''ရိုးရေ...မင်းဘယ်မှာလဲ...''
သူ့မှာဆေးရုံမှာပင်ဆက်မနေနိုင်ဘဲ ဆင်းဖို့ခွင့်ပြုချက်တောင်းကာ အိမ်ကိုအလောတကြီးပြန်လာပြီး ရိုးကိုအော်ခေါ်နေမိသည်။
''ရိုး...မင်းမောင့်ဆီကနေထွက်...''
စကားမဆုံးခင် သူတို့ရဲ့နှစ်ယောက်အိပ်ခန်းထဲကနေ အ၀တ်အစားတစ်ချို့ကို ဆွဲကာထွက်လာခဲ့သည့် ရိုးကြောင့်ပျာယာခတ်သွားရကာ
''ဘယ်ကိုလဲရိုးရယ်...မောင်ဒီလောက်တောင်းပန်နေတာတောင်မှ...အမှားကိုပြင်ဆင်ခွင့်လေးမပေးတော့ဘူးလား...ရိုးရယ်...''
ထင်ရာတွေစွတ်ပြောနေသည့်သူ့ကို ရိုးကခပ်တည်တည်လေးပြန်ကြည့်ကာ
''နင်ဘာတွေပြောနေတာလဲ...ငါကအခန်းခွဲအိပ်မလို့...အ၀တ်အစားတွေယူလာတာ...နင်ငါကျေနပ်အောင်...မလုပ်နိုင်သေးသရွေ့...လုံး၀ငါ့အနားမလာပါနဲ့...''
''ကောင်းပါပြီရိုးရယ်...မင်းကြိုက်သလိုဆုံးဖြတ်ပါမောင်နာခံပါ့မယ်...တစ်ခုပဲမင်းမောင့်အနားကနေ...ထွက်မသွားပါဘူးဆိုတဲ့ကတိလေးတော့ပေးပါ...နော်...''
''ငါအာမမခံနိုင်ဘူးမောင်...လူ့စိတ်ဆိုတာအမြဲပြောင်းလဲနေတတ်တော့...ငါလဲစိတ်ပြောင်းချင်ပြောင်းသွားနိုင်တယ် ...''
''ရိုးရယ်''
ခပ်ပြတ်ပြတ်စကားကိုဆိုရင်း သူ့ကိုယ်ကြီးကိုကွေ့ရှောင်၍ ရိုးကထွက်သွားလေ၏။
''ရိုး...မောင်မင်းအတွက်...ညစာချက်ထားပေးမယ်နော်...ရေမိုးချိုးပြီးထွက်လာစားပေး...''
ဟုနောက်ကနေအော်နေသည့် အသံကိုကျောခိုင်းဥပေက္ခာထားကာ အောက်ထပ်ကအခန်းကျယ်ကြီးတစ်ခုထဲသို့ ၀င်လာခဲ့သည်။
''ရိုးအတွက်ဘာချက်ရင်...ကောင်းမလဲ...''
တစ်ယောက်ထဲ ကျန်နေခဲ့ရင်း ရိုးအတွက်ညစာချက်ရန် မီးဖိုခန်းထဲ၀င်လာခဲ့၏။
''အဟွတ်...အဟွတ်...''
''မြင့်မိုရ်...နင်ဘာတွေဖြစ်နေတာလဲ...''
ရေချိုးရန်ပြင်နေစဉ် နှာခေါင်းထဲကိုအလုံးလိုက်၀င်လာသည့်ညှော်နံ့ကြောင့် ခေါင်းကြီးသွားရသလို စိုးရိမ်စိတ်ပါပူးတွဲပါလာကာ မီးဖိုခန်းသို့ပြေးရပြန်သည်။
![](https://img.wattpad.com/cover/346067028-288-k692243.jpg)
ČTEŠ
မောင့်အမုန်းဒဏ်
Beletrieဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။