''အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်...ပွဲအစီအစဉ်လေးကို...ကြေငြာပါတော့မယ်...ပထမဦးဆုံးတစ်ယောက်နဲ့တစ်ယောက်...ခြေထောက်ကြိုးချည်ထားပြီး...ပန်းတိုင်ကိုအရင်ရောက်တဲ့သူကအနိုင်ပါဗျ...ကဲစပါပြီ...''
အစီအစဉ်ကြေငြာပြီးတာနဲ့ တစ်ပြိုင်နက်ခြေထောက်တွေကို ပူးချည်ထားပြီးသားဖြစ်ကာ
''ခုစပါပြီ''
''ဟေး''
အော်သံတွေစီခနဲ ထွက်လာကာ ပန်းတိုင်သို့ရောက်အောင် သူ့ထက်ငါအလုအယက်ပြေးကြပေမယ့် ရိုးဘေးကလူ့ဂွစာကတော့ လှုပ်စိလှုပ်စိနှင့် လျှောက်နေတာမို့ စိတ်တိုသွားရကာ
''ဒီမှာ...ရှင်ဘာလို့နှေးစိနှေးစိ...လျှောက်နေတာလဲ...သူများတွေကရောက်တော့မှာကို...''
မျက်စောင်းလေးခဲကာ ပြောလာသည့်သူမကြောင့် ခေါင်ခိုက်သဘောကျစွာပြုံးလိုက်မိ၏
''မင်းက...အနိုင်ရချင်လို့လား...ဒါများစောစောကပြောရောပေါ့...''
''ဒီမှာ...တလွဲတွေထင်မနေနဲ့...ကျမကရှင်နဲ့အတူတွဲလျှောက်ရမှာကို...မုန်းလို့သိပြီလား...''
''ဘယ်သူကရောမင်းကို...ချစ်ပါရစေလို့ပြောနေလို့လဲ...''
''ဘာရယ်''
ဒေါသကြောင့် လူကရှေ့ကိုဆက်မသွားနိုင်တော့ဘဲ နေရာမှာပဲမေ့ပြီးရပ်လိုက်မိစဉ် သူ့ခြေထောက်ကရှေ့ကိုရောက်သွားပြီး ကြိုးကိုဆွဲလိုက်သလိုဖြစ်သွားတာမို့ သူမသူ့ရင်ခွင်ထဲ ပုံပျက်ပန်းပျက်ပြိုလဲသွားရသလို သူကလဲခါးလေးကို ဖမ်းထိန်းပေးထားတာမို့ မသိရင်သူမတို့နှစ်ယောက်အဖြစ်ကလူမြင်ကွင်းမှာ ချစ်ကြည်နူးနေသည့်အတိုင်း။
''လွှတ်ပါ...''
ခေါင်ခိုက်ကလဲ ရုတ်တရက်မို့ သူမခါးလေးကိုသိမ်းဖက်ထားရင်း ဆွံ့အနေမိစဉ်သူမနှုတ်မှ လွှတ်ပါဆိုသည့် အသံကြားမှသတိ၀င်လာရသည်။
''ဆောရီး...ငါမရည်ရွယ်ပါဘူး...''
''ရပါတယ်''
မျက်နှာနီနီလေးနှင့် ရပါတယ်ဟုပြောကာ ခြေထောက်ကိုတွဲချည်ထားသည့်ကြိုးကို အတင်းဆွဲဖြုတ်နေတာမို့ သူခြေဖျားထောက်ထိုင်ကာ ကူဖြည်ပေးလိုက်သည်။
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။