် မကြည့်ပါဘူး…!”
“ကြည့်!” ယန့်ကျီဟန်သူ့ကို စိုက်ကြည့်လာပြန်သည်၊ သေချာတာကတော့ စိတ်ကောင်းဝင်နေသည့်ပုံနဲ့တော့ မဟုတ်ပေ။ သူ့အသံနဲ့တင် အလွန်စိတ်ဆိုးနေမှန်း သိနိုင်ကာ ဘယ်ကရလာသည့် ယုံကြည်မှုလဲတော့ မသိပေ။ အခုထိ လက်မလွှတ်နိုင်သေးပဲ မေးနေလေသည်။

လင်းယွိ သေချာပြန်တွေးကြည့်လိုက်သည်။ သူဘယ်သူ့ကို ကြည့်ခဲ့တာတုန်း။ အာ ခုနကလူကိုပြောတာလား? ?

“အဲ့ဒါက သူကရုတ်တရက်ကြီး ပေါ်လာတာလေ…..”သူ့ကို ကိုင်ထားသည့် ယန့်ကျီဟန်လက်က ပိုတင်းလာသည်ကို သတိထားမိပြီး သူနောက်ထပ်ခေါင်းစဉ်တစ်ခုကို ထပ်ပြောင်းပြောလိုက်ရလေသည်၊ “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်!”

လင်းယွိမျက်နှာ ဖြူဖျော့လာသည်တာကြောင့် ယန့်ကျီဟန်လည်း အံကိုကြိတ်လိုက်ကာ လွှတ်ပေးလိုက်တော့သည်။ ချီးပဲ၊ သူအခုဘာတွေသွားပြောနေတာတုန်း၊ သူမေးဖို့လုပ်နေတာ ဒါမဟုတ်ဖူးလေ!

“မင်းငါ့ကို ညာတယ်။ မင်းက လူလုပ်အရုပ် မဟုတ်ဖူးမလား။”

ယန့်ကျီဟန်ကလည်း S အဆင့်တစ်ယောက်ဖြစ်ရာ ဗီဒီယိုထဲတွင် လင်းယွိဆော့နေသည်က သေချာပေါက်ကို S အဆင့်မှန်းသူသိသည်။ ဒါမျိုးအဆင့်မြင့်စိတ်စွမ်းအင်စစ်ဆေးမှုကို  ကိုယ့်ကိုယ်ကိုတောင် သေချာမသိသည့် အဆင့်နိမ့်လူလုပ်အရုပ်တစ်ရုပ်က မလုပ်နိုင်ပေ။

ယန့်ကျီဟန်အံကြိတ်လိုက်ကာ ပြန်မေးလိုက်သည်။ “ပြော၊ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ၊ ပြီးတော့ မင်းရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ?”

ဘာကြီး? လင်းယွိမေးခွန်းကြားလေ ပိုကြောင်တောင်တောင်ဖြစ်လာသလိုပင်၊ သူ့လည်ပင်းကို ပွတ်လိုက်ကာ ပြန်ဖြေလိုက်သည်၊
“မဟုတ်ဘူး….”

“မင်းအခုထိ ဟန်ဆောင်နေတုန်းလား?”

ယန့်ကျီဟန်ဘက်က အဆုံးမရှိ မေးလျက်ရှိပြီး အခုဆို လင်းယွိချွေးစေးတွေပါ ထွက်လာတော့သည်။

ဘာပြောချင်တာတုန်း၊ အဲ့တော့ ယန့်ကျီဟန်က ဒီ ခန္ဓာကိုယ်ရဲ့ ဝိညာဉ်ကဒီမှာမရှိတော့တာကို ရိပ်မိသွားလို့ အခုသူ့ကို စပိုင်လို့သံသယဝင်နေတာလား? ? ဟင် သူကရော အဲ့ဒါကို ဘယ်လိုလုပ်သိသွားတာတုန်း?
လင်းယွိခေါင်းကိုသာ ယမ်းနေလိုက်ကာ ယန့်ကျီဟန်လက်ကို သတိကြီးကြီးထား ဆွဲကိုင်လိုက်ပြီး  “ဘယ်သူမှ မပို့ဘူး။ တကယ်ပါ။”

ယန့်ကျီဟန် လင်းယွိကိုစိုက်ကြည့်နေကာ သူ့ရင်ဘတ်က မြင့်လိုက်နိမ့်လိုက်နှင့် ဖြစ်နေလျက် အခုဆိုသူအသိချင်ဆုံးဖြစ်နေသည့် မေးခွန်းကိုထပ်‌မေးလာသည်။
“မင်းဘာလို့ တိုက်ရိုက်ထုတ်လွှင့်နေတာတုန်း၊ မင်းဘယ်သူနဲ့ ထပ်အိပ်ချင်နေတာတုန်း? ?”

