part_2

6K 108 0
                                    

''သမီးရယ်...မိုးချုပ်နေပြီကိုသွားနားလိုက်ပါလား...မောင်တိမ်မြင့်မိုရ်ကို...ဒေါ်ကြီးစောင့်လိုက်မယ်လေ...''

''ဟင့်အင်းဒေါ်ကြီး...မောင်ကသူပြန်လာလို့...ရိုးကိုမတွေ့ရင်ပို‌ရန်ရှာမှာ...ဒေါ်ကြီးပဲသွားနားလိုက်ပါနော်...တစ်နေကုန်အိမ်အလုပ်တွေလုပ်နေရတာဆိုတော့...ပင်ပန်းနေမှာပဲ...''

''သမီးရယ်...ညည်းမှာလဲ၀ဋ်ကြွေးကြီးလိုက်တာ''

ဒေါ်သန်းစိုး သူမ၏ရှေ့ကဆိုဖာမှာထိုင်နေသည့် ရိုးကိုကြည့်ကာ သနားနေမိသည်။သူမလေးက ဟိုးအရင်တုန်းက မင်္ဂလာစံအိမ်ကြီး၏ တပင်တိုင်မြနန်းစံမင်းသမီးလေးဖြစ်ပြီး ခြေမွေးမီးမလောင်လက်မွေးမီးမလောင် မကြောင့်မကြဘ၀ဖြင့်နေခဲ့ရသည်။

သူမလေး၏ဘ၀အတွက် ဒုက္ခဆိုတာ ဘာမှန်းလဲမသိရဘဲ တစ်အိမ်လုံး၏အချစ်တွေနှင့် အရွယ်ရောက်သည်အထိ ရှင်သန်ကြီးပြင်းခဲ့ရသည်။

သို့‌ေသာ် ပျော်ရွှင်ခြင်းတွေကကြာရှည်မခံဘဲ တိမ်မြင့်မိုရ်ဆိုသည့် ယောက်ျားတစ်ဦးသူမ၏ဘ၀ထဲသို့ ၀င်ရောက်လာသည့်အခါမှာတော့ ရိုးဘ၀ကံဆိုးမိုးမှောင်ကျခဲ့လေ၏။

''သမီးရယ်...ညည်းဒီလိုတွေဒုက္ခရောက်နေတာတောင်မှ...ဘာလို့မထွက်သွားသေးတာလဲ...တစ်နေ့တစ်နေ့...သူအပြင်ကပြန်လာပြီးသမီးကို...ရိုက်နှက်ကြိမ်းမောင်းနေတာကို...ဘယ်လိုစိတ်နဲ့သည်းခံနေနိုင်တာလဲ''

''အချစ်ရဲ့စွမ်းအားကြောင့်ပေါ့ဒေါ်ကြီးရယ်''

''ဟေ့အေး ...ကျုပ်ကတော့အပျိုကြီးဆိုတော့...ချစ်တာတွေမေတ္တာတွေနားမလည်ဘူး...တစ်ခုရှိတာကသူ့ဘက်က...ဒီ့ထက်ပိုလွန်လာရင်...ကျုပ်ကတော့မမကြီးတို့ဆီ...ဆက်သွယ်ရမှာပဲ...''

ပြောရင်းဆိုရင်း သူမအနီးသို့ထိုင်ချကာမျက်နှာကိုရေခဲကပ်ပေးလိုက်သည်။မိဘတွေကတောင်မထိရက်မတို့ရက် မြတ်နိုးယုယခဲ့သောပါးပြင်လေးဟာ ခုတော့လက်ဝါးရာကြီးထင်းလျှက်အညိုအမဲစွဲနေလေ၏။

''မေမေတို့ဆီတော့...ပြန်မတိုင်ပါနဲ့ဒေါ်ကြီးရယ်နော်...ရိုးကိုသနားရင်လေ...ဒီအိမ်ကအကြောင်းတွေဘာမှပြန်မပြောပါနဲ့...''

မောင့်အမုန်းဒဏ်Where stories live. Discover now