အပိုင်း_၂၆
''မေမေ...နေရတာအဆင်ပြေရဲ့လား...''
ရိုးမျက်နှာသစ်သွားတိုက်ပြီး ပြန်ထွက်လာတော့ မေမေကလှဲနေရာက ထထိုင်ဖို့လုပ်နေတာကြောင့် အမြန်သွားကူပေးလိုက်သည်။
''အဆင်ပြေပါတယ်သမီးရယ်...မေမေအတော်လေးသက်သာလာပါပြီ...ဒါနဲ့သမီးကဒီရက်ပိုင်း...အိမ်လဲမပြန်ပါလား...ဘာဖြစ်လို့လဲ...''
မေမေ့ရဲ့ လျှပ်တစ်ပြက်မေးခွန်းအောက်မှာ ရိုးခဏတော့ဆွံ့အသွားပေမယ့်
''ရိုးကမေမေအနားမှာနေပြီး...စောင့်ရှောက်ပေးချင်လို့ပါ...''
''ဟုတ်လို့လားသမီး...မေမေမသိအောင်တစ်ခုခုကို...ဖုံးကွယ်ထားတာမို့လား...''
''တကယ်ဘာမှ...ဖုံးကွယ်မထားပါဘူးမေမေ...သမီးကမေမေ့အနားမှာပဲ...နေချင်မိရုံပါ...''
''ဟင်း...အေးပေါ့လေ...ကာယကံရှင်ကမှ...ဟင့်အင်းဆိုတော့လဲမေမေက...ဘာတတ်နိုင်မှာလဲ...ဒါပေမယ့်တစ်ခုတော့သမီးမှတ်ထားနော်...ဘာပြဿနာရှိရှိမေမေ့ကို...ရင်ဖွင့်လို့ရတယ်...ကောင်းကောင်းဆိုးဆိုး...မေမေတို့အတူရင်ဆိုင်ကြမယ်...သိလား...''
နူးညံ့သည့်အပြုံးသည့် ရိုးရဲ့ဆံစလေးတွေကို ပွတ်သပ်ပေးနေသည့် မေမေ့ကိုကြည့်ပြီး ရိုးမျက်ရည်တွေဝဲလာရသည်။
''ဒါနဲ့မေမေ...ဆေးသောက်ရမှာတွေရှိသေးတယ်မို့လား...သမီးဆရာ၀န်ကိုသွားမေးလိုက်မယ်လေ...''
မေမေရှေ့မှာ ဆက်မထိုင်ရဲတော့တာကြောင့်အတင်းစကားစဖြတ်ကာ အခန်းထဲကနေပြေးထွက်လာခဲ့မိ၏။
တကယ်ပဲမိဘမေတ္တာဟာ စမ်းရေပမာကြည်လင်အေးချမ်းလှသည်ဆိုတာ အမှန်ပါလား။သားသမီးတွေ ဘယ်လောက်အပြစ်လုပ်လုပ် အချိန်တန်တော့လဲ နားလည်ခွင့်လွှတ်ပေးကြတာဓမ္မတာပင်ဖြစ်သည်။
''သမီး...ဘယ်ကိုလဲ...''
ဝေဝါးနေသည့်မျက်ရည်စများနှင့်ရောက်ရာပေါက်ရာ သွားနေမိတုန်းလက်မောင်းကနေဆွဲထားခံရတာကြောင့် လူကတုံ့ကနဲဖြစ်သွားရသည်။
''ဟင်..ဖေဖေ...''
''မျက်နှာလဲမကောင်းပါလား...ဘာဖြစ်လို့လဲ...သမီးအမေနဲ့စကားများကြလို့လား...ဖေဖေ့ကိုပြောပါဦး...''
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။