part_24🌷

3.9K 78 1
                                    

''ရိုး...ဒီနေ့ဘာစားချင်လဲ...မောင်ချက်ကျွေးမယ်လေ...''

နောက်ကနေတောက်တဲ့တစ်ကောင်လို ကပ်ပါလာပြီး မေးနေတာမို့ စိတ်‌တွေရှုပ်ထွေးသွားရသည်။

''တော်ပါဟယ်...ကြက်ဥတောင်အဖြစ်ရှိအောင်မကြော်တတ်ဘဲနဲ့များငါ့ကို...ဘာစားချင်လဲလာမေးမနေနဲ့...''

''မောင်အခု...ဟင်းချက်သင်တန်းတွေတက်ထားပါတယ်ရိုးရဲ့...မယုံဘူးလား...''

''တီ...တီ...''

နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ ရိုးရဲ့ဖုန်းကထမြည်လာတာမို့ ကောက်ကိုင်မိစဉ် ဖုန်းနံပါတ်ကစိမ်းနေတာမို့

''ဟယ်လို...''

''ပန်းနွယ်ရိုးလား''

''ဟုတ်ပါတယ်...ခုပြောနေတာဘယ်သူများလဲ...''

''ဟင်းဟင်း...ကျမအသံကိုတောင်မမှတ်မိတော့ဘူးလား...ပန်းနွယ်ရိုး...''

ခနဲ့တဲ့တဲ့စကားနှင့် သူမနာမည်ကိုပိုင်နိုင်စွာခေါ်ဆိုနေသူက ပန်းနုကလွဲရင် ကျန်တဲ့သူမဖြစ်နိုင်ပေ။

''ဘာကိစ္စလဲ...မင်းနဲ့ငါ့ကြားမှာ...ဖုန်းခေါ်ပြီးစကားပြောရလောက်အောင်အထိမရင်းနှီးဘူးထင်တယ်...''

''ကျမကလဲဆက်ချင်လွန်းလို့...ထင်နေတာလား...ပြောစရာရှိနေလို့သာမဟုတ်ရင်...ရှင့်ကိုလုံး၀မဆက်သွယ်ဘူး...''

''ဒါဆိုမင်းဖုန်းဆက်ရတဲ့အကြောင်းရင်းလေး...ပြောပေးပါ...''

''ဟွန့်...မလောပါနဲ့...ကျမတို့ရွှေစည်တော်ဆိုင်မှာဆုံကြရအောင်...''

ပြောစရာရှိတာကို မပြောဘဲ အပြင်ကိုထပ်ချိန်းနေတာကြောင့် ရိုးစိတ်တိုသွားရသည်။

''တစ်ခါထဲပြော‌တော့မင်းကို...မြွေပေါက်သွားမှာမို့လို့လား...''

''ဖုန်းထဲ‌ကနေပြောလို့မဖြစ်တဲ့...ကိစ္စမို့ပါဆို...''

''ကောင်းပြီ...ငါလာခဲ့မယ်...''

ဖုန်းချပြီး နောက်ကိုလှည့်လိုက်တော့ မြင့်မိုရ်ရဲ့စူးစမ်းလိုသောအရိပ်တွေပြည့်နေသည့် မျက်၀န်းတစ်စုံကို တွေ့လိုက်ရသည်။

''ရိုး...ခုနကဖုန်းဆက်တာ...ဘယ်သူလဲ...''

''နင်သိစရာမလိုဘူး...''

မောင့်အမုန်းဒဏ်Where stories live. Discover now