part_4

4.9K 107 4
                                    

'ကလင်...ကလင်...''

''ဟော...ဒီတစ်ခါရော...ဘယ်သူလာပြန်တာလဲ...''

နေ့လည်စာအတွက် ချက်ပြုတ်ပြင်ဆင်နေရာမှ အိမ်ရှေ့က ဘဲလ်တီးသံကြောင့် နှစ်ယောက်သားခေါင်းထောင်သွားရသည်။

''မသိဘူးဒေါ်ကြီး...ရိုးဆီလဲဘယ်သူမှလာစရာမရှိ....အယ်...မေ့နေတာ...ရိုးပန်းပင်လေးတွေမှာထားသေးတယ်...ဒေါ်ကြီး...''

''အေး...ဒါဆိုသွားယူချည်လေ...ဒေါ်ကြီးဟင်းတွေချက်ထားလိုက်မယ်...''

''ဟုတ်...''

ရိုးခြံရှေ့ရောက်တော့ deliသမားလေးက ပန်းအိုးလေးကို ကိုင်ကာ ရပ်စောင့်နေတာမို့သော့ကိုထုတ်ကာ ဖွင့်လိုက်ရင်း

''တစ်မျိုးတော့မထင်နဲ့နော်မောင်လေး...အဲ့ပန်းအိုးလေးကို...ဟိုးနားကပန်းခြံလေးဘေး...ချပေးပါနော်...''

''ရပါတယ်အမရဲ့...ဒီနားလေးလား...''

''အင်းဟုတ်တယ်..ကျေးဇူးပါနော်...''

''ရပါတယ်‌ဗျ...ဒါနဲ့အမကျွန်တော့်ကို...မှတ်မိလား...ငယ်ငယ်က...အမတို့နဲ့ခြံချင်းကပ်မှာနေတဲ့...ဘုန်းမြင့်လေ...အိမ်နာမည်ကအာလူး...''

ဒါကြောင့်သူမကို စတွေ့ကထဲက ထိုကောင်လေးက ရင်းနှီးသည့်အကြည့်နှင့်ကြည့်နေတာကိုး။

''မှတ်မိပြီ...မင်းအဲ့ဒီတုန်းက...ပေါက်စလေးရှိသေးတာ...ခုတော့ကြည့်ပါဦး...မတွေ့ရတဲ့နှစ်တွေအတွင်း...အရပ်အမြင့်ကြီးနဲ့ထွားလာလိုက်တာ...''

''အဟွန်း...ဟုတ်လို့လားမမရဲ့...ဒါနဲ့မမကအရင်အိမ်မှာမနေတော့ဘူးလား...''

''မင်းမသိသေးဘူးထင်တယ်...ရိုးကအိမ်ထောင်ကျသွားပြီလေ...ခြောက်လလောက်တောင်ရှိပေါ့...''

''အာ...ဟုတ်လား...''

''အင်း...ဒါနဲ့မင်း...အအေးလေးသောက်သွားပါဦးလား...''

''တော်ပါပြီမမရယ်...ဒီကအပြန်ကျွန်တော့်ကောင်မလေးကို...ပစ္စည်းသွားပို့ပေးရမှာ...''

''ဟုတ်ပါပြီရှင်''

အိမ်နီးနားချင်းကောင်လေးနှင့် စကားပြောပြီးရယ်မောနေသည့်ရိုးကို ကြည့်၍ စိတ်တိုနေမိသူက တိမ်မြင့်မိုရ်။

မောင့်အမုန်းဒဏ်Tempat cerita menjadi hidup. Temukan sekarang