part_6

4.5K 86 4
                                    

အပိုင်း_၆

''ဟဲ့ရိုး...နင်မနေ့က...ကျောင်းလာတော့ကောင်လေးတစ်ယောက်ကို...ကားနဲ့တိုက်မိတယ်ဆို...ဟုတ်လား...''

''ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ...''

''ဟဲ့...အဲ့ဒါက...ငါ့မောင်တစ်၀မ်းကွဲ...''

''အယ်...ဟုတ်လား....''

နေ့လည်ခင်း ကန်တင်းမှာ စုထိုင်ပြီး အအေးသောက်နေကြသည့် ရိုးတို့အားလုံး သဲစု၏စကားကြောင့် မျက်လုံးပြူးသွားကြသည်။

''အေးဟ...ငါတို့နဲ့အမျိုးတော်တယ်ဆိုပေမယ့်...သူအမေကအရမ်းစည်းကမ်းကြီးပြီး...မာနကခေါင်ခိုက်နေတာဟ...နည်းနည်းလဲစရိုက်ကြမ်းတယ်သိလား...ငါတို့နဲ့တောင်မှ သိပ်အဆက်အဆံလုပ်ချင်တာမဟုတ်ဘူး...''

''အဲ့ကောင်လေးပုံစံကတော့...ဖော်ရွေမယ့်ပုံလေးပါဟ...''

''အော်...ရိုးရယ်နင်ကလဲ...ဟိုမှာသူ့အမျိုးအရင်းကြီးကတောင်...ပြောနေတာကိုနင်က...ကာကွယ်ပေးနေသေးတယ်...''

''အယ်...နင်တို့ကလဲ...ငါနဲ့ဆုံခဲ့ရတဲ့ကောင်လေးပုံကို...ကြည့်ပြီးခုလိုပြောတာပါဟယ်...''

လို့ပြောလိုက်တော့ အားလုံး၏ မျက်စောင်းတွေကရိုးထံဒိုင်းခနဲရောက်လာတာမို့ သွားဖြဲလေးနှင့် ရယ်ပြလိုက်ရ၏။

''ဒါနဲ့ဆက်စမ်းပါဦး...သဲစုရယ်...သူတို့ကမာနကြီးရအောင်...ချမ်းသာလို့လား...''

''ဟင့်အင်း...သူတို့ကအခြေခံလူတန်းစားတွေဟ...ပြီးတော့လေ...မြင့်မိုရ်အမေနဲ့...ငါ့အမေက...သိပ်မတည့်ကြဘူး...''

''ဟယ်...ဘာလို့လဲ...ပြောရင်းပြောရင်းနဲ့...စိတ်၀င်စားစရာကကောင်းလာပြီ....''

ပူတူးရော သံသာကပါ စိတ်၀င်တစားနဲ့စကားထောက်ကြပေမယ့် ရိုးကတော့ အအေးကိုသာငုံ့သောက်နေပြီး ဘာသံမှထွက်မလာပေ။

''ဒီလိုဟ...ငါတို့ဆယ်တန်းနှစ်တုန်းက...သူ့သားကခုနှစ်တန်းရှိသေးတာ...အဲ့နေ့ကဟာ..အိမ်မှာလူကြီးတွေလဲတစ်ယောက်မှမရှိကြဘူး...ငါရယ်မြင့်မိုရ်ရယ်...ငါ့ညီမသဲမာရယ်သုံးယောက်ပဲရှိတာ...အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့...လမ်းထိပ်ထွက်ပြီး...ရေခဲမုန့်၀ယ်စားကြတာလေ...''

မောင့်အမုန်းဒဏ်Where stories live. Discover now