part_23

3.6K 79 3
                                    

အပိုင်း_၂၃

''မင်းဘာပြောလိုက်တယ်''

သူ့ရင်ခွင်ထဲကနေ ပိုက်ဆံတစ်ခုထဲကြောင့် ခြေစုံကန်ထွက်ပြေးသွားသည့် ပန်းနုကိုတွေ့တာနှင့်ချော့မော့ဖျောင်းဖြ၍ အိမ်ပြန်ခေါ်ရန်ပြင်လိုက်သော်လည်း ကြားလိုက်ရတဲ့စကားကြောင့် လှုပ်ရှားမှုတွေရပ်တန့်သွားရသည်။

''တကယ်...ငါ့မှာ..ကိုကိုနဲ့ရတဲ့...ကိုယ်၀န်ရှိနေပြီ''

''ဘယ်နှစ်လလဲ''

ရဲထက်ကရုတ်တရက်ကြီးမေးလိုက်တော့ ပန်းနုမျက်နှာတစ်ချက်ပျက်သွားရပြီး ရင်ထဲမှာထိတ်ခနဲတော့ဖြစ်သွားမိသည်။သို့သော်မျက်နှာကို အချိန်မှီပြန်လည်ပြင်ဆင်လိုက်ရင်း ပေါ့ပါးသောလေသံဖြင့်

''နှစ်လ''

''ငါ့ကိုမလိမ်နဲ့ပန်းနု...ငါဒီအိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ဆိုကထဲက...မင်းအကြောင်းတွေအကုန်...စုံစမ်းထားပြီးသားဆိုတာ...မင်းသိမှာပါ...ဒီတော့ဝေ့လည်ကြောင်ပတ်တွေပြောမနေဘဲ...လိုရင်းကိုဆွေးနွေးရအောင်...''

ပန်းနုရွာကနေထွက်သွားတာသိကထဲက သူအပူတပြင်းနေရာအနှံ့လိုက်ရှာခဲ့ပေမယ့် ဘယ်မှာမှရှာမတွေ့ခဲ့ဘဲ မြို့ကိုအလုပ်ကိစ္စနဲ့တက်လာစဉ်ကမှ မတော်တဆတွေ့ခဲ့ရတာဖြစ်သလို ထိုအချိန်မှစပြီး သူရွာကိုပင်မပြန်ဖြစ်တော့ပါ။

ပန်းနုအိမ်နှင့်မလှမ်းမကမ်းမှာ အခန်းတစ်ခုငှားနေပြီး နောက်ကနေလိုက်ကာ ပန်းနုအကြောင်းကို အသေးစိတ်လေ့လာစုံစမ်းခဲ့စဉ် ကြားလိုက်ရသောသတင်းစကားတွေက တစ်ခုမှသာယာနာပျော်ဖွယ်မရှိပါ။

''မင်းကသူများယောက်ျားကို...မသမာတဲ့နည်းလမ်းနဲ့အရယူထားတယ်ဆို...ဟုတ်လားပန်းနု...''

''နင်ဘာတွေပြောနေတာလဲ...ငါတစ်ခုမှမသိဘူးရဲထက်...ပြီးတော့ဘာကိုဆွေးနွေးရမှာလဲ...ဟင့်အင်းငါဘာအမှားမှလုပ်မထားသလို...နင်နဲ့လဲမဆွေးနွေးနိုင်ဘူး...''

''ဘာတွေသွေးပျက်နေတာလဲပန်းနု...ငါတောင်ဘာမှ‌မပြောရသေးဘူးလေ...''

''ဟင်''

သူမဖုံးဖိထားသမျှပေါ်သွားမှာစိုးတာကြောင့် စကားတွေမှားကုန်ရသလို ရဲထက်ကလဲမင်းအကြောင်းတွေငါသိပါတယ်ဆိုသည့် ပိုင်နိုင်သည့်အပြုံးနှင့် ပန်းနုကိုစိုက်ကြည့်နေလေ၏။

မောင့်အမုန်းဒဏ်Where stories live. Discover now