ဒီနေ့က ရိုးတို့အားလုံး ကမ်းခြေမှာလည်လို့ပတ်လို့အားရလို့ အိမ်ပြန်ကြရမည့်နေ့ဖြစ်သည်။
''ဒေါက်...ဒေါက်.. ''
''ဘယ်သူလဲမသိဘူးရိုးရယ်...ငါတို့မအားသေးလို့...တစ်ချက်လောက်သွားကြည့်ပေးစမ်းပါ...''
''ရိုးသွားပါ့မယ်''
အားလုံးက သိမ်းဆည်းစရာတွေတစ်ပုံတစ်ပင်ကြီးမို့ အားနေသည့်ရိုးကသာ တံခါးသွားဖွင့်ရန်ပြင်လိုက်သည်။
''ဘာကိစ္စလဲမသိဘူး''
တံခါးအပြင်ဘက်၌ ရပ်နေသူကား အခြားသူမဟုတ်ဘဲ ဟိုတယ်၀န်ထမ်းမလေးဖြစ်နေလေ၏။
''ဟုတ်ကဲ့ပါရှင်...ဒီနေ့ညကကျမတို့ဟိုတယ်ဖွင့်တာ....နှစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့ပျော်ပွဲရွှင်ပွဲ...ကျင်းပမှာဖြစ်ပါတယ်ရှင့်...ဒါကြောင့်ဧည့်သည်တို့အရေးတကြီးပြန်ရမှာမဟုတ်ရင်...ကျမတို့နဲ့အတူတူပွဲမှာပါ၀င်ပေးကြဖို့...လာရောက်တောင်းဆိုတာပါရှင့်...''
''ဟုတ်လား...ဒါဆိုရိုးတို့...ပွဲပြီးမှဘဲပြန်လိုက်တော့မယ်နော်...''
''ခုလိုပါ၀င်ပေးတာ...ကျေးဇူးပါရှင့်...''
''ဟုတ်ကဲ့ပါနော်''
''ဘာတဲ့လဲရိုး''
အခန်းတံခါးပိတ်ပြီး ပြန်၀င်လာသောရိုးကို အားလုံးကစိတ်၀င်စားသည့်အကြည့်တို့နှင့်
ကြည့်ပြီးမေးလိုက်တာမို့ညစ်ကျယ်ကျယ်
ပြုံးလိုက်မိကာ''ဒီညဟိုတယ်ဖွင့်တာ...နှစ်ပတ်လည်နေ့မို့...ပျော်ပွဲရွှင်ပွဲကျင်းပကြမှာတဲ့...''
''အဲ့ဒါငါတို့ကို...လာဖိတ်တာပေါ့ဟုတ်လား...''
''မဟုတ်ပါဘူး...ဒီအခန်းကနေအမြန်ဆုံး...ပြောင်းပေးကြဖို့လာပြောတာ...ခဏနေရင်အရေးကြီးဧည့်သည်ရောက်လာတော့မှာမို့ဆိုလားပဲ...''
''ငါတို့ကိုအခန်းဖယ်ပေးဖို့...လာပြောတာပေါ့...ဟုတ်လား...''
''အင်း...ဟုတ်တယ်...''
ရိုးရယ်ချင်သည့်စိတ်ကို မျိုသိပ်ထားရင်း သူငယ်ချင်းတွေကိုအတည်ပေါက်နှင့်နောက်တော့ အားလုံးက ယုံကြည်သွားကာ အ၀တ်တွေအမြန်သိမ်းကုန်ကြ၏။
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။