ယန့်ကျီဟန်ဘာတွေလာပြောနေမှန်း လင်းယွိတစ်ကယ်ကို သိမနေပေ။ “မလုပ်ပါဘူး….” သူအခုထိ ယန့်ကျီဟန်ကို ဖက်ထားချင်တုန်းပင်။ “တကယ် မလုပ်ပါဘူး။”

“ဘာမလုပ်တာတုန်း! ငါက မင်းအမြင်မှာ အရူးနဲ့တူနေတာလား”

ယန့်ကျီဟန် ပထမ တခြားဟာတွေ မေးနေတုန်းက ဘာမှမဖြစ်သလို နေနိုင်ပေမဲ့ ထိုသွေးမျိုးနွယ်စုဘက်ကအကောင်ပြသည့် ဗီဒီယိုအကြောင်းတွေးမိသည်နှင့် သွေးတွေက ချက်ချင်းဆူပွက်လာပြန်တော့သည်။

လင်းယွိပြုံးနေတာကို လူဘယ်နှစ်ယောက်လောက် မြင်ပြီးပြီတုန်း? သူတို့ကများ ရာရာစစ?
လင်းယွိလက်ကို တွန်းဖယ်လိုက်ကာ ကော်လာကိုဆွဲလာပြီး ဦးနှောက်အသေးလေးရှေ့ကို ခေါ်လာလိုက်သည်။

ထို့နောက် ယန့်ကျီဟန်ဖွင့်လိုက်သည်နှင့် လင်းယွိပထမဆုံး မြင်လိုက်ရတာက ဒီဦးနှောက်အသေးလေးမှာ နောက်ထပ်စခရင်နှစ်ခုရှိနေတာပင်။

ထိုစခရင်နှစ်ခုက ဘေးတစ်ဖက်ဆီမှာ ပေါ်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပြနေသည့် မျက်နှာပြင်ကို လင်းယွိမြင်လိုက်ပြီး မျက်လုံးပြူးသွားတော့သည်။

လင်းယွိတိုက်ရိုက်ထုတ်လွှင့်မှာကို စောင့်နေကြသော ပရိတ်သတ်ကြီးခမျာ တစ်ခုခုမှားနေတာကိုမြင်ပြီး ပျော်ချိန်လေးတောင်မရလိုက်ကြပေ။

သူတို့ရဲ့ သခင်လေးကို အရပ်ရှည်ရှည် အသားဖြူဖြူလူက ကော်လာကနေ ဆွဲလာပြီးစခရင်ရှေ့မှာ ဖိထားတယ်တဲ့။

ကော်လာတစ်ဝိုက်က အသားအရေဆို နီရဲနေကာ မျက်နှာလေးခမျာ ဖြူဖျော့ကာနေလေတော့သည်။ သူ့ရဲ့ လှပသည့်မျက်နှာလေးနှင့် စခရင်ကို ခက်ခက်ခဲခဲမော့ကြည့်လာကာ သေချာပေါက် လန့်သွားသည့်ပုံလေးက ပေါ်လာလေသည်။ ခေါင်းကို အူကြောင်ကြောင်လေးနှင့် မော့ကြည့်နေတာက ကြည့်ရတာတော့ သူ့ကိုကိုင်ထားသည့် လူကိုတစ်ခုခုပြောချင်နေသည့်ပုံပင်။
တိုက်ရိုက်ထုတ်လွှင့်မှုက ထပ်ရပ်သွားပြန်လေသည်။

ပြီးပြီ။ အခုတော့ လူတိုင်းကိုယ်စီ နားလည်သွားကြလေပြီ။ ဒီအလှလေးမှာ သခင်ရှိနေတာပဲ။

တစ်ချို့လူတွေဆို ယန့်ကျီဟန်ကို ချက်ချင်းမမှတ်မိကြပဲ ဒေါသတွေပင် ထွက်နေလိုက်ကြသေးသည်။

“ဒီလူက သခင်လေးကို ဘာလို့များ အဲ့လောက်ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေတာတုန်း?”

“ဒါကြီးကတော့ လွန်လွန်းပါတယ်။ ငါ့နှလုံးသားလေး နာကျင်လိုက်တာ! ရှုန်းဇီကို ဘယ်လိုဆက်ဆံရမလဲမသိရင် ငါ့ကိုသာ ပေးလိုက်စမ်းပါကွာ!”

သို့သော် ထိုအထဲလင်းယွိကို ဖိထားသည့်သူက ဘယ်သူမှန်းသတိထားမိသည့် သူအချို့လည်းရှိကြသေးသည်။

သူတို့ ဒီရှုန်းဇီကို ဘယ်လောက်ပဲလိုချင်နေပါစေ ယန့်ကျီဟန်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေပါစေဦး၊ လင်းယွိကိုပြေးကယ်လိုက်မည်ဆိုသည့် အတွေးတွေကို နေရာတွင်သာ အသည်းကွဲကွဲနှင့် ရပ်တန့်ထားလိုက်လေသည်။

ပြိုင်ဖက်က အရမ်းအားကြီးလွန်းတယ်လေ၊ သူတို့မပြိုင်ဝံ့ပါဘူး၊ မပြိုင်ဝံ့ပါဘူး။

သို့သော်လည်း ဒီကြယ်တာရာအစုအဝေးကြီးထဲမှာလည်း နောက်ထပ်ဇက်မျိုးစပ်တွေက ရှိနေကြသေးရာ ထိုအထဲ ယန့်ကျီဟန်ကို သွေးစုပ်ဖုတ်ကောင်တွေလိုမျိုး ယှဉ်ပြိုင်နိုင်မည့်သူလည်း ရှိကြသေးသည်…..

အထူးသဖြင့်၊ အဖွဲ့ချုပ်လို အရာမျိုးဖြစ်သည်။

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now