''ရိုးရေ...မောင်တို့ညဈေးတန်းကို...သွားကြည့်ရအောင်...လှလှလေးပြင်ထား...''
အလုပ်ကနေစာပို့လာသည့် ခင်ပွန်းသည်ကြောင့် ရိုးမျက်နှာလေးပြုံးရွှင်သွားရသလို နေရာမှထကာရေမိုးချိုးအလှပြင်ထားလိုက်၏
''တီ...တီ...''
အိမ်ရှေ့ကကားဟွန်းသံကြောင့် ရိုးပိုက်ဆံအိတ်လေးကို အမြန်ကောက်ကိုင်ပြီး ပြေးထွက်လာခဲ့သည်။
''ဟော...မောင့်ရဲ့ရိုးကအလှဆုံး...ပြင်ထားတာမြင်ရတော့...မောင်အပြင်ကိုတောင်...မသွားချင်တော့ဘူးရိုးရယ်...''
မျက်နှာငယ်လေးနှင့်ပြောလာတာမို့ ရိုးမှာထိုင်ရမလိုထရမလိုဖြစ်သွားရသည်။
''ဘာဖြစ်လို့လဲမောင်ရဲ့...ရိုး၀တ်ထားတာက...ဟိုပေါ်ဒီပေါ်လဲမဟုတ်ပါဘူး...''
''ရိုးရဲ့အ၀တ်အစားကြောင့်မဟုတ်ဘူး...ရိုးရဲ့အလှကြောင့်...မောင်စိတ်မချတာ...ညဈေးတန်းကိုသွားလို့...ဟိုတစ်ခါလိုမင်းကိုအခြားကောင်တွေ...ဝိုင်းငမ်းကြရင်ဘယ်လိုလုပ်မလဲ....''
''မောင်တစ်ယောက်လုံးပါတာဘဲ...ဂရုစိုက်စရာလား...''
''ဟား...အပြောချိုချိုလေးတွေနဲ့...သတ်ပြီကွာ...လာပါဦး...''
''ရွှတ်''
လာပါဦးဟုပြောကာ ရိုးရဲ့ပါးလေးကို အတင်းနမ်းနေတာမို့ ရိုးသဘောကျစွာရယ်ရင်း သူ့ကိုယ်ကြီးကို တွန်းဖယ်လိုက်သည်။
''ဟာမောင်နော်...အပြင်သွားရဦးမှာကို...ဖယ်ပေး...''
''ငါးမိနစ်လောက်ပဲ...နမ်းခွင့်ပေးနော်...အချစ်...''
''မရဘူးလေ...ညဈေးတန်းကဆိုင်တွေ...ပိတ်ကုန်မှာပေါ့...''
နှုတ်ခမ်းစူကာ စိတ်ကောက်တော့မည့်အသွင်ကြောင့် ဖက်ထားရာကနေလွှတ်ပေးလိုက်သည်။
''စိတ်တော့မကောက်လိုက်ပါနဲ့ဗျ....အချစ်စိတ်ဆိုးရင်ကိုယ်မနေတတ်ဘူး...''
''ဒါဆိုကားမောင်းလေ...''
''ဟုတ်ကဲ့ပါဗျ...ဘုရင်မလေးအမိန့်အတိုင်း...ကျွန်တော်မျိုးဆောင်ရွက်ပါ့မယ်...''
ရွှတ်နောက်နောက်နဲ့ပြောလာသည့်သူ့ကို မျက်စောင်းတစ်ချက်ထိုးကာ တစ်ဖက်သို့လှည့်ထိုင်နေလိုက်သည်။
![](https://img.wattpad.com/cover/346067028-288-k692243.jpg)
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။