part_10 🌷🌷🌷

4.5K 84 5
                                    

(နည်းနည်းကျော်လိုက်မယ်နော်)

''ဘယ်လို...အဖြေပေးလိုက်ပြီဟုတ်လား...''

''အင်းလေ...ဘာဖြစ်လို့လဲ...သံသာရယ်...''

အားလုံး၏မျက်နှာတွေက သူမ၏ဆုံးဖြတ်ချက်ကို သဘောမကျသလိုဖြစ်နေတာကြောင့် မေးလိုက်မိသည်။

''နင်ကငါတို့ကို...မတိုင်ပင်ဘဲသူ့ကိုပြန်ပြီး...အဖြေပေး‌လိုက်တာကို...ငါတို့လိုသူငယ်ချင်းအရင်းကြီးတွေက...စိတ်မဆိုးရဘူးလား...''

''အေးလေဟယ်...ပြီးတော့အဲ့ကောင်မိဘတွေအကြောင်းကို...သဲစုကဒီလောက်ပြောပြထားတာတောင်မှ...သူ့ကိုအဖြေပေးရဲတယ်ပေါ့...ဟုတ်လားရိုး...''

''သူကရိုးနောက်ကိုတကောက်ကောက်လိုက်ပြီး...ချစ်ကြောင်းတွေပြောနေတော့...ရိုးရှက်တာပေါ့...ပြီးတော့လေ...ရိုးသူ့ကို‌ကြောက်တယ်...''

သူမစကားကြောင့် သံသာစွေ့စွေ့ခုန်ဒေါသထွက်သွားရသည်။

''အမလေး...ဒင်းကိုဘာကိစ္စကြောက်ရတာလဲ...သူကငါတို့ကွယ်ရာမှာနင့်ကို...ခြိမ်းခြောက်အကျပ်ကိုင်နေလို့လား...ဒါဆိုငါခုပဲသွားစာရင်းရှင်းမယ်...''

ပြောရင်းဆိုရင်းနဲ့ ဒေါသတကြီး ထရပ်လိုက်သည့် သံသာကြောင့်  လက်မောင်းလေးကိုဆွဲကာ အတင်းပြန်ထိုင်ဖို့ပြောရသည်။

''အဲ့လိုမဟုတ်ပါဘူးသံသာရယ်...ရိုးကသာသူ့ကိုတွေ့လိုက်ရင်...ကြောက်တာလိုလို...ဘာလိုလိုနဲ့ရင်ထဲတစ်မျိုးကြီးပဲ...''

''အင်းထားပါတော့လေ...သဲစုနဲ့သံသာရယ်...ရိုးကိုအဲ့လောက်ထိလဲ...အပြစ်တင်မနေကြပါနဲ့တော့...ခုချိန်မှာအရာရာကနောက်ကျကုန်ပြီမို့လား...''

ပူတူးက အစကထဲကကို ရိုးလိုအနေအေးသူမို့ ခုကိစ္စကိုလဲ နားလည်ပေးရန် ကြိုးစားလာလေသည်။

''ဟုတ်သားပဲသံသာရယ်...ငါကငါ့မောင်ဘက်ကပါတာတော့မဟုတ်ပါဘူး...မြင့်မိုရ်ကတကယ်တော့...စိတ်သဘောထားဖြူစင်ပါတယ်ဟယ်...ရိုးအပေါ်လဲအရမ်းချစ်ပြီး...အရာရာကိုနားလည်ပေးရှာပါတယ်...''

''ဪ...နင်တို့ကအဲ့လိုတွေဘက်ပြောင်းကုန်တော့...ကျန်ခဲ့တဲ့ငါကပဲလူဆိုးမကြီး...ဖြစ်နေတာပေါ့...ဟုတ်လား...''

မောင့်အမုန်းဒဏ်Where stories live. Discover now