part_12🌷🌷🌷

4.6K 99 7
                                    

လေအဝှေ့မှာ ပြတင်းပေါက်မှာတပ်ဆင်ထားသည့် အလှခန်းဆီးလေး တဖျပ်ဖျပ်လှုပ်ခတ်သံနှင့်အတူ ရိုးရဲ့သက်ပြင်းချသံသဲ့သဲ့လေးက ထွက်ပေါ်လာကာ

''ဒီနေ့လဲ...မောင်အိမ်ပြန်မလာဖြစ်ဘူးထင်ပါတယ်...ဒေါ်ကြီးရယ်....''

မြင့်မိုရ်၀င်လာမည့် တံခါးဖက်ကိုငေးကြည့်နေရင်း ဖျော့တော့သည့်အသံလေးနှင့် ဆိုလာလေသည့် ရိုးကိုကြည့်ရင်း ဒေါ်သန်းစိုးသနားမိရုံမှတစ်ပါး အခြားမတတ်နိုင်ပါ။

''သမီးရယ်...သူ့ကိုဘာလို့ဒီလောက်အထိ...ဖက်တွယ်နေရတာလဲ...သူသမီးကိုအရင်လို...ချစ်တော့တာလဲမဟုတ်ဘဲနဲ့...ကွာရှင်းလိုက်ပါလား...''

''သူက...ရိုးကိုချစ်ပါတယ်ဒေါ်ကြီးရယ်...တစ်ခုပဲ...သူ့ညီမသေတာကရိုးကြောင့်လို့ထင်ပြီး....ရက်စက်နေတာတစ်ခုပဲ...''

''အဲ့ဒါကသမီးကြောင့်မှမဟုတ်တာကွယ်...သူ့ကိုဒေါ်ကြီးတို့အဲ့ကိစ္စ...အမှန်မဟုတ်ဘူးဆိုတာကို...ဘယ်လောက်ပဲရှင်းပြရှင်းပြ...သူလက်ခံခဲ့လို့လား....''

ဒေါ်သန်းစိုးစကားကြောင့် ရိုးတစ်ချက်တော့ တွေဝေသွားရသည်။ဟုတ်ပါတယ်လေ မောင်က အဲ့ကိစ္စကို သူမဘယ်လိုပဲသေလုမတတ် အမှန်တရားကို ရှင်းပြရှင်းပြ လက်ခံခဲ့တာမှမဟုတ်ဘဲ။

''အေ့...ခင်ဗျားတို့ဒီကိစ္စကိုပဲ...ထပ်ပြောပြန်ပြီလား...ဒေါ်ပန်းနွယ်ရိုး....ဘာလိုကျုပ်အနာကိုဘဲ...အထပ်ထပ်တူးဆွနေရတာလဲဟမ်...''

အာလေးလျှာလေးသံကြီးနှင့်အတူ ယိုင်နဲ့သောခြေလှမ်းများဖြင့် ရိုးတို့အနားရောက်လာသူကား တိမ်မြင့်မိုရ်။

လူတစ်ကိုယ်လုံးကလဲ အရက်အိုးထဲ ဂျွမ်းစိုက်ကျထားသလား ထင်ရလောက်အောင် ချဉ်စော်နံနေတာမို့ ရိုးနှာခေါင်းလေးရှုံ့ထားမိသည်။

''ဘာလို့မျက်နှာပျက်သွားတာလဲ...ရွံတာလား...ဟားဟားဟား...စိတ်မကောင်းစရာက...ခင်ဗျားဒီနေ့ည...ရွံစရာကောင်းတဲ့ကောင်နဲ့...အတူအိပ်ရတော့မှာပဲ....လာခဲ့...''

''အို...လက်ကိုလွှတ်ပါ...မောင်...''

''စိတ်ကိုလျော့ပါ...မောင်တိမ်မြင့်မိုရ်ရယ်...ပြဿနာရှိရင်လဲ...အေးဆေးဖြေရှင်းကြပါ...''

မောင့်အမုန်းဒဏ်Where stories live. Discover